Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ အရေးကြီးနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်ရန် အကြမ်းဖက်သမားများ လွှတ်တင်ခဲ့သည့် Fixed Wing များအားလုံး ဟန့်တားနိုင်ခဲ့ (၅/၁၁/၂၀၂၄ - MRTV)
-ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပပြုလုပ်မည့် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ် လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ တက်ရောက်မည့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအား တွေ့ဆုံမှာကြား ( ၅/၁၁/၂၀၂၄- MOI)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား (၆/၁၁/၂၀၂၄ - MRTV)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးများ သို့ တက်ရောက်ရန်ရောက်ရှိနေသည့် ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေး (၆/၁၁/၂၀၂၄ - MRTV)
-၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ (၆)မျိုး ကစားမည်
-ရန်ကုန်-ပုသိမ် ခရီးစဉ်နှင့် ရန်ကုန်-ညောင်ဦး ခရီးစဉ် အပတ်စဉ်ပြေးဆွဲမည် (၆/၁၁/၂၀၂၄ - MRTV)
-၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် စုစုပေါင်းတန်ချိန် (၂ ဒသမ ၉၈) သန်းကို ပင်လယ်ရေကြောင်းမှ တစ်ဆင့် တင်ပို့နိုင်ခဲ့ပြီး မတ်ပဲတန်ချိန် (၅) သိန်းအထိ အိန္ဒိယနိုင်ငံသို့ လာမည့်နှစ်၌ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်နေ (၆/၁၁/၂၀၂၄ - MRTV)
-၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင်ကာ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲစုစုပေါင်း (၂၈၀)၊ ကျောက်မျက်အတွဲစုစုပေါင်း (၁၆၀) တွဲနှင့် ကျောက်စိမ်းအနေဖြင့် အုပ်စု (A)၊ (၊ ( C) သုံးခုခွဲကာ အတွဲပေါင်း (၄၈၀၀) ကို ရောင်းချပေးသွားမည် (၆/၁၁/၂၀၂၄ - MRTV)
-(၃၃) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် အခမ်းအနားတွင် ဆောင်း ရာသီကာလအတွက် ခန့်မှန်းချက်များကို အသုံးပြုပြီး ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှု အခြေအနေများအား တင်ပြဆွေးနွေး (၆/၁၁/၂၀၂၄ - MRTV)
-ကချင်ပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် e-Government ဆိုင်ရာ အထောက်အကူပြု အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး(၆/၁၁/၂၀၂၄ - MOI)
#သတင်းဟင်းလေးအိုးကြီး
တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးချက်များကို အပြည့်အစုံ ဖော်ပြပေးလိုက်ပါတယ်။
#centralnewsnaypyiyaw
❝သတိရလို့ပြန်လှည့်ကြည့်တဲ့အခါ
ပျော်ခဲ့တဲ့ အချိန်တော်တော်များများက
မှုန်ပျပျပဲ ကျန်တော့တယ်။
သွားတိုက်မိတဲ့အခါ လျှာပေါ်မှာ
မသိမသာကျန်ခဲ့တဲ့ အချိုဓာတ်လိုပေါ့။
မစွဲဘူး၊မမြဲဘူး။ ❞
▪️ သူစိမ်း
#crd
1860 က ရိုက်ကူးခဲ့သော ဆူးလေဘုရားပုံ - ရန်ကုန်ရဲ့ ရှေးအကျဆုံး ပုံများထဲက တခုဖြစ်ပါတယ်။
#photo_crd
"ဓာတ်"ဟု ခေါ်ဆိုပုံ အသုံးအနှုန်းနှင့် ရှေးဟောင်း ဓာတ်မီးခြစ်..
