ဘန်ကောက်က ကားစက်ရုံမှာ မြန်မာလုပ်သား ၄၀၀ ကျော်ဆန္ဒထုတ်ဖော်
ဒီဇင်ဘာ ၄
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စမွတ်ပကန်ခရိုင် က CH ကားပစွည်း ထုတ်လုပ်ရေးစက်ရုံမှာ မြန်မာလုပ်သား ၄၀၀ ကျော်ဆန္ဒပြနေတဲ့မြင်ကွင်းဖြစ်ပါတယ်။
မြန်မာအလုပ်သမားတွေရဲ့ ပတ်စ်ပို့အနီနဲ့ CI စာအုပ်တွေအပါအဝင် အလုပ်လုပ်ကိုင်ခွင့် Work Permit ကို သက်တမ်းတိုးဆောင်ရွက်ဖို့အတွက် သူဌေးလူယုံကိုယ်စားလှယ်က တဆင့်ညှိနှိုင်းရာကနေ အငြင်းပွားမှုဖြစ်ခဲ့တာလို့ စက်ရုံကအလုပ်သမားတစ်ဦးကပြောပါတယ်။
''ကျွန်တော်တို့ရဲ့ ပတ်စ်ပို့နဲ့ CI တွေက ၂၀၂၅ ဖေဖော်ဝါရီဆိုရင်သက်တမ်းကုန်မယ်။အဲဒါကို သူတို့သက်တမ်းတိုးပေးမယ်။ တစ်ယောက်ကို ဘတ် ၁,၃၀၀၀ ပေးရမယ်လို့ လူယုံကတဆင့် ပြောတယ်။ ကျွန်တော်တို့က ၁,၃၀၀၀ ကများတယ်။ ၉၀၀၀နဲ့ ၁၀၀၀၀ ပဲအများဆုံးပေးမယ်ပြောတယ်။ စက်ရုံဘက်ကလက်မခံဘူး'' လို့ CH ကားစက်ရုံ အလုပ်သမား တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတောင်းဆိုထားတဲ့ စျေးကိုမပေးရင်အလုပ်ထွက်နိုင်တယ်လို့ စက်ရုံဘက်ကတုံ့ပြန်ထားတာကြောင့် အလုပ်သမားတွေဘက်ကလည်း မကျေနပ်မှုတွေရှိတယ်လို့ပြောပါတယ်။
အလုပ်သမားတွေဘက်ကလည်း စက်ရုံနဲ့ ဆက်ပြီးညှိနှိုင်းလို့မရရင် ဆန္ဒထပ်ပြမယ့်အခြေအနေရှိတယ်လို့ ပြောဆိုနေကြပါတယ်။
Credit - BBC
#သတင်းဟင်းလေးအိုးကြီး
