Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရေထဲရှိ မိုက်ခရိုပလပ်စများကို ရာနှုန်းပြည့် နီးပါးဖယ်ထုတ်ပေးနိုင်မည့် ရေမြှုပ်တစ်မျိုးကို တရုတ်သုတေသီများ တီထွင်
တရုတ်သိပ္ပံပညာရှင်များသည် ရေထဲရှိ မိုက်ခရိုပလပ်စတစ်များကို ၉၉ ဒဿမ ၈ ရာခိုင်နှုန်းအထိ ဖယ်ရှားပေးနိုင်သည့် ရေမြှုပ်တစ်မျိုးကို တီထွင်ခဲ့ပြီး လူသားတို့၏ ကျန်းမားရေးကို အန္တရာယ်ဖြစ်စေသည်ဟု ယူဆရသည့် ပလပ်စတစ်အမှုန်များ၏ ညစ်ညမ်းမှုကို ဖြေရှင်းရာတွင် ကုန်ကျစရိတ်သက်သာသော နည်းလမ်းတစ်ခုကို ရရှိလိုက်သည်။
အဆိုပါ ရေမြှုပ်ကို Wuhan တက္ကသိုလ်၊ Wuhan ရှိ Huazhong သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၊ ရှန်ဟိုင်းရှိ Donghua တက္ကသိုလ်၊ နန်နင်းရှိ Guangxi တက္ကသိုလ်တို့မှ သုတေသီများက တီထွင်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂၉ ရက်တွင် ထုတ်ဝေသော Science Advances ဂျာနယ်တွင် သူတို့၏ တွေ့ရှိချက်များကို ထုတ်ဖော်ရေးသားခဲ့သည်။
စာတမ်းအရ သုတေသီများသည် ညစ်ညမ်းသော သို့မဟုတ် အဆိပ်အတောက်များကဲ့သို့ အခြားအရာများကို စုစည်းနိုင်သည့် ပစ္စည်းတစ်မျိုးဖြစ်ကာ စုပ်ခွက်များအဖြစ် အများအားဖြင့် အသုံးပြုလေ့ရှိကြသည့် ရေရှည်တည်တံ့သော ဇီဝဒြပ်စင်အမျိုးအစားနှစ်ခုဖြစ်သော chitin နှင့် cellulose တို့ကို ပထမဆုံး ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထို့နောက် သိပ္ပံပညာရှင်များသည် ပြည်ကြီးငါးအရိုးများမှ chitin နှင့် ဝါဂွမ်းမှ cellulose တို့ကို ထုတ်ယူခဲ့သည်။ ယင်း ပစ္စည်းနှစ်မျိုးကို Ct-Cel ဟုခေါ်တွင်သည့် အမြှုပ်တစ်ခုအဖြစ် ပေါင်းစပ်စေကာ ရေထဲရှိ မိုက်ခရိုပလပ်စတစ်များကို ဖယ်ရှားရာတွင် ထိရောက်မှုမြင့်မားကြောင်း သက်သေပြခဲ့သည်။
အမြုပ်သည် ပြင်းအားအမျိုးမျိုးပါဝင်သော ပလပ်စတစ်နမူနာများတွင်လည်း ရေထဲမှ polystyrene ကို ၈၉ ဒဿမ ၉ မှ ၉၉ ဒဿမ ၈ ရာခိုင်နှုန်းအထိ ဖယ်ရှားနိုင်သည်ဟု ဆိုသည်။
ထို့အပြင် polymethyl၊ methacrylate၊ polypropylene နှင့် polyethylene terephthalate အပါအဝင် အခြားပလပ်စတစ်များကိုလည်း ဖယ်ထုတ်ရာတွင်လည်း ထိရောက်ကြောင်း သက်သေပြခဲ့သည်။
အဆိုပါ ပလပ်စတစ်များကို ဖယ်ထုတ်ရာတွင် လေးလံသော သတ္ထု့များ၊ အဏုဇီဝသက်ရှိများနှင့် အော်ဂဲနစ်ညစ်ညမ်းပစ္စည်းများကဲ့သို့ အခြားအာရုံထွေပြားဖွယ်ရာအရာများ၏ တည်ရှိမှုကို ထိခိုက်မှုမရှိသလောက်နီးပါး စွမ်းဆောင်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံမီဒီယာ ပူးပေါင်းရိုက်ကူးမှု အစီအစဉ်များ မိတ်ဆက်
China Media Group(CMG)နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)တို့ ပူးပေါင်းကျင်းပသည့် တရုတ်-မြန်မာ နှစ်နိုင်ငံမီဒီယာ ပူးပေါင်းရိုက်ကူးမှု အစီအစဉ်များကို ယမန်နေ့ ဒီဇင်ဘာ (၇)ရက်က စတင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။
