2 w - Translate

ကြက်သွန်ဖူးကြက်ဉကြော်

ကြက်သွန်ဖူးလေးတွေကိုပိုင်း ဆီနဲနဲတည်ကြက်သွန်ဖြူဓါးပြားရိုက်ထည့် ကြက်ဉထည့်မွှေပါ ပြီးရင်ကြက်သွန်ဖူးထည့် ကြက်သားမူန့်ထည့် စို့ပုန်လို့အနဲငယ် ဆားအနဲငယ်ထည့်မွှေ ခဏနေရင်မီးပိတ်ရပါပြီရှင့်

image
2 w - Translate

ယူကရိန်းနဲ့ ပတ်သက်တဲ့ Trump ရဲ့ အဆိုပြုချက်များသည် အာရုံစိုက်ဆောင်ရွက်သင့်ကြောင်းပူတင်မှ ပြောကြား။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်အနိုင်ရရှိခဲ့တဲ့အတွက် ချီးကျူးဂုဏ်ပြုခဲ့ပြီး အမေရိကန်ခေါင်းဆောင်သစ်နဲ့ ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီဟု ပြောကြားလိုက်သည်။

ယူကရိန်းအကျပ်အတည်းကို အဆုံးသတ်ဖို့ ရုရှားနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်လိုတဲ့ ဆန္ဒနဲ့ပတ်သက်ပြီး ပြောခဲ့တာတွေကို အာရုံစိုက်သင့်တယ်လို့ ထင်ပါတယ်” ဟု ဆိုချီမြို့ရှိ ပင်လယ်နက်မြို့ရှိ Valdai Club နှစ်ပတ်လည် အစည်းအဝေးတွင် ပူတင်က ကြာသပတေးနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

image

image

ထရမ့်က မြန်မာဒုက္ခသည် လက်ခံရေးအစီအစဉ် ဖျက်သိမ်းဖွယ်ရှိ

ဘန်ကောက်၊ နိုဝင်ဘာ ၉

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) အနိုင်ရရှိခဲ့ပြီးနောက် အမေရိကန်သည် ထိုင်းနယ်စပ်တွင် လက်ရှိနေထိုင်နေသည့် မြန်မာဒုက္ခသည်များအတွက် ရွှေ့ပြောင်းနေရာ ချထားရေး အစီအစဉ်ကို ဖျက်သိမ်းဖွယ်ရှိကြောင်း The Nation မှ ဖော်ပြခဲ့သည်။

မြန်မာဒုက္ခသည် ၆၀,၀၀၀ အတွက် နေထိုင်ခွင့်ပေးမည်ဟု ကမ်းလှမ်းသည့် တတိယနိုင်ငံကို ရွှေ့ပြောင်းနေရာ ချထားပေးမည့် ထိုအစီအစဉ်ကို ထိုင်းအစိုးရနှင့် လက်ရှိ ဒီမိုကရက်ပါတီ ဦးဆောင်သော အမေရိကန်အစိုးရတို့က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

သို့သော် နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ဒီမိုကရက်များ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်တက်လာ မည့် ထရမ့်အစိုးရအဖွဲ့သည် လူ့အခွင့်အရေးကိစ္စများကို ဦးစားပေးမည် မဟုတ်သဖြင့် ထိုအစီအစဉ်ကို ပယ်ဖျက် ဖွယ်ရှိသည်ဟု အာရှလူ့အခွင့်အရေးနှင့် အလုပ်သမားရေး ထောက်ခံရေးအဖွဲ့၏ ညွှန်ကြားရေးမှူး ဖီးလစ် ရောဘတ်ဆန် (Philip Robertson) က ပြောကြားခဲ့သည်။

Krungthep Turakij သတင်းစာနှင့် နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ရောဘတ်ဆန်က ထရမ့်၏ ဦးဆောင်မှုအောက်၌ အမေရိကန်သည် ဈေးကွက် ကာကွယ်ရေးမူဝါဒကို အကောင်အထည် ဖော်မည် ဖြစ်ပြီး ပြည်ပနိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်များအပေါ် အခွန်ကို အနည်းဆုံး ၁၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သည် ထိုင်း၏ အကြီးဆုံး ပို့ကန်ဈေးကွက်ဖြစ်သဖြင့် ထိုအစီအစဉ်သည် ထိုင်း၏ ပို့ကုန်ကဏ္ဍကို ထိခိုက်စေလိမ့်မည်ဟု ၎င်းက သတိပေးခဲ့သည်။

