Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အယ်လီဂေတာအယ်လ်တာထရက်ဇ်စခန်းသို့ သမ္မတဒေါ်နယ်ထရန့် သွားရောက်စစ်ဆေး
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ဇူလိုင် ၁ ရက်တွင် ဖလော် ရီဒါပြည်နယ် အဲဗားဂလိတ်ဒေသ၌ တည်ဆောက်ထားသော တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူ ယာယီထိန်းသိမ်းရေးစခန်းသို့သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်ယာမီမြို့တော်မှ ၃၇ မိုင်ကွာဝေးသောမိကျောင်းနှင့်စပါးကြီးမြွေများ ထူပြောသည့်စိမ့်တောမြေတစ်ခု၌ တည်ရှိသည့် အဆိုပါယာယီထိန်းသိမ်းရေးစခန်းသည် တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူ ၅ဝဝဝ အထိလက်ခံထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။
မိကျောင်းနှင့် စပါးကြီးမြွေပေါများသောဒေသ၌ တည်ဆောက်ထားခြင်းကြောင့် အယ်လီဂေတာအယ်လ်ကာထရက်ဇ်စခန်းဟူ၍ အမည်ပေးထားသော အထက်ပါတရားမဝင်ရွှေ့ပြောင်းသူ ယာယီထိန်းသိမ်းရေးစခန်းအတွက် အမေရိကန်အစိုးရအနေဖြင့်တစ်နှစ်လျှင်ဒေါ်လာသန်း ၄၅ဝ အထိ သုံးစွဲရမည်ဖြစ်သည်။
ရီပတ်ဘလီကန်လွှတ်တော်အမတ်များက တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူများအား နှင်ထုတ်ရေးလုပ်ငန်းကို အရှိန်မြှင့်တင်ပေးမည့် အသုံးစရိတ်ဥပဒေကြမ်းတစ်ရပ်အား တင်သွင်းရန်ပြင်ဆင်နေချိန်တွင် အယ်လီဂေတာအယ်လ်ကာထရက်ဇ်ထိန်းသိမ်းရေးစခန်းသို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ရိုက်တာ
#နိုင်ငံတကာသတင်း
◼ ထိုင်းအစိုးရအဖွဲ့သစ်အစည်းအဝေးသို့ယဉ်ကျေးမှုဝန်ကြီးအဖြစ်ပေထုန်တန်တက်ရောက်
ယနေ့နံနက်တွင်ပြုလုပ်သည့်ထိုင်းအစိုးရအဖွဲ့သစ်အစည်းအဝေးသို့လက် ရှိ၌ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကဝန်ကြီးချုပ်ရာထူးမှယာယီဆိုင်းငံ့ထားသောပေထုန်တန်ကယဉ်ကျေးမှုဝန်ကြီးအဖြစ်တက်ရောက်လာခဲ့သည်။
ကမ္ဘောဒီးယား ခေါင်းဆောင်ဟောင်း ဟွန်ဆန်နှင့် သီးသန့်ဖုန်းခေါ်ဆိုမှု ပေါက်ကြားခဲ့ခြင်းအား စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေစဉ် ထိုင်းအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်အား ရာထူးမှ ဆိုင်း ငံ့ထား ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးချုပ်က ကျင့်ဝတ်ချိုးဖောက်ကြောင်းထိုင်း အ ထက်လွှတ်တော် အမတ် ၃၆ ဦးက စွပ်စွဲ ထားသည့်တင်ပြချက်ကို လက်ခံရန် အခြေခံဥပဒေခုံရုံး တရားသူကြီး ကိုးဦးစလုံးကဇူလိုင် ၁ရက်တွင် တစ်ညီ တ ညွတ်တည်း ဆုံး ဖြတ် ခဲ့ ကြသည်။
ထို့နောက် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ပြီး ၎င်းတို့၏ ဆုံးဖြတ်ချက် မထွက်ပေါ်မီ ပေထုန်တန်အား ဝန် ကြီး ချုပ်အား ရာထူးမှ ဆိုင်းငံ့ထားရန် တရား သူ ကြီးများက ထောက်ခံမဲ ၇ မဲ ၊ ကန့်ကွက်မဲ ၂ မဲဖြင့် ဆုံးဖြတ် ခဲ့ ကြ ခြင်းဖြစ် သည်။
လက်ရှိတွင်ယာယီဝန်ကြီးချုပ်အဖြစ်ဖွေထိုင်းပါတီဝင်ဖြစ်ပြီးဒုတိယဝန် ကြီးချုပ် လည်းဖြစ်သည့်ပို့ဆောင်ရေးဝန်ကြီးဆူရီယာအားအစားထိုးခန့်အပ်ထား သည်။
ထိုင်းဒေသစံတော်ချိန်ယနေ့(ဇူလိုင် ၃ ရက်)နံနက် ၁၁ နာရီတွင်ပြုလုပ်ခဲ့ သည့်ကက်ဘိနက်အစည်းအဝေး ကို ယာယီဝန်ကြီးချုပ်အဖြစ်ဆူရီယာကဦးဆောင်ခဲ့သည်။
