3 w - Translate

မြိုင်ကြီးငူအထူးဒေသက

ကျုံထော်ရေတံခွန် 🌊🌊

ဘားအံကနေသွားရင် လှိုင်းဘွဲမြို့ ကြာအင်းရွာဖက်က သွားရင် လမ်းပိုကောင်းပြီး ပိုမြန်ပါတယ်
ကြာအင်းရွာဖက်ကနေသွားရင် မြိုင်ကြီးငူကျောက်စာ ဘေးလမ်းမှ ပြန်ဆုံပါမယ်
ကျောက်စာကွင်းမှာ ဓာတ်ဖမ်းလို့တအားလှပါတယ်
မြိုင်ကြီးငူကနေသွားရင် နောက်ထပ် မိနစ် ၄၀ ခန့် ဆက်သွားရပါမယ်။
လမ်းကောင်းပေမယ့် တောင်တက်တောင်ဆင်းနဲနဲများပါတယ်

မြိုင်ကြီးငူနယ်မြေဖြစ်တာကြောင့် ကျုံထော်ရေတံခွန်မှာ အသား ငါးနဲ့ အရက်ဘီယာ စားသုံးခွင့် ပိတ်ထားပါတယ်။ မင်မင်တို့ကတော့ မြိုင်ကြီးငူမဝင်ခင်မှာ ထမင်းဟင်းဝင်ဆွဲပါတယ်😁
ဘားအံရောက်လို့ အခွင့်အခါသင့်ရင် ကျုံထော်ရေတံခွန်ကိုလဲ လည်ပတ်ဖို့ အကြံပေးချင်ပါတယ်

image
image
image
3 w - Translate

ယောက္ခမကြီးကချစ်တာမှတုန်လို့😁

image
3 w - Translate

-နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်ဆိုတာတော့
ခပ်ရှား-ရှားပါပဲ အမေရာ...။

-အလုပ်ပင်ပန်းလို့ အိပ်လိုက်ရတဲ့ ညနဲ့
စိတ်မပျော်ခင် အိပ်ပျော်သွားတဲ့ ညတွေက များပါတယ်။

image
3 w - Translate

15 Sep 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 5,050
USD Sell - MMK 5,150
EUR Buy - MMK 5,230
EUR Sell - MMK 5,490
SGD Buy - MMK 3,705
SGD Sell - MMK 3,815
THB Buy - MMK 144.93
THB Sell - MMK 149.25
JPY Buy - MMK 34.20
JPY Sell - MMK 35.22
MYR Buy - MMK 1,110
MYR Sell - MMK 1,150
CNY Buy - MMK 678
CNY Sell - MMK 698

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,350,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,800,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
3 w - Translate

ဝိတ်ချနည်းများ
၁။ရေများများသောက်ခြင်းဖြင့် ကိုယ်အလေးချိန်လျော့နည်းစေနိုင်သည့် နည်းလမ်းလေးသွယ်

ရေသည်ကိုယ်အလေးချိန်ကျစေနိုင်သည့် လျှို့ဝှက်လက်နက်ဖြစ်သည်။ထို့အပြင်ရေပိုမိုသောက်သုံးခြင်းသည်ကျန်းမာရေးအတွက်များစွာအကျိုးရှိသည်။အကယ်၍ သင်ဗိုက်ဆာနေလျှင်
တကယ့်အစားအစာငတ်မွတ်မှုလား၊ သို့တည်းမဟုတ် သရေစာစားခြင်းအလေ့အထ ဟုတ်မဟုတ်သိနိုင်ရန် ရေခွက်တစ်ခွက်သောက်ပါ။
သောက်သုံးရေသည်သင်၏ဇီဝဖြစ်စဉ်ဖြစ်စဉ်ကို
ကူညီပေးသည်။ ခန္ဓာကိုယ်ကို detox လုပ်ပေးခြင်း
နှင့်ဆာလောင်မှုကို ထိန်းချုပ်သူအဖြစ် အလုပ်လုပ်သည်။ထို့အပြင်သောက်သုံးရေသည် ကိုယ်ခန္ဓာကိုအစာခြေခြင်းလုပ်ငန်းကိုလှုံ့ဆော်ရန်ကူညီပေးသဖြင့် ဝိတ်လည်းကျစေနိုင်သည်။သင် ခန္ဓာကိုယ်တွင် ရေဓာတ်ပြည့်ဝနေပြီး အဆီဆုံးရှုံးမှုကိုနှိုးဆွရန် နေ့စဉ်ရေပိုမိုသောက်နေကြောင်းသေချာစေရန် အောက်ပါသောက်သုံးရေ သောက်နည်း လေးမျိုးအတိုင်းသောက်ပါ။

