20 ပတ် - ဘာသာပြန်ပါ။

ယူကရိန်းသည် ATACMS ၏ အကွာအဝေး နှစ်ဆထက် ပိုသော ပြည်တွင်းလုပ် ငရဲ 'ဒရုန်း-ဒုံးကျည်' အသစ်ကို ပထမဆုံးပြသ။

image
20 ပတ် - ဘာသာပြန်ပါ။

Chinese Garden

image
20 ပတ် - ဘာသာပြန်ပါ။

"အမေရိကန် အယူခံတရားရုံးက TikTok ကို ရောင်းချခိုင်းတဲ့ ဥပဒေကို အတည်ပြုထောက်ခံလိုက်သည်။"

တရုတ်အခြေစိုက် ByteDance သည် ၎င်း၏နာမည်ကြီး ဗီဒီယိုအတိုအက်ပ် TikTok ကို လာမည့်နှစ်အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စုတွင် ဖျက်သိမ်းရန် သို့မဟုတ် တားမရောင်းချရန် ဆောင်ရွက်ရမည်ဟု အမေရိကန် ပြည်ထောင်စု အယူခံတရားရုံးက သောကြာနေ့တွင် အတည်ပြုခဲ့သည်။

ဆုံးဖြတ်ချက်သည် တရားရေးဌာနနှင့် ပြိုင်ဘက်များအတွက် နိုင်ပွဲဖြစ်ပြီး ByteDance အတွက် ဆိုးရွားသော ထိုးနှက်ချက်ဖြစ်သည်။ ၎င်းသည် အမေရိကန်နိုင်ငံသား သန်း 170 အသုံးပြုသော ဆိုရှယ်မီဒီယာအက်ပ်တွင် ခြောက်ပတ်အတွင်း မကြုံစဖူး ပိတ်ပင်ခံရဖွယ်ရှိသည်။

image
20 ပတ် - ဘာသာပြန်ပါ။

တရုတ်နိုင်ငံ၏မဟာဗျူဟာမြောက် တွင်းထွက်ပစ္စည်းများအပေါ် ကုန်သွယ်မှု ကန့်သတ်ချက်များသည် အနောက်နိုင်ငံကုမ္ပဏီများကို ထိခိုက်နစ်နာစေလျက်ရှိသည်။

ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် ခနောက်စိမ်းတင်ပို့မှုအပေါ် တရုတ်နိုင်ငံ၏ တားမြစ်ချက်များကို ဂျာမန်ဓာတုဗေဒပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဟဲဗီးဝိတ် Henkel သည် အပြစ်တင်လိုက်ပြီး ဖောက်သည်များအား အကြပ်ကိုင်မှုအဖြစ် ကြေညာပြီး မော်တော်ယာဥ်ထုတ်လုပ်သူများ အသုံးများသော ကော်နှင့် ချောဆီအမျိုးအစားလေးမျိုး ပေးပို့ခြင်းကို ဆိုင်းငံ့ထားကြောင်း၊ ဖောက်သည်များထံ နိုဝင်ဘာ ၈ ရက်က စာတစ်စောင်အရ သိရသည်။

image
20 ပတ် - ဘာသာပြန်ပါ။

Elon Musk သည် လျှို့ဝှက်သော 'RBG PAC ‘ ကို ငွေကြေးထောက်ပံ့ခြင်းအပါအဝင် Trump ရွေးကောက်ပွဲအတွက် ဒေါ်လာသန်း ၂၅၀ သုံးစွဲခဲ့သည်။

image
20 ပတ် - ဘာသာပြန်ပါ။

ဘန်​ကောက်ပို့စ်ပါလာတာက​တော့ ထိုင်းနိုင်ငံမှာ​ထောင်ထားတဲ့ နိုင်ငံခြားသားပါဝင်တဲ့ကုမ္ပဏီ​ပေါင်း ၄၄၂ ခု က နိုင်ငံခြားသား​ရော နံမည်ခံထိုင်းလူမျိုးတွေပါ လူ ၁၀၀၀ ​ကျော်ကိုဖမ်းဆီးထားပါတယ် ဒီကုမ္ပဏီ၄၀၀ ​ကျော်ရဲ့ပိုင်ဆိုင်မှု ဘတ် သန်း​ပေါင်း ၃၆၀၀ ကိုလည်းသိမ်းဆီးလိုက်ပါတယ် အဲဒီထဲမှာ မြန်မာကုမ္ပဏီ ၂ခု မြန် မာ၂ဦး အဖမ်း ခံထားရ ပါတယ်, မြန်မာကုမ္ပဏီက ဘာနဲငြိလည်း​တော့မသိပါဘူး အလုပ်မရှိပဲ ​ငွေလွှဲတာဖြစ်မယ်ထင်ပါတယ်
ထိုင်းအစိုးရကမြန်မာကုမ္ပဏီ​တွေ ကိုစီစစ်​နေပါတယ်။ သတိထားကြဖို့လိုပါတယ်။

