4 ပတ် - ဘာသာပြန်ပါ။

ခင်ပွန်းလောင်း ကျော်ကျော်ရဲ့ မွေးနေ့မှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတဲ့ ဆုမြတ်နိုးဦးတို့ စုံတွဲ 🥰

သရုပ်ဆောင်ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ဟာ ဒီရက်တွေထဲမှာပဲ Novotel Hotel Max မှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါနေ့လေးဟာ ခင်ပွန်းလောင်းဖြစ်လာမယ့် သရုပ်ဆောင် ကျော်ကျော်ရဲ့ မွေးနေ့ရက်မြတ်လေးမှာပဲ ကျင်းပခဲ့တာပါ။ ကျော်ကျော်ရဲ့ မွေးနေ့ပွဲလေးကိုလည်း အနုပညာမောင်နှမတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ပါသေးတယ်။

#crd
#celenews

image
4 ပတ် - ဘာသာပြန်ပါ။

စိတ်နာချင်ယောင် ဆောင်တာပါ
ချစ်ပြီးသား လူတစ်ယောက်ကို ဒီနှလုံးသားက
လွယ်လွယ်ကူကူ မုန်းမရပါဘူး။
#တက္ကသိုလ်ဘုန်းနိုင်

image
4 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့အနက်ရှိုင်းဆုံးလှိုဏ်ဂူ

ဂျော်ဂျီယာနိုင်ငံ၊ အဘ်ခါဇီယာဒေသရဲ့ အာရာဘီကာတောင်တန်းမှာတည်ရှိတဲ့ Veryovkina လှိုဏ်ဂူဟာ အနက် ၂,၂၁၂ မီတာ (၇,၂၅၇ ပေ) နဲ့ ကမ္ဘာ့အနက်ဆုံး လှိုဏ်ဂူအဖြစ် စံချိန်တင်ထားပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ဆိုဗီယက်စူးစမ်းသူတွေ စတင်တွေ့ရှိခဲ့ပေမယ့်၊ နှစ်တွေအကြာမှာမှ နည်းပညာတွေ တိုးတက်လာပြီး လှိုဏ်ဂူရဲ့ အနက်မှန်ကို တဖြည်း ဖြည်း သိရှိလာရတာပါ။

၂၀၁၇ ခုနှစ်ရောက်မှသာ ဒီလှိုဏ်ဂူဟာ အရင်အနက်ဆုံးဖြစ်တဲ့ ခရူဘယ်ရာ (Krubera) လှိုဏ်ဂူ (၂,၁၉၇ မီတာ) ကို ကျော်တက်ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

လှိုဏ်ဂူထဲဆင်းဖို့က အရမ်းကို စိန်ခေါ်မှုကြီးပါတယ်။ ကျဉ်းမြောင်းတဲ့ လမ်းတွေ၊ မတ်စောက်တဲ့ ချောက်တွေ၊ အေးခဲတဲ့ ရေစီးကြောင်းတွေနဲ့ ပြည့်နှက်နေပြီး ရေကြီးမှု၊ ကျောက်ပြိုမှု အန္တရာယ်တွေလည်း ရှိတာကြောင့် အထူးကျွမ်းကျင်သူတွေနဲ့ အဆင့်မြင့်နည်းပညာတွေ မရှိမဖြစ် လိုအပ်ပါတယ်။

လှိုဏ်ဂူအောက်ဆုံးရောက်ဖို့ဆိုတာ ရက်သတ္တပတ်ပေါင်းများစွာ ကြာနိုင်ပြီး၊ လှိုဏ်ဂူထဲမှာပဲ ယာယီစခန်းချပြီး နေထိုင်ရတဲ့ ဘဝဟာ တကယ့်ကိုစွန့်စားမှုအပြည့်နဲ့ပါ။

ဒါ့အပြင် Veryovkina လှိုဏ်ဂူဟာ ဘူမိဗေဒ၊ ရေအရင်း အမြစ်၊ ဇီဝဗေဒ ပညာရှင်တွေအတွက် တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ သုတေသနနေရာတစ်ခုလည်း ဖြစ်ပါတယ်။ နှစ်သန်းပေါင်းများစွာ သက်တမ်းရှိတဲ့ အရာတွေကိုတောင် တွေ့ရှိနိုင်ခြေရှိပါတယ်။

