21 w - Translate

ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁.၁၇၉) သန်း ရရှိထား

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ ခုနှစ်လတာကာလအတွင်း ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁.၁၇၉) သန်းရရှိထားကြောင်း ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုး ရေးဌာနခွဲမှ သိရသည်။

ပြည်ပသို့ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးမှတဆင့် ပျားရည်တင်ပို့နေပြီး ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ (၇၃၈.၂၃) တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ (၄၇.၈) တန် တင်ပို့ခဲ့ကြောင်း သိရသည်။

ပျားရည်ကို ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် တရုတ်(တိုင်ပေ)တို့သို့ ပုံမှန်တင်ပို့လျက်ရှိပြီး ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ‌ရော်ဘာပျားရည်၊ လိုက်ချီး ပျားရည်ဟူ၍ ထုတ်လုပ်ပြီး ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများသကဲ့သို့ ပြည်ပ နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

image
21 w - Translate

ပြင်ဦးလွင် ပန်းပွဲတော်ကို တစ်လကြာ ပြုလုပ်မည်

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ်တွင် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို တစ်လကြာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားကန်တော်ကြီး ဥယျာဉ်၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ပန်းပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်အထိ တစ်လကြာ ကျင်းပခြင်း ဖြစ်သည်။

ပန်းပွဲတော်တွင် MSME ဒေသထွက်ကုန် အရောင်းပြခန်းများ၊ ဂီတဖျော်ဖြေပွဲများနှင့် မျက်လှည့်ပွဲများအပြင် ပန်းပြပွဲကို အခြားနှစ်များနှင့်မတူ တမူထူးခြားစွာထည့်သွင်း ကျင်းပသွားမည်ဖြစ်သည့်အတွက် မြန်မာပြည်အနှံ့အပြားမှ ပန်းချစ်သူများကို လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားသည်ဟု အမျိုးသားကန်တော်ကြီး ဥယျာဉ်ထိန်းသိမ်းရေး ကော်မတီမှ သိရသည်။

ပြီးခဲ့သည့် နှစ်ကလည်း ပြည်တွင်းနှင့်ပြည်ပ ပန်းမျိုးစိတ်အရေအတွက် နှစ်သိန်းနီးပါးကို ဇုန်(၈)ဇုန်ခွဲ၍ ပြသပေးခဲ့ကာ ထူးခြားမှုအနေဖြင့် လီလီပန်းပြကွက်နှင့် သစ်ခွဥယျာဉ် ဟူ၍ ထည့်သွင်းပြသခဲ့ကြောင်းလည်း သိရသည်။

image
21 w - Translate

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂)၏ အကူအညီဖြင့် ပိုးသတ်ဆေး အကြွင်းအကျန် ဓါတ်ခွဲခန်းကို တည်ထောင်သွားမည်

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂) အကူအညီအထောက်အပံ့ဖြင့် ပိုးသတ်ဆေးအကြွင်းအကျန် ဓါတ်ခွဲခန်းကို တည်ဆဲအဆောက်အအုံများပေါ်တွင် အခြေခံ၍ တည်ထောင်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၏ ပြောကြားချက်အရ သိရသည်။

မဲခေါင်-လန်ချန်းဧရိယာ (မြန်မာ၊ ထိုင်းနှင့် တရုတ်) နိုင်ငံအတွင်းရှိ ပိုးသတ်ဆေး ဓာတ်ကြွင်းအာနိသင်ဆိုင်ရာ ဓာတ်ခွဲခန်းနှင့် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ကွန်ရက်တည်ထောင်ခြင်းစီမံကိန်း၏ "အစားအစာဘေးကင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ကျန်းမာရေးတို့အကြား ဆက်နွှယ်မှုဆိုင်ရာသုတေသနညီလာခံ"ကို ဒီဇင်ဘာ (၃)ရက်က နေပြည်တော် MGallery Hotel ၌ ကျင်းပရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပူးပေါင်းသုတေသနပြုခြင်း၊ ဝန်ထမ်းလေ့ကျင့်ရေး၊ ကျွမ်းကျင်သူစေလွှတ်ခြင်းများကိုလည်း စီမံကိန်းအစီအစဉ်အရ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြောသည်။

