Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
◾️Store Supervisor - Yangon
Company: Synergy Plus Co., Ltd
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23325
◾️Drafting Engineer - Yangon
Company: Synergy Plus Co., Ltd
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23324
◾️Civil Engineer (Quantity Surveyors Cum Site) - Yangon
Company: Synergy Plus Co., Ltd
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23323
◾️Assistant M&E Maintenance Technician - Yangon
Company: Synergy Plus Co., Ltd
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23322
Lord of War
2005 ‧ Crime/Thriller ‧ 2h 3m
မင်းသားကြီး နီကလက်ကေ့ရဲ့ ရွှေခေတ်က ရွှေရုပ်ရှင်တစ်ခုကို ဘာသာပြန်ကောင်းကောင်း ကွာလတီကောင်းကောင်းနဲ့ ပြန်တင်ဆက်ပေးထားပါတယ်။ အရင်သိမ်းထားတဲ့ဖိုင်တွေရှိရင် ဖျက်လိုက်ပြီး ပြန်သာသိမ်းလိုက်ကြပါ။ Nicolas Cage, Jared Leto, Bridget Moynahan နဲ့ Ethan Hawke တိုပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ယူရီအော်လော့ (N Cage) တိုမိသားစုက ယူကရိန်းကနေ ဂျူးယောင်ဆောင်ပြီး အမေရိကန်ကို ပြောင်းလာတာပါ။ ဇာတ်လမ်းထဲမှာ မင်းသားပြောသလိုပါပဲ သမိုင်းမှာ ဂျူးဖြစ်ရလို ကံကောင်းတယ်ဆိုတဲ့အချိန်က ရှားပါတယ်။ ဒါပေမဲ့ ဂျူးဖြစ်လို ယူကရိန်းကနေ အမေရိကန်ကို ရောက်လာနိုင်တာလေးတစ်ခုကတော့ ကံကောင်းတယ်ပြောရမှာပေါ့။ နာဇီတွေက ဂျူးတွေကို ယူကရိန်းမှာ အပြုံလိုက်ရှင်းပစ်ခဲ့သလို၊ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်မှာလည်း ဂျူးတွေ နေရာမရကြပါဘူး။
အမေရိကန်ရောက် ယူကရိန်းသား ညီအစ်ကိုဟာ လက်နက်အရောင်းအဝယ်လောကထဲကိုဝင်မိခဲ့ကြပါတယ်။ နယ်ခံလူဆိုးဂိုဏ်းကို ဈေးဦးပေါက် အူဇီလေးရောင်းမိတာကနေ လုပ်ငန်းစခဲ့ပြီး ပထမဆုံး သူဌေးဖြစ်ကွက်ကိုတော့ ၁၉၈၂ လစ်ဘနွန်စစ်ပွဲမှာ ရသွားခဲ့ကြတာပါ။ အစ္စရေးတွေက လစ်ဘနွန်ကိုကျူးကျော်တာကနေ ပါလက်စတိုင်းနဲ့စစ်ဖြစ်ချိန်မှာ ညီအစ်ကိုနှစ်ယောက်က နှစ်ဘက်လုံးကို လက်နက်ရောင်းစားပြီး သူဌေးဖြစ်သွားပါတော့တယ်။ အဲဒီနောက်မှာ ယူရီတစ်ယောက် အချီကြီးမိတာကတော့ စစ်အေးတိုက်ပွဲအဆုံး ဆိုဗီယက်ယူနီယံ ပြိုကွဲချိန် ၁၉၉၁ ပါပဲ။ ဆိုဗီယက်ပြည်ထောင်စုဝင် (ရုရှား၊ ဘီလာရု၊ ကာဇက်စတန်၊ လက်ဗီးရား၊ ကာဂျစ်စတန်၊ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ၊ မော်ဒိုဗာ၊ အက်စ်တိုးနီးယား၊ တာဂျစ်ကစ္စတန်၊ ယူကရိန်း၊ လစ်သူရေးနီးယား၊ အာမဲနီးယား၊ ဥဇဘက်ကစ္စတန်၊ တာမန်နစ္စတန် နှင့် အခြားခွဲထွက်နိုင်ငံအချို) နိုင်ငံတွေကနေ ဖရိုဖရဲဖြစ်နေတဲ့ လက်နက်ဂိုထောင်တွေကို အောက်ဈေးလိုက်နှိက်ပါတော့တယ်။ အဲဒီကနေမှ လိုက်ဘီးရီးယားနိုင်ငံရဲ့ စစ်အာဏာရှင်ကို သေနတ်တွေရောင်းမိပြီး အာဖရိကရဲ့သွေးစိန်တွေနဲ့ ပိုချမ်းသာလာပါတော့တယ်။ အဲဒီချမ်းသာမှုကနေ တရားကျစရာတွေ ဘယ်လိုရမလဲဆိုတာ ကြည့်မယ်ဆိုရင်တော့မကြည့်ပါနဲ့။ ချမ်းသာတာဟာ ချမ်းသာတာပါပဲ။ ချမ်းသာပြီးပဲ ပြီးသွားမှာပါ။ သမိုင်းတလျှောက် လက်နက်အရောင်းအဝယ်တွေနဲ့ နိုင်ငံရေးတွေကိုတော့ တရားကျလိုရပါလိမ့်မယ်။ မကြည့်ရသေးရင်တော့ ကြည့်ဖြစ်အောင်ကြည့်ဖို တိုက်တွန်းချင်ပါတယ်။