ဒီလှိုဏ်ဂူဟာ သဘာဝတရားရဲ့ ကြီးကျယ်ခမ်းနားမှု၊ လူသားတွေရဲ့ စွန့်စားလိုစိတ်နဲ့ သိပ္ပံပညာရဲ့ စူးစမ်းလိုစိတ်တွေကို ပေါင်းစပ်ပြသထားတဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။

#knowledgezone

image
4 ပတ် - ဘာသာပြန်ပါ။

Scooby-Doo! and K-ryp-to, too! (2023)

မော်ဒန်ခေတ် Animation ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Studio တွေရဲ့ ပြိုင်ဆိုင်မှုတွေ Fan တွေရဲ့ ပေါက်ကွဲအားတွေနဲ့ အတူ Animation တွေဟာ ရုပ်ရှင်ဇာတ်ခုံမြင့်ပေါ်မှာ အလုအယက် နေရာယူလာကြပါပြီ။ ခွေခေတ် VCD ခေတ်တွေကနေ Streaming Service ကို ကူးပြောင်းလာတဲ့ ကာလမှာ Writer တွေ Producer တွေဟာလည်း Animation တွေကို တစ်ခေတ်ဆန်းတဲ့နည်းနဲ့ ခေတ်နဲ့လည်း လိုက်လျောညီထွေအောင် ရိုက်ရင်း ပရိသတ်တွေဆီကို အမြင်သစ်နဲ့ ယူဆောင်လာခဲ့ကြတယ်။ သို့ပေမဲ့လို့ Streaming Service တွေ မပေါ်ခင် ကျွန်တော်တို့ Generation ရဲ့ ငယ်ဘဝ ပျော်စံရာကြီးဖြစ်ခဲ့တဲ့ ခွေခေတ်မှာလည်း WALL-E တို့လိုမျိုး “Animation ဟာ ရိုးရိုးကာတွန်းဆိုတာထက် မပိုဘူး” ဆိုပြီး ကြည့်ရှူသူတွေရဲ့ အတွေးတွေကို ရိုက်ခတ်ပစ်လိုက်တဲ့ ရုပ်ရှင်တွေကိုလည်း စတူဒီယိုကြီးတွေက risk ယူပြီး ဖန်တီးခဲ့ကြသလို Toy Story, Up အစရှိတဲ့ ကွန်ပျုတာသုံး 3D Animation တွေနဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝကို ပြည့်စုံစေခဲ့ကြတယ်ပေါ့ဗျာ။
လောလောလတ်လတ် Oscar Best Animated Feature မှာ ပီနိုချီရိုကို အမြင်သစ်နဲ့ ဖော်ပြထားတဲ့ရုပ်ရှင်နဲ့ ဆုရသွားခဲ့တဲ့ Guillermo ကြီးကလည်း Animation တွေဟာ Pure Cinema ဖြစ်ပြီး ဖန်တီးသူတွေကိုလည်း နည်းပညာသမားတွေအဖြစ် မမြင်ဘဲ အနုပညာရှင်တွေအဖြစ် မြင်ပေးဖို့ ပြောခဲ့ပါသေးတယ်။ အခုမော်ဒန်ခေတ်လို မရေမတွက်နိုင်တဲ့ ကွာလတီကောင်းကောင်း Animation ရုပ်ရှင်တွေ ကြီးစိုးလာချိန်မှာ တစ်ချိန်က ကျွန်တော်တို့ ကျုရှင်ကနေ အိမ်ကိုပြန်လာတိုင်း လွယ်အိတ်ပစ်ချပြီး တီဗီရှေ့ မျောနေခဲ့ရတဲ့ ကာတွန်းကားတွေကိုလည်း ဘယ်မေ့ထားကြနိုင်လိမ့်မှာတုန်းဗျာ။ အဲဒီထဲမှာမှ Scooby-Doo အပါအဝင် Tom & Jerry, Mickey Mouse, Peter Pan, Cinderella တို့ဟာ ကျွန်တော်တို့ ငယ်ဘဝကို အကြီးအကျယ် ရိုက်ခတ်စေခဲ့တဲ့ အမှတ်တရတွေပေါ့။ နောက်ပိုင်းတော့ Remake တွေ Live-Action တွေနဲ့ ဒီဇာတ်ကောင်တွေကို ပိတ်ကားထက်ပေါ် တဖန် ပြန်ခေါ်လာဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း ထင်သလောက် အရာမရောက်ခဲ့ရတဲ့ ရုပ်ရှင်တွေ မနည်းတော့ပါဘူး။ ဒီလိုနဲ့ မှေးမှိန်စ ပြုလာပြီဖြစ်တဲ့ ငယ်ဘဝ အမှတ်တရတွေထဲမှာ Scooby-Doo ကလည်း တစ်ထောင့် တစ်နေရာကနေ ပြည့်စုံစေခဲ့ဖူးတာ ငြင်းရက်စရာမရှိပါဘူး။ ချစ်စရာခွေးလေးတစ်ကောင်ရယ် လူငယ်လေးယောက်ရယ် အပြာရောင် တောက်တောက် ဗန်ကားလေးတစ်စီးရယ်နဲ့ အမြို့မြို့အနယ်နယ်က သရဲခြောက်နေပါတယ်ဆိုတဲ့ နေရာတွေကို ဓာတ်မီးကိုယ်စီနဲ့ ပတ်အဖြေရှာတဲ့ဇာတ်ဟာ ဖန်တရာတေနေတဲ့ ဇာတ်ပေမယ့် သရဲတစ်ကောင်ပေါ်လာတိုင်း ဒူးတုန်အောင်ကြောက်ရသလို စကူဘီဒူးနဲ့ ရှက်ဂီနှစ်ကောင်ပေါင်းပြီး မွှေတာကိုလည်း အကြိမ်ကြိမ်အဖန်ဖန် ရယ်မောခဲ့ကြတာ အရိုးသားဆုံးအမှန်တရားတွေပေါ့။ အလယ်က ဇာတ်အိမ်တွေ ဘယ်လိုပြောင်းပြောင်း ဗားရှင်းအသစ်တွေ အထပ်ထပ်အကာကာ ဘယ်လိုပဲလုပ်လုပ် Universe ကြီးတွေနဲ့ Collaboration အကြိမ်ကြိမ်လုပ်ခဲ့တဲ့တိုင် မရိုးမအီနိုင်အောင် မျောပါသွားခဲ့ကြတာပဲ မဟုတ်လား။
ဒီတစ်ခါက Collaboration ကတော့ စကူဘီဒူးတင်မက ခရစ္စပတိုလည်း ပါသဟေး ဆိုတဲ့အတိုင်း စကူဘီဒူးနဲ့ DC ပါ။ ပြောရရင် DC က နာမည်ကြီးတော်တော်များများလည်း ပါပါတယ်။ ဘတ်မန်း စူပါမန်း ဂျက်စတစ်လိဂ် လက်စ်လူသာ ဂျိုကာ ဟာလေကွင်း ဂျန်နရယ်ဇော့ လူးဝစ်လိန်း အစရှိသဖြင့်ပါ။ ဇာတ်ကတော့ ဒီလိုစပါတယ်…
Hall of Justice ကနေ စူပါမန်းတို့အဖွဲ့ ရုတ်တရက်ကြီးပျောက်ချင်းမလှပျောက်သွားကြပါတယ်။ သူတို့မရှိတော့တဲ့ Hall of Justice မှာ သရဲတွေပါခြောက်လာပါတယ်။ ဒီတော့ လူးဝစ်လိန်းဟာ သတင်းထောက်ပီပီ အဆက်အသွယ်စုံလေတော့ နာမည်ကျော်သရဲစုံထောက်အဖွဲ့ကြီးကို ဒီအမှုကိုဖြေရှင်းဖို့ ဖိတ်ကြားလိုက်ပါတယ်။ စကူဘီဒူးတို့အဖွဲ့ပါပဲ။ စူပါဗီလိန်တွေသောင်းကျန်းနေတဲ့မြို့ပေါ် စကူဘီတို့ အမှုလာဖြေရှင်းတဲ့အခါ သူ့သခင်ကိုရှာနေတဲ့ ခရစ္စပတိုနဲ့တိုးကြပါလေရော။ စကူဘီနဲ့ ခရစ္စပတိုဆိုတဲ့ ခွေးလေး၂ကောင် စူပါမန်းတို့ကို ကယ်နိုင်မလား ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ခရစ္စပတိုဟာ သိပ်ချစ်ဖို့ကောင်းလွန်းနေတော့ ဒီကားကို အားလုံးသဘောကျကြမှာ သေချာသလောက်ပါပဲ။

