နေမာကို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အယ်လ်ဟီလယ် စာရင်းသွင်းဖွယ်ရှိ

ဒီဇင်ဘာ ၅

အယ်လ်ဟီလယ်အသင်းဟာ တောင်ပံကစားသမား နေမာကို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ စာရင်းသွင်းနိုင်ဖို့အတွက် ချယ်လ်ဆီးအသင်း နောက်ခံလူဟောင်း ကူလီဘာလီကို လူစာရင်းကနေ ဖယ်ရှားဖို့ စီစဉ်နေပါတယ်။

အယ်လ်ဟီလယ်အသင်းကို ပြောင်းရွှေ့ပြီးကတည်းက ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ နေမာဟာ လက်ရှိအချိန်မှာ လည်း ဒဏ်ရာကြောင့် အနားယူနေရတာပါ။

ဘရာဇီးလ် တောင်ပံကစားသမား နေမာဟာ လက်ရှိအချိန်ထိ အယ်လ်ဟီလယ်အသင်းအတွက် ပြိုင်ပွဲစုံ ၇ ပွဲသာ ပါဝင်ကစားထားနိုင်တာ ဖြစ်ပါတယ်။

ဒူးအရွတ် ဒဏ်ရာကြောင့် ခွဲစိတ်မှုခံယူခဲ့ရပြီး ၁ နှစ်ကြာ အနားယူခဲ့ရတဲ့ နေမာဟာ မကြာသေးခင်ကမှ အယ်လ်ဟီလယ်အသင်းအတွက် ပြန်ကစားနိုင်ခဲ့ပေမယ့် ထပ်ပြီးကုသမှုတွေ ခံယူနေရတာပါ။

အစောပိုင်း သတင်းတွေမှာ အယ်လ်ဟီလယ်အသင်းဟာ နေမာရဲ့ ဒဏ်ရာအခြေအနေကို စိတ်ပျက်ပြီး သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းဖွယ်ရှိနေတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် နေမာဟာ ဒီရာသီ လက်ကျန်ပွဲစဉ်တွေအတွက် အယ်လ်ဟီလယ်အသင်း လူစာရင်းမှာ ပါဝင်လာမယ်လို့ နောက်ဆုံး ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ သိရပါတယ်။

အယ်လ်ဟီလယ်အသင်းဟာ နေမာကို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ လူစာရင်းထဲ ထည့်သွင်းဖို့ဆိုရင် အသင်းမှာရှိနေတဲ့ နိုင်ငံခြားသား ကစားသမားတစ်ဦးကို လူစာရင်းကနေ ဖယ်ရှားရမှာပါ။

အဲဒါကြောင့် အယ်လ်ဟီလယ်အသင်းဟာ ၂၀၂၃ ခုနှစ်နွေရာသီက ချယ်လ်ဆီးအသင်းကနေ ထွက်ခွာပြီး ရောက်ရှိ လာခဲ့တဲ့ ကူလီဘာလီကို လူစာရင်းကနေ ဖယ်ရှားသွားဖို့ရှိနေပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ ကူလီဘာလီဟာ ဒီရာသီမှာ အယ်လ်ဟီလယ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ပါဝင် ကစားထားတာ အပါအဝင် ရောက်ရှိပြီးကတည်းက ပွဲပေါင်း ၆၇ ပွဲ ကစားထားပြီး ၃ ဂိုးသွင်းယူကာ အသင်းကို ဆုဖလားတွေရရှိအောင် ကူညီပေးထားနိုင်ခဲ့တာပါ။

နေမာနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပေမယ့် နောက်တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေပါတယ်။

နေမာဟာ ကြံ့ခိုင်မှုနဲ့ သူ့ရဲ့ အကောင်းဆုံးပုံစံကို ရရှိဖို့ ရုန်းကန်နေရပေမယ့် အင်တာမိုင်ယာမီနဲ့ ဆန်းတို့စ် အသင်းရဲ့ ချိတ်ဆက်မှုတွေကို ခံနေရတာဖြစ်ပါတယ်။

ပုံ - နေမာကို တွေ့ရစဉ်

#centralnewsnaypyitaw

image

အစိမ်းကြော် ..
•••••••••••••••
အသားနည်းနည်းပါးပါးလှီးပြီးအရသာသွင်းထား .
အသီးအရွက်တွေ ကိုပုံမှာပြထားသလိုလှီးဖြတ်ထား
ကြက်သွန်နီဖြူဂျင်းလှီးထား .
ကော်ရည်ဖျော်ထား..

မီးပြင်းပြင်းနဲ့ ဆီပူပူမှာအသားတွေအရင်ထည့်ကြော် .ကြက်နီ
ဖြူဂျင်းထည့်ကြော်မွှေးရင်အသီးအရွက်တွေထည့်..အရသာအတွက် ဆားသကြား ကြာညိူ့ ခရုဆီ အသားမူန့်ထည့်မယ်
မြန်မြန်ခပ်သွက်သွက်ကြော်မယ် အရွက်တွေကနွမ်းလို့မရ
စိမ်းစိမ်းအိအိလေးဖြစ်နေရမယ်..နောက်ဆုံး မှ ကော်ရည်ထည့် ဆီမွေးထည့် လိုက်ရင်ရပီ...

image
20 w - Translate

ရွှေဘိုနှင့် ဧရာဝတီပေါ်ဆန်း ဆန်များကို ဈေးမြှင့်တင်ရောင်းချပါက အရေးယူမည်ဟု MRF ထုတ်ပြန်

