ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
TikTok ကို အမေရိကန်မှာ ပိတ်ပင်ဖို့ နီးစပ်လာ
ဝါရှင်တန်၊ ဒီဇင်ဘာ ၇
TikTok ကို ယခုနှစ် ဇန်နဝါရီ ၁၉ ရက်နောက်ဆုံးထားပြီး အမေရိကန်မှာ ပိတ်သိမ်းမယ့်ကိစ္စ အယူခံကို တရားရုံးက ပယ်ချလိုက်တာကြောင့် TikTok အနေနဲ့ အမေရိကန်ကနေ ထွက်ခွာရဖို့ နီးစပ်လာပြီဖြစ်ပါတယ်။
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် ဇန်နဝါရီ ၂၀ ရက်မှာ ရာထူးတက်ဖို့ ပြင်ဆင်နေချိန်မှာ ဖြစ်နိုင်ခြေရှိတဲ့ ဒီပိတ်ပင်မှုအတွက် အမေရိကန်-တရုတ် ဆက်ဆံရေးအပေါ်လည်း ထိခိုက်လာနိုင်စေပါတယ်။ ဒီကိစ္စကို တရားရုံးချုပ်ထိ အယူခံဆက်ဝင်မယ်လို့ TikTok ကဆိုပါတယ်။
တရားရုံးချုပ်ဟာ အမေရိကန်တွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ကာကွယ်တဲ့ သမိုင်းဝင်မှတ်တမ်းတွေရှိပြီး ဒီလိုအရေးကြီးတဲ့ ဥပဒေဆိုင်ရာကိစ္စမှာ ယခင်လိုလုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်း TikTok ဘက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးခဲ့တဲ့ ဒီဥပဒေအရ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ကုမ္ပဏီအနေနဲ့ ဇန်နဝါရီ ၁၉ ရက်မတိုင်ခင် ဒီအက်ပလီကေးရှင်းကို မရောင်းချဘူးဆိုရင် အမေရိကန်ရှိ အက်ပလီကေးရှင်းစတိုးတွေနဲ့ ဝက်ဘ်ဆိုက်တွေကနေ သုံးလို့မရအောင် ပိတ်ပင်မှာဖြစ်ပါတယ်။
ဒါဟာ TikTok ကို တရုတ်အစိုးရက ထိန်းချုပ်ထားပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ဖြစ်သည်ဟု အမေရိကန်အာဏာပိုင်များက ပြောဆိုထားသော်လည်း ကုမ္ပဏီကမူ ကြိမ်ဖန်များစွာ ငြင်းဆိုထားပါတယ်။ လက်ရှိမှာတော့ အမေရိကန်မှာ TikTok သုံးစွဲသူ သန် ၁၇၀ ကျော်ရှိနေပါတယ်။
Ref:CNA
Photo:AP
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
တပ်မတော်၏ ကျေးဇူးကို မမေ့ရန် ဗိုလ်ချုပ်မှူးကြီးပြော
ဒီဇင်ဘာ ၇
တပ်မတော် ခေါင်းဆောင်ငယ်များ ဖြစ်လာစေရေး လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိ စစ်တက္ကသိုလ်၏ ကျေးဇူးကို မမေ့ရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်က ပြင်ဦးလွင်မြို့မှာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၆) သင်တန်း ဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကို တက်ရောက်ခဲ့ပြီး ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ယခုကဲ့သို့ ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရေး ငယ်စဉ်ကတည်းက ကျွေးမွေးပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများ၏ ကျေးဇူးများ၊ အသိပညာများရရှိစေရေး သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများ၏ ကျေးဇူးများကို သိတတ်ရန်နှင့် ကျေးဇူးဆပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အတူ ဗိုလ် လောင်း သင်တန်းလေးနှစ်တာကာလအတွင်း တပ်မတော်၏ ခေါင်းဆောင်ငယ်များ ဖြစ်လာစေရေး လေ့ကျင့် မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကျေးဇူးကိုလည်း မမေ့ရန်လိုကြောင်း” ပြောကြားခဲ့သည်။
မိဘများ၏စကားကို နားထောင်ခြင်း၊ မိဘကို စိတ်ချမ်းသာအောင်ထားရှိခြင်း၊ မိမိတတ်နိုင်သရွေ့ ကျွေးမွေး စောင့်ရှောက်ခြင်းတို့သည် မိဘကျေးဇူးကို ဆပ်ခြင်းပင်ဖြစ်သကဲ့သို့ မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ခြင်း၊ စစ်သား ကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံခြင်းအားဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ရ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
တာဝန်ထမ်းဆောင်ရာတွင်လည်း စစ်သားကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံရမည်ဖြစ်ပြီး နိုင်ငံတော် နှင့် တပ်မတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိကြသည့် နောင်တော်ကျောင်းဆင်း အရာရှိများ၊ စစ်သည် များထံမှလည်း ကောင်းမွန်သည့် အတွေ့အကြုံကောင်းများကို လက်ဆင့်ကမ်း သင်ယူကြရန်လိုကြောင်း၊ တပ်မတော်သားများသည် ပြည်သူကြားမှ ပေါက်ဖွားလာခြင်းဖြစ်ပြီး တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ကြောင့် မိမိကိုယ်ကို မိမိအဖွဲ့အစည်းနှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ ပေးအပ်သည့် တာဝန်များကို အောင်မြင်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် ၎င်းက ပြောသည်။
#centralnewsnaypyitaw
အပျိုလေးလို မိန်းမကိုယ်ကျန်းမာ ကျဥ်းပြီး အနံ့ဆိုးလည်း ကင်းနေတာ Daily Need သောက်ဆေးကြောင့်ပါ 💗
အိမ်ထောင်သည်တိုင်းအတွက် နံပါတ်တစ် အရွေးချယ်သင့်ဆုံး
- ရာသီမှန် ကျန်းမာစေတယ်
- အဖြူဆင်းသက်သာစေတယ်
- မိန်းမကိုယ်ကျဥ်းစေတယ်
- အနံ့ဆိုးကင်းစေတယ်
- အသားအရေလှစေတယ်
- ခန္ဓာကိုယ် လှစေတယ် စသဖြင့် အကျိုးကျေးဇူးတွေများစွာရရှိနိုင်တာကြောင့် အပျိုမလေးလို ကျန်းမာပြီး လှချင်ရင် Daily Need သောက်ဆေးကိုသာ ဆောင်ထားလိုက်တော့နော်။
မှာယူလိုပါက Message Box မှာသာ အမြန်ဆက်သွယ်လိုက်ပါ။
#dailyneed #သောက်ဆေး
Part_1
၇.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
Part_1
၇.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
Part_1
၇.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
Part_1
၇.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