MNL U-20 ဂိုးသွင်းအများဆုံးဆုကို ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ရရှိ
ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ (MNL (U-2 Youth League 2024 )အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးကစားသမားဆုကို ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး စိုင်းဇေယျာကျော်က ရရှိခဲ့သည်။
တိုက်စစ်မှူး စိုင်းဇေယျာကျော်သည် ပြိုင်ပွဲကာလတစ်လျောက် သွင်းဂိုး (၁၅)ဂိုးသွင်းယူခဲ့ပြီး၊ AYA Pay ၏ အကောင်းဆုံးကစားသမားဆုကို (၅)ကြိမ်အထိ ရရှိခဲ့သူဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး စိုင်းဇေယျာကျော်အတွက် ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် သုံးသိန်း ချီးမြှင့်ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသည့် MNL (U-2 Youth League 2024 ရာသီပိတ် နောက်ဆုံးပွဲစဉ်ကို နိုဝင်ဘာ (၃၀)ရက်၌ ကျင်းပပြီးစီးခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် ရမှတ်ပေါင်း ၅၂ မှတ်ဖြင့်
ပထမဆုကိုသည့် ရှမ်းယူနိုက်တက်အသင်း၊ ရမှတ်ပေါင်း ၅၁ မှတ်ဖြင့် Junior Lions အသင်း၊ တတိယဆု ရမှတ်ပေါင်း ၄၆ မှတ်ဖြင့် ISPE အသင်းတို့က ရရှိခဲ့သည်။
