ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်လာနိုင်သူများကို ဘောလုံးကျွမ်းကျင်သူများ သုံးသပ်
အနာဂတ်မှာ အင်္ဂလန်အသင်းခေါင်းဆောင်သစ်ဖြစ်လာနိုင်သူတွေကို အင်္ဂလန်ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ အင်္ဂလန်အသင်းကို တိုက်စစ်မှူး ဟယ်ရီကိန်းက ဦးဆောင်နေပြီး ကိုင်ဝေါ်ကာက ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတာပါ။
အဲဒီကစားသမားတွေရဲ့ အသက်အရွယ်အရ အသင်းကနေ အနားယူရဖို့ နီးစပ်လာချိန်မှာ အနာဂတ် အသင်းခေါင်းဆောင် ဘယ်သူဆက်ခံနိုင်မလဲဆိုတာ ခန့်မှန်းသုံးသပ်ခဲ့ကြတာပါ။
အင်္ဂလန်ကစားသမားဟောင်းဖြစ်သူ ဂယ်ရီလိုင်နီကာကတော့ အသင်းခေါင်းဆောင်သစ်က ဘယ်လင်ဂမ်နဲ့ ဒက်ကလန်ရိုက်တို့ ဖြစ်နိုင်ပြီး ဘယ်လင်ဂမ်ကို ပိုပြီးသဘောကျတယ်လို့ ပြောပါတယ်။
နောက်ခံလူဟောင်း မီကာရစ်ချတ်ကတော့ ဘယ်လင်ဂမ်က မာနထောင်လွှားတဲ့သူဖြစ်ပြီး ဂျွန်စတုန်းစ်၊ ပစ်ဖို့ဒ်နဲ့ ဘူကာရို ဆာကာတို့ဟာလည်း အသင်းခေါင်းဆောင်နဲ့ ထိုက်တန်သူတွေ ဖြစ် ကြောင်း ပြောပါတယ်။
DVB
Photo-Reuters