44 w - Translate

ရေနံမြေနဲ့ ထိုးကြေး
ဆော်ဒီအာရေဗျနိုင်ငံက အားကစားပွဲတွေ ရှယ်လုပ်ချင်တာပါ။ အားကစားပုံရိပ်ကို သုံးလိုက်ပြီး သူတို့နိုင်ငံရဲ့ ခရီးသွားလာရေးစနစ်ကို မြှင့်တင်ချင်တာပါ။ ကစားသမားတွေက တခြားနိုင်ငံထက် ဆော်ဒီအာရေဗျနိုင်ငံမှာ ကစားရင် ပိုက်ဆံပိုရပါတယ်။ မြင်လွယ်အောင်ပြောရရင် ဩစတြေးလျနိုင်ငံသား Jai Opetaia က IBF Cruiserweight Champion ဖြစ်ပါတယ်။ IBF အဖွဲ့အစည်းက Jai Opetaia နဲ့ Mairis Briedis တို့ကို ကစားရမယ်လို့ သတ်မှတ်ပေးထားတယ်။ ကစားရင် ကစား၊ မကစားရင် ချန်ပီယံဘွဲ့ကို ရုတ်သိမ်းလိုက်မှာပါ။
ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပခဲ့တဲ့ Day of Reckoning ပြိုင်ပွဲကြီးမှာ Jai Opetaia နဲ့ Ellis Zorro တို့ကို တည်ပေးတယ်။ အဲဒါက ပွဲစီစဉ်သူတည်ပေးတာပါ။ IBF အဖွဲ့အစည်းက မဟုတ်ပါဘူး။ Jai Opetaia ဘက်က ဘာကိုရွေးမလဲ။ ပွဲစီစဉ်သူပေးတဲ့ ထိုးကြေးလား၊ IBF အဖွဲ့အစည်းရဲ့ ချန်ပီယံဘွဲ့လား။ ပထမအချက်ကိုပဲ ရွေးတာပါ။ IBF အဖွဲ့အစည်းက တည်ပေးထားတဲ့ Mairis Briedis ကို မထိုးပါဘူး။ ခါးပတ်အပြုတ်ခံပြီး Ellis Zorro ကိုပဲ ကစားလိုက်တယ်။
အားလုံးသိတဲ့အတိုင်း ကစားသမားတွေက အခြေခံထိုးကြေးရတယ်။ PPV အကျိုးအမြတ်ကို ခံစားခွင့်ရှိတယ်။ အဓိကက ဒါပါပဲ။ ဒါပေမယ့် ရေနံနိုင်ငံတွေမှာ ကစားရင် အဲဒီအချက်တွေအပြင် သူတို့နိုင်ငံကပေးတဲ့ စပွန်ဆာကြေးထပ်ရပါတယ်။ အခုလည်း ဆော်ဒီအာရေဗျနိုင်ငံက ပွဲစီစဉ်သူကို ပိုက်ဆံပေးထားပြီး ပွဲကျင်းပခိုင်းတာပါ။ Anthony Joshua ဆိုရင် ထိုးကြေးမြင့်ပြီးသားပါ။ နောက်ဆုံး (၅) ပွဲမှာ (၃) ကို ဆော်ဒီအာရေဗျနိုင်ငံမှာ ကစားလိုက်လို့ ပိုက်ဆံအများကြီးပိုရတယ်။
အခုဆိုရင် UFC အဖွဲ့အစည်းနဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့က စာချုပ်လိုက်တယ်။ အဓိကက ပွဲကျင်းပဖို့ပါပဲ။ ဆော်ဒီအာရေဗျနိုင်ငံကလည်း အခြေခံဥပဒေတွေ ပြင်ပေးလိုက်တယ်။ နိုင်ငံအတွင်းမှာ အရက်ရောင်းချခွင့်ရတယ်တဲ့။ (၇၂) နှစ််အတွင်းမှာ ပထမဆုံးပြောင်းလဲလိုက်တာပါ။ ပွဲကျင်းပရင် ရုံထဲမှာ ဘီယာသောက်ကြတာမလား။ ဥပဒေပြင်ရတာ တခြားအကြောင်းအချက်တွေ ရှိနေသေးပေမယ့် အားကစားပြိုင်ပွဲကလည်း အကြောင်းရင်းတစ်ချက်ပါပဲ။
UFC အဖွဲ့အစည်းက ကမ္ဘာကျော်ဆိုပေမယ့် ဆော်ဒီအာရေဗျနိုင်ငံမှာ အခုချိန်ထိ ပွဲမလုပ်ဖူးဘူး။ စာချုပ်ကြောင့်သာ ဇွန်လ (၂၂) ရက်မှာ Robert Whittaker နဲ့ Khamzat Chimaev တို့ကို ခေါင်ပွဲထားပြီး ပွဲလုပ်ပါမယ်။ ပွဲကျင်းပတဲ့ နေရာကလည်း ဟိုတစ်ခါက Anthony Joshua နဲ့ Francis Ngannou တို့ကို ထိုးခိုင်းတဲ့ Kingdom Arena ပါပဲ။ ဘောလုံးကွင်းထဲမှာ သံဇကာဆောက်ပြီး ကစားရမှာပါ။ ပရိသတ်အကြိုက်ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။
+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷
CMKN Gas Stoves ဆိုတာက စားသောက်ဆိုင်၊ ဟိုတယ်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို မြန်မာတစ်နိုင်ငံလုံးမှာ တစ်ဦးတည်းမူပိုင် ဖြန့်ဖြူးရောင်းချပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး မြို့ကြီးတွေမှာလည်း ဆိုင်ခွဲတွေအများကြီး ဖွင့်လှစ်ထားပါတယ်။ အိမ်ရှင်မတွေရဲ့အကြိုက် နံပါတ် (၁) ထုတ်ကုန်ဖြစ်လို့ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်။
Reference Source - ESPN
Photo Credit - La Sueur
ကျော်စိုးအောင် (Myanmar Fight Edition)

