မြန်မာ့အတာသင်္ကြန် ယူနက်စကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်

နိုင်ငံတကာ၊ ဒီဇင်ဘာ ၅

“မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း (ICH) ထဲ ထည့်သွင်းလိုက်တယ်လို့ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် ကမ္ဘာဒြပ်မဲ့ယဉ် ကျေးမှုအမွေအနှစ်ညီလာခံမှာ ဒီဇင်ဘာ ၅ ရက်နေ့က ကြေညာလိုက်ကြောင်း BBC သတင်းအရ သိရပါတယ်။

“မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်” ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းထဲ ထည့်သွင်းပေးဖို့ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ယူနက်စကို (UNESCO) ကို တင်ပြခဲ့ပါတယ်။ ၁၉ ကြိမ်မြောက် ကမ္ဘာဒြပ်မဲ့ယဉ် ကျေးမှုအမွေအနှစ်ညီလာခံကို ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပလျက်ရှိပါတယ်။

အဆိုပါညီလာခံက “မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်” ကို “ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်” အဖြစ် သတ် မှတ်ကြောင်း ဒီဇင် ဘာ ၅ ရက်နေ့မှာ ထည့်သွင်းကြေညာလိုက်တာဖြစ်ပါတယ်။

“မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်” ကို အခုလို “ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်” အဖြစ် သတ်မှတ်လိုက် တာဟာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကို ကမ္ဘာက ပထမဦးဆုံး တရားဝင်အသိအမှတ်ပြုလိုက်တာဖြစ်ပါတယ်။

“မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်” ယူနက်စကိုရဲ့ ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်သွားတာဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးကျေးဇူးအျားအပြားရရှိတယ်လို့ ဆိုပါတယ်။

အခုလို အသိအမှတ်ပြုလိုက်တဲ့အတွက် ရရှိတဲ့အကျိုးကျေးဇူးတွေကတော့ သင်္ကြန်ပွဲတော်ကို နိုင်ငံတကာအ သိအမှတ်ပြုမှု ပိုမိုရရှိလာခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး အနာဂတ်မျိုးဆက်သစ် ကို လက်ဆင့်ကမ်းလွှဲပြောင်းနိုင်ခြင်း၊ မိမိတို့ ရိုးရာယဉ်ကျေးမှုနဲ့အညီ သင်္ကြန်ပွာတော်ကျင်းပခြင်းအတွက် ပြည် သူတွေရဲ့ တန်ဖိုးထားမှုကို အားပေးမြှင့်တင်နိုင်ခြင်း၊ တခြားယဉ်ကျေးမှုအမွေအနှစ်တွေကို အမည်စာရင်းတင် သွင်း ဖို့ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံအတွက် တန်ဖိုးရှိတဲ့ အတွေ့အကြုံရရှိခြင်းတို့ဖြစ်ပါတယ်။

Ref: BBC/ The Global New Light of Myanmar

#သတင်းဟင်းလေးအိုးကြီး

image

တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံး၊ တိုက်သွားသည့်ယာဉ် မောင်းနှင်ထွက်ပြေး

နေပြည်တော်၊ ဒီဇင်ဘာ ၅

တာချီလိတ်မြို့၊ ဝမ်လုံးဆီပန့်ရှေ့တွင် အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံးပြီး ထိုတိုက်သွားသည့် မော်တော်ယာဉ်မှာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ယနေ့ဒီဇင်ဘာလ ၅ နာရီအချိန်တွင် မော်တော်ယာဉ်တစ်စီးမှ မော်တော်ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးကို တိုက်ပြီးထွက်ပြေးသွားကြောင်း၊ ထိုမော်တော်ယာဉ်တိုက်ခံရသည့် အမျိုးသမီးမှာ အခင်းနေရာ၌ သေဆုံးသွားကြောင်း သိရသည်။