၁။ အစာ မစားမီရေကိုအမြဲတမ်းသောက်ပါ

ရေသောက်ခြင်းက ဆာလောင်မွတ်သိပ်မှုကို ထိန်းချုပ်နိုင်သည်။အစားအစာမစားမီ ရေသောက်ခြင်းက သင့်အား ဗိုက်ပိုမိုပြည့်ဝနေသည်ဟု ခံစားရစေသည့်အတွက် သင်စားသောအစားအစာပမာဏကိုလျော့နည်းစေသည်။ကျန်းမာရေး ၀ဘ်ဆိုဒ် WebMD တွင်ဖော်ပြထားသည်မှာအစာမစားခင် ရေသောက်သုံးခြင်းသည် အစာစားခြင်းမှ ရရှိနိုင်သည့် အဆီမှ ကယ်လိုရီ ၇၀ ကိုလျော့ကျစေသည်။
နေ့စဉ်အစားအစာတစ်ခု မစားမီ ရေသောက်သုံးခြင်းကသင့်အားနှစ်စဉ်အဆီမှ ရရှိသည့်ကယ်လိုရီ ၂၈၀၀၀ ကိုလျော့နည်းစေလိမ့်မည်။ဆိုလိုသည်မှာ အစာမစားမီ ရေသောက်ခြင်းကြောင့်နှစ်စဉ် ၈ ပေါင်ခန့်ကျလိမ့်မည်။သတိထားသင့်သည်မှာ ရေကောင်းရေသန့်ဖြစ်ဖို့တော့လိုအပ်ပေသည်။

၂။ ကယ်လိုရီအားဖြည့် အချိုရည်များ အစား
ရေဖြင့်အစားထိုးရန်ကြိုးစားပါ

ကိုယ်အလေးချိန်တက်မလာစေဖို့ သကြားပါ၊ဆိုဒါများနှင့်ဖျော်ရည်များကိုနှုတ်ဆက်ပြီးရေနှင့် အစားထိုးပါ။ရေချည်းသောက်ရတာ အရသာမရှိဘူးခံစားရရင် ရေထဲ သံပုရာရည်၊လီမွန်
ည် အနည်းငယ်ညှစ်ထည့်ကာ သောက်ပါ။သံပုရာပါသောသန့်စင်သောရေတစ်ခွက်သည်အလေးချိန်ဆုံးရှုံးမှုအတွက်ပုံသေနည်းဖြစ်ပြီး citrus ရှိ pectin သည်အစာစားချင်စိတ်ကိုလျော့နည်းစေသည်။ဒီနည်းလမ်းက အသုံးမဝင်ဘူးဟု သင်ထင်မြင်ယူဆလျှင် တစ်ပတ်ပဲစောင့်ကြည့်ပါ။ ဖျော်ရည်တွေအစား ရေနဲ့ သံပုရာရည်သောက်ခြင်းက သင့်ကို ဝိတ်ကျစေနိုင်သည်။ Lemon ဒါမှမဟုတ် သံပုရာသီးသည်ဗီတာမင်စီကြွယ်ဝကာ anti-oxidant များပါသောကြောင့် ခန္ဓာကိုယ်၏ဆဲလ်များကို free radicals များမှကာကွယ်ပေးသည်။
အက်စကောဘစ်အက်စစ် (သို့) ဗီတာမင်စီသည်နှလုံးသွေးကြောဆိုင်ရာရောဂါ၊ဦးနှောက်သွေးကြောပိတ်ခြင်းဖြစ်စဉ်နှင့်သွေးတိုးခြင်းကိုလျှော့ချနိုင်သည်။လေဖြတ်ခြင်းဆိုင်ရာလေ့လာမှုတစ်ခုအရ အက်စ်ကောဘစ်အက်ဆစ်ပမာဏနည်းသော၊ အထူးသဖြင့်သွေးတိုးရောဂါမြင့်မားသော အမျိုးသားများ၌ ဦး နှောက်တွင်းသွေးကြောဆိုင်ရာရောဂါ(လေဖြတ်ခြင်း)ဖြစ်နိုင်ခြေမြင့်မားကြောင်းဖော်ပြသည်။

