4 w - Translate

Nail Gallery

image
4 w - Translate

Nail Gallery

image
4 w - Translate

Nail Gallery

image
4 w - Translate

Nail Gallery

image
4 w - Translate

Nail Gallery

image
image
image
image
image

Final Destination ကြောင့် ဘားတွေအရင်းပြုတ်ကုန်မှာ စိုးရိမ်နေရ
Final Destination: Bloodlines Teaser ထွက်လာပြီးတော့ မနက်ဖြန်မှာ Official Trailer ထွက်လာမယ့်အပေါ် ဘားပိုင်ရှင်တွေနဲ့ ဘားမှာအလုပ်လုပ်သူတွေဟာ မျက်ခုံးလှုပ်နေကြပါပြီ။
မနက်ဖြန် Trailer ထဲမှာတော့ ကမ်းခြေဘေးက ဘားတစ်ခုမှာဖြစ်ပျက်လာမယ့် သေမင်းရဲ့ ပစ်မှတ်တွေက ဘယ်သူတွေဖြစ်မလဲဆိုတာကို ကြည့်ရတော့မှာဖြစ်ပါတယ်။
Zach Lipovsky နဲ့ Adam B. Stein (Freaks) တို့က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Lori Evans Taylor (Wicked Wicked Games) နဲ့ Guy Busick (Scream) တို့က ဇာတ်ညွှန်းရေးသားထားတဲ့ Final Destination ဇာတ်လမ်းတွဲရဲ့ ဆဌမမြောက် ဇာတ်ကားကို ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် Warner Bros မှ မေလ ၁၆ ရက်နေ့မှာ ရုပ်ရှင်ရုံများနဲ့ IMAX တွေမှာ စတင်ပြသတော့မှာဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသူ Stefanie က သူမရဲ့ မိသားစုကို သေမင်းရဲ့ စက်ကွင်းကနေ ကယ်တင်ဖို့ အိမ်ကိုပြန်သွားပြီးနောက်ပိုင်းမှာ ကြုံတွေ့ရမယ့် နေ့စဥ်ဘဝထဲက ခြောက်ခြားစရာ သေဆုံးမှုတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်။
Teaser ထဲမှာတော့ ဘားတွေတောင် ရေခဲတုံးနဲ့ ဖန်ကွဲစတွေရောပြီး သောက်မိတဲ့သူ ဘယ်လိုတွေရှောမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။
လက်ရှိမှာတော့ Trailer ထွက်လာပြီးရင် ဘားတွေအရင်းပြုတ်ကုန်မှာကို ဘားပိုင်ရှင်တွေအနေနဲ့ စိုးရိမ်နေကြောင်းသိရပါတယ်။
Final Destination: Bloodlines ကြည့်ပြီးရင်တော့ ဘားတွေသွားရင် အရက်ခွက်ထဲမှာ ရေခဲတုံးလား ဖန်ကွဲစလားဆိုပြီး စစ်ဆေးရေးတွေလုပ်ကြရင်းနဲ့ တိုင်ပတ်မှာတော့ မြင်ယောင်ပါသေးတယ်။

image

26 - 3 - 2025 ( 100 am )
အကယ်ဒမီရွှေ အဖွင့်စျေး
WG - 3020 $

ဆိုင်စျေး စနှစ်ဟောင်း
( ၁ိ - 16.606 g - ၁၂၈ ရွေး )
မီးလင်း - 6900000 Ks
၁၅`ရည် - 6490000 Ks

ဆိုင်စျေး စနှစ်သစ်
( ၁ိ -16.329 g - ၁၂၀ ရွေး )
မီးလင်း - 6780000 Ks
၁၅'ရည် - 6380000 Ks