image
44 w - Translate

လျှပ်စစ်ကားနဲ့ ကမ္ဘာတစ်ပတ် ပတ်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ ၂၅ နှစ်သမီး
ဂင်းနက်စ်စံချိန် ၂ ခု ပိုင်ဆိုင်ထားတဲ့ အမေရိကန် YouTuber ၊ ခရီးသွား မိန်းကလေး လက်ဇီအဲလ်ဖို့ဒ်က နောက်ထပ် စံချိန်သစ်တစ်ခု တင်လိုက်ပါပြီ။ လျှပ်စစ်ကားစီးပြီး ကမ္ဘာတစ်ပတ် ပတ်နိုင်တဲ့ ပထမဆုံးလူသားအဖြစ် စံချိန်တင်လိုက်တာပါ။
လက်ဇီအဲလ်ဖို့ဒ်ဟာ Ford Explorer လျှပ်စစ်ကားနဲ့အတူ တိုက်ကြီး ၆ တိုက်၊ နိုင်ငံပေါင်း ၂၇ နိုင်ငံကို ဖြတ်သန်းပြီး ကီလိုမီတာ ၃၀၀၀၀ ကျော် အကွာအဝေး ခရီးကို လျှပ်စစ်စွမ်းအင်တစ်မျိုးတည်းသုံးပြီး မောင်းနှင်ခဲ့တာပါ။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှာ စတင်ခဲ့တဲ့ အဲဒီခရီးစဉ်ဟာ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်မှာတော့ ပြင်သစ်နိုင်ငံ၊ နိစ်မြို့မှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။
လက်ဇီအဲလ်ဖို့ဒ်ဟာ ဓာတ်အားပြတ်တောက်မှု မကြာခဏ ကြုံရတတ်တဲ့ အာဖရိကတိုက်၊ လျှပ်စစ်ကားအားသွင်းရာ အခြေခံအဆောက်အအုံမရှိတဲ့ ချီလီနိုင်ငံ၊ အက်တာကာမာသဲကန္တာရ၊ လမ်းမပေါက်တဲ့ နေရာတွေ၊ တောင်ကြားလမ်းတွေ၊ အလွန်အေးစက်တဲ့ နေရာတွေ အစရှိတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး လျှပ်စစ်ကားနဲ့ ကမ္ဘာတစ်ပတ် ပတ်နိုင်ခဲ့တာပါ။
စွန့်စားသွားလာရတာကို ဝါသနာထုံတဲ့ လက်ဇီအဲလ်ဖို့ဒ်ဟာ ၁၂ နှစ်သမီးအရွယ်ကတည်းက ကမ္ဘာတစ်လွှား ခရီးသွားလာဖို့ စိတ်ကူးခဲ့ပြီး သူ့ရဲ့ ခရီးစဉ်အတွက် မုန့်ဖိုးတွေကို စုဆောင်းထားခဲ့တာပါ။ သူဟာ ကမ္ဘာပေါ်က အချုပ်အခြာပိုင် နိုင်ငံအားလုံးကို လှည့်လည်သွားလာဖူးတဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ်၊ အသက်အငယ်ဆုံး အမျိုးသမီးအဖြစ် ဂင်းနက်စ်စံချိန် ၂ ခု တင်ထားသူဖြစ်ပြီး အသက် ၂၁ နှစ်၊ ၁၇၇ ရက်အရွယ်မှာပဲ အဲဒီခရီးစဉ်ကို ပြီးမြောက်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်တုန်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ဖူးပြီး သူ့ရဲ့ Lexie Limitless ဆိုတဲ့ အင်စတာဂရမ်အကောင့်မှာ မြန်မာနိုင်ငံရဲ့ ဈေးနေ့ နံနက်ခင်းပုံကို တင်ခဲ့ဖူးပါတယ်။
Crd

