ပညာမတတ်ရင် အနှိမ်ခံရမယ်။
ပညာမရှိရင် အလိမ်ခံရမယ်။
အနှိမ်မခံရအောင် ပညာသင်ပါ။
အလိမ်မခံရအောင် စာဖတ်ပါ။
#စာတို
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပညာမတတ်ရင် အနှိမ်ခံရမယ်။
ပညာမရှိရင် အလိမ်ခံရမယ်။
အနှိမ်မခံရအောင် ပညာသင်ပါ။
အလိမ်မခံရအောင် စာဖတ်ပါ။
#စာတို
အခုနောက်ပိုင်း "ချစ်တယ်"ဆိုတဲ့
စကားတွေထက် "တန်ဖိုးထားတယ်"ဆိုတဲ့ စကားလုံးလေးတွေကို ပိုပြီး သဘောကျလာမိတယ်။
"တန်ဖိုးထားတယ်"ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကို
နားလည်တဲ့ ရပ်ဝန်းလေးမှာပဲ ရှင်သန်ချင်မိတယ်။
တန်ဖိုးထားတယ်ဆိုတဲ့ စကားလုံးရဲ့နောက်ကွယ်မှာ နွေးထွေးမှုတွေ၊ ကြင်နာ မှုတွေ၊လေးစားမှုတွေနဲ့အတူ ထာဝရမြတ်နိုးသွားမယ်ဆိုတဲ့ အေးချမ်းတဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားမိတယ်။
ဒါကြောင့် အခုနောက်ပိုင်းမှာ "ချစ်ပေးဖို"ထက် "တန်ဖိုးထားပေးဖို" ပိုပြီး မက်မောမိတယ်။
အိုဇာတာ ကောင်းချင်ရင်
မအိုခင်ကာလတွေမှာ
မေတ္တာစိတ်အပြည့်နဲ့ သူများအပေါ်
ပေးဆပ်ဖူးထားပြီး
အမှတ်တရကောင်းတွေပေးထားခဲ့ဖူးမှ
တစ်ဘက်သားကလည်း ကိုယ့်အပေါ် ကျေးဇူးပြန်လည်သိတတ်ကြမှာပေါ့ ။
ဘာမှမလုပ်ပေးခဲ့
ဘာတစ်ခုမှ မကြည့်ပေးခဲ့
ဘာမေတ္တာမှ ဘာစောင့်ရှောက်မှုမှ မပေးခဲ့ဖူးဆိုရင် အို၊ နာပြီး မကျန်းမာတော့မှ
ငါ့သား ငါ့သမီး ငါ့မိတ်ဆွေ ငါ့အမျိုးဆိုတာတွေနဲ့ ကိုင်ပေါက်လည်း
မေတ္တာစိတ်နဲ့
ကိုယ့်ပေါ် ပြန်ကြည့်ဖို့က မဖြစ်နိုင်တော့ဘူးလေ။
မေတ္တာတွေ ဂရုစိုက်မှုတွေနဲ့
အပေးလေးတွေရှိခဲ့ဖူး
လက်ကမ်းခဲ့ဖူးမှ
တချိန်ကျရင် အလိုလျောက်စနစ်နဲ့
ကိုယ့်ရစရာရှိတာတွေ ပြန်ရကြတယ် ။