၃။သောက်ရေအေးစက်(water cooler)မှ ရေကိုပိုသောက်ပါ

WebMD ၏အဆိုအရ ရေအေးအေးသောက်ခြင်းကသင်၏ဇီဝဖြစ်စဉ်နှုန်းကိုတိုးတက်စေနိုင်သည်။ရေသည်အဆီမှရသည့်ကယ်လိုရီများကိုပိုမိုလောင်ကျွမ်းစေပြီးကိုယ်အလေးချိန်လျှော့ချရန်ကူညီသည်။ထို့အပြင်ရေခဲရေသောက်ခြင်းသည်ပုံမှန်အခန်းအပူချိန်ရှိရေနှင့်နှိုင်းယှဉ်လျှင် ပို၍ လန်းဆန်းစေသည်။

၄။ရေကို လုံလောက်စွာသောက်ပါ

အကယ်၍ သင်သည်ကိုယ်အလေးချိန်ကိုရေဖြင့် ထိန်းသိမ်းလိုပါက အာဟာရကျွမ်းကျင်သူအများစုအကြံပြုသည့်“ 8 × 8” နည်းဥပဒေကိုလိုက်နာရန်လိုအပ်သည် ။ကိုယ်အလေးချိန်ကျစေပြီး အကောင်းဆုံးသောအလေးချိန်ကိုထိန်းနိုင်စေရန် နေ့စဉ်
၈ အောင်စရေခွက် ရှစ်ခွက်သောက်သင့်ကြောင်းဖော်ပြထားသည်။ ဒါကရေဂါလံဝက် (၂ လီတာခန့်) ပါ။သင်သည်များစွာသောလေ့ကျင့်ခန်းများပြုလုပ်လျှင် သို့မဟုတ်အလွန်အကျွံချွေးထွက်လျှင်ရေပိုမိုသောက်ရမည်။

၂။အန္တရာယ်ကင်းစွာကိုယ်အလေးချိန် အမြန်လျှော့ချရန်
နည်းလမ်း ၁၁ ချက်

အဝလွန်လာတဲ့အခါ လူတွေက ဝိတ်ချချင်ကြပါတယ်။ ဝိတ်ချတဲ့အခါမှာ အန္တရာယ်ကင်းဖို့လိုပါတယ်။ ဆိုးကျိုးမရှိတဲ့ အဆီချဆေးဆိုတာ မရှိသလောက်ပါပဲ။ တစ်ပတ်ကို ဘယ်နှစ်ပေါင်ထိ ချသင့်သလဲဆိုရင် ကျွမ်းကျင်ပညာရှင်တွေ အကြံပြုထားတာက တစ်ပတ်ကို ၁ ပေါင်မှ ၂ ပေါင်အထိ ချတာသာ အန္တရာယ်ကင်းတဲ့ ကိုယ်အလေးချိန်ချနည်းလို့ဆိုပါတယ်။