ယင်းမိတ်ဆက်ပွဲတွင် တရုတ်သို့ခြေဆန့်ခြင်း (China Walk) အစီအစဉ် စတင်ထုတ်လွှင့်ခြင်းလည်း ပါဝင်ပြီး ရန်ကုန်မြို့ ၊အလုံမြို့နယ် ၊ မင်းရဲကျော်စွာလမ်းရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ထိုမိတ်ဆက်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်လည်း တက်ရောက်ခဲ့ပြီး CMG နှင့် MRTV တို့ ပူးပေါင်းပြီး "စိမ်းလန်းတဲ့ စိုက်ခင်းကမ္ဘာ့" စိုက်ပျိုးရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်တွဲ အသစ်ရိုက်ကူးရေးကို ယခုပွဲတွင် ဆွေးနွေးကြမည်ဖြစ်၍ ကြိုဆိုပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား မီဒီယာကဏ္ဍဖွံဖြိုးတိုးတက်မှုအတွက် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမီဒီယာများဖြစ်သည့် CMG, CCTV, CRI, ကွမ်ရှီးတီဗွီ, YMG, ဆင်ဟွာ စသည့် သတင်းဌာနများနှင့် ရုပ်သံဇာတ်လမ်းတွဲများ အပြန်အလှန် ထုတ်လွှင့်ပြသခြင်းအစီအစဉ်များ ပူး ပေါင်းရိုက်ကူးခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်း စသည်တို့ကို ပူးပေါင်းဆောင်ရွက်လျက်လည်း ရှိနေသည်။
တည်ထောင်ပြီးစက်မှုဇုန်တွေကို အရွယ်အစား၊ အမျိုးအစား၊ အဆင့်အတန်း တစ်ပြေးညီသတ်မှတ်ဖို့ စက်မှုဝန်ကြီးနဲ့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေး
ဒီဇင်ဘာ ၈
တည်ထောင်ပြီးစက်မှုဇုန်များ အရွယ်အစား၊ အမျိုးအစား၊ အဆင့်အတန်း တစ်ပြေးညီသတ်မှတ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများ ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဆေးဝါးစက်ရုံ(အင်းစိန်)ရှိ ဆေးဝါးသမိုင်းပြခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ထိုသို့ တည်ထောင်ပြီးစက်မှုဇုန်များ၏ အရွယ်အစား၊ အမျိုးအစားနှင့် အဆင့်အတန်းခွဲခြားသတ်မှတ်ပြီး စက်မှုဇုန်အဖြစ် ပြန်လည်ကြေညာရမည်ဖြစ်ကြောင်းကို စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေတို့တွင် သတ်မှတ်ပြဋ္ဌာန်းထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကဆိုသည်။
အလားတူ တည်ထောင်ပြီးစက်မှုဇုန်များကို စက်မှုဇုန်အသစ်အဖြစ် ပြန်လည်ကြေညာနိုင်ရန်အတွက် စက်မှုဇုန်များ၏ မြေပြင်ပကတိအခြေအနေကို မဖြစ်မနေစိစစ်ရန် လိုအပ်မည်ဖြစ်သည့်အပြင် ဗဟိုကော်မတီ (၁/၂၀၂၄) အစည်းအဝေးတွင် “စက်မှုဇုန်များ၏ မြေပြင်အခြေအနေကိုသိရှိနိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တည်ထောင်ပြီး စက်မှုဇုန်များကို အပြန်အလှန်စစ်ဆေးရန် (Cross-Check)” ဆုံးဖြတ်ခဲ့သည်ဟုလည်း ပြောကြားသည်။
ထို့ကြောင့်ပင် တည်ထောင်ပြီးစက်မှုဇုန်များ၏ မြေပြင်ပကတိအခြေအနေများကို သိရှိစေရန်၊ စက်မှုဇုန်များ၏ အရွယ်အစား၊ အမျိုးအစား၊ အဆင့်အတန်းကို တစ်ပြေးညီသတ်မှတ်နိုင်ရေးတို့အတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ တည်ထောင်ပြီး စက်မှုဇုန်များကို တိုင်းဒေသကြီး/ပြည်နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ စစ်ဆေးနိုင်ရေးအတွက် စစ်ဆေးရမည့်အချက်အလက်များ (Check Lists) ကိုပြုစု၍ ဖြန့်ဝေပေးပြီးဖြစ်ကြောင်း၊ စက်မှုဇုန်များအား အပြန်အလှန်စစ်ဆေးခြင်းလုပ်ငန်းစဉ်များကို နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ အချိန်တစ်လသတ်မှတ်ပေးပြီး စစ်ဆေးစေခဲ့ကြောင်း၊ သက်ဆိုင်ရာ စက်မှုဇုန်များမှ စီမံခန့်ခွဲသူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် စက်မှုဇုန်များ၊ စက်မှုလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပွင့်ပွင့်လင်းလင်းဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များအခြေအနေများကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တည်ထောင်ပြီးစက်မှုဇုန်များ အပြန်အလှန်စစ်ဆေးနိုင်ရေးအတွက် စစ်ဆေးရမည့် အချက်အလက်များ(Check lists) ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများက စက်မှုဇုန်များ၏ အရွယ်အစား၊ အမျိုးအစားနှင့် အဆင့်အတန်းခွဲခြားသတ်မှတ်နိုင်ရေးအတွက် အပြန်အလှန်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆွေးနွေး၍ ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်ဟု သိရသည်။
#သတင်းဟင်းလေးအိုးကြီး
တောင်ကိုရီးယားသမ္မတကို ဖြုတ်ချမယ့် အဆိုရှုံးနိမ့်၊ ကာကွယ်ရေးဝန်ကြီးဟောင်းကို အစိုးရရှေ့နေတွေ ဖမ်းဆီး
ဒီဇင်ဘာ ၈
တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို လွှတ်တော်ကနေ စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ မဲခွဲမှုဟာ ပွတ်ကာသီကာနဲ့ ရှုံးနိမ့်ခဲ့ပြီး သမ္မတဟာ ဒီအဆိုကနေ လွတ်မြောက်သွားခဲ့ပါတယ်။
မနေ့က ညနေက ပါလီမန်မှာ သမ္မတကို စွပ်စွဲပြစ်တင်မယ့် ဥပဒေကြမ်းဟာ လိုအပ်တဲ့ မဲအရေအတွက် ၂၀၀ ထက် ငါးမဲလျော့နည်းခဲ့ပြီး အာဏာရ ပီပီပီ ပါတီအမတ် ရှစ်ဦးက ထောက်ခံမဲပေးရန် လိုအပ်ပေမယ့် အများအပြားကတော့ ဒီမဲပေးမှုကို သိပိတ်မှောက်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ယွန်းဆွတ်ခ်ယိုးလ်ဟာ တောင်ကိုရီးယားအတွက် အန္တရာယ်အများဆုံးလို့ပြောဆိုခဲ့ပြီး သူ့ပါတီအနေနဲ့ စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ ကြိုးပမ်းမှုတွေကို လက်လျှော့မှာမဟုတ်ဘူးလို့ အတိုက်အခံပါတီ လွှတ်တော်အမတ်တွေက ဆိုပါတယ်။
သမ္မတယွန်းဆွတ်ခ်ဆိုးလ်ဟာ ကွန်မြူနစ်မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပြည်တွင်းအဖျက်သမားတွေကို တားဆီးနိုင်ဖို့ဆိုကာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်လိုက်ပြီး နာရီပိုင်းအကြာမှာ ပြည်သူတွေနဲ့ လွှတ်တော်ရဲ့ ကန့်ကွက်မှုကြောင့် ပြန်လည်ဖျက်သိမ်းခဲ့ရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူထောင်ပေါင်းများစွာက သမ္မတနုတ်ထွက်ရေး ဆန္ဒပြတောင်းဆိုခဲ့ကြပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့တာကြောင့် အဆင်မပြေမှုတွေနဲ့ ထိတ်လန့်ခဲ့ရတာတွေအတွက် တောင်းပန်ကြောင်း ယွန်းဆွတ်ခ်ယိုးလ်က ရုပ်မြင်သံကြား မိန့်ခွန်းကနေ တောင်းပန်စကား ဆိုခဲ့ပါတယ်။
