4 w - Translate

စကားနည်းနည်းပဲ ပြောလေလေ
မင်းရဲ့ စကားတိုင်းက တန်ဖိုးရှိလေလေပဲ။
ဘယ်ကိစ္စကိုမှ အရမ်းမတွေးပါနဲ၊
ဘယ်သူမှ သင့်အကြောင်းကို
သင့်လောက် မတွေးပါဘူး။
ပြဿနာတွေကို အာရုံစိုက်ရင်
ပြဿနာတွေပဲ ဖြစ်လာမယ်
ဖြစ်နိူင်ချေတွေကို အာရုံစိုက်ရင်
အခွင့်အလမ်းတွေ ပိုများလာမယ်။
သင်အခု ဘယ်လောက်ပဲ နာကြင်ရပါစေ
တနေ့ကျရင် နောက်ပြန်လှည့်ကြည့်တဲ့ အခါ
ဒီအခက်ခဲတွေက သင့်ဘဝကို
ပိုကောင်းအောင် ပြောင်းလဲ စေခဲ့တယ်ဆိုတာ
နားလည်လာလိမ့်မယ်။
သင့်ဘဝမှာ လူတွေနဲ့ အကြောင်းအရင်းရှိလို့
တွေ့ရတာ။
မင်းဘဝကို ပြောင်းလဲဖို့ သူတို့ကို လိုအပ်တာလား?
ဒါမှမဟုတ်
မင်းက သူတို့ဘဝကို ပြောင်းလဲပေးမှာလား?
အသစ်အသစ်တွေ သင်ယူဖို့ မကြောက်ပါနဲ့။
မင်းသိထားတဲ့ အကန့်အသတ်တွေထဲမှာပဲ နေမယ်ဆိုရင်
ဘဝက ပျင်းစရာ ကောင်းလာလိမ့်မယ်။
အခိုက်အတန့်တွေက ဘယ်လောက်တန်ဖိုးရှိလဲ ဆိုတာကို
အဲ့ဒီအရာတွေက အမှတ်တရ ဖြစ်လာတဲ့အထိ
မင်းသိမှာ မဟုတ်ပါဘူး။
သင့်မှာ ရှိပြီးသားအရာတွေ
ကျေးဇူးတင်ရမယ့် အရာတွေကို
စာအုပ်ထဲ ချရေးထားရင်
သင့်မှာ မရှိတဲ့ အရာတွေက
အမြင်ထဲကနေ ပျောက်ကွယ် သွားလိမ့်မယ်။
သင့်ရဲ့ ပါးစပ်ကို မထိန်းချုပ်နိုင်ရင်
သင့်အနာဂါတ်ကိုလည်း ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။
ဘဝက မှန်တချပ်လိုပဲ
သင် ဘယ်အရာတွေ တွေးနေလဲ
တွေးတဲ့အတိုင်း ဖြစ်လာတယ်။
သင် မနက်မိုးလင်းတိုင်း ရင်ဆိုင်ရမယ့်
တဦးတည်သောသူက သင်ကိုယ်တိုင်ပဲ။
ဒါကြောင့် ကိုယ့်ကိုယ်ကို အမြဲ အနိုင်ယူပါ။
#credit.

image
4 w - Translate

ယနေ့နံနက်တိုင် တုန်ခါလျက်
သတိရလျက် ။

#အောင်ချိမ့်

image
4 w - Translate

နာကျင်စေခဲ့ပြီးမှ
အရင်လို
ပြန်ဖြစ်ချင်လို့ မရဘူးလေ
စိတ်တွေဟာ
ဒဏ်ရာ ရသွားပြီးရင်
အရင်လို ပြန်ဖြစ်ဖို့ခက်တယ်။
ဒဏ်ရာပျောက်သွားရင်တောင်
အမာရွတ်တွေမြင်တိုင်း
ပြန်နာရတတ်တယ်။
ကိုယ့်ကိုယ်ကိုယ်လည်း သနားပါဦး
#သျှင်ယွန်း