“တိုက်သွားတဲ့ ကားကိုခုထိမမိသေးဘူး။ ယာဉ်တိုက်ခံရတဲ့ အမျိုးသမီးက အသက် ၃၀ ဝန်းကျင်လောက် ရှိတယ်” လို့ ရုပ်အလောင်းအား သွားရောက်သယ်ဆောင်သည့် ရွှေမယ်ယန်းပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ဖြေကြားသည်။

ယာဉ်တိုက်ခံရမှုကြောင့် သေဆုံးသည့် ရုပ်အလောင်းကို ဦးလှမိုးလူနာတင်ယာဉ်ဖြင့် ဆေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo - Credit

#သတင်ဟင်းလေးအိုးကြီး

image

သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း ၂၀ မျိုး FDA ကြေညာ

နေပြည်တော်၊ ဒီဇင်ဘာ ၅

သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း ၂၀ မျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ယနေ့ အသိပေး ကြေညာထားသည်။

#centralnewsnaypyitaw

imageimage
+5

သမ္မတယွန်း၏ စစ်အုပ်ချုပ်ရေးကြေညာချက် အမေရိကန်ကို စမ်းသပ်မှုဖြစ်လာ

ဆိုးလ်၊ ဒီဇင်ဘာ ၅

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) ၏ အံ့အားသင့်ဖွယ် အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ကြေညာမှုသည် တောင်ကိုရီးယား၏ ဆယ်စုနှစ်များစွာကြာ မဟာမိတ်ဖြစ်သည့် အမေရိကန်နှင့် ဆက်ဆံရေးအတွက် စမ်းသပ်ချက်တစ်ခု ဖြစ်လာစေခဲ့သည်ဟု The Korea Times မှ ဖော်ပြခဲ့သည်။

ယွန်း၏ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်မှုကို နာရီပိုင်းအတွင်းမှာပင် လွှတ်တော်က မဲခွဲပြီး ပယ်ချခဲ့ သည်။

ထို့နောက် သမ္မတယွန်းကလည်း အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

အမေရိကန်အရာရှိများကမူ ၎င်းတို့အား ကြိုတင်အသိပေး အကြောင်းကြားချင်းမရှိဘဲ ယွန်း၏ စစ်အုပ်ချုပ်ရေး အမိန့်ကြေညာချက် ထွက်ပေါ်လာမှုအပေါ် အံ့အားသင့်ခဲ့ပုံပေါ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ရမည်ဆိုပါက ထိုဖြစ်စဉ်သည် တောင်ကိုရီးယား-အမေရိကန် မဟာမိတ် ဆက်ဆံရေး တွင် အဓိကကျသည့် ဒီမိုကရေစီ စံနှုန်းများအပေါ် ထားရှိသော သမ္မတယွန်းဆော့ရွဲ အစိုးရအဖွဲ့၏ ကတိကဝတ် များကို စိုးရိမ်စိတ်များ မြင့်တက်စေခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် (Antony Blinken) ကမူ စစ်အုပ်ချုပ်ရေးအမိန့်အား လျင်မြန်စွာ ပြန်လည် ရုပ်သိမ်းခဲ့မှုအပေါ် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

"ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တောင်ကိုရီးယားမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို အမေရိကန်က အနီးကပ် စောင့်ကြည့်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်မှုနဲ့အတူ အရေးပေါ် အခြေအနေ ကို ပြန်လည်ရုပ်သိမ်းတဲ့ ယွန်းရဲ့ ထုတ်ပြန်ချက်ကို ကျနော်တို့ ကြိုဆိုပါတယ်" ဟု ဘလင်ကင်က ပြောကြားခဲ့ သည်။