ထရမ့်သည် အမေရိကန်တွင် နှစ်ပေါင်းများစွာကြာ နေထိုင်သည့် အမေရိကန်နိုင်ငံသား မဟုတ်သူများကို ဖမ်းဆီး ပြီး နေရပ်ပြန်ပို့မည်ဆိုသော မူဝါဒ အပါအဝင် မဲဆွယ်စည်းရုံးချိန်ကာလက ကတိပြုခဲ့သည့် မူဝါဒများအား အကောင်အထည် ဖော်မည်ဆိုပါက အမေရိကန်တွင် ပရမ်းပတာ အခြေအနေ ဖြစ်ပွားလာနိုင်ကြောင်း ရောဘတ်ဆန်က ခန့်မှန်းပြောကြားခဲ့သည်။

"နိုင်ငံခြားသားတွေ အထူးသဖြင့် လက်တင်အမေရိက နိုင်ငံသားတွေဟာ နေရပ်ပြန်ပို့ ခံရနိုင်ပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်း ရွှေ့ပြောင်း နေထိုင်သူတွေဟာ နေရပ်ပြန်ပို့ခံရနိုင်ပြီး အမေရိကန်မှာမွေးတဲ့ သူတို့ရဲ့ ကလေးတွေ ကတော့ အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ရပြီး အမေရိကန်မှာ ဆက်နေနိုင်ပါလိမ့်မယ်"ဟု ရောဘတ်ဆန်က ပြောကြားခဲ့သည်။

ထိုကဲ့သို့ နေရပ်ပြန်ပို့မှုများသည် အစိုးရနှင့် ပြည်သူအကြား ထိပ်တိုက်တွေ့မှု၊ မိသားစုများ ကွဲကွာမှုများ ဖြစ်စေနိုင် လိမ့်မည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် ထရမ့်သည် တရားရေးဝန်ကြီးဌာနနှင့် တရားရေးစနစ်ကို ကြားဝင်စွက်ဖက်လိမ့်မည်ဖြစ်ပြီး ၎င်းအား ဆန့်ကျင်သည့် ပြည်နယ်အုပ်ချုပ်ရေးမှူးများကို တရားရေးအရ အပြစ်ပေးလိမ့်မည်ဟုလည်း ရောဘတ်ဆန်က ပြောကြားခဲ့သည်။

ထရမ့်သည် အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချခွင့်ကို တားမြစ်သည့် မူဝါဒများ ထုတ်ပြန်နိုင်သဖြင့် ဆန္ဒပြမှုများ လည်း ဖြစ်ပွားလာနိုင်သည်ဟု ရောဘတ်ဆန်က ပြောကြားခဲ့သည်။

Source: The Nation

ပုံ - ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

Credit - Central News Independence

#သတင်းဟင်းလေးအိုးကြီး

image

နိုင်ငံကူးလက်မှတ်နှင့် (CI) ကိုင်ဆောင်ထားသူများအား ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်း (၂) နှစ်စီ (၂) ကြိမ်ဖြင့် (၄) နှစ်ခွင့်ပြုမည်

နိုဝင်ဘာ ၉၊ နေပြည်တော်။

နိုင်ငံကူးလက်မှတ်၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ကိုင်ဆောင်ထားသူများ အား ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်း (၂) နှစ်စီ (၂)ကြိမ်ဖြင့်၊ စုစုပေါင်း (၄)နှစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာaအလုပ်သမားများကိစ္စနှင့် ပတ်သက်၍ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးချစ်ဆွေ ဦးဆောင်သည့် တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ၊ အလုပ် အကိုင်ဦးစီးဌာန (DOE) မှ ညွှန်ကြားရေးမှူးချုပ် Mr. Somchai Morakotsriwan ဦးဆောင်သည့် လူဝင်မှုကြီးကြပ်ရေးဗျူရို (Immigration Bureau) နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများသည် မြန်မာသံရုံး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးရာတွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ယာယီ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ်၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) ကိုင်ဆောင်ထားသူများအား ဆက်လက် သက်တမ်းတိုးဆောင်ရွက်မည့်ကိစ္စကို ထည့်သွင်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