ဒီအတောအတွင်း ရာထူးကနေစွန့်သွားရတဲ့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ကင်ယောင်ဟွန်းကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့စုံစမ်းစစ်ဆေးဖို့ အစိုးရရှေ့နေတွေ စုံစမ်းစစ်ဆေးဖို့ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။
Ref:BBC
Photo:Getty Images
#centralnewsnaypyitaw
၂၀၂၅ ရွေးကောက်ပွဲကို နိုင်ငံတကာကို စောင့်ကြည့်လေ့လာခွင့်ပေးမယ်လို့ ရွေးကော်ဥက္ကဋ္ဌပြော
ဒီဇင်ဘာ ၈
လာမယ့် ၂၀၂၅ ခုနှစ်မှာ ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမှာ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို စောင့်ကြည့် လေ့လာခွင့် ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။
၂၀၁၅ ခုနှစ်မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲပုံစံအတိုင်း လေ့လာစောင့်ကြည့်ခွင့်ပေးသွားမှာ ဖြစ်တယ်လို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဒီဇင်ဘာ ၇ ရက်က နေပြည်တော်မှာ တွေ့ဆုံချိန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲကို ရွေးကောက်ပွဲကို တရုတ်နိုင်ငံက ထောက်ခံထားပြီး၊ ရုရှား၊ အိန္ဒိယနဲ့ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့က နည်းပညာအကူအညီပေးမယ်လို့ ထုတ်ပြောထားချိန်မှာ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ ပြောလာတာဖြစ်ပါတယ်။
အခုခွင့်ပြုမယ့်အထဲမှာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်တွေကိုစောင့်ကြည့်လေ့လာတာ၊ မဲလက်မှတ်တွေကို ရိုက်နှိပ်တာကို စောင့်ကြည့်လေ့လာတာ၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုတွေကို စစ်ဆေးတာနဲ့ ဆုံးဖြတ်တာတွေကို စောင့်ကြည့်လေ့လာတာတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။
ဦးကိုကိုကတော့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပြည်တွင်း၊ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တွေကို လေ့လာခွင့်ပဲပေးခဲ့ပြီး စောင့်ကြည့်ခွင့်မပြုခဲ့ဘူးလို့ သူက စွပ်စွဲပြောဆိုပြီး ၂၀၂၅ ရွေးကောက်ပွဲကို လေ့လာခွင့်ရော၊ စောင့်ကြည့်ခွင့်ပါပေးမယ်လို့ ပြောပါတယ်။
အဲဒီတွေ့ဆုံပွဲကို မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီ ၅၃ ပါတီက ဥက္ကဋ္ဌတွေနဲ့ ခေါင်းဆောင်တွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။
ဒီတွေ့ဆုံပွဲ မတိုင်ခင်တုန်းကတော့ ပါတီတွေဟာ အခုတွေ့ဆုံပွဲ မတိုင်ခင်တုန်းကတော့ နိုင်ငံရေးပါတီတွေဟာ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဥက္ကဋ္ဌတာဝန်ယူထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့လည်း တွေ့ဆုံထားပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်ဖို့ သင့်တဲ့သုံးသပ်ချက်တွေကို ပြဋ္ဌာန်းချက်တွေကို ဆွေးနွေးထားတယ်လို့ သိရပါတယ်။
#centralnewsnaypyitaw
အောင်ပန်းမှာ ကုန်စိမ်းပွဲတော် နှစ်ရက်ကြာ ကျင်းပမယ်
ဒီဇင်ဘာ ၈