၁။အသားများများနဲ့ မနက်စာစားပါ။
မနက်စာမှာ အသားများများစားတဲ့အခါ ဆာလောင်တာကို လျှော့ချပေးပြီး စားသုံးမှု ကတဆင့်ရမယ့် ကယ်လိုရီပမာဏပါ နည်းစေမှာပါ။
၂။ အချိုရည်တွေ မသောက်ပါနဲ့
၃။အစာမစားခင် ရေသောက်ပါ
၄။ဝိတ်ကျစေတဲ့ အစားအစာတွေပိုစားပါ
ဥပမာ အမဲသား၊အာလူးပြုတ်၊ဟင်းသီးဟင်းရွက်များ၊ပဲ အမျိုးမျိုး၊ အစေ့အဆန်များ၊တူနာငါး၊ဒိန်ချဉ်
၅။အမျှင်ဓာတ်များများစားပါ။အသီးအနှံအရွက်များ။
၆။ရေနွေးကြမ်း၊ကော်ဖီ နေ့စဉ်သောက်ပါ
၇။အစားအစာကို ဖြည်းဖြည်းဝါးစားပါ။
၈။အိပ်ရေးဝဝအိပ်ပါ
၉။သကြား၊ဆီကြော်ရှောင်၊ကစီဓာတ် လျှော့စားပါ။
၁၀။လေ့ကျင့်ခန်း တစ်နေ့နာရီဝက်လုပ်ပါ။
၁၁။ အိပ်ခါနီး ၂နာရီ အတွင်း ဘာမှ မစားပါနဲ့။

image
3 w - Translate

ရေဘေးသင့်ဒေသများအတွက် သရုပ်ဆောင် ဝတ်မှုံရွှေရည်က ကျပ်သိန်း ၁၀၀ လှူဒါန်း

ရေဘေးသင့်ပြည်သူများအတွက် သရုပ်ဆောင် ဝတ်မှုံရွှေရည်က စက်တင်ဘာ ၁၃ ရက်တွင် ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ကြောင်း လူမှုကွန်ရက် Wutt Hmone Shwe Yi Facebook အကောင့်တွင် ဖော်ပြထားချက်အရ သိရသည်။

ခိုင်နှင်ဝေးပရဟိတအသင်းသို့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယင်းသို့လှူဒါန်းမှုအတွက် သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည်ကို ကျေးဇူးတင်ရှိကြောင်း ခိုင်နှင်ဝေးပရဟိတလူငယ်များအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

လတ်တလောဖြစ်ပွားနေသည့် ရေကြီးဒေသများအတွက် လိုအပ်သော ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် မခိုင်နှင်းဝေကတဆင့် ကူညီပေးဖြစ်ကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုနိုင်ဖြိုးကျော်နှင့်အတူ လှူဒါန်းခဲ့ကြောင်း ၎င်း၏အကောင့်တွင် မျှဝေဖော်ပြထားသည်။

image
3 w - Translate

ရေဘေးသင့်ပြည်သူများအတွက် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ကျပ်သိန်းသုံးဆယ် လှူဒါန်း

ရေဘေးသင့်ပြည်သူများအတွက် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က စက်တင်ဘာ ၁၃ ရက်တွင် ကျပ်သိန်းသုံးဆယ် လှူဒါန်းခဲ့ကြောင်း Sai Sai Kham Leng Facebook တွင် ဖော်ပြထားချက်အရ သိရသည်။

ခိုင်နှင်းဝေပရဟိတအသင်းသို့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထိုသို့လှူဒါန်းမှုအတွက် အဆိုတော် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်ကို ကျေးဇူတင်ရှိကြောင်း ခိုင်နှင်းဝေပရဟိတအသင်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

လက်ရှိတွင် နေပြည်တော်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ တောင်ငူ ၊ ကလော၊ မြစ်သား၊ ကျိုင်းတုံ၊ ဟဲဟိုး၊ တာချီလိတ်၊ ဘားအံ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း မြို့နယ် ၃၄ မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

image
3 w - Translate

ဆိုရှယ်မီဒီယာတွင် Follower ၁ ဘီလီယံပြည့်သူအဖြစ် ရော်နယ်ဒို စံချိန်တင်

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆိုရှယ်မီဒီယာအကောင့်တွေမှာ Follower ၁ ဘီလီယံပြည့်သွားတဲ့ ပထမဆုံးလူ ဖြစ်လာပါတယ်။

