Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သရုပ်ဆောင် ဗညားဘုန်းပြည့် ပြန်လည် လွတ်မြောက်လာ
ရုပ်ရှင်သရုပ်ဆောင် ဗညားဘုန်းပြည့်သည် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး (၇) လအကြာ ဒီဇင်ဘာလ (၅)ရက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
"ဒီနေ့ ကျွန်တော် နေကောင်းကျန်းမာစွာနဲ့ အိမ်ပြန်ရောက်ပါပြီ။ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ဒီကြားထဲ ပရိသတ်နဲ့ ချစ်ရသူအားလုံးကို စိတ်ပူစေခဲ့မိလို့လည်း တောင်းပန်ပါတယ်ခင်ဗျာ။ အားလုံးကို လွမ်းနေခဲ့တာပါဗျာ" ဟု ၄င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ယမန်နေ့ဒီဇင်ဘာလ (၅) ရက် ညနေပိုင်းက ရေးသားဖော်ပြထားသည်။
၎င်းအား ပုဇွန်တောင်ရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ - ၃၃(က)ဖြင့် အမှုဖွင့်ခဲ့ပြီး တရားရုံးက ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခဲ့ကာ (၇)လခန့်အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာခဲ့ခြင်းလည်းဖြစ်သည်။
ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရ စာရင်းများ ဒီဇင်ဘာ (၇) ရက်တွင် ထုတ်ပြန်မည်
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ်အဝေးသင် သင်တန်းဝင်ခွင့်ရရှိသူများစာရင်းကို ဒီဇင်ဘာ (၇) ရက်မှစတင်၍ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။
အဆိုပါ ပထမနှစ်ဝင်ခွင့်ရရှိသူများကို သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များတွင်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ဝက်ဆိုဒ်နှင့် အဆင့်မြင့်ပညာဦးစီးဌာန ဝက်ဆိုဒ်တို့တွင်လည်းကောင်း ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Kafka နဲ့ Mina တို့ရဲ့ မြို့ငယ်လေးကို သတ္တဝါဆိုးကြီးတွေဖျက်စီးတာခံလိုက်ရပြီးနောက်ပိုင်းမှာ ကြီးပြင်းလာတဲ့အချိန်ကျရင် သတ္တဝါဆိုးတွေနှိမ်နင်းတဲ့အဖွဲ့ရဲ့ခေါင်းဆောင်တွေဖြစ်လာရမယ်ဆိုပီး ကတိထားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းရှာတဲ့ Kafka တစ်ယောက်ကတော့ တိုက်ပွဲအပြီးသန့်ရှင်းရေးလုပ်ရတဲ့အဖွဲ့မှာသာ အလုပ်ရခဲ့ပီး သူငယ်ချင်း Mina ကတော့ နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ကံကောင်းထောက်မပြီးနှိမ်နင်းရေးအဖွဲ့ဝင်ဖြစ်ခါနီးမှ မတော်တဆမှုတစ်ခုကြောင့်သူကိုယ်တိုင် သတ္တဝါဆိုးတစ်ပိုင်းလူတစ်ပိုင်းဖြစ်လာတဲ့အချိန်မှာ သူဖြစ်ချင်ခဲ့တဲ့ အိမ်မက်ကိုပဲလက်လွှတ်ဆုံးရှုံးခံမလား၊ လူမသိအောင်အဖွဲ့ဝင်အဖြစ်နေသွားမလားကိုတော့ Action, Drama, Comedy ရသအစုံနဲ့ခံစားရမှာမလို့ မကြည့်ရသေးတဲ့ Anihuber တွေကိုကြည့်ဖို့ ဒီတစ်ပတ်မှာ Recommend ပေးလိုက်ရပါတယ်။
Anime Link - https://shorturl.at/Zu8MU
အပတ်တိုင်း Anime Facts တွေနဲ့ Review တွေဆက်တိုက်တင်ပေးနေမှာမလို့ Page လေးကို Like လုပ်ပေးသွားကြပါဦးနော်...
#anihub
#admin_hidan