4 w - Translate

ငါတို့ဟာတစ်စုံတစ်ယောက်ကျကျန်ခဲ့တဲ့
အရုပ်ကလေးတွေဖြစ်နိုင်တယ်
သေချာတာကတော့
ဘယ်တော့မှ ပိုင်ရှင်ဆီ
ပြန်မရောက်တော့ဘူးဆိုတာပါပဲ ။
#ဂန္ဓမာ

4 w - Translate

ဘယ်သူမှတော့ ကိုယ့်ဒုက္ခကိုယ် မရှာချင်ပါဘူး...
အပိုင်မရနိုင်မှန်းသိနေတဲ့အခါ
ကျွန်တော်တို့လည်း မချစ်မိအောင်
ကြိုးစားခဲ့ကြတာပဲ..
ဒါပေမယ့် တစ်ခါတစ်လေကျတော့ ချစ်ခြင်းမေတ္တာဟာ သူ့သဘောသူဆောင်တယ်...
ကျွန်တော်တို့ဘာမှ မတတ်နိုင်ဘူး...
#မိုးနေ့

နော်

image
4 w - Translate

Samsung Galaxy S26 Ultra ကျရင်
camera ၃ လုံးပဲ ပါတော့မယ်တဲ့
3x zoom ကို upgrade လုပ်ပေးမလား မျှော်တာ
သူတို့က ဖြုတ်ဖို့ပါ စဉ်းစားနေတယ်။ ဟုတ်နေရော။

image
4 w - Translate

iOS 19 ဘယ်လို ဒီဇိုင်းပြောင်းဦးမလဲ မြင်ရတော့မယ် 👀
.
Apple ကနေ လာမယ့် ဇွန်လ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ WWDC25 - Worldwide Developer Conference 2025 ကို ကျင်းပသွားမယ်လို့ ကြေညာလိုက်ပါပြီ။​ ဒီတစ်ခါမှာလည်း Online Only ပဲဖြစ်ပြီး Apple HQ မှာ Keynote ကိုပဲ In-person ပြုလုပ်သွားမယ်လို့ သိရပါတယ်။

WWDC ဆိုတာနဲ့ ထုံးစံအတိုင်း iOS 19 ကို ဒီနှစ်ရဲ့ အဓိကအနေနဲ့ မိတ်ဆက်ပေးသွားမှာပါ။ Teaser ပုံတွေအရတော့ Elastic ဖြစ်တဲ့ Glassy Gradient Design ကို သုံးထားတယ်။

အစောပိုင်းထဲက iOS 19 ဟာ iOS Software Update တွေရဲ့ သက်တမ်းတလျှောက် အကြီးမားဆုံးပြောင်းလဲမှုတွေရှိလာမယ်လို့ သတင်းထွက်နေခဲ့တာဆိုတော့ ဒီနှစ််မှာ iOS 19 က Apple VisionOS ပုံစံ ဒီဇိုင်းဘက်ကို လုံးဝပြောင်းလဲသွားမယ့်ပုံစံပါပဲ။​

ပြီးတော့ iOS 19 အပြင် macOS ၊​ iPadOS နဲ့ watchOS အသစ်တွေလည်း မိတ်ဆက်သွားမယ်။ ဒီတစ်ခါတော့ Apple Intelligence Feature တွေအကြောင်း ထပ်ပြောဦးမလား စောင့်ကြည့်ရမယ်။

ဘာပဲဖြစ်ဖြစ် ဒီနှစ်က Apple iPhone တွေမှာ Software ပိုင်းရော၊​ Hardware ဒီဇိုင်းတွေပါ လုံးဝထပ်ပြောင်းမယ့်နှစ်လို့ ပြောလို့ရပြီ 👀