အဆိုပါ စီမံကိန်းကို ဆောင်ရွက်ခြင်းအားဖြင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပိုးသတ်ဆေးအကြွင်းအကျန်များကို ခွဲခြမ်းစိတ်ဖြာနိုင်သော ဓာတ်ခွဲခန်းပလက်ဖောင်းကို တည်ထောင်နိုင်ပြီး သုတေသီများ၊ ပညာရှင်များနှင့် ကျောင်းသား ကျောင်းသူများ၏ သုတေသနစွမ်းရည်ကို တိုးတက်စေမည်ကိုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အလားတူ ယခုကျင်းပသည့် သုတေသနညီလာခံမှ ပြည်တွင်းနှင့် ပြည်ပပို့ကုန်များ၏ အစားအစာ ဘေးကင်းလုံခြုံစိတ်ချနိုင်ရေးအတွက် စောင့်ကြည့်လေ့လာနိုင်သော အခြေခံစနစ်တစ်ခုဖြစ်ပေါ်လာမည်ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထိုနောက် အခမ်းအနားသို့တက်ရောက်လာသည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြကာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

image
21 w - Translate

ရန်ကုန်နှင့် တနင်္သာရီတိုင်းမှအပ ကျန်မြို့နယ်များ အအေးပိုမည်

လာမည့် သုံးရက်အတွင်း ရန်ကုန်နှင့် တနင်္သာရီတိုင်းမှအပ ကျန်မြို့နယ်များ ညအပူချိန်လျော့နည်း၍ အအေးပိုလာနိုင်ကြောင်း ပြင်ပမိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

ထို့ပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ ၁၅ ºC အောက်နှင့် ၁၀ ºC အောက်အထိ ကျဆင်းနိုင်ပြီး နောက်(၄)ရက်တွင် သိသိသာသာအေးလာနို င်ကြောင်း ရေးသားထားသည်။

ဒီဇင်ဘာ (၃) ရက်မှ (၅) ရက်အတွင်း တောင်တရုတ်ပင်လယ်တောင်ပိုင်းမှ လေပွေလှိုင်းသည် ထိုင်းပင်လယ်ကွေ့နှင့် မလေးရှားနိုင်ငံမြောက်ပိုင်း၊ မာလက္ကာရေလက်ကြားတို့ကိုဖြ တ်၍ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းသို့ ဝင်ရောက်လာနိုင်ပြီးမြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့တွင် မိုးထစ်ချု န်းရွားနိုင်ကြောင်း သိရသည်။

ယင်းကြောင့် ကော့သောင်းမြို့တွင် ဒီဇင်ဘာ (၅) ရက်မှ ဒီဇ င်ဘာ (၁၆)ရက်အထိ မိုးထစ်ချုန်းရွာနိုင်ပြီး ထို့ပြင်ဒီဇင်ဘာ (၁၃) ရက်မှ (၁၆) ရက်အထိ (၂၄) နာရီအတွင်း မိုးရေချိန် ၁၅ မီလီမီတာခန့်(၀.၆ လက်မခန့်) "မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်း ဦးဝင်းနိုင်ကရေးသားထားသည်။

image
21 w - Translate

FA Cup တတိယအဆင့်မှာ EPL အသင်းကြီးနှစ်သင်းဆုံ

မကြာသေးခင်ကပဲ FA Cup အတွက် တတိယအဆင့်ပွဲစဉ်တွေကို မဲခွဲရွေးချယ်ခဲ့ပါတယ်။ လီဗာပူးနဲ့မန်စီးတီးတို့ကတော့ ပွဲချောင်နေပြီး၊ FA ဖလားအများဆုံးသိမ်းပိုက်ထားတဲ့ အာဆင်နယ်နဲ့မန်ယူတို့ကတော့ ဒီအဆင့်မှာပဲ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ အာဆင်နယ်ဟာ FA ဖလား(၁၄)ကြိမ်အထိ စံချိန်တင်ဆွတ်ခူးထားပြီး၊ မန်ယူကတော့ (၁၃)ကြိမ်ရရှိထားပါတယ်။