ဇာတ်ကားလင့်
https://t.me/c/2186686827/200

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
4 ပတ် - ဘာသာပြန်ပါ။

Survival of the Dead (2009)
=====================

ဖုတ်ကောင်တွေ နဲ့ ကမ္ဘာကြီးက ပရမ်းပတာတွေဖြစ်နေတဲ့အချိန် ဒီလိုအခြေအနေတွေကြားမှာ အထက်ကိုစိတ်နာပြီးတပ်ပြေးလာတဲ့ ‌ဆာ့ခ်ျတို့ စစ်သားတွေတသိုက်။ပလမ်းကျွန်းပေါ်မှာကလည်း အိုဖလင်း မိသားစုနဲ့ မဲလ်ဒွန်းမိသားစုရဲ့ဇွန်ဘီးတွေအပေါ်အယူအဆကွဲလွဲပုံကြောင့်ပစ်ခတ်နေကြတာကပုံမှန်လိုပါပဲ။အိုဖလင်းတွေက ဒီဖုတ်ကောင်တွေကို အမြစ်ဖြုတ်သတ်ပစ်ရမယ်ထင်ကြတယ်။ မဲလ်ဒွန်းတွေက ဒီကောင်တွေကိုပြောင်းလဲနိုင်မယ်ထင်ကြတယ်။သူတလူငါတမင်းခေတ်မှာ ဘယ်သူကများအသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါ။

image
4 ပတ် - ဘာသာပြန်ပါ။

စပယ်အိုးပုတ်လေးများ

#flowers

image
4 ပတ် - ဘာသာပြန်ပါ။

Lucy
2014 ‧ Action/Sci-fi ‧ 1h 30m

လူစိဟာဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြိုမှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။
သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားက

လူဆိုးအဖွဲတစ်ဖွဲဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်း
အသတ်ခံရပြီး သူကတော့ CPH4 လိုခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကို
သယ်ဆောင်ပေးဖို အကြပ်ကိုင်ခံရပါတယ်။
ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊
CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။
သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပိုပေးရမှာပါ။
ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီး
ဗိုက်ကို အကန်ခံလိုက်ရတဲ့အခါမှာတော့………………….
နာမည်ကျော် ညှိအားပြင်း မင်းသမီးချော Scarlett Johansson
ခေါင်းဆောင်ပါဝင်ပြီး ကိုရီးယား မင်းသားကြီး Choi Min Sik က
Johansson နဲ့ အပြိုင် လူဆိုးကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။
ပရော်ဖက်ဆာ နော်မန်အဖြစ် Morgan Freeman က Logic တွေ
တော်ကီပွားရုံ သရုပ်ဆောင်ထားပြီး Amr Waked က Del Rio အဖြစ်
သရုပ်ဆောင်ထားပါတယ်။ The Fifth Element နဲ့ The Lady ဇာတ်ကားတွေကို
ရိုက်ကူးခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ကူးထားပြီး
ကုန်ကျစရိတ် ဒေါ်လာ သန်း ၄ဝပဲ ရှိခဲ့ပေမယ့် ဝင်ငွေ သန်း ၁၀၀ ကျော်
ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ IMDb မှာ Rating 6.6 ရရှိထားပြီး
Rotten Tomatoes မှာလည်း Tomatometer 62% ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