image
4 w - Translate

vV3+ Chip နဲ့ X200 Pro တောင် ကောင်းနေပြီ.. Ultra ဆိုရင် ဘယ်လောက်ပိုကောင်းလာဦးမလဲပဲ 👀
.
vivo ရဲ့ Flagship X Series ဖုန်းတွေက ZEISS နဲ့ Camera Lens ပိုင်းတွေ၊ Camera Software ပိုင်းပူးပေါင်းထားသလို တဖက်မှာလည်း vivo က အခုလို ကင်မရာပိုင်း သိသိသာသာပိုကောင်းနေအောင် Processor Chipset အပြင် ကိုယ်ပိုင် Image Processing Chip တွေကို ထည့်သုံးနေတာဖြစ်ပါတယ်။​
vivo X200 Pro လိုမျိုး လက်ရှိမှာ ကင်မရာပိုင်းအကောင်းဆုံးလို့ ဆိုနိုင်တဲ့ဖုန်းဆိုရင်လည်း vivo ကနေ V3+ နာမည်ပေးထားတဲ့ Image Processing ပိုင်းကို ကိုင်တွယ်တဲ့ Chip တစ်ခုကို ထည့်ပေးထားပါတယ်။
အခုလည်း လာမယ့် ဧပြီလအတွင်းမှာ မိတ်ဆက်ဖို့စီစဥ်ထားတဲ့ vivo X200 Ultra ဖုန်းမှာ V3+ Chip အပြင် နောက်ထပ် VS1 လို့ နာမည်ပေးထားတဲ့ ကိုယ်ပိုင် Chip အသစ်တစ်ခုကိုပါ ထည့်သွင်းထားမှာဖြစ်တယ်ဆိုပြီး ကြေညာလိုက်ပါပြီ။​ ဒါကြောင့် vivo X200 Ultra ဟာ Image Processing ပိုင်းကို Chip ၂ ခုဖြင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။​
VS1 Imaging Chip ဟာ V3+ လိုမျိုးပဲ Processor Chipset နဲ့မဆိုင်ပဲ သီးသန့် Independent Chip တစ်ခုဖြစ်မယ်၊​ Dual-Core Processing Chip အမျိုးအစားဖြစ်ပြီး V3+ နဲ့ မတူတာက ဒီ VS1 Chip က PreISP Chip အမျိုးအစားဖြစ်မယ်လို့ ဆိုထားတာပဲ။
အဓိပ္ပါယ်က လက်ရှိ V3+ Chip က ဖုန်းကရိုက်လိုက်တဲ့ ဓါတ်ပုံတွေကို ပြန်ပြီး Process လုပ်ပေးတဲ့ ISP တစ်ခု - Post Processing Chip တစ်ခုဖြစ်ပေမယ့် VS1 ကြတော့ ဒီလို ရိုက်ပြီးမှ ပြန်ပြီး ပြင်ပေးတာမဟုတ်တော့ပါဘူး။
အဲ့အစား VS1 Chip က မရိုက်ခင်၊ ဓါတ်ပုံမထွက်လာခင်ထဲက Image Quality ကို ပိုကောင်းအောင်၊ V3+ Chip က Post Processing ပိုင်းမှာ ပိုကောင်းကောင်းလုပ်နိုင်အောင် လုပ်ပေးသွားမယ်၊ အထူးသဖြင့် V3+ Chip မှာ Algorithm တွေရှုပ်နိုင်တဲ့ ရှုပ်ထွေးတဲ့ အနေအထားမျိုးတွေ၊ Portrait ပုံတွေမှာ VS1 Chip ကနေ အရင် ကြိုပြီး Processing လုပ်ပေးသွားမှာပါ။
အသေးစိတ်ကတော့ vivo ကနေ X200 Ultra ဖုန်းကို မိတ်ဆက်တော့မှပဲ သိရလောက်မယ်၊ ဘာပဲဖြစ်ဖြစ် ဒီလို ZEISS လို နာမည်ကြီး ကင်မရာ Brand တစ်ခုနဲ့ ပေါင်းရုံတင်မဟုတ်ပဲ ကိုယ်ပိုင် Image Processing Chip တွေပါထုတ်ပြီး သေချာလုပ်နေလို့လည်း vivo X Series ဖုန်းတွေ သိသိသာသာကို ကင်မရာပိုင်း သေချာတိုးတက်လာတာဖြစ်နိုင်တယ် 👀

image
4 w - Translate

မချစ်တော့ဘူးလားလို့တောင် မမေးရဲဘူး
မတော်လို့ ဟိုက အရင်ကတည်းက
မချစ်ခဲ့တာဆို ကိုယ်ပဲ ငိုနေရဦးမယ်...

image