လာမယ့်နှစ် ဇန်နဝါရီ(၁၁)ရက်မှာ မန်ယူဟာ အာဆင်နယ်အိမ်ကွင်းကိုသွားပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ပြိုင်ဘက်မန်စီးတီးအသင်းဟာ ခြေစွမ်းပိုင်းအဆင့်ကွာတဲ့ လိဂ်(၂)ကလပ် ဆဲလ်ဖို့စီးတီးကို အိမ်ကွင်းမှာဧည့်ခံကစားရမှာဖြစ်ပြီး၊ လီဗာပူးကလည်း အိမ်ကွင်းမှာ လိဂ်(၂)ကလပ် အက္ကရင်တန်စတန်လေအသင်းနဲ့ ရင်ဆိုင်ရမှာပါ။

အခြားပရီးမီယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး၊ စပါး၊ စတဲ့အသင်းတွေကလည်း ပွဲချောင်နေတာကိုတွေ့ရပါတယ်။

image
21 w - Translate

"အိန္ဒိယ ဝယ်လိုအားကျဆင်းနေခြင်း နှင့် ငွေလဲနှုန်းကြောင့် မတ်ပဲနှင့်ပဲစင်းငုံဈေးကျနေ"

ပြည်တွင်းပဲဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာနှင့်မြန်မာငွေလဲလှယ်နှုန်း ကျဆင်းနေသည့်အပြင် အိန္ဒိယနိုင်ငံဘက်မှ ပဲဝယ်လိုအားကျဆင်းနေခြင်းကြောင့် ပြည်တွင်း ပဲဈေးနှုန်းများကျဆင်းနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။

ဒီဇင်ဘာလ (၃) ရက် ဘုရင့်နောင်ပွဲရုံ ဈေးကွက်ပေါက်ဈေးများအရ မတ်ပဲတစ်တန်လျှင် ငွေကျပ် ၃၅ သိန်းခွဲ ဝန်းကျင်သာပေါက်ဈေးရှိပြီး ပဲစင်းငုံတစ်တန်လျှင် ၃၈ သိန်းကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိကြောင်းသိရသည်။ “အိန္ဒိယနဲ့ မြန်မာအကြားမှာ ပဲတင်ပို့မှု MOU သက်တမ်းကုန်သွားပါပြီ ၊ အိန္ဒိယဘက်မှာလည်း ပဲပေါ်ချိန်ဆိုတော့ ပြည်ပကတင်သွင်းတာတွေရပ်နားထားပါတယ်။ မြန်မာငွေကလဲပြင်ပပေါက်ဈေးတောင် တစ်ဒေါ်လာ ၄၅၀၀ ကျပ်ဝန်းကျင်ဘဲ ရှိနေတော့ ပဲဈေးကအကျဘက်မှာဘဲငြိမ်နေတာပေါ့”ဟု ပြည်တွင်း ပဲနှမ်းကုန်သည်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ မတ်ပဲနှင့်ပဲစင်းငုံသည် ပြည်ပသို့တင်ပို့မှု အများဆုံးပဲအမျိုးအစားများဖြစ်ကြပြီး နိုင်ငံခြားငွေအများဆုံးရှာဖွေပေးသည့် ပို့ကုန်များဖြစ်ကြသည်။ သက်ဆိုင်ရာက ပို့ကုန်ရငွေအပေါ် ၇၅/၂၅ ရာခိုင်နှုန်း သတ်မှတ်ချက်များ ထွက်ပေါ်လာအပြီးတွင် ပဲတင်ပို့သည့်လုပ်ငန်းရှင်အချို့သည် အခြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာကြသည်။