ထို့ပြင် နိုင်ငံရေးသဘောထား ကွဲလွဲမှုများကို တရားဥပဒေစိုးမိုးရေးနှင့် ကိုက်ညီမှုရှိပြီး ငြိမ်းချမ်းစွာ ဖြေရှင်းလိမ့် မည်ဟု မျှော်လင့်ကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီ စံနှုန်းများအပေါ် အခြေခံပြီး တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဆက်ဆံရေးနှင့် ကိုရီးယားပြည်သူများကို မိမိတို့က ထောက်ခဲ့ကြောင်း ထပ်လောင်း အတည်ပြုပါသည်ဟု ဘလင်ကင်က ပြောသည်။

စစ်အုပ်ချုပ်ရေးဥပဒေကို ယွန်းက ပြန်မရုပ်သိမ်းမီ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ က တောင်ကိုရီးယား၏ အခြေအနေကို အလွန်စိုးရိမ်ကြောင်းနှင့် အနီးကပ် စောင့်ကြည့်နေကြောင်း ပြောကြား ခဲ့သည်။

ယွန်း၏ ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် တောင်ကိုရီးယားတွင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့များ၏ အသင့် အနေအထားရှိမှု အခြေအနေကို ပြောင်းလဲခဲ့ခြင်းမရှိကြောင်း အမေရိကန်တပ်ဖွဲ့-ကိုရီးယား (USFK) က ထုတ်ပြန်ခဲ့သည်။

Source: The Korea Times

ပုံ - သမ္မတယွန်းဆော့ရွဲနဲ့ သမ္မတ ဘိုင်ဒန်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

ဘတ်ပီ ပိုကောင်းအောင် လုပ်နိုင်တယ်လို့ အန်ဆယ်လော့တီပြော

ဒီဇင်ဘာ ၅

ရီးရယ်လ်အသင်းက ဘီလ်ဘာအိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အ-ရေး-နိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ဘတ်ပီဟာ ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ပင်နယ်တီကို အခြေခံပြီး ကစားသမားတစ်ဦးရဲ့ ကစားပုံကို ကျနော်တို့ မသုံးသပ်သင့်ပါ ဘူး။ ဘတ်ပီဟာ ဝမ်းနည်းပြီး စိတ်ပျက်နေတယ်ဆိုတာ သိသာပါတယ်။ ဘတ်ပီဟာ သူ့ရဲ့အကောင်းဆုံး အဆင့်ကို မရောက်သေးတဲ့အတွက် သူ့ကိုလိုက်လျောညီထွေဖြစ်စေဖို့ ကျနော်တို့ အချိန်ပေးရမှာပါ။ ဘတ်ပီဟာ ပိုပြီး ကောင်းအောင် လုပ်နိုင်ဖို့အတွက် အလုပ်ကို ပိုပြီးကြိုးစားနေပါတယ်”လို့ ပြောခဲ့တာပါ။

ဘတ်ပီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့ပါတယ်။

အဲဒီနောက် ရီးရယ်လ်အသင်း ကစားသမားဘဝမှာ ဒုတိယမြောက် ပင်နယ်တီ လွဲချော်မှုအဖြစ် ဘီလ်ဘာအိုအသင်း နဲ့ ပွဲစဉ်မှာလည်း လွဲချော်ခဲ့ပါတယ်။

ဘတ်ပီဟာ ရီးရယ်လ်အသင်းအတွက် ပွဲပေါင်း ၂၀ ပါဝင် ကစားထားပြီး ၁၀ ဂိုး သွင်းယူထားပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်တွေအပေါ် ဝေဖန်မှုတွေ ရှိနေတာပါ။

ဘီလ်ဘာအိုအသင်းနဲ့ ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ပြီးနောက် ဘတ်ပီဟာ ဒီရလဒ်အတွက် အပြည့်အဝ တာဝန်ယူ ကြောင်း ပြောခဲ့ပါတယ်။