20 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတကာသတင်းတိုများ

၁။​တောင်ကိုးရီးယားဒီမိုက​ရေစီသည်အခက်ခဲဆုံးအချိန်ဖြင့်​တွေ့ကြုံ​နေရ​ကြောင်းအတိုက်အခံ​ခေါင်း​ဆောင်က​ပြောသည်။

၂။ယူကရိန်း၏ပိုင်နက်​ဟောင်းဖြစ်​သောခါဆွန်​ဒေသ၊အလက်ရှက်ကီမြိုရှိလူသားချင်းစာနာ​ထောက်ထားသည့်ပစ္စည်းများ​ပေး​ဝေ​နေသည့်​နေရာကိုယူကရိန်းကအ​နောက်အုပ်စု​ပေးသည့်ဒုံးကျည်များဖြင့်ပစ်ခတ်ရာပြည်သူသုံးဦး​သေပြီးသုံးဦးဒဏ်ရာရ​ကြောင်း​ဒေသအုပ်ချုပ်​ရေးအဖွဲအကြီးအကဲက​ပြောသည်။

၃။​စျေးကွက်အတွင်း​ဒေါ်လာ၅၅သန်းတန်ဖိုးရှိ​သောကိုကင်း၅၇၀ ကီလိုနှင့်ကိုလံဘီယာမူးယစ်ရာဇာကာလီကို​မော်စကိုမြိုတွင်ရုရှား​ထောက်လှမ်း​ရေးကဖမ်းမိခဲ့သည်။

၄။ဆီးရီးယားအစိုးရကိုတိုက်ခိုက်​နေ​သောအကြမ်းဖက်အဖွဲများအတွင်းတွင်ယူကရိန်းတပ်မှူးများကို​တွေ့ရ​ကြောင်းဗီဒီယိုအ​ထောက်အထားများဖြင့်​မီဒီယာများကဖော်ပြလာသည်။

၅။သူပုန်များနှင့်အကြမ်းဖက်များစစ်​ရေး​အောင်မြင်မှုရ​နေသဖြင့်​ဂျော်ဒန်ကဆီးရီးယားနယ်စပ်ကိုပိတ်လိုက်သည်။

NOM

20 ပတ် - ဘာသာပြန်ပါ။

မီဇိုရမ်တွင် ပလက်ဝစစ်ဘေးရှောင်တစ်ဦးဆုံးပါး ၊ စစ်ဘေးရှောင်ကာလ ၄၂ ဦးမြောက်သေဆုံးခြင်းဖြစ်

ဒီဇင်ဘာ ၆

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့ပေါ်ကို စစ်ဘေးရှောင်လာတဲ့ သက်လတ် ပိုင်းအမျိုးသမီးတစ်ဦးဟာ ဒီကနေ့ဒီဇင်ဘာလ ၅ ရက်မနက်ပိုင်းမှာ ကင်ဆာရောဂါဖြင့်ဆုံးပါးသွားတယ်လို့သိရ ပါတယ်။

ပလက်ဝမြို့နယ်ကနေ စစ်ဘေးရှောင်လာတဲ့ ဒေါ်ကူသင်း အသက် ၄၇ နှစ်ဟာ လည်ချောင်းကင်ဆာဝေဒနာခံစား နေရသူဖြစ်ပြီး ဒီကနေ့မနက်ပိုင်း ၁၀ နာရီဝန်ကျင်မှာသေဆုံးသွားခြင်းဖြစ်ကာ ပလက်ဝမြို့နယ်ကနေ မီဇိုရမ်ပြည် နယ်ထဲစစ်ဘေးရှောင်ခြင်းသုံးနှစ်ကျော်တာကာလအတွင်း စစ်ဘေးရှောင် ၄၂ ဦးသေဆုံးသွားပြီဖြစ်ပါတယ်။