YGEA ရည်ညွှန်းစျေး
( ၁ိ - 16.329 g )
မီးလင်း - 5610000 Ks
၁၅' ရည် - 5280000 Ks

#ရွှေစျေး
#gdbprice

image

ကောင်လေးက တောသား
ကောင်မလေးကမြို့သူ
" ကောင်မ‌လေးက လိုတရနေတဲ့အချိန်မှာ
ကောင်လေးက ပွတ်စရာ အကြွေစေ့ နှစ်ပြားတောင်မရှိဘူး"
တစ်ယောက်နှင့်တစ်ယောက် ပိုက်ဆံကွာဟချက် ကြီးမားတဲ့အချိန်မှာ ချစ်ခြင်းတွေက ကြာရှည် တည်တံ့နိုင်ပါ့မလား။
ဒီလိုအချစ်မျိုးကို ရိုက်ကူးထားတဲ့ The NoteBook ဆိုတဲ့ဇာတ်ကားလေးကို ဒီနေ့မှာ ညွှန်းပေးချင်ပါတယ်။ မင်းသားက Ryan Gosling နှင့် မင်းသမီးကတော့ Rachel Mcadams တို့ဖြစ်ပြီးတော့ သရုပ်ဆောင်ချက်တွေကတော့ အစားထိုးလို့မရနိုင်လောက်အောင်ပါပဲ။
ဆီးဘရွှန်မြို့ပွဲတော်တစ်ခုမှာ နိုအာကယ်ဟွန်းဆိုတဲ့ ကောင်‌လေးတစ်ယောက် က အယ်လီဟမ်မီလ်တင် ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းသဘောကျသွားတယ်။ အယ်လီက မြို့က ချမ်းသာတဲ့မိသားစုကဖြစ်ပြီးတော့ နွေရာသီ ပိတ်ရက်မှာ ဆီးဘရွတ်မြို့ကို အလည်လာတာဖြစ်ပါတယ်။ နိုအာကတော့ ဆီးဘရွှတ်မြို့က သစ်စက်မှာ အလုပ်လုပ်နေတာပါ။ တစ်နာရီကို ဆင့် ၄၀ လောက်ပဲ ရတော့ ကောင်မလေးရဲ့အသိုင်းအဝိုင်းနဲ့ဆို မိုးနဲ့‌မြေပေါ့ဗျာ။
နိုအော က အယ်လီကို စတွေ့တဲ့နေ့မှာပဲ ချစ်ကြောင်းလိုက်ဖွင့်ပြောရင်း ရက်အနည်းငယ်ကြာတော့ သူတို့တွေ မေတ္တာမျှသွားကြတယ်။ သူတို့က တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြပါတယ်။ ဒါပေမယ့် နွေရာသီ ပိတ်ရက်မပြီးခင်မှာတော့ New York မှာကျောင်းသွားတက်ရမယ်ဆိုတာကို နိုအောသိလိုက်ရတယ်။ ပြီးတော့ အယ်လီ မိဘတွေကလည်း သူတို့အသိုင်းအဝိုင်းနဲ့ မသင့်တော်ဘူးဆိုပြီး သဘောမတူပါဘူး။ ဒီလိုနဲ့ အဲဒီနေ့မှာပဲ နိုအောနဲ့အယ်လီတို့ စကားများပြီး လမ်းခွဲလိုက်ကြပါတယ်။ နောက်နေ့ အယ်လင်းတို့မိသားစုက ပိတ်ရက်မပြီးခင် မြို့ကို တန်းပြန်သွားကြပါတယ်။ နိုအော နှင့် အယ်လင်းတို့ရော နောက်ဆုံးအကြိမ်လေးတောင်မဆုံဖြစ်ခဲ့ကြပေါ့ဗျာ။
ဒီလိုနဲ့ နိုအောကတော့ အယ်လင်းဆီ စာတွေနေ့တိုင်းပို့ပေမယ့်လည်း အယ်လင်းအမေက အယ်လင်းမသိအောင်သိမ်းထားလိုက်ပါတယ်။ ဒါကြောင့် သူတို့တွေ အဆက်အသွယ်ပြတ်သွားပြီး ကိုယ့်လမ်းကို လျှောက်လမ်းကြတော့တာပေါ့။ ဒါပေမဲ့ ရေစက်မကုန်သေးတော့ သူတို့တွေ ပြန်ဆုံခွင့်ရခဲ့ကြတယ်။
ဒါပေမယ့် အယ်လင်းမှာ စေ့စပ်လက်စွပ်နဲ့ နိုအောမှာတော့ သူတို့နှစ်ယောက်စိတ်ကူးယှဉ်ခဲ့တဲ့ အိမ်တစ်လုံးနဲ့အတူပေါ့။ သူတို့တွေ ပြန်ပေါင်းစည်းနိုင်ရမလား ဒါမှမဟုတ် တစ်သက်လုံး သူတို့နှစ်ယောက် သူငယ်ချင်းအဖြစ်နဲ့ပဲ နေသွားကြရတော့မလားဆိုတာကတော့ ဇာတ်ကားလေးကိုကြည့်ရင်း ခံစားကြဖို့ The Notebook ဆိုတဲ့ဇာတ်ကားကောင်းလေးကို ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။