Instagram၊ Facebook၊ Twitter၊ YouTube စတဲ့ ဆိုရှယ်မီဒီယာတွေ အပါအဝင် တရုတ်ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Weibo နဲ့ Kuaishou တို့အားလုံးပေါင်းရဲ့ Follower အရေအတွက် ၁ ဘီလီယံပြည့်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ TikTok နဲ့ Threads မှာတော့ အကောင့်ဖွင့်ထားခြင်း မရှိဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။

ဆိုရှယ်မီဒီယာတွေထဲမှာ ရော်နယ်ဒို ပြီးရင် Follower အများဆုံးက ဆလီနာဂိုမက်ဇ် ဖြစ်ပြီး သန်း ၆၉၀ ရှိကာ မက်ဆီက တတိယနေရာ သန်း ၆၂၃ သန်းရှိပါတယ်။

ဂျက်စတင်ဘီဘာက ၆၀၇ သန်းရှိပြီး တေလာဆွစ်က ၅၇၄ သန်းရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းအစုံမှာ ရော်နယ်ဒိုရဲ့ Follower အရေအတွက်က ဂျက်စတင်ဘီဘာ၊ တေလာဆွစ်၊ ဆလီနာဂိုမက်ဇ် တို့ထက်များတာ တွေ့ရပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လက YouTube ချန်နယ်တခု ထောင်ခဲ့ပြီးနောက် ၁ ပတ်အတွင်း သန်း ၅၀ Subscriber ရှိခဲ့တာကြောင့် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေအားလုံးပေါင်းမှာ Follower ၁ ဘီလီယံကျော်ခဲ့တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက YouTube ချန်နယ် ဖွင့်ထားတဲ့ မက်ဆီကတော့ ၃ဒသမ၅ သန်း Subscribe လုပ်ထားပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝတလျှောက် စံချိန်တွေကို ချိုးဖျက်သူအဖြစ် မှတ်တမ်းတင်ခံထားရသူ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဂိုးအများဆုံးသွင်းသူ၊ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ ဂိုးအများဆုံးသွင်းသူ၊ ကစားသမားဘဝတလျှောက် ဂိုး ၉၀၀ သွင်းနိုင်သူ စတဲ့ စံချိန်တွေအပြင် နိုင်ငံတကာပွဲ အများဆုံးစံချိန်ပါ ရရှိအောင် ကြိုးစားနေပါတယ်။

ရော်နယ်ဒိုရဲ့ လက်ရှိ ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း ၂၆၀ ရှိပြီး အားကစားသမားတွေအနက် အများဆုံးဖြစ်တယ်လို့ ဖို့ဘ်မဂ္ဂဇင်းက ဖော်ပြထားပါတယ်။
DVB