“ဒီမနက်အသေဆုံးသူက ပြီးခဲ့တဲ့ဇွန်လက ဒီကိုရောက်လာတာ။ဆေးခန်းအမြဲပြပေမယ့်ကုမရတော့လို့ ဆုံးသွား တယ်။ သူ့မှာအမျိုးသားနဲ့ သမီးတစ်ဦးအပြင် တူတစ်ဦးရှိတယ်။ ဒီညနေမှာလောင်တလိုင်မြို့သုသာန်မှာပဲ မြေမြှုပ်သဂြိုလ်လိုက်တယ်။” လို့ ပလက်ဝကောင်စီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မီဇိုရမ်ပြည်နယ်အတွင်းက ဆုံးပါးသွားတဲ့ ပလက်ဝစစ်ဘေးရှောင်အများစုဟာ ကျန်းမာရေးမကောင်းလို့ သေဆုံးသူများဖြစ်ကြကာ ကလေးမွေးရင်းဆုံးပါးသွားတဲ့သူ နှစ်ဦးရှိတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မတရားအဏာသိမ်းပြီးနောက် ပလက်ဝမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် မေလခန့်ကနေ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့လို့ ဒေသခံပြည်သူများဟာ မီဇိုရမ်ပြည်နယ်နဲ့ တစ်ခြားလုံခြုံတဲ့နေရာတွေကို စစ်ဘေး ရှောင်ခဲ့ကြတာဖြစ်ပါတယ်။

ပလက်ဝမြို့နယ်ကနေ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်လာသူအများစုဟာ လောင်တလိုင်ခရိုင် နဲ့ ရှာဟာခရိုင် မှာအဓိက ခိုလှုံနေကြတာဖြစ်ပြီးတော့ စစ်ဘေးရှောင်စခန်း ၂၀ အပြင်မြို့တွင်းအိမ်ဌားနေထိုင်သူများ လည်းရှိတယ်လို့သိရပါတယ်။

လက်ရှိမှာ မီဇိုရမ်ပြည်နယ်အတွင်း ပလက်ဝစစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၉၀၈ စုရှိပြီး လူဦးရေ ၄၀၀၀ ကျော်ရှိတယ်လို့သိရပါတယ်။

#centralnewsnaypyitaw

image

ရုရှားနိုင်ငံကို မြန်မာလုပ်သားစေလွှတ်ရန် ညှိနှိုင်းနေဆဲဖြစ်

ဒီဇင်ဘာ ၆

ရုရှားနိုင်ငံကို မြန်မာလုပ်သားတွေ စေလွှတ်နိုင်ဖို့အတွက် နှစ်ဖက်နိုင်ငံအကြား ညှိနှိုင်းနေဆဲဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန ကနေ သိရပါတယ်၊၊

လက်ရှိမှာမြန်မာအလုပ်သမားတွေ စေလွှတ်ဖို့အတွက် ရုရှားနိုင်ငံဘက်က အလုပ်ကမ်းလှမ်းစာ (Demand Letter) မရောက်ရှိသေးသလို ရုရှား-မြန်မာ အစိုးရချင်း နှစ်နိုင်ငံသဘောတူစာချုပ် (MoU) ရေးထိုးနိုင်ဖို့ကိုလည်း ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်၊၊

ရုရှားကို မြန်မာလုပ်သားစေလွှတ်ဖို့ ညှိနှိုင်းနေပြီး လုပ်သားအရေအတွက် မည်မျှ လွှတ်မည်ဆိုတာကတော့ သူတို့ရဲ့ အလုပ်ကမ်းလှမ်းစာ ပေါ်မှာမူတည်နေတာဖြစ်တယ်လို့ သိရပါတယ်၊၊

လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ MoU စနစ်နဲ့ လုပ်သားစေလွှတ်မှုတွေမှာ ထိုင်း၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကို စေလွှတ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
20 ပတ် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများကို ထိုင်းအစိုးရက ၄ နှစ် သက်တမ်းတိုးလုပ်ငန်းစဥ်အတွက် လုပ်ဆောင်ပေးရာတွင် အေဂျင်စီအချို့က စလစ်ကြေး ဘတ် ၁၈၀၀ ကောက်ခံနေခြင်းမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကောက်ခံခြင်းမဟုတ်ကြောင်း အသိပေး