ငေါ့ချမ်းခချောင်းအတွင်း ဆိုင်ကယ်ထိုးကျပြီး တစ်ဦးပျောက်ဆုံးနေ
********************
(ပြည်တွင်း) မတ်လ ၂၅
ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ ချန်းမော်ခုံးဒေသက ငေါ့ချမ်းခချောင်းအတွင်းကို ဆိုင်ကယ်တစ်စီးထိုးကျသွားခဲ့လို့ ဆိုင်ကယ်စီးလာသူတစ်ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ချီဖွေမြို့နယ် ၊ချန်းမော်ခုံးဒေသမှာ လူနှစ်ဦးစီ နှင်းလာသောဆိုင်ကယ်တစ်စီးဟာ မတ်လ ၂၄ ရက်နေ့ နေ့ခင်းပိုင်းမှာ တံတားကို ဖြတ်သန်းနေစဉ် အရှိန်မထိန်းနိုင်ပဲ ငေါ့ချမ်းခ ချောင်းအတွင်းထိုးကျသွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငေါ့ချမ်းခချောင်းကူးတံတားအောက်ထဲကို ဆိုင်ကယ်ထိုးကျမှုကြောင့် ဆိုင်ကယ်စီးလာသူတွေထဲက တစ်ဦး ပျောက်ဆုံးနေပြီး တစ်ဦးကတော့ အသက်ရှင်လျက်ပြန်လည်တွေ့ရှိထားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"အလကားလူ" မဖြစ်စေနဲ့
▪▪▪▪▪▪
ကိုယ့်မှာ အားနည်းချက်ရှိရင်
သူတစ်ပါး ပျော့ကွက်ကို
ချမနင်းဘဲ နေတတ်ရမယ်။
ကိုယ့်မှာခံနိုင်ရည် မရှိရင်
သူတစ်ပါး နစ်နာစရာ စကားကို
ဆင်ခြင် ပြောဆိုတတ်ရမယ်။
ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်....။
ကိုယ့်မှာ အရှက်ရှိရင်
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်။
ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။
ကိုယ့်မှာ အပြစ်နဲ့မကင်းရင်
သူတစ်ပါး အမှားကို
လက်ညှိုးမထိုးမိအောင် နေတတ်ရမယ်။
ကိုယ့်မှာ ဝေဒနာရှိရင်
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။
ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင်
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်.....။
ကိုယ့်မှာ အမာရွတ်ရှိရင်
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်။
ဒါဟာ ကိုယ်ချင်းစာတရားပဲ။
ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ
ဘယ်လောက်ပဲ တော်တော်
ဘယ်လောက်ပဲ တတ်တတ်
ကိုယ်ချင်းစာတရားမရှိရင် အလကားပဲ....။
#စာပေ
တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
********************
(မှုခင်း) မတ်လ ၂၅
မတ်လ ၂၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် “အောင်စိုးမိုး”ဆေးဆိုင်၌ တရားမဝင်ဆေးဝါးတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉၁၅၀၀)ကို အမျိုးသားဆေးဝါး ဥပဒေအရလည်းကောင်း၊ အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် သာစည်မြို့နယ်တို့၌ တရားမဝင်ကျွန်းသစ် ၇ ဒသမ ၃၄၉ တန်၊ သစ်မာ ၆ ဒသမ ၄၃၃ တန်၊ အခြားသစ် ၂၂ ဒသမ ၂၄၃ တန်နှင့် ဆက်စပ်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၉၅၀၃၂၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး၊ Toyota Dyna တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၀၀၀၀၀၀)တို့ကို သစ်တောဥပဒေအရလည်းကောင်း၊ မတ် ၂၂ ရက်တွင် ပလိပ်မြို့ Denko ဆီဆိုင်အနီး၌ မော်တော်ယာဉ် နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၀၁၈၆၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Man