၎င်းတို့အား ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်း (၂) နှစ်စီ (၂)ကြိမ်ဖြင့်၊ စုစုပေါင်း (၄)နှစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသဖြင့် အဆိုပါ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ရရှိထားသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) သက်တမ်းအနည်းဆုံး (၂) နှစ်ကျော် ကျန်ရှိနေရန်လိုအပ်သည်ဖြစ်ရာ နိုင်ငံကူးလက်မှတ် သက်တမ်းအနည်း ဆုံး (၂) နှစ်ကျော် မကျန်ရှိသူများအနေဖြင့် မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၌ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လာရောက်ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

CI မှ နိုင်ငံကူး လက်မှတ်သို့ လဲလှယ်လျှောက်ထားလိုသူများအနေဖြင့် မဟာချိုင်ရှိ သာမန်မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးဌာနစိတ် (TDCC) ၌ သွားရောက်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါ သည်။

CI စာအုပ်အဟောင်းမှ CI စာအုပ်အသစ်သို့ လဲလှယ်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းမှုများလည်း ပြုလုပ်ပြီး ဖြစ်ပြီး မကြာမီတရားဝင်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

စက်ရုံ၊ အလုပ်ရုံများရှိ မြန်မာအလုပ်သမားများအား Passport မှ Passport သို့လည်းကောင်း CI မှ Passport သို့လည်းကောင်း Mobile Team ဖြင့် ဆောင်ရွက်လိုပါက မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ လာရောက် ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image

ပုဂံသို့ ခရီးထွက်လာသည့် လူငယ်အဖွဲ့အား ဟိုတယ်ဝန်ထမ်းများမှ ဝိုင်းရိုက်သဖြင့် (၁)ဦး သေဆုံးကာ (၄)ဦး ဒဏ်ရာရ


နိုဝင်ဘာ ၉၊ နေပြည်တော်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းဒေသသို့ ခရီးထွက်လာသည့် လူငယ်အဖွဲ့အား တည်းခိုသည့် ဟိုတယ်ဝန်ထမ်းများမှ ဝိုင်းရိုက်သဖြင့် (၁)ဦး သေဆုံးကာ (၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ (၃)ရက်က ပုဂံသို့ ခရီးထွက်လာသည့် လူငယ် (၇)ဦးသည် ပုဂံညောင်ဦး၊ ရွှေစည်းခုံ ဘုရားအနီး၊ အမှတ် (၇)၊ ဝက်ကြီးအင်းရပ်က Cheriland River House Hotel တွင် တည်းခိုခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် ဟိုတယ်၏ မြစ်ကမ်းနံဘေး၌ အဆိုပါ လူငယ် (၇)ဦးက Bluetooth box ဖွင့်ပြီး သီချင်းဖွင့်ကာ သီဆိုသည့်အတွက် ဟိုတယ်ဝန်ထမ်းများနှင့် စကားများခဲ့ပြီးနောက် လူငယ် (၇)ဦးအနက် (၅)ဦးသည် အခန်းသို့ ပြန်လာစဉ် အဆိုပါ ဟိုတယ် မန်နေဂျာနှင့်အဖွဲ့မှ သံတုတ်များဖြင့် ဝိုင်းရိုက်ခဲ့ကြောင်း သိရသည်။

အရိုက်ခံရသည့် (၅)ဦးအနက် မောင်ရဲထက်နိုင်ဆိုသူတွင် ဦးခေါင်းကြေမွကာ ကိုယ်ခန္ဓာပွန်းပဲ့ခြင်း၊ ညာဘက်ခြေထောက်ကျိုး ဒဏ်ရာရခြင်း စသည့်ဒဏ်ရာများရရှိခဲ့သောကြောင့် ညောင်ဦးဆေးရုံသို့ ပို့ဆောင်ရာ လက်မခံသဖြင့် မန္တလေးဆေးရုံသို ထပ်မံပို့ဆောင်ခဲ့ရာတွင် နိုဝင်ဘာလ (၅)ရက်က သေဆုံးသွားကြောင်း သိရသည်။

ယင်းနောက်တွင် သေဆုံးသွားသော ကိုရဲထက်နိုင်ကို နိုဝင်ဘာလ (၈)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်သုဿန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