image
3 w - Translate

ဟာ 😫




Photo credit

image
3 w - Translate

ဂိုးမိုးမရွာပဲအဝါကတ်မိုးရွာတဲ့ပွဲနှစ်သင်းပေါင်းအဝါကတ်15ကတ်ထိရှိခဲ့ပြီးပရီးမီးယားလိဒ်ရဲ့ကာယအသားပေးဟန်ကိုပြသွားခဲ့တဲ့ဘုန်းမောက်
ဒီနေ့ပွဲရဲ့MOTMကတော့ချလ်ဆီးဂိုးသမားရောဘတ်ဆန်းချက်ပါပဲပင်နယ်တီတစ်လုံးsavedတဲ့အပြင်ဘုန်းမောက်ရဲ့အပိုင်ကန်ချက်များစွာကိုဒိုင်ခံကာကွယ်ခဲ့ရတာပါ
အန်ဇိုမပါတဲ့ကွင်းလယ်ကဘုန်းမောက်လိုအသင်းမျိုးကိုတောင်အသာစီးမယူနိုင်ခဲ့တာပါကိုင်စီဒိုဟာဘယ်roleမှာအားသာလို့အားသာမှန်းတောင်မသိပါဘူးဘုန်းမောက်ရဲ့မာကျောတဲ့ကစားဟန်ကလဲတကယ်ကိုချီးကျူးရမှာပါနောက်တန်းကဒီဇာဆီ၊ဖိုဖာနာတိုဟာလဲဆိုးဂါးတဲ့ခြေစွမ်းတွေပါပဲရီနာတိုဗီရေဂါလေးကတော့မဆိုးဘူးဆိုပေမဲ့ကွင်းလယ်မှာအမြဲသုံးလို့အဆင်ပြေတဲ့ကစားသမားမဟုတ်နေပြန်ဘူးလေးတယ်ထင်ရပေမဲ့ဒုတိယပိုင်းတစ်ပိုင်းလုံးငူ့​ခြေရာပဲနည်းပြအနေနဲ့လဲနောက်ပွဲတွေမှာမူဒရီကီး၊ဂျက်ဆန်တို့ကိုoutပြီးနက်တို၊အန်ကူကူတို့ကိုသုံးစေချင်တယ်မူဒရီကီးလဲလုပ်ပြချင်နေတာငိသာတယ်ကွင်းပြင်ရောက်သွားတော့မျက်နှာသေးသေးပဲကျန်တယ်အတော်အားငယ်နေပုံပဲဂျက်ဆန်ကတော့ပါးမားနဲ့တောင်မခြေမငံဖြစ်ခဲ့တယ်ဒီနေ့ပွဲဆိုရင်လဲအခွင့်အရေးရတာပဲလဲနေတာနဲ့ဘေးထွက်တာနဲ့လူပိတ်တာနဲ့တင်ပြီးနေတာဒီနေ့ပွဲရဲ့နောက်ထပ်ချီးကျူးရမဲ့ကစားသမားကဆန်ချိုပါအန်ကူကူရဲ့ဂိုးကိုလဲဖန်တီးခဲ့တာပါသူဝင်လာပြီးသိသိသာသာကစားပုံငြိမ်သွားသလိုတောင်ပံလဲလှုပ်လှုပ်ရွရွဖြစ်လာပါတယ်အန်ကူကူ၊ဆန်ချို၊ကူကူရယ်လာသုံးယောက်အတွဲကတော်တော်လေးကြည့်ကောင်းခဲ့ပါတယ်ဆန်ချိုသာဒီခြေစွမ်းအတိုင်းဆက်သွားရင်နောက်နှစ်အပြီးခေါ်ယူရတော့မှာပါခံစစ်ကစားသမားလေးကိုးဝဲဟာလဲတော်တော်လေးတည်ငြိမ်လာတာတွေ့ရတယ်ဖိုဖာနာတို့အုပ်စုအမှားများနေလို့သာသူမထင်ပေါ်တာပါနောက်ဆုံးအနေနဲ့ရသွားတဲ့ဂိုးကတော့အန်ကူကူရဲ့ပါးနပ်မှုလို့ဆိုရမှာပါဘုန်းမောက်ကစားသမားတွေရဲ့ဘောလုံးဖြတ်ထုတ်ဖို့ကိုအာရုဏ်မစိုက်ပဲလူကိုဘောဒီခုဖို့ပဲကြိုးစားတာကိုပါးပါးနပ်နပ်ထွက်ခဲ့ပြီးသွင်းသားတာပါ
နောက်ဆုံးချလ်ဆီးလဲအနိုင်သုံးမှာရပြီးနည်းပြအနေနဲ့နောက်ပွဲတွေအတွက်ဖြေရှင်းရမဲ့ပုဒ်စာတွေထပ်ရှိလာပြန်ပါပြီ

image