ဘတ်ပီက “ဆိုးရွားတဲ့ ရလဒ်ပါ။ အသေးစိတ် အချက်အလက်တိုင်းကို ထည့်တွက်တဲ့ ပွဲတစ်ပွဲမှာ ဒါကကြီးမားတဲ့ အမှားပါ။ ဒီအတွက် ကျနော် အပြည့်အဝ တာဝန်ယူပါတယ်။ ခက်ခဲတဲ့ အခိုက်အတန့် ဖြစ်ပေမယ့် ဒီအခြေအနေ တွေကို အကောင်းဆုံးပြောင်းလဲပြီး ကျနော် ဘယ်သူလဲဆိုတာကို ပြသွားမယ်”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ ဒီရှုံးပွဲကြောင့် လာလီဂါအဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းထက် ၁ ပွဲ လျော့ ကစားထားပြီး ရမှတ် ၄ မှတ်အကွာနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source: ESPN

ပုံ - ဘတ်ပီကို တွေ့ရစဉ်

#centralnewsnaypyitaw

image
20 w - Translate

တရုတ်ဟက်ကာများသည် အမေရိကန်တယ်လီကွန်းရှစ်ခုမှ ဖုန်းဒေတာ အများအပြားကို ခိုးယူခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အမေရိကန်တယ်လီဖုန်း ဆက်သွယ်ရေးကုမ္ပဏီများမှ အမေရိကန် နိုင်ငံသားများ၏ မက်ဆေ့ချ်များနှင့် ဖုန်းခေါ်ဆိုမှုများကို ဟက်ကာလုပ်စုံစမ်းသည့် တရုတ် ဟက်ကာလှုပ်ရှားမှုသည် ယခင်က သိထားသည်ထက် သိသိသာသာ ကြီးမားသည်ဟု အိမ်ဖြူတော် ထိပ်တန်း အရာရှိ တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

image

ဆိုင်ကယ်ကယ်ရီမောင်းသည့် အသက်(၆၇) နှစ်အရွယ် အမျိုးသားကြီးတစ်ဦးကို ငှားရမ်းစီးသည့် အမျိုးသားနှစ်ဦးမှ ဓားဖြင့်ထိုးသတ်၊ ကျူးလွန်သူနှစ်ဦး ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၅

ပုသိမ်-မုံရွာကားလမ်း အနောက်မြောက် (၁၀)မိုင်ခန့်အကွာ၊ မြေဝါကုန်းကျေးရွာနှင့် သံလည်ကြီးကျေးရွာ အကြား မိုင်တိုင် (၁၃၅/၂)နှင့် (၁၃၅/၃)အကြားတွင် ဆိုင်ကယ်ကယ်ရီမောင်းသည့် အသက်(၆၇) နှစ်အရွယ် အမျိုးသားကြီးတစ်ဦးကို ငှားရမ်းစီးသည့် အမျိုးသားနှစ်ဦးမှ ဓားဖြင့်ထိုးသတ်ရာ ဆိုင်ကယ်အားလုယက် သွားသည့် ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပန်းတောင်းမြို့၊ ရေလည်ကျွန်းအုပ်စု၊ မြစစ်ကိုင်းကျေးရွာတွင် နေထိုင် သည့် မော်တော်ဆိုင်ကယ်ကယ်ရီမောင်းသူ သတ်ဖြတ်ခံရသည့် အသက်(၆၇) နှစ်အရွယ် ဦးအေးမြင့်၏ မော်တော်ဆိုင်ကယ်ကို လာရောက်ငှားရမ်းသည့် ကျူးလွန်သူ ပေါက်သစ်ကုန်းကျေးရွာတွင်နေထိုင်သည့် မင်းမင်း နှင့် ဥသျှစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက်၊ ပိတောက်လမ်းတွင် နေထိုင်သည့် မြတ်နိုးဦး(ခ)မင်းသူ (ခ)တူ ကြီးတို့မှ မြေဝါကုန်းကျေးရွာသ့ို ငှားစီးပြီးနောက် ထိုကျေးရွာကျော်သွားသောကြောင့် ပြန်လှည့်စဉ် လူရှင်းသည့်နေရာ၌ ထိုဦးအေးမြင့်ကို ဆိုင်ကယ်ကယ်ရီငှားရမ်းစီးသည့် အမျိုးသားနှစ်ဦးမှ အသင့်ပါလာသည့် အရိုးအသွား (၁၁) လမ်းမခန့်ရှိသည့် သစ်သားရိုးတပ်စတီးဓားဖြင့် သတ်ပြီး မော်တော်ဆိုင်ကယ်ကို ယူဆောင်သွားကြောင်း သိရသည်။

