Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အမေရိကန်က ယူကရိန်းကို ဒေါ်လာ ၁ ဘီလျံနီးပါး စစ်ရေးအကူအညီသစ် ကြေညာ
ဝါရှင်တန်၊ ဒီဇင်ဘာ ၉
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က ယူကရိန်းအတွက် ဒေါ်လာ ၁ ဘီလျံနီးပါး တန်ဖိုးရှိသည့် နောက်ထပ် စ-စ်ရေးအကူအညီသစ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၇ ရက်က ယူကရိန်းအား အကူအညီပေးမည့် အစီအစဉ် ကြေညာချိန်တွင် အော်စတင်က အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ နောက်တက်လာမည့် အစိုးရအဖွဲ့ကို ရည်ရွယ်သည့် မှတ်ချက်စကားများ ပြောကြားခဲ့သည်။
"လက်ဆင့်ကမ်းပြေးပွဲက မကြာခင် လာတော့မှာပါ တချို့သူတွေကတော့ သူတို့က ရှေ့မှာရောက်နေပြီလို့ ထင်ပါ လိမ့်မယ်။ သူတို့တွေဟာ ကျနော်တို့ လွန်ခဲ့တဲ့ ၄ နှစ်က တည်ဆောက်ခဲ့တဲ့ အင်အားပေါ်မှာ ဆက်လက် တည်ဆောက် သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု အော်စတင်က ထရမ့်အစိုးရအဖွဲ့ကို ရည်ညွှန်းပြောကြား ခဲ့သည်။
ဒေါ်လာ ၉၈၈ သန်း တန်ကြေးရှိသည့် ယခု စ-စ်ရေး အကူအညီသည် ဒီဇင်ဘာ ၂ ရက်က ကြေညာခဲ့သည့် ဒေါ်လာ ၇၂၅ သန်းတန်ကြေးရှိ စ-စ်ရေး အကူအညီနှင့်မတူဘဲ သီးခြားအကူအညီဖြစ်သည်။
ယခုနောက်ဆုံး ကြေညာခဲ့သည့် စ-စ်ရေး အကူအညီတွင် အမေရိကန်၏ HIMAR လက်နက်ကြီး စနစ်အတွက် ခဲယမ်းများနှင့် ဒရုန်းများ ပါဝင်သည်။
ရုရှားက ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး ယခုအချိန်အထိ အမေရိကန် က ယူကရိန်းကို ထောက်ပံ့ခဲ့သည့် စ-စ်ရေး အကူအညီသည် ဒေါ်လာ ၆၂ ဘီလျံအထိ ရှိလာခဲ့ပြီဖြစ်သည်။
အထူးသဖြင့် လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ အစိုးရအဖွဲ့သည် သက်တမ်းကုန်ရန် အချိန် နီးစပ်လာချိန်တွင် ယူကရိန်းကို စ-စ်ရေး အကူအညီများပေးရန် အင်တိုက်အားတိုက် လုပ်ဆောင်နေခြင်းဖြစ်သည်။
လာမည့်နှစ် ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် ထရမ့် လက်ထက်တွင် ယူကရိန်း အတွက် အမေရိကန်၏ စ-စ်ရေး အကူအညီသည် သေချာရေရာမှု မရှိနိုင်ကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ် နေသည်။
ထရမ့်ကလည်း ယူကရိန်းအတွက် စ-စ်ရေး အကူအညီများနှင့် နေတိုး အပါအဝင် အခြား စ-စ်ရေး မဟာမိတ်များ အတွက် သုံးစွဲနေသည့် ရန်ပုံငွေများကို ရပ်တန့်ပ-စ်မည်ဟု ခြိမ်း-ခြောက်ခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
ပုံ - အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
#သတင်းဟင်းလေးအိုးကြီး
~~~ အမှတ်တရ ~~~ { ၄ }
#ဂျူး
ဆေးကျောင်းသား ကျောင်းသူများ၏ ရုပ်ရည်ကို ကျွန်မက သုံးမျိုးသုံးစား ခွဲထား၏။ ချောမောလှပခြင်းနှင့် မဆိုင်ပါ။ တချို့ကျောင်းသားများသည် ကျောင်းသားဘ၀မှာကတည်းက ဆရာ၀န်ရုပ် ရှိနေတတ်၏။ တချို့ကျောင်းသားများသည် ဆရာ၀န်ဖြစ်ပြီးလျှင်တော့ ဆရာ၀န်နှင့် တူလာမည့်ရုပ်ရည် ရှိ၏။
တချို့