NP News

image
21 w - Translate

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြိုနယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး၌ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူများအား ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြိုနယ်၊ မိုးထိမိုးမိဒေသ၌ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်မှုများကြောင့် နိုင်ငံတော်၏အခွန်ဘဏ္ဍာငွေဆုံးရှုးရခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးခြင်းများဖြစ်ပေါ်စေကာ ၎င်းဒေသအနီး ကျေးရွာများရှိ ဒေသခံပြည်သူများမှာ ရေကြီးရေလျှံခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများနှင့်အတူ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များအား ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို တိုင်တန်းချက်များအရ လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲက အဆိုပါတရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသိုဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၆ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြိုနယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး ဒေသအခေါ် ဘက်ဟိုးတောင်ကုန်းသို လုံခြုံရေးတပ်ဖွဲဝင်များ ပါဝင်သော ပူးပေါင်းအဖွဲက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတောင်ကုန်းအနီး၌ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသော ပျော်ဘွယ်မြိုနယ်၊ ကြူတောဝကျေးရွာနေ ဦးဇော် (၅၂) နှစ် (ဘ) ဦးထွန်းကြည်နှင့် ရမည်းသင်းမြိုနယ်၊ သပြေပင်ကျေးရွာနေသူများဖြစ်ကြသည့် လွင်ကိုနိုင် (၂၈) နှစ် (ဘ) ဦးအေး၊ ကျော်သက်ပိုင် (၂၂) နှစ် (ဘ) ဦးရဲသွေး၊ ဦးမောင် (၆၀) နှစ် (ဘ) ဦးညို၊ နိုင်ကောင်းထက် (၂၂) နှစ် (ဘ) ဦးအေးတို ၅ ဦးအား တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီတွင် တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူ သပြေပင်ကျေးရွာနေ တင်လင်း (၄၅) နှစ် (ဘ) ဦးမြိုင်၏နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့ရာ တင်လင်းအား တွေ့ရှိခြင်းမရှိဘဲ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်သူများဖြစ်ကြသည့် အဆိုပါကျေးရွာနေ ဝင်းစိုး (၃၂)နှစ် (ဘ) ဦးလှသန်းနှင့် ညောင်အိုင်ကျေးရွာနေ အောင်စိုးဦး (၁၆) နှစ် (ဘ) ဦးအောင်ဌေးဝင်းတို ၂ ဦးအား နေအိမ်ခြံဝင်းအတွင်းမှ ရွှေပါသည်ဟု ယူဆရသည့် ဗြုန်းကျောက်အိတ်ပိုင်း ၃၅ ပိုင်း၊ သဲစာ အိတ်ပိုင်း ၂၀ ပိုင်း၊ ဗြုန်းကျောက်များကြိတ်ရာတွင် အသုံးပြုသည့် ရိုက်ပြား ၅ ပြားနှင့် ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊

ယင်းနေ့ ည ၆ နာရီခွဲတွင် မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး ဒေသအခေါ် ဘက်ဟိုးတောင်ကုန်းအနီးဝန်းကျင်သို သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူများအား တွေ့ရှိရခြင်းမရှိဘဲ ရွှေပါသည်ဟု ယူဆရသည့် ဗြုန်းကျောက်အိတ်ပိုင်း ၁၅ ဝိုင်း၊ တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆိုလာပြား ၁ ချပ်၊ ဘတ္ထရီအိုး ၁ လုံး၊ လက်ဆွဲ မီးစက် ၁ လုံး၊ ဒီဇယ်အင်ဂျင် ၁ လုံး၊ ဒိုင်နမို ၁ လုံး၊ လက်တွန်းလှည်း ၁ စီး၊ SHAYAN-125 ဆိုင်ကယ် ၁ စီးပါ ဆိုင်ကယ်မျိုးစုံ ၁၃ စီးအားလည်းကောင်း အသီးသီးတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးမှုများအတွင်း ဖမ်းဆီးရမိသည့် တရားမဝင်ရွှေတူးဖော်လုပ်ငန်းလုပ်ကိုင်သူ ဦးဇော်ပါ တရားခံ ၇ ဦး၊ ဖမ်းဆီးရန်ကျန်တရားခံ တင်လင်းနှင့် တရားခံ (စိစစ်ဆဲ) များအား ရမည်းသင်းမြိုမရဲစခန်း၌ မြန်မာ့သတ္ထုတွင်းဥပဒေပုဒ်မ ၃၀ (က) ဖြင့် အမှုများအသီးသီးရေးဖွင့်ကာ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲများအနေဖြင့် ရမည်းသင်းမြိုနယ်၊ မိုးထိမိုးမိဒေသရှိ နိုင်ငံတော်ပိုင် ရွှေသတ္တုတူးဖော်ရေးလုပ်ကွက်များအတွင်း ဝင်ရောက်၍ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်မှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေသည့်အပြင် နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေဆုံးရှုးရခြင်းများမဖြစ်ပေါ်စေရေး နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများအား တည်ဆဲဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