Tractor Head တစ်စီး၊ Nissan UD Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်နှစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂၀၀၀၀၀၀) နှင့် ရန်ကုန် – မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၃၅၆)မိုင်အနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၁ မျိုး၊ စားသောက်ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၂၅၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၁၅၂၆၂၉၂၀ ကို ဖမ်းဆီးအရေးယူမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မတ် ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၉၆၈ တန်၊ သစ်မာ ၁ ဒသမ ၁၀၈ တန်၊ အခြားသစ် ၁ ဒသမ ၂၆၇ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၆၈၇၄ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံသားခရီးသည် ရှစ်ဦးနှင့် တရုတ်နိုင်ငံသားခရီးသည် တစ်ဦးတို့၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၂၁ မျိုး၊ လုပ်ငန်းသုံးပစ္စည်းခြောက်မျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၆၅၀၀၀၀)ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၇၀၆၂၈၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၈၇၁၂၈၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မတ် ၂၃ ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားအံစက်မှုဇုန်အနီး၌ မော်တော်ယာဉ်အစီး ၃၀ ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၄၉ မျိုး၊ လူသုံးကုန်ပစ္စည်း၂၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၇၆၃၂၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck ကိုးစီး၊ Mitsubishi Fuso Truck ငါးစီး၊ Hino Ranger Truck သုံးစီး၊ Nissan Diesel Truck သုံးစီး၊ Pyay Truck သုံးစီး၊ Chenglong Dump Truck တစ်စီး၊ Hino Truck တစ်စီး၊ Hyundai KMFLA Truck တစ်စီး၊ Dagon Tawwin Truck တစ်စီး၊ Hino Profia Truck တစ်စီး၊ Toyota Truck တစ်စီး၊ Yae Nan Chaung Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂၇၆၃၂၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Nissan X-Trail မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် အေးရိပ်ငြိမ်ရပ်ကွက် ဗိုလ်ရွဲလမ်းအင်ဂျင်ဝိုင်စက်ရုံဟောင်းအနီး၌ စုပုံထားသော အကောက်ခွန်မဲ့လူသုံးကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၂၀၀၀၀၀)ကိုလည်းကောင်း၊ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ရေခဲစက်လမ်းရှိ ကမ်းနားဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၂၀၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မတ် ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၉၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၉၅၂၅၄၅၉၄)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက် ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီထံမှ သိရသည်။