တောင်သူတွေ ဈေးကွက်ကောင်း ရရှိစေဖို့ရည်ရွယ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မှာ ကုန်စိမ်းပွဲတော်ကို ဒီဇင်ဘာလ ၁၁ရက်ကနေ ၁၂ရက်အထိ ၂ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ ပွဲကျင်းပရေးတာဝန်ရှိသူတွေထံကနေ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှ စိုက်ပျိုးထွက်ရှိတဲ့ ငရုတ်၊ ကြက်သွန်နဲ့ ဂျင်း(ချင်း)သီးနှံကုန်စည်ပြပွဲကို အောင်ပန်းမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီပြပွဲကို ကလော၊ အောင်ပန်းနဲ့ ပင်းတယဒေသရှိ တောင်သူတွေအတွက် အဓိကကျင်းပခြင်းဖြစ်သလို တောင်သူတွေအနေနဲ့ အစုအဖွဲ့လိုက် ရောင်းဝယ်တတ်စေဖို့နဲ့ ဈေးကွက်ကောင်းတွေရရှိစေဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။
“အဓိကကတော့ ဒီကတောင်သူတွေက ဈေးကွက်ချိတ်ဆက်မှုအားနည်းတယ်။ ပြီးတော့ နယ်ဝေးကိုဆို ကုန်စည်တင်ပို့ဖို့ မဝံ့မရဲဖြစ်နေကြတာတွေ ရှိတယ်။ အခုထက်ပိုပြီး ကုန်စိမ်းတွေ၊ သီးနှံတွေ ဈေးကောင်း ရရှိလာစေဖို့နဲ့ ဈေးကွက်တစ်ခု ခိုင်ခိုင်မာမာရရှိလာစေဖို့ ဒီပွဲကိုကျင်းပပေးတာ ဖြစ်ပါတယ်”လို့ ပွဲကျင်းပရေးတာဝန်ခံတယောက်က ပြောပါတယ်။
အဲဒီပြပွဲမှာ ဝယ်ယူသူတွေအနေနဲ့ တောင်သူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်မယ့်အပြင် စိုက်ပျိုးသူတွေ အဆင်ပြေစေဖို့ ပြပွဲကို (၁၅) ရက် တစ်ကြိမ်ကျင်းပမှာဖြစ်ပြီး တောင်သူဈေးနဲ့အတူ ပွဲရုံ၊ ကုန်သည်၊ ကုန်စည်ဒိုင်တွေ ဈေးကောင်းရရှိစေဖို့ အခြေခံဈေးနှုန်းတွေ သတ်မှတ်ဝယ်ယူပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တောင်သူတွေအတွက် စိုက်ပျိုးနည်းပညာအပြင် ဒေသမျိုးသန့်မျိုးစေ့တွေ၊ ဆိုလာရေသွင်းစက်တွေ၊ မြေသြဇာတွေနဲ့ စိုက်ပျိုးစရိတ် ကြိုတင်ထုတ်ပေးတဲ့ ဝန်ဆောင်မှုတွေကိုပါ တနေရာတည်းမှာ ရရှိနိုင်မှာဖြစ်သလို ပြည်တွင်း၊ ပြည်ပ ဈေးကွက်တွေနဲ့လည်း အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local
#သတင်းဟင်းလေးအိုးကြီး
လောကကြီးကို အကြောတင်းတင်းနဲ့
ဖြတ်သန်းနေတဲ့ လူတယောက်ရဲ့အတိ!တ်မှာ
သူ့ကိုခေါင်းမထော!င်နိုင်အောင် ဖိနှိ!ပ်ခဲ့တဲ့ လက်တွေရှိတယ်...
ဘယ်တော့မှ ရင်မခုန်တတ်တော့တဲ့
အသည်းမာသူတယောက်ရဲ့ နောက်ကွယ်မှာ
သူ့အသည်းကို ပြန်ဆက်လို့မရအောင်
ခွဲခဲ့ဖူးတဲ့ သူတစ်ယောက်ရှိတယ်...
အရင်းနှီးဆုံးပါဆိုတဲ့ လူတွေကိုတောင်
မယုံကြည်ပေးနိုင်တဲ့ လူတယောက်ရဲ့
နောက်ကျောမှာ တချိန်က သူအရမ်းယုံခဲ့တဲ့သူတွေ
စိုက်ထားတဲ့ ဓားအပြည့်ရှိတယ်...
ခပ်ချေချေနေတတ်ပြီး လူတွေကို
အဖ!က်မလုပ်တတ်တဲ့ လူတစ်ယောက်ရဲ့အတိတ်မှာ
ကိုယ့်အကူအညီယူပြီးမှ အောင်မြင်သွားတဲ့
ကျေးဇူးကန်းတွေရှိတယ်...
တယောက်တည်း နေတတ်လာခြင်းရဲ့
နောက်ကွယ်မှာ သာပေါင်းညာစားပြီး ကောင်းချင်ယောင် ဆောင်ထားတဲ့ သူငယ်ချင်းကောင်းတွေ ရှိခဲ့ဖူးတယ်...
တကောင်တည်းနေတဲ့ ခြင်္သေ့ဆိုတာ
လွယ်လွယ်နဲ့ ဖြစ်လာတာတော့ မဟုတ်ဘူး...
လောကကြီးထဲမှာ ကိုယ့်အပေါ်
မကော_င်းတဲ့ သူတွေကို တို!က်ရင်းခို_က်ရင်း
သ_တ်ရင်းပု_တ်ရင်း ဖြတ်သန်းပြီးမှ ခြင်္သေ့ဖြစ်လာတာပါ။