image

လူတိုင်းနီးပါး ရိုမီယို နှင့် ဂျူးလီယက် ရဲ့ ဇာတ်လမ်းလေးကို ကြားဖူးကြမှာပါ။ ဒီဇာတ်ကားလေးမှာတော့ မင်းသားကြီး Leonardo DiCaprio နှင့် မင်းသမီးက Clarie Danes တို့က သရုပ်ဆောင်ထားကြတာမလို့ သရုပ်ဆောင်ပိုင်းကတော့ အပြစ်ပြောစရာမရှိလောက်အောင်ပါပဲ။
ဗရိုနာ မြို့မှာ ဂုဏ်ရည်တူ မိသားစုနှစ်ခုရဲ့ ရန်ငြိုးတွေနဲ့ အစပျိုးထားပါတယ်။ ကက်ပျူလပ် မိသားစု နှင့် မွန်တေဂူ မိသားစုတို့ ဖြစ်ပြီး သူတို့ ရန်ငြိုးတွေကြောင့် မြို့မှာ သူတို့ရန်ပွဲတွေဆိုတာ မကြာခဏ ဖြစ်ပွားနေခဲ့ပါတယ်။ ရိုမီယိုကတော့ မွန်တေဂူ မိသားစုရဲ့ တစ်ဦးတည်းသော သားဖြစ်ပြီး ဂျူးလီယက်ကလည်း ကတ်ပျူလက် မိသားစုရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပါတယ်။ ရိုမီယိုတစ်ယောက် သူ့သူငယ်ချင်းတွေနဲ့ ကတ်ပျူလက်တို့လုပ်တဲ့ ပါတီတစ်ခုကို သွားကြပြီး ရိုမီနဲ့ ဂျူးလီယက်တို့ဟာ မြင်မြင်ချင်း ချစ်ကျွမ်း၀င်သွားကြပါတယ်။ ရိုမီယိုဟာ ရန်သူတော်ကြီးရဲ့ သမီးဆိုတာသိပေမယ့်လည်း ဂျူးလီယက်ကို လက်ထပ်ဖို့အထိပါ ရည်ရွယ်ကာ ချစ်မိသွားပါတယ်။ ဂျူးလီယက်ကလည်း ထိုနည်း၄င်းပါပဲ။ သူတို့သားသမီးတွေ ဒီလို မေတ္တာမျှနေကြတာကိုတော့ သူတို့မိဘတွေ မသိကြပါဘူး။ ဂျူလီယက် အဖေက လူကြီးသားတစ်ယောက် နဲ့ ဂျူးလီယက်ကို အတင်းစေ့စပ်ထားပြီး ဂျူလီယက် ဆန္ဒမပါဘဲနဲ့ကို အမြန်ဆုံး မင်္ဂလာ ဆောင်နိုင်အောင်မှာ စီစဥ်နေပါတယ်။ ဒီလို အခက်အခဲတွေကိုဖြတ်ကျော်ပြီး ရိုမီယို နှင့် ဂျူးလီယက်တို့ နှစ်ယောက် ပေါင်းစည်းသွားနိုင်မလား။ သူတို့ကြောင့် သူတို့မိသားစုနှစ်စုကြားက ရန်ငြိုးတွေ ကြေအေးသွားနိုင်မလားဆိုတာကတော့ ဇာတ်လမ်းလေးကို ကြည့်ရှုရင်း ခံစားရမှာဖြစ်ပါတယ်။
ရှိတ်စပီးယားရဲ့ နာမည်ကြီး ပြဇာတ်တစ်ခုဖြစ်တာကြောင့် ဇာတ်ကားတစ်ခုလုံးကိုတောင် ပြဇာတ်ထဲကအတိုင်းလို့ ပြောကြတဲ့အတွက် ပြဇာတ်ကနေ ရုပ်ရှင်ကားအဖြစ် ဖန်တီးတင်ဆက်ထားတာကြောင့် တမူထူးခြားတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Romeo & Juliet တို့ကို အကြိမ်အကြိမ်ပြန်ရိုက်ကြတဲ့ ဇာတ်ကားတွေထဲကမှ အခုဇာတ်ကားလေးက ကြည့်ရတာ အကောင်းဖြစ်မယ်ထင်လို့ ဒီ "Romeo + Juliet" ဇာတ်ကားလေးကို ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။
Author : JinX