အခြားဒဏ်ရာရရှိခဲ့သူများမှာ ဝေယံထွန်းတွင် ဦးခေါင်း (၄)ချက်နှင့် ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာ၊ ထက်လွင်အောင် (သားထက်)တွင် ဦးခေါင်း (၇)ချက်၊ မျက်ခုံး (၄)ချက်နှင့် ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကာ မင်းခန့်ဟိန်းတွင် ဦးခေါင်း (၁၆)ချက်၊ ခန္ဓာကိုယ်နှင့် ခြေထောက် ထိခိုက်ပွန်းပဲ့ဒဏ်ရာနှင့် ဇော်မင်းထွန်းတွင် ဦးခေါင်း (၂၅)ချက်၊ ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာ စသည့် ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါ တည်းခိုခဲ့သူ လူငယ်(၅)ဦးကို ရိုက်နှက်ခဲ့သည့် ဟိုတယ်မန်နေဂျာအပါအဝင် လူ (၇)ဦးကို ဖမ်းမိထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။

Credit - News Vision Media

#သတင်းဟင်းလေးအိုးကြီး

imageimage
+4

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ရက်ပြောင်းလဲ ကျင်းပသွားမည်

နိုဝင်ဘာ ၉၊ တောင်ကြီး။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကျင်းပပြုလုပ်မယ်လို့ ကြေညာထားတဲ့ ရက်ထက် ၂ ရက် နောက်ဆုတ် ကျင်းပသွားမယ်လို့ သိရပါတယ်။

ပွဲတော်ရက်ကို နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပမယ်လို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ရာသီဥအခြေနေကြောင့် ပွဲတော်ကျင်းပမယ့် ရက်ကို နိုဝင်ဘာ ၁၁ ရက်နေ့ကနေ နိုဝင်ဘာ ၁၇ ရက်နေ့အထိ ပြောင်းလဲ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပွဲတော်ရက်မှာတော့ အဝေရာ မီးပုံးပျံ ညမီးကြီး ယမ်းမီး ၂၆ လုံး၊ စိန်နားပန် မီးပုံပျံ ၂၄ လုံး၊ နေ့လွတ်ခြေနှစ်ချောင်း ၁၄၇ လုံး၊ ခြေလေးချောင်း ၃၈ လုံးနဲ့ အရုပ် အုပ်စု ၂၃ လုံး လွှတ်တင် ယှဉ်ပြိုင်သွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image
2 w - Translate

ပင်လယ်စာကြိုက်သူများအတွက်ရေဘဝဲကင်းမွန်ပင်လယ်စာသုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်ရှင်
***********************************
ရေဘဝဲ ၃ ကောင်၊ ကင်းမွန် ၂ဝ ကျပ်သား၊ ပုဇွန် ၃၀ ကျပ်သား တို့ကို ရေဆေး သန့်စင်၍ ဆားဆနွင်း နယ်ပြီး ခဏပြုတ်ပါ။
သခွားသီး ၂ လုံး ခြစ်ထားပါ။ ကြက်သွန်နီ ၂ လုံး၊ ခရမ်းချဉ်သီး ၁ လုံး လှီးထားပါ။
အချဉ်အနှစ်အတွက် ငရုတ်သီးမှည့်အစို ၁၅ တောင်၊့ ကြက်သွန်ဖြူ ဥကြီး ၁ ဥ၊ သံပုရာသီး တစ်လုံး အရည်ညှစ်ထည့်၊ ငံပြာရည၊် ဆား နဲနဲ၊ ငရုတ်ဆီ စတီးဇွန်း တစ်ဇွန်း ထည့်၊ နံနံပင်ပါ ထည့်ပြီး ချေထားပါ။
ပြီးရင် ပင်လယ်စာတွေကို အနေတော် လှီးပြီး အစာပလာတွေထည့်၍ အချဉ်အနှစ် ထည့်နယ်ပါ။
အချဉ် အပေါ့အငန် မြည်းကြည့်ပါ။ ပြီးရင်တော့ ရပါပြီ။

image
2 w - Translate

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲရက်ပြောင်းလဲ

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲရက်ကို ပြောင်းလဲကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ ထုတ်ပြန်ထားသည်။