image
44 w - Translate

အဲ့ဒီလူကို ဘယ်လောက်တောင် သဘောကျခဲ့သလဲ။
အိမ်ကိုလဲ ဝန်ခံခဲ့တယ်။
ခံစားချက်အကုန်ကိုလဲ ထုတ်ပြခဲ့တယ်။
လူသိမခံနိုင်တဲ့ အကြောင်းတွေကိုလဲ ပြောခဲ့တယ်။
တိုးတိုးတိတ်တိတ်နေတတ်တဲ့ ငါ့လိုလူ
သူ့ဘဝထဲ ဝင်လာဖို့ ငါ ဘယ်လောက်တောင်အားယူခဲ့ရသလဲ။
အလဟသ ချစ်ခြင်း မေတ္တာတွေပါကွာ။
နောက်ဆုံးကျတော့လဲ စွန့်ပစ်ခံရတာပဲ။
Credit

image
44 w - Translate

Horizon Forbidden West PC
Graphic နဲ့ Game Play ကတော့ အဂျွတ်ကြီးပဲ
Storage က 124GB တောင်ဆိုတော့ Space တော့ယူတယ်ပြောရမယ်

image
44 w - Translate

Horizon Forbidden West PC
Graphic နဲ့ Game Play ကတော့ အဂျွတ်ကြီးပဲ
Storage က 124GB တောင်ဆိုတော့ Space တော့ယူတယ်ပြောရမယ်

image
44 w - Translate

Horizon Forbidden West PC
Graphic နဲ့ Game Play ကတော့ အဂျွတ်ကြီးပဲ
Storage က 124GB တောင်ဆိုတော့ Space တော့ယူတယ်ပြောရမယ်

image
44 w - Translate

Horizon Forbidden West PC
Graphic နဲ့ Game Play ကတော့ အဂျွတ်ကြီးပဲ
Storage က 124GB တောင်ဆိုတော့ Space တော့ယူတယ်ပြောရမယ်

image
44 w - Translate

Horizon Forbidden West PC
Graphic နဲ့ Game Play ကတော့ အဂျွတ်ကြီးပဲ
Storage က 124GB တောင်ဆိုတော့ Space တော့ယူတယ်ပြောရမယ်

image
44 w - Translate

Horizon Forbidden West PC
Graphic နဲ့ Game Play ကတော့ အဂျွတ်ကြီးပဲ
Storage က 124GB တောင်ဆိုတော့ Space တော့ယူတယ်ပြောရမယ်

image
image
image
image
image
44 w - Translate

ဌက်ပျောကောက်ညှင်းထုပ်ပြုလုပ်နည်း
---------------------------------
ကောက်ညှင်းဆန်ကို ၅နာရီခန့် ရေကြိုစိမ်ထားပေးပါ။
ဌက်ပျောရွက် သို့ ကြံရွက်ကို ရေသေချာဆေးထားပါ။
ဌက်ပျောရွက်ထုပ်ရအဆင်ပြေအောင် အနည်းငယ်ပျော့သွားအောင် မီးအနည်းငယ် ပြထားပေးပါ။
.
မီးကင်ပေးပါလို့ပြောတာနော်။ ပြီးမှ ဌက်ပျောရွက်ကို တစ်ပြင်ညီလုံး ဆီအနည်းငယ်သုတ်လိမ်းထားပေးပါ။
.
ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ထည့် ပဲထည့် သကြား နဲ့ ဆားအနည်းငယ်ထည့်ပြီး နှံသွားအောင်အနည်းငယ်နယ်ပြီး ဌက်ပျောထုပ်ကို နှီးဖြင့်သေချာထုပ်ပါ။ ပြီးမှ ပေါင်းအိုးအလယ်ကန့်ကိုအသုံးပြုပြီး ရေနွေးငွေ့ဖြင့် တစ္နာရီ လေးဆယ့်ငါးမိနစ်ခန့် ကြာအောင် ပေါင်းပေးပါ။ ဌက်ပျောသီးနဲ့ပေါင်းမယ်ဆို ဌက်ပျောသီးကို အလယ်မှ ထက်ခြမ်းခြမ်းပြီး ပေါင်းပါ။ အတုံးလိုက်ကြီးဆို ဌက်ပျောထုပ် ထုပ်ရတာအဆင်ပြေမှာမဟုတ်ပါဖူး။ ရရင် သကြား အုန်းသီးဖတ်လေးများဖြင့် တွဲစားလို့ရပါပြီ။

credit photos

ကောက်ညှင်းထုပ်/ပြောင်းဖူးဖက်ထုပ်/
ဟင်းဖက်ထုပ်/မုန့်ဖက်ထုပ် လုပ်နည်းများ.....
ကြိုက်တာသာလက်စွမ်းပြလိုက်တော့ အိမ်ရှင်မတို့အကြိုက်
အကင်စက် အမျိုးမျိုး လက္လီ လက်ကားရောင်းဝယ်ရေး
ဗမာလက်လုပ်မုန့်လေးတွေဆို စားပြီးရင် စားချင်ပါနော်
လုပ်နည်း

(1) ကောက်ညှင်းထုပ်
ကောက်ညှင်းဆန်ကို ၅နာရီခန့် ရေကြိုစိမ်ထားပေးပါ။ ဌက်ပျောရွက် သို့ ကြံရွက်ကို ရေသေချာဆေးထားပါ။ ဌက်ပျောရွက်ထုပ်ရအဆင်ပြေအောင် အနည်းငယ်ပျော့သွားအောင် မီးအနည်းငယ် ပြထားပေးပါ။ မီးကင်ပေးပါလို့ပြောတာနော်။ ပြီးမှ ဌက်ပျောရွက်ကို တစ်ပြင်ညီလုံး ဆီအနည်းငယ်သုတ်လိမ်းထားပေးပါ။ ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ထည့် ပဲထည့် သကြား နဲ့ ဆားအနည်းငယ်ထည့်ပြီး နှံသွားအောင်အနည်းငယ်နယ်ပြီး ဌက်ပျောထုပ်ကို နှီးဖြင့်သေချာထုပ်ပါ။ ပြီးမှ ပေါင်းအိုးအလယ်ကန့်ကိုအသုံးပြုပြီး ရေနွေးငွေ့ဖြင့် တစ္နာရီ လေးဆယ့်ငါးမိနစ်ခန့် ကြာအောင် ပေါင်းပေးပါ။ ဌက်ပျောသီးနဲ့ပေါင်းမယ်ဆို ဌက်ပျောသီးကို အလယ်မှ ထက်ခြမ်းခြမ်းပြီး ပေါင်းပါ။ အတုံးလိုက်ကြီးဆို ဌက်ပျောထုပ် ထုပ်ရတာအဆင်ပြေမှာမဟုတ်ပါဖူး။ ရရင် သကြား အုန်းသီးဖတ်လေးများဖြင့် တွဲစားလို့ရပါပြီ။
ပဲကြိုက်ရင်ပဲနဲ့အပေါ်နည်းတူထုပ်ပါ
ဌက်ပျောရွက်အစား ဆလူရွက်သုံးပြီး ဆလူထုပ်လည်းပြုလုပ်နိုင်ပါသည်။ ဆလူထုပ်ဆို ငှက်ပျောသီး နဲ့ ပဲမပါပါ ကောက်ညှင်း ဆား သကြားရောထည့်ပြီးအလွတ်ထုပ်ပါ
Credit photos

(2) ပြောင်းဖူးဖက်ထုပ်
ပြောင်းဖူးဖက်ထုပ်

ပြောင်းဖူးကို ပါးနိုင်သမျှ ပါးပါးလွီး ဇလုံးထဲထည့်ပါ

ဂျုံမှုန့်+ဆား+သကြား+ကောက်ညှင်မှုန့်+ နွားနို့မရတော့ နို့ဆီလေးနည်းနည်းဆမ်း ပြီးအားလုံး ရောသမမွေပါ......

ပြီးရင် ပြောင်းဖူးဖက်လေးတွေ ရေဆေးထားပါ

ကိုယ့်အိမ်ကလူတွေပဲစားကြတာမလို့ ကိုယ်အဆင်ပြေသလိုသာထုပ်ပါ

ပြီးရင်တော့ ဒယ္နီထဲ ထည့်ပေါင်းပါ

အေပ်ာ့/အမာ ကိုယ်အဆင်ပြေသလို စိတ်ကြိုက်ထားပြီး အုန်းသီးလေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

(3) မုန့်ဖက်ထုပ်
၁. ကောက်ညင်းဆန်မှုန့် (မုန့်နှစ်)
၂. အုန်းသီး၊ပဲ
၃. သကြား
၄. ငှက်ပျောရွက်

ကောက်ညှင်းဆန်ကို ရေဆေးပါ
ပြီးရင် ခြောက်သည်အထိ ရေစစ်ထားပါ။
ရေခြောက်သွားတဲ့အခါ အမှုန့်ဖြစ်အောင်ထောင်းပါ။
ငယ်တုန်းကတော့ မောင်းထောင်းတာပဲ။
အမှုန့်ရတဲ့အခါ နေပြန်လှန်းပါ။
ပြီးလျှင် မုန့်လုပ်ရန် ရေစက်စက်ဖြင့် နှယ်ပါ။
ဖဲ့ယူပြီး လောက်စာလုံး လုံးလို့ရသည်အထိ ညှက်နေအောင်လုပ်ပါ။

ရပြီဆိုလျှင် နောက်တခုက
အုန်းသီးကိုခြစ်ပြီး သကြားနှင့် ဦးစွာနှယ်ထားခဲ့ရမည်။
၄င်းကို နှယ်ထားသည့်မုန့်ထဲ ထည့်ရမည်။
ပဲနှင့်ကြိုက်ရင် ပဲနှင့်သကြား ထန်းလျက် နဲ့လုပ်လည်းရသည်။

ငှက်ပျောရွက်ကား အစိမ်းမလုပ်ရ။
မုန့်လုပ်တော့မည်စိတ်ကူးကတည်းက
မုန့်ထုပ်လောက်သော အရွယ်လောက် ဓားဖြင့်ဖြတ်ပြီး
အနည်းငယ်ညိုးနွမ်းသည်အထိ နေလှန်းထားရမည်။
နေလှန်းရန် အချိန်မရှိလျင် မီးကင်လည်းရသည်။

စောစောက အဆာသွပ်ပြီးသားမုန့်ကို
နေလှန်းပြီးသား ငှက်ပျောရွက်နှင့် ထုပ်ပြီး
ပေါင်းအိုးထဲထည့်ပေါင်းလျှင် မုန့်ဖက်ထုပ်ရပြီ။
Credit : Original Uploader
အရည်အရမ်းကျဲတောက်နေအောင်မဖျော်ရပါဖူး။
(4) ဟင်းထုပ်
ကြက်သားကိုနုပ်နုပ်စင်းပြီး အရသာမှုန့်ဖြင့်နယ်ထားပေးပါ။ ကြက်သွန်မြိတ်ပါးပါးလှီးထားပေးပါ။ အရည်စပ်မယ့် ဇလုံထဲသို့ ဆန်မှုန့် တစ်ထုပ် ရဲ့ တစ်ဝက်တိတိ ဖောက်ထည့်ပါ။ ဆီထမင်းစားနှစ်ဇွန်းထည့်ပါ။ ဆန်မှုန့်နှစ်စဆိုရင် ကောက်ညှင်းမှုန့်တစ်စရောထည့်ပေးပါ။ ကြက်သွန်မြိတ် နှင့် အရသာမှုန့်ထည့်ပါ။ ရေအနည်းငယ်ထည့်ပြီးဖျော်ပါ။ ပျစ်ထွေးနေအောင်ဖျော်ဖို့လည်းမလိုပါဖူး။ အနေတော်အနေထားရပြီဆို ရေထည့်တာလုံလောက်ပါပြီ။ ပြီးမှ နုပ်နုပ်စင်းထားသောအသားထည့်ပြီး ထပ်မွှေပါ။ ပြီးရင် ဌက်ပျော်ရွက်နဲ့ ဖက်ထုပ် ထုပ်ပေးပါ။ ထမင်းပေါင်းအိုးဖြင့် မိနစ်၅၀ခန့်ပေါင်းပေးပါ။ တွဲဖက်စားသောက်ဖို့ ငရုတ်သီးကြော် ဂျူးမြစ် ကြက်သွန်ဖြူဆီချက်ပြင်ဆင်ပေးထားပါ။ နှစ်သက်ရာအသား အသုံးပြုနိုင်ပါတယ်။
#cooking

image