ဒီဇင်ဘာ ၆

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများကို ထိုင်းအစိုးရက ၄ နှစ် သက်တမ်းတိုးလုပ်ငန်းစဥ်အတွက် လုပ်ဆောင်ပေးရာတွင် မြန်မာသံရုံးကို ပေးဆောင်ရမည်ဟုဆိုကာ အေဂျင်စီအချို့က စလစ်ကြေး ဘတ် ၁၈၀၀ ကောက်ခံနေခြင်းမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကောက်ခံခြင်းမဟုတ်ကြောင်း ယနေ့တွင် အသိပေးချက် ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ၂၄-၉-၂၀၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ “MOU လုပ်သားများကဲ့သို့ ၁၃-၂-၂၀၂၅ ရက်နေ့အထိ အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (Passport - စာအုပ်အနီ) ၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI - စာအုပ်အစိမ်း) ကိုင်ဆောင်ထားသော လုပ်သားများအား ထိုင်းနိုင်ငံအတွင်း ( ၂ ) နှစ် သက်တမ်းရှိသည့် ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုချက်ကို လျှောက်ထားနိုင်ကြောင်း၊ ဆက်လက်၍ ( ၂ ) နှစ် သက်တမ်းတိုးခွင့်ရှိပြီး စုစုပေါင်း ( ၄ ) နှစ် ခွင့်ပြုမည်ဖြစ်ကြောင်း” သိရှိရသည်။ အထက်ပါလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်ရေးအတွက် အချို့သော အေဂျင်စီများ၏ ဖော်ပြချက်တွင် “မြန်မာသံရုံးသို့ စလစ်ကြေး ၁၈၀၀ ဘတ်” ဟု ဖော်ပြနေကြကြောင်း တွေ့ရှိရသည်။ အဆိုပါ ဘတ် ၁၈၀၀ ကို မြန်မာသံရုံး (ဗန်ကောက်) သည်လည်းကောင်း၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) သည်လည်းကောင်း၊ အလုပ်သမားသံမှူးရုံး (ဗန်ကောက်) သည်လည်းကောင်း ဤလုပ်ငန်းစဉ်အတွက် ငွေကြေးကောက်ခံရန်မရှိ (မရှိ) ကြောင်း၊ မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံ၊ သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်မှုနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။

ထို့အတူ ၂% အခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ သီးသန့်ကောက်ခံခြင်းမပြုဘဲ နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ်အသစ်လဲလှယ်ချိန်တွင်သာ သတ်မှတ်နှုန်းထားများအတိုင်း ဗန်ကောက်ဘဏ်နှင့် 7/11 ဆိုင်များသို့ တိုက်ရိုက်ငွေပေးသွင်းရမည်ဖြစ်ပြီး၊ ပေးသွင်းပြေစာပြသ၍ စာအုပ်များ ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် သက်တမ်းကုန်ခါနီးဖြစ်သော CI စာအုပ်များအား အသစ်ပြုလုပ်ပေးနိုင်ရေးလုပ်ငန်းစဉ် စတင်နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ အလုပ်သမားဦးစီးဌာနနှင့် ညှိနှိုင်းထားရှိပြီးဖြစ်ကြောင်းလည်း မြန်မာသံရုံးက ပြောသည်။

အလားတူ အထောက်အထားမရှိသော မြန်မာလုပ်သားများ (နိုင်ငံကူးလက်မှတ်နှင့် CI မရှိသူများ) အတွက် ထိုင်းနိုင်ငံမှ ပန်းရောင်ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ဆောင်ရွက်ချိန်တွင် ယခင်နှစ်များကဲ့သို့ CI စာအုပ်ကိုပါ ပူးတွဲထုတ်ပေးနိုင်ရေး စီစဉ်သွားမည်ဖြစ်ကြောင်းနှင့် အကျိုးဆောင်အေဂျင်စီများအနေဖြင့် မရှင်းလင်းပါက မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ လာရောက်၊ သို့မဟုတ် ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။


#centralnewsnaypyitaw