နိုဝင်ဘာ (၉)ရက်တွင် ကျင်းပမည့် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို ရာသီဥတုအခြေအနေအရ နိုဝင်ဘာ (၁၁) ရက်မှ (၁၇) ရက်အထိ ခုနှစ်ရက်တိုင်တိုင်အဝေရာ မီးပုံးပျံကွင်းတွင် ပြောင်းလဲကျင်းပသွားမည်ဖြစ်ဘသည်။

ထို့ကြောင့် ဖွင့်ပွဲနှင့် ညလွှတ်မီးပုံးပျံ ပြိုင်ပွဲအသင်းအဖွဲ့များကို (၁၁) ရက်သို့ ရွေ့ဆိုင်းပြီး (၁၀) ရက် နေ့/ညပြိုင်ပွဲဝင်အသင်းများကို (၁၂) ရက်သို့လည်းကောင်း၊ (၁၁) ရက်နေ့/ညပြိုင်ပွဲဝင်အသင်းများကို (၁၃) ရက်သို့လည်းကောင်း၊ (၁၂) ရက် နေ့/ညပြိုင်ပွဲဝင်အသင်းများကို (၁၄) ရက်သို့လည်း ကောင်း၊ (၁၃) ရက်နေ့/ညပြိုင်ပွဲဝင်အသင်းများကို (၁၅) ရ က်သို့လည်းကောင်း၊ (၁၄) ရက် နေ့/ညပြိုင်ပွဲဝင်အသင်းများကို (၁၆) ရက်သို့လည်းကောင်း၊ (၁၅) နေ့/ညပြိုင်ပွဲဝင်အသင်းများကို (၁၇) ရက်သို့ရွေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ရာသီဥတု အပြောင်းအလဲနှင့် မိုးရွာသွန်းမှုကြောင့် ထိုကဲ့သို့ရွှေ့ပြောင်းလိုက်ရခြင်းဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ယမန်နှစ် ၂၀၂၃ ခုနှစ်မှစ တင်ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်ကားသလို ပြည်ပခရီးသွားများပါ စိတ်ဝင်စားသည့် ရိုးရာပွဲတော် တစ်ခုဖြစ်သည်။

image
2 w - Translate

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲရက်ပြောင်းလဲ

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲရက်ကို ပြောင်းလဲကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ ထုတ်ပြန်ထားသည်။

နိုဝင်ဘာ (၉)ရက်တွင် ကျင်းပမည့် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို ရာသီဥတုအခြေအနေအရ နိုဝင်ဘာ (၁၁) ရက်မှ (၁၇) ရက်အထိ ခုနှစ်ရက်တိုင်တိုင်အဝေရာ မီးပုံးပျံကွင်းတွင် ပြောင်းလဲကျင်းပသွားမည်ဖြစ်ဘသည်။

ထို့ကြောင့် ဖွင့်ပွဲနှင့် ညလွှတ်မီးပုံးပျံ ပြိုင်ပွဲအသင်းအဖွဲ့များကို (၁၁) ရက်သို့ ရွေ့ဆိုင်းပြီး (၁၀) ရက် နေ့/ညပြိုင်ပွဲဝင်အသင်းများကို (၁၂) ရက်သို့လည်းကောင်း၊ (၁၁) ရက်နေ့/ညပြိုင်ပွဲဝင်အသင်းများကို (၁၃) ရက်သို့လည်းကောင်း၊ (၁၂) ရက် နေ့/ညပြိုင်ပွဲဝင်အသင်းများကို (၁၄) ရက်သို့လည်း ကောင်း၊ (၁၃) ရက်နေ့/ညပြိုင်ပွဲဝင်အသင်းများကို (၁၅) ရ က်သို့လည်းကောင်း၊ (၁၄) ရက် နေ့/ညပြိုင်ပွဲဝင်အသင်းများကို (၁၆) ရက်သို့လည်းကောင်း၊ (၁၅) နေ့/ညပြိုင်ပွဲဝင်အသင်းများကို (၁၇) ရက်သို့ရွေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ရာသီဥတု အပြောင်းအလဲနှင့် မိုးရွာသွန်းမှုကြောင့် ထိုကဲ့သို့ရွှေ့ပြောင်းလိုက်ရခြင်းဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ယမန်နှစ် ၂၀၂၃ ခုနှစ်မှစ တင်ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်ကားသလို ပြည်ပခရီးသွားများပါ စိတ်ဝင်စားသည့် ရိုးရာပွဲတော် တစ်ခုဖြစ်သည်။

image