စပါးအသစ်ပေါ်ချိန် ရွှေဘိုနှင့် ဧရာဝတီပေါ်ဆန်း ဆန်များကို ရည်ရွယ်ချက်ရှိရှိ ဈေးမြှင့်တင်ရောင်းချပါက အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ယခုကာလအတွင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဆန်ဈေးနှုန်းများကို တိုးမြှင့်ရောင်းချသည့် ကြော်ငြာများအားတွေ့ရှိလာရခြင်း၊ ဈေးကွက်အတွင်း၌လည်း ဆန်ဈေးနှုန်းများကို ရည်ညွှန်းဈေးထက် ပိုမိုတိုးမြှင့်ရောင်းချမှုများကိုတွေ့ရှိရခြင်း၊ အထူးသဖြင့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်များကို စပါးသစ်ပေါ်ချိန်တွင် ဈေးကိုမြှင့်တင်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုအချို့ကို ကြားသိနေရကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

သို့ဖြစ်၍ ပြည်တွင်းစားဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ဧရာဝတီပေါ်ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော၊မနေသုခစသည့် ဆန်အမျိုးအစားများကို သိုလှောင်ဈေးကစားမှုများ(လုံးဝ) မပြုလုပ်ရန်နှင့် ရည်ညွှန်းဈေးသတ်မှတ်ချက်အတိုင်းသာ ရောင်းဝယ်ရန် ထပ်မံတိုက်တွန်းထားသည်။

အဆိုပါ ပြည်တွင်းစားဆန်များသည် ပြည်ပတင်ပို့မှု လုံးဝမရှိဘဲ ပြည်တွင်း၌သာ ပစ္စည်းမှန်၊ ဈေးမှန် ရောင်းဝယ်ကြသည့် ဆန်များဖြစ်ပြီး လက်ရှိတွင် အဆိုပါ ပြည်တွင်းစားဆန်ပေါ်ဆန်းများကို Export ပို့၍ဈေးတက်သည်၊ သဘာဝဘေးဒဏ်ကြောင့် အထွက် အလွန်ထိခိုက်သည်ဆိုကာ ရည်ရွယ်ချက်ရှိရှိဖြင့် အချို့သောကုန်သည်များမှ ထုတ်ပြန်လာသည့် သတင်းများမှာ သတင်းအမှားသာဖြစ်ကြောင်း ဖော်ပြထားသည်။

ဈေးကွက်အတွင်း သင့်တင့်မျှတသည့် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းမပြုပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ (၅)အရ တရားစွဲဆို အရေးယူခြင်း၊ ဒဏ်ငွေနှင့် အခွန်ငွေ သတ်မှတ်ပေးဆောင်စေခြင်းစသည့် အ‌ရေးယူခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image
20 w - Translate

ပြင်ဦးလွင်
(1-12-2024)ရက်နေ့မှဖွင့်လိုက်တဲ့
ပန်းပွဲတော်🌸

Be Falls ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း🌸

ပြင်ဦးလွင်ရောက်ရင်နောက်ထပ်ဝင်လည်ရမယ်နေရာ ပန်းပွဲတော်🌸

image
20 w - Translate

ပြင်ဦးလွင်
(1-12-2024)ရက်နေ့မှဖွင့်လိုက်တဲ့
ပန်းပွဲတော်🌸

Be Falls ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း🌸

ပြင်ဦးလွင်ရောက်ရင်နောက်ထပ်ဝင်လည်ရမယ်နေရာ ပန်းပွဲတော်🌸

image
20 w - Translate

ပြင်ဦးလွင်
(1-12-2024)ရက်နေ့မှဖွင့်လိုက်တဲ့
ပန်းပွဲတော်🌸

Be Falls ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း🌸

ပြင်ဦးလွင်ရောက်ရင်နောက်ထပ်ဝင်လည်ရမယ်နေရာ ပန်းပွဲတော်🌸

image
20 w - Translate

ပြင်ဦးလွင်
(1-12-2024)ရက်နေ့မှဖွင့်လိုက်တဲ့
ပန်းပွဲတော်🌸

Be Falls ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း🌸

ပြင်ဦးလွင်ရောက်ရင်နောက်ထပ်ဝင်လည်ရမယ်နေရာ ပန်းပွဲတော်🌸

image
20 w - Translate

ပြင်ဦးလွင်
(1-12-2024)ရက်နေ့မှဖွင့်လိုက်တဲ့
ပန်းပွဲတော်🌸

Be Falls ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း🌸

ပြင်ဦးလွင်ရောက်ရင်နောက်ထပ်ဝင်လည်ရမယ်နေရာ ပန်းပွဲတော်🌸

image
20 w - Translate

ပြင်ဦးလွင်
(1-12-2024)ရက်နေ့မှဖွင့်လိုက်တဲ့
ပန်းပွဲတော်🌸

Be Falls ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း🌸

ပြင်ဦးလွင်ရောက်ရင်နောက်ထပ်ဝင်လည်ရမယ်နေရာ ပန်းပွဲတော်🌸

image
20 w - Translate

ပြင်ဦးလွင်
(1-12-2024)ရက်နေ့မှဖွင့်လိုက်တဲ့
ပန်းပွဲတော်🌸

Be Falls ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း🌸

ပြင်ဦးလွင်ရောက်ရင်နောက်ထပ်ဝင်လည်ရမယ်နေရာ ပန်းပွဲတော်🌸

image