အမျိုးသားနှစ်ဦး အရက်အတူတူသောက်ရာမှ ရန်ဖြစ်စကားများပြီး တစ်ဦးဓားခုတ်ခံရ
နေပြည်တော်၊ ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ညောင်ဖြူကျေးရွာ၊ ဒန့်ဒလွန်အုပ်စု၊ ဒေသအခေါ်(ရေငံမြောင်) လယ်တဲတွင် အမျိုးသားနှစ်ဦး အရက်အတူတူသောက်ရာမှ ရန်ဖြစ်စကားများပြီး တစ်ဦးဓားခုတ်ခံရ၍ ဒဏ်ရာရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၆ ရက် နေ့လည် ၃ နာရီ ၁၀ မိနစ်အချိန်တွင် မျိုးအောင်မှ ၎င်း၏လယ်တဲတွင် ဦးစိုး မြင့်တို့မှ အရက်အတူတူသောက်စားနေရင်း ရန်ဖြစ်စကားများရာ မျိုးအောင်မှ အရိုးအသွား (၂) ပေ (၃) လက်မ ခန့်၊ ဗျက် (၂) လက်မခန့်ရှိသည့် ထင်းခုတ်ဓားမဖြင့် ဦးစိုးမြင့်၏ လည်ပင်းကိုခုတ်ခဲ့ကြောင်း၊ ထိုဓားဖြင့်အခုတ်ခံ ရသည့် ဦးစိုးမြင့်၏ မိသားစုဝင်များမှ သတင်းရရှိသောကြောင့် ထိုဒဏ်ရာရရှိသူကို ပန်းတောင်းဆေးရုံကြီးမှတ စ်ဆင့် ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဓားခုတ်ခံရသည့် ဦးမြင့်စိုး၏ မိသားစုဝင်များမှ ကျူးလွန်သူမျိုးအောင်ကို ပန်းတောင်းမြို့မရဲစခန်းတွင် (ပ) ၂၀၀/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ခဲ့ကြောင်း၊ ထိုကျူးလွန်သူအမျိုးသားကို တာဝန်ရှိသူမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပန်းတောင်းမြို့မရဲစခန်းမှ သိရသည်။
Photo - Credit
#သတင်းဟင်းလေးအိုးကြီး