21 w - Translate

Textual Domain
Rhetorical Structures
==================
စာရေးတဲ့အခါ စကားပြောတဲ့အခါ အတွေးကို ပုံစံချပြီး မိမိလိုချင်တဲ့ရည်ရွယ်ချက်ဆီ ရောက်ရှိအောင်ရေးသားရတယ်။ (ဒီစာအုပ်ထဲမှာ Retorical Structure Theory အကြောင်းလည်း ပါရှိပြီးဖြစ်တယ်။)
ရေးတဲ့အခါ သုံးတဲ့ အတွေ့များတဲ့ ပုံစံချပြီးသား စကားပုံစံကွက် Rhetorical Structures တွေကို အောက်မှာ နမူနာအဖြစ် ပုံစံများပေးထားလိုက်ပါတယ်။
မိမိတို့ စာဖတ်ရင်း၊မိန့်ခွန်းစတဲ့ စကားပြောများ နားထောင်ရင်း ဒီလိုစကားအဆင်တွေကို ဘယ်လိုဖန်တီးရတယ်၊ ချီတက်ရတယ်၊ ထိန်းရတယ်၊ အပိတ်သတ်နိဂုံးအုပ်တယ် စသဖြင့် ဆင်ခြင်တွေးဆ နှလုံးသွင်းရင်း တပြိုင်နက်တည်း သင်ကြားနေနိုင်တယ်။
အခြေခံပုံစံကတော့ အခံနဲ့အအုပ်ပါပဲ။ စကားဖြစ်စဉ်ဆိုရင် အခင်း - အခက် (ဖြစ်ရပ်) - အဖြည် (ကောက်ချက်နီတိ သင်္ဂဟဂါထာစကား) ပါ။ စကားကြောင်းရပ်ဆိုရင် နိဒါန်း စာကိုယ် နိဂုံးဖြစ်တယ်။ အဲ့ခဒဲမစ် ဆန်အောင် ဆိုရင် ခေါင်းစဉ်ခွဲ၆ပါအတိုင်း ဖြစ်တယ်။ နည်းနည်း ဖြည့်ပြီး Toumin's Model တို့ဘာတို့မှာ အဆာသွတ်နိုင်တယ်
ပုံစံရိုးက (1). Statement - Explication- Analysis - Consensus - Restatement ဖြစ်တယ်။ သက္ကတနျာယမှာ ပဋိညာဉ်နဲ့ နိဂုံးကြား လက္ခဏ ဟေတု ဥဒါဟရုဏ် နျာယ ချိတ်ဆက်တယ်။
Debate
(2) Introduction - Argument - Evidence - Counter argument - Conclusion
Reflection
(3) Description - Comparison - Implication - Application
Proposal-Based
(4) Situation - Problem - Solution - Evaluation
Narration
(5) Observation - Reflection - Connection - Projection
Academic
(6) Claim - Reasoning - Evidence - Reinforcement
Essays
(7) Hook - Context - Thesis - Argumentation - Recap
Philosophical Essays
(😎 Question - Exporation - Conclusion
Story
(9) Narration - Exposition - Climax - Resolution
ဒီပုံစံတွေဟာ အသေသဘောရယ်လို့ မဟုတ်ပေမယ့် များသောအားဖြင့် စာဆိုတို့ လက်တွေ့ပြီး ဒီသဘောနှင်နှင် အကြိမ်ကြိမ်သုံးနှုန်း ဖော်ဆောင်ကြတဲ့ ''စာစကားအဆင်ကွက်တွေ'' ဖြစ်ပါတယ်။ တခုချင်းစီကို အသေးစိတ်ရေးလို့ရတဲ့အပြင် ပုံစံကွဲတွေ ဖြာထုတ်ပေးလို့လည်း ရပါသေးတယ်။ ပုံစံတခုချင်းပါ Elements အစိတ်အပိုင်းများဟာလည်း တကျမ်းနဲ့တကျမ်း သုံးနှုန်းခေါ်ဝေါ်ပုံချင်း မတူတတ်ကြပေမယ့် လိုရင်းသဘောတရားကတော့ ဆင်ဆင်တွေပဲဖြစ်တယ်။ စာဖတ်ရင်း နာရင်း မှတ်သားစိတ်ဖြာ အတုယူဖန်တီးတတ်ကြပါစေ။