image
4 w - Translate

မင်း ပျော့ညံ့သေးတယ်
▪▪▪▪▪▪▪▪
နှစ်သိမ့်ပေးမဲ့သူတွေ မရှိလို့ ဝမ်းနည်းနေတာလား...?
မင်းပျော့ညံ့သေးတယ်
ကိုယ်တိုင် ဖြေသာနိုင်အောင် ကြိုးစား.....
အားပေးသူတွေ မရှိလို့ အားငယ်နေတာလား..?
မင်း ပျော့ညံ့သေးတယ်
ကိုယ်တိုင် အင်အားကြီးမားသူဖြစ်အောင် ကြိုးစား....
ခဏခဏ ကျရှုံးနေရလို့ ဘဝကို စိတ်ပျ-က်နေပြီလား.....?
မင်း ပျော့ညံံ့သေးတယ်
အောင်နိုင်သူဖြစ်အောင် ကြိုးစား......
အချစ်တွက် ခဏခဏ နာကျင်နေရပြီလား...?
မင်း ပျော့ညံ့သေးတယ်
အချစ်ဟာ ဘဝတစ်ခု မဟုတ်ကြောင်း တွေးထား.....
ပတ်ဝန်းကျင်ကို ဂရုတစိုက်ရှိနေတုန်းလား...?
မင်းပျော့ညံ့သေးတယ်
လစ်လျူရှု့နိုင်အောင် ကြိုးစား......
လူတကာ ပြောသမျှ နားယောင်နေတုန်းလား...?
မင်း ပျော့ညံ့သေးတယ်
စဉ်းစားတတ်အောင် ကြိုးစား......
ဘဝကို ဖြစ်သလို နေချင်လာပြီလား....?
မင်း ပျော့ညံ့သေးတယ်
ရည်မှန်းချက်ကို တွေးထား......
တစ်ယောက်တည်း အထီးကျန်နေသလို
ခံစားနေရပြီလား...?
မင်း ပျော့ညံ့သေးတယ်
ပျော်ရွှင်နိုင်အောင် ကြိုးစား.....
လိုချင်နေတဲ့ပန်းတိုင်ကို
မရောက်နိုင်ဘူးလို့ တွေးနေမိပြီလား...?
မင်း ပျော့ညံ့သေးတယ်
မလျှော့သောဇွဲကို ရှေ့တန်းတင်ထား....
ငါဟာ အလကားလူပါဆိုပြီ
သိမ်ငယ်နေပြီလား...?
လမိုက်ညအတွက် ကြယ်တစ်ပွင့်ရဲ့အလင်းဟာ
တောက်ပကြောင်းကို တွေးထား....
လောကကြီးကို အရွဲ့တိုက်ပြီး
မိုက်ချင်နေပြီလား....?
မင်း ပျော့ညံ့သေးတယ်
ဆင်ခြင်မှု့တရားတွေ ဖြည့်ပြီးတွေးထား.....
အရာရာဟာ ငါကြိုးစားရင်
ကြိုးစားသလောက် စံစားရမယ်....
ငါ ဆိုးမိုက်ရင် ဆိုးမိုက်သလောက်
ခံစားရမယ်ဆိုတာ မမေ့နဲ့....
လောကမှာ လူရယ်လို့ဖြစ်လာရင်
အခက်အခဲတွေ အတိုက်အခံတွေ
ဝမ်းနည်းစရာ ပျော်ရွှင်စရာတွေက
အမြဲတမ်း ကြုံတွေ့ရမယ့် နိယာမတွေပဲ....
ကြုံလာသမျှ အရာအားလုံးကို
ဘယ်လိုနည်းနဲ့ ကျော်ဖြတ်ရမယ်
ဘယ်လိုပုံစံနဲ့ ဖြေရှင်းရမယ်ဆိုတာ
မင်းရဲ့ စဉ်းစားဥာဏ် တွေးခေါ်မှု့
သုံးသပ်မှု့တွေနဲ့ နည်းလမ်းမှန်ကန်အောင်
ဆုံးဖြတ်တတ်ဖို့ပဲလိုတာပါ......။


#crd

image