image
4 ပတ် - ဘာသာပြန်ပါ။

နာကျင်စေခဲ့ပြီးမှ
အရင်လို
ပြန်ဖြစ်ချင်လို့ မရဘူးလေ
စိတ်တွေဟာ
ဒဏ်ရာ ရသွားပြီးရင်
အရင်လို ပြန်ဖြစ်ဖို့ခက်တယ်။
ဒဏ်ရာပျောက်သွားရင်တောင်
အမာရွတ်တွေမြင်တိုင်း
ပြန်နာရတတ်တယ်။
ကိုယ့်ကိုယ်ကိုယ်လည်း သနားပါဦး
#သျှင်ယွန်း

4 ပတ် - ဘာသာပြန်ပါ။

✨ Kemei KM-5029 5-in-1 ဘက်စုံသုံး ဆံပင်ညှပ်စက် အသစ်စက်စက် ရောက်ရှိလာပါပြီ! ✨
💰 ဈေးနှုန်း [250,000ကျပ်]
💇‍♂️ ဆံပင်ညှပ်ရင်း မုတ်ဆိတ်ရိတ်၊ အမျိုးမျိုးသုံးလို့ရတဲ့ ဒီစက်လေးက သင့်အတွက် အထူးရွေးချယ်မှု!
🔋 Lithium Ion ဘက်ထရီနဲ့ 45 မိနစ်အထိ အားခံပြီး USB နဲ့ အလွယ်တကူ အားသွင်းလို့ရ။
✂️ ပရော်ဖက်ရှင်နယ် LCD ပါဝင်လို့ တိကျပြီး ချောမွေ့တဲ့ ဖြတ်တောက်မှုကို ရရှိမယ်။
🧼 သန့်ရှင်းရလွယ်ကူပြီး သွားလာရအဆင်ပြေတဲ့ ဒီဇိုင်းမို့ အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။
💥
📩 DM လေးပို့ပြီး သင့်ရဲ့ Kemei KM-5029 ကို အမြန်ရယူလိုက်ပါ။
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
www.shop.com.mm/shop/zaycho
#kemeikm5029 #hairclipper #groomingkit #cordlessshaver #ဆံပင်ညှပ်စက် #မုတ်ဆိတ်ရိတ်စက် #အလှပြင်ပစ္စည်း #myanmarshopping #onlinesale #beautytools

image
4 ပတ် - ဘာသာပြန်ပါ။

✨ Kemei KM-5029 5-in-1 ဘက်စုံသုံး ဆံပင်ညှပ်စက် အသစ်စက်စက် ရောက်ရှိလာပါပြီ! ✨
💰 ဈေးနှုန်း [250,000ကျပ်]
💇‍♂️ ဆံပင်ညှပ်ရင်း မုတ်ဆိတ်ရိတ်၊ အမျိုးမျိုးသုံးလို့ရတဲ့ ဒီစက်လေးက သင့်အတွက် အထူးရွေးချယ်မှု!
🔋 Lithium Ion ဘက်ထရီနဲ့ 45 မိနစ်အထိ အားခံပြီး USB နဲ့ အလွယ်တကူ အားသွင်းလို့ရ။
✂️ ပရော်ဖက်ရှင်နယ် LCD ပါဝင်လို့ တိကျပြီး ချောမွေ့တဲ့ ဖြတ်တောက်မှုကို ရရှိမယ်။
🧼 သန့်ရှင်းရလွယ်ကူပြီး သွားလာရအဆင်ပြေတဲ့ ဒီဇိုင်းမို့ အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။
💥
📩 DM လေးပို့ပြီး သင့်ရဲ့ Kemei KM-5029 ကို အမြန်ရယူလိုက်ပါ။
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
www.shop.com.mm/shop/zaycho
#kemeikm5029 #hairclipper #groomingkit #cordlessshaver #ဆံပင်ညှပ်စက် #မုတ်ဆိတ်ရိတ်စက် #အလှပြင်ပစ္စည်း #myanmarshopping #onlinesale #beautytools

image