ဆရာ zaw min-oo facebook မှ

21 w - Translate

အမေရိကန်အရာရှိများက ကုဒ်ဝှက်ထားသောစာတိုပို့အက်ပ်များကို အသုံးပြုရန် အမေရိကန်များကို တိုက်တွန်း။

AT&T နှင့် Verizon ကဲ့သို့သော ဆက်သွယ်ရေးကုမ္ပဏီများကို မကြုံစဖူး ဆိုက်ဘာတိုက်ခိုက်မှုအတွင်း အမေရိကန်တာဝန်ရှိသူများက ၎င်းတို့၏ ဆက်သွယ်ရေးကို နိုင်ငံခြားဟက်ကာများထံမှ ဝှက်ထားရန် အမေရိကန်လူမျိုးများအား ကုဒ်ဝှက်ထားသော စာတိုပေးပို့ခြင်းအက်ပ်များကို အသုံးပြုရန် အကြံပြုထားသည်။

Microsoft ၏ Salt Typhoon ဟု အမည်ဝှက်ပေးထားသည့် ဟက်ကာတိုက်ခိုက်မှုသည် အမေရိကန်သမိုင်းတွင် အကြီးဆုံးသော ထောက်လှမ်းရေး ကျိုးပေါက်မှုများထဲမှ တစ်ခုဖြစ်ပြီး ၎င်းကို အပြည့်အဝ ပတားဆီးနိုင်ခြင်းမရှိသေးပေ။

အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တာဝန်ရှိသူများက နိုင်ငံ၏ တယ်လီဖုန်းဆက်သွယ်ရေးစနစ်များကို ကြားဖြတ်နားထောင်မှုများ မရှိတော့ကြောင်း ကြေညာရန် ငြင်းဆိုခဲ့သည်။ တာဝန်ရှိသူများက တရုတ်နိုင်ငံ သည် AT&T၊ Verizon နှင့် Lumen Technologies တို့ကို hack လုပ်ခဲ့ကြောင်း NBC News သို့ ပြောကြားခဲ့သည်။

image
21 w - Translate

ဖိလစ်ပိုင်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် Manuel Villar က ဘယ်သူလဲ။
အသက် 74 နှစ်အရွယ် Manuel Villar သည် အိမ်ခြံမြေသူဌေးကြီးဖြစ်ပြီး အသားတင်ပိုင်ဆိုင်မှု US$ 18.1 ဘီလီယံဖြင့် ဖိလစ်ပိုင်၏အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

သူ့တွင် မြောက်မြားစွာသော စတော့စျေးကွက်ဝင်စီးပွားရေးလုပ်ငန်း အများအပြားရှိပြီး အကြီးမားဆုံးသော အိမ်ရာစီမံကိန်းများနှင့် အမှတ်တရပန်းခြံများကို အထူးဆောင်ရွက်သည့် Golden MV Holdings မှာ အကြီးမားဆုံးဖြစ်သည်။

အခြားအိမ်ခြံမြေလုပ်ငန်း ဖြစ်သည့်Vista Land & Lifescapes၊ ရှော့ပင်းမောလ်ဆိုင်ခွဲ Vista Malls၊ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုယုံကြည်မှု VistaREIT၊ အိမ်တိုးတက်ရေးဆိုင်ခွဲ AllHome၊ စူပါမားကတ် AllDay Marts နှင့် Premiere Island Power REIT တို့ ပါဝင်သည်။

image