ထိုကျူးလွန်သူအမျိုးသားနှစ်ဦးမှ ဦးအေးမြင့်၏ မော်တော်ဆိုင်ကယ်ကို ယူဆောင်ပြီး ကျောက်ဖူးအုပ်စု၊ ဘင်္ဂေ ကျးရွာတွင် နေထိုင်သည့် ဦးရဲထွဋ်ထံတွင် ထိုဆိုင်ကယ်ကို ငွေကျပ် ၈ သိန်း ၃ သောင်းဖြင့် ရောင်းချခဲ့ပြီး ခွဲဝေ ယူခဲ့ကြောင်း ထိုကျူးလွန်သူနှစ်ဦးမှ ထွက်ဆိုထားသည်။

အဆိုပါကျူးလွန်သူနှစ်ဦးကို ၎င်းတို့၏ နေအိမ်၌ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖမ်းဆီးရရှိခဲ့ပြီး သက်သေခံ ဆိုင်ကယ်အား အမှုဖြင့်သိမ်းဆည်းပြီး စစ်ဆေးလျက်ရှိကြောင်း ပဲခူးတိုင်း ဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင် နယ်မြေရဲစခန်းမှ သိရသည်။

Photo - Credit

#သတင်းဟင်းဖလးအိုးကြီး

imageimage

အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေ အထောက်အထားကို လကုန်ပြီး (၅)ရက် အတွင်း မပျက် မကွက်ပေးပို့ဖို့ ထပ်မံ သတိပေး

ဒီဇင်ဘာ ၅

အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေ အထောက်အထားကို လကုန်ပြီး (၅)ရက်အတွင်း မပျက် မကွက်ပေးပို့ဖို့ကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထပ်မံ သတိပေးလာတာ ကိုတွေ့ရပါတယ်။

အေဂျင်စီတွေကနေ စေလွှတ်တဲ့ အလုပ်သမားတွေဟာ လုပ်ခလစာရဲ့ အနည်းဆုံး ၂၅ % ကို (၁)လ တစ်ကြိမ် (သို့) (၃)လ တစ်ကြိမ် တရားဝင် ငွေလွှဲလမ်းကြောင်းကနေ ငွေပို့ကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို လွှဲပို့တာမျိုးမရှိရင် မရှိတဲ့ အ‌ကြောင်းအရာကို ထည့်သွင်း ပြီး ပေးပို့ဖို့ အလုပ်သမား ဦးစီးဌာနက ညွှန်ကြားထားပါတယ်။

လိုက်နာမှုမရှိတဲ့ အေဂျင်စီတွေကို ဒဏ်ကြေးပေးဆောင်ရမယ့်အပြင် အလုပ်ခေါ်စာ (Demand Letter) အသစ် တင်ပြခွင့် ဆိုင်းငံ့ခံရမယ်လို့ သိရပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ လစဉ် လွှဲပို့ငွေ အခြေအနေကို တင်ပြရသလို ၂၀၂၄ ခုနှစ် ဧပြီလ ကနေ သြဂုတ်လအထိ စေလွှတ်အလုပ်သမားတွေရဲ့ လွှဲပို့ငွေ အထောက်အထားတွေကိုလည်း စုစည်း တင်ပြဖို့ အသိပေးထားတယ်လို့လဲ အေဂျင်စီ တစ်ချို့ဆီကနေ သိရပါတယ်။

ဓာတ်ပုံ - Migrant Time

#centralnewsnaypyitaw

image
20 w - Youtube

20 w - Youtube