ယနေ့ခေတ် ဂက်စ်မီးခြစ် များ မပေါ်သေးခင်က ဂွမ်းကိုဓာတ်ဆီထည့်ပြီး အသုံးပြုရတဲ့ကြေးမီးခြစ်၊ ဒန်မီးခြစ်များသာလျှင် မြန်မာနိုင်ငံမှာ သုံးခဲ့ကြရပါတယ်။
ထိုအရာကို ရှေးလူကြီးများက ဓာတ်မီးခြစ်ဟု ခေါ်ဆိုကြပြီး မြန်မာအခေါ်အဝေါ် အစဉ်အလာတွင်မရှိခဲ့သေးဘဲ အင်္ဂလိပ်များနှင့်အတူ ပါလာသော ခေတ်ပေါ်ပစ္စည်းများကို ရှေးမြန်မာများက ဓာတ်ဟူ၍ တွဲစပ်ကာ သုံးနှုန်းခဲ့ကြပါတယ်။
များသောအားဖြင့် ရှေးမြန်မာများက ပစ္စည်းအခေါ်အဝေါ်များကို မိမိတို့စတင်သုံးစွဲဖို့ ရောက်လာပြီဆိုရင် ဓာတ်နဲ့စကာ ခေါ်ဝေါ်သုံးနှုန်းလိုက်ကြတာကို တွေ့ရပါတယ်။ရေနံဆီမှတစ်ဆင့် တက်လာသောဆီကို ဓာတ်ဆီ၊ ထင်း၊ မီးသွေး မသုံးတော့သော ရထားကို ဓာတ်ရထား၊ ရုပ်ရှင်ကို ဓာတ်ရှင်၊ သီချင်းနားထောင်သောစက်ကို ဓာတ်စက်၊ဓာတ်ပြား၊ထူးထူးဆန်းဆန်း လျှပ်စစ်သိုလှောင်ထားသော အခဲလေးကို ဓာတ်ခဲ၊ ဓာတ်ခဲထည့်၍ မီးလင်းသော အရာကိုဓာတ်မီး …စသည်ဖြင့် နှုတ်နှင့်စကားအခေါ်အဝေါ် အမည်ပေးခဲ့ကြပါတယ်။
ကျွန်တော်မြန်မာလူမျိုးတွေဟာ ဓာတ်ဆီနှင့် ဂွမ်းကိုတို့သုံးရတဲ့ ဓာတ်မီးခြစ်ကြီးများကိုလည်းတဂျောက်ဂျောက်ခြစ်ကာ သုံးခဲ့ကြရဖူးသလို အဲ့ဒီခေတ်ကအသုံးများလှတဲ့ နတ်သမီးတံဆိပ်၊ ကင်းမြီးကောက် တံဆိပ်ယမ်းမီးခြစ်ဘူးလေးများကို အသုံးပြုခဲ့ကြပါသေးတယ်။
ရှေးက ဆေးပေါ့လိပ်သောက်သုံးလေ့ရှိကြတဲ့ အဘိုး၊အဘွားများဆိုရင် မီးခြစ်ဆံသုံး မီးခြစ်များနဲ့အတူ ဓာတ်မီးခြစ်များကိုလဲ လက်ညောင်းအောင် ခြစ်ကြရပြီး လက်မများတွင် မည်းနေကာ အသားမာများပင် တက်လေ့ရှိအောင် အသုံးပြုကြရတာကိုလဲ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
ထို့အပြင် အဘိုးအဘွားတို့ကဘုရားမီးထွန်းတဲ့ အခါ "ဘုရားမှာ ပထမဆုံးစပြီး ပူ ဇော်၊ ပြီးတော့မှ အိမ်မီးတွေ လိုက်ထွန်း "… ဟုနေဝင်ချိန်မှာ ဘုရားမီး ပူဇော်ခြင်း၊ အိမ်မီးများ ထွန်းညှိခြင်းကို "နေဝင်မီးလက် စီးပွားတက်"ဟူသော ရှေးထုံးနဲ့အညီ စီးပွား တက်စေနိုင်ကြောင်း ပြောပြရှင်းပြခဲ့ကြပါသေးတယ်။
ဒါကြောင့် ရှေးခေတ်က အသုံးပြုခဲ့ပြီး မေ့လျော့နေကြတဲ့ဓာတ်မီးခြစ်ရဲ့ သမိုင်းအခြေခံကို မှတ်တမ်းဝင် "ဓာတ်မီးခြစ်"ရယ်လို့ လေ့လာမိသလောက် ယနေ့ခေတ်လူငယ်များလက်ဆင့်ကမ်းထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ဖော်ပြတင်ဆက်လိုက်ရပါတယ်ခင်ဗျ။
#ancient
#history
#culture
#heritage
#frankiestories

ဗီယက်နမ် နိုင်ငံမှာ ပြုလုပ်မယ့် Mr. World 2024 ပြိုင်ပွဲကြီ:ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဥ်ပြိုင်ရန်အတွက် နိုဝင်ဘာလ (၅)ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွါသွားပြီဖြစ်တဲ့ Mr. World Myanmar 2024 - 𝐒𝐚𝐢 𝐓𝐨𝐮𝐧𝐠 𝐋𝐚𝐰.❤️
#mrworldmyanmar2024
#saitounglaw
#mrworld2024 #cg #cgtv #celegabartv #celegabar #ဆယ်လီကမ္ဘာ
#credit