အဆိုပါအစည်းအဝေးအပြီးတွင်ဆူရီယာကယာယီဝန်ကြီးချုပ်အဖြစ်မှနုတ်ထွက်ပြီးဝန်ကြီးချုပ်ဟောင်းသက်ဆင်၏အယုံကြည်ရဆုံးဖြစ်သည့်ကာ ကွယ်ရေးဝန်ကြီးဟောင်းဖမ်သမ်ဝီချာယာချိုင်းအားယနေ့နှောင်းပိုင်းတွင်တာဝန်လွှဲအပ်မည်ဟုမျှော်လင့်ရသည်။
ကမ္ဘောဒီးယား နှင့် နယ်စပ်ပြဿနာများဖြေရှင်းရေး ဇွန် ၁၅ ရက် က ဖုန်း ခေါ်ဆိုမှုအတွင်း အသက် ၃၈ နှစ် အ ရွယ်ပေထုန်တန် က ကမ္ဘောဒီးယားခေါင်း ဆောင်ဟောင်းဟွန်ဆန်အား အလွန်အမင်းအောက်ကျို့ခဲ့ပြီး ထိုင်း စစ် ဘက်တပ်မှူးတစ်ဦးကိုလည်းဆန့်ကျင်သူအဖြစ် ဝေဖန်ခဲ့သည်။
ယင်းဖုန်းပြောဆိုမှုအသံဖိုင်ပေါက်ကြားခဲ့ပြီးနောက်ထိုင်းအမျိုးသားရေးဝါဒီများ ၏အမျက်ထွက်မှုနှင့်ပေထုန်တန်ကရင်ဆိုင်ခဲ့ရပြီးရာထူးမှာနုတ်ထွက်ရန်တောင်းဆိုမှုများလည်းမြင့်တက်လာခဲ့သည်။
ထို့နောက် ဩဇာကြီးမားသည့် ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန် နှင့် ဖုန်းပြောဆိုမှုတွင် ပေ ထုန် တန် သည် အခြေခံဥပဒေအား ချိုးဖောက်၍ ရိုးသားဖြောင့်မတ်မှုမရှိခြင်း နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ စံနှုန်းများကို ချိုး ဖောက်ခဲ့ကြောင်း အထက်လွှတ်တော်အမတ် ၃၆ ဦး က အခြေခံဥပဒေဆိုင်ရာတရားရုံးသို့ တင်ပြလွှာ၌ စွပ်စွဲ ခဲ့ကြသည်။
လက်ရှိတွင်ထိုင်းနိုင်ငံ၏အသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သောပေထုန်တန်သည်လူထုထောက်ခံမှု ကျ ဆင်း ခြင်းနှင့်လည်း ရင်ဆိုင်နေရပြီး မတ်လက ၃၀ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ သောထောက်ခံ မှုမှာ ဇွန် ၁၉ နှင့် ၂၅ ရက် ကြား ပြုလုပ်ခဲ့သော လူထုစစ်တမ်း၌ ၉ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း သိရသည်။
သတင်း-လင်းခေတ်
ကိုးကား-Khaosod
တိုင်ကြားနိုင်ပါကြောင်း ပြည်သူသိုအသိပေးခြင်း
*******************
၁။ နိုင်ငံသားတစ်ဦးသည် ဖွဲစည်းပုံအခြခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဥပဒေပါအခွင့်အရေးများ၊ နိုင်ငံတော်က လက်ခံထားသည့် လူ့အခွင့်အရေးနှင့် သက်ဆိုင်သော အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာသဘောတူစာချုပ်များတွင်ပါရှိသည့် လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေပုဒ်မ ၃၀ အရ ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦးအတွက်သော်လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍သော်လည်းကောင်း ကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်း သိရသည်။
၂။ တိုင်ကြားမှုကို ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ် (၂၇)၊ (၆) မိုင်ခွဲ၊ ပြည်လမ်း၊ လှိင်မြိုနယ်၊ ရန်ကုန်မြိုသိုလည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်(ရုံးခွဲ) နေပြည်တော်၊ မန္တလေး၊ စစ်တွေ၊ ပုသိမ်မြိုတိုသိုလည်းကောင်း လိပ်မူ၍ စာတိုက်မှဖြစ်စေ၊ သက်ဆိုင်ရာကော်မရှင်ရုံးသို လူကိုယ်တိုင်ဖြစ်စေ၊ ဖက်စ် ၀၁၈-၆၅၄၆၇၈၊ ကော်မရှင် e-mail လိပ်စာဖြစ်သော info@mnhrc.org.mm တိုမှတစ်ဆင့်ဖြစ်စေ ပြုလုပ်နိုင်ကြောင်း သိရသည်။
၃။ တိုင်ကြားရာတွင် အောက်ပါအချက်များ ပြည့်စုံစွာဖော်ပြရမည် ဖြစ်ပါသည်-
(က) တိုင်ကြားသူ၏ အမည်၊ အမြဲတမ်းနေရပ်လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ (ဆက်သွယ်ရန် ဖုန်း၊ ဖက်စ်နှင့် e-mail တိုရှိလျှင် ထည့်သွင်းဖော်ပြရန်)
(ခ) တိုင်ကြားသူသည် မည်ကဲ့သိုလူ့အခွင့်အရေးဖောက်ဖျက်ခံရပြီး နစ်နာဆုံးရှုးကြောင်း ပြည့်စုံစွာဖော်ပြချက်၊ လိုအပ်ပါက မှတ်တမ်းဓာတ်ပုံနှင့် အထောက်အထားမိတ္တူများ ပူးတွဲလျက်ပေးပိုရန်၊
(ဂ) တိုင်ကြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ မဖြစ်မနေပူးတွဲပေးပိုရန်၊
(ဃ) တိုင်ကြားချက်ပါ အကြောင်းအရာများမှန်ကန်ကြောင်း တိုင်ကြားသူမှ လက်မှတ်ရေးထိုးပေးပိုရန်။
၄။ ကော်မရှင်သည် ယင်းတိုင်ကြားချက်များကိုစိစစ်၍ ကော်မရှင်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေးပြီး သက်ဆိုင်ရာဌာန၊ အဖွဲအစည်းများနှင့် ဆက်သွယ်ညှိနှိင်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြေသယ်ယာဉ်နှင့် ကလေးငယ်တစ်ဦး စီးနှင်းလာသည့်စက်ဘီး ယာဉ်တိုက်မှုဖြစ်ပွား
******************
(ပြည်တွင်း) ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၄၉ လမ်း၊ ၁၁၄ လမ်းဒေါင့်တွင် မြေသယ်ယာဉ်မှ ကလေးငယ်တစ်ဦး စီးနှင်းလာသည့် စက်ဘီးအား ချိတ်ဆွဲမိရာမှ ကလေးငယ် သေဆုံးသွားကြောင်း သိရသည်။
ယနေ့ နံနက် ၈ နာရီအချိန်ခန့်က မြေသယ်ယာဉ်တစ်စီးသည် မော်တော်ဆိုင်ကယ်များကို ကျော်တတ်ရာ အရှိန်လွန်ပြီး ကလေးငယ်စီးလာသည့်စက်ဘီးကို ချိတ်မိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ်ချိတ်ဆွဲခဲ့မှုကြောင့် စက်ဘီးစီးလာသည့်ကလေးငယ်သည် စက်ဘီးပေါ်မှ ပြုတ်ကျကာ အခင်းဖြစ်ရာတွင် သေဆုံးသွားခဲ့ကြောင်း၊ ထိုမြေသယ်ကားမှာ မောင်းနှင်ထွက်ပြေးသွားကြောင်း၊ သေဆုံးသည့် ကလေးငယ်မှာ အသက်(၁၂) နှစ်အရွယ်ရှိကြောင်း၊ လက်ရှိအချိန်တွင် မိသားစုများထံ စုံစမ်းစစ်ဆေးနေကြောင်း၊ ရုပ်အလောင်းကို မန္တလေးဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
The B-2 bomber pilots and crews who helped to strike Iranian nuclear sites earlier this month are being told to keep a low profile this weekend if they take up President Trump on his offer to come to the White House on Friday on the July Fourth holiday.
https://abcnews.go.com/Politic....s/hero-2-pilots-expe
The Trump administration is pausing over $6 billion of congressionally-appropriated funding for after-school, student support, teacher training, English language and other education programs, according to an Education Department memo obtained by ABC News.
Read more: https://abcnews.visitlink.me/bEo4ec
The James Webb telescope has made another stunning discovery — this time of a massive planet that could potentially sustain life, according to multiple space agencies.
Astronomers have captured "compelling evidence" of a planet with a mass about 100 times the size of Earth orbiting a young, red dwarf star 34 light-years away called TWA 7 or CE Antilae.
Read more: https://abcnews.visitlink.me/xvErxh
The U.S. government is preparing to breed billions of flies and dump them out of airplanes over Mexico and southern Texas to fight a flesh-eating maggot.
https://abcnews.go.com/Technol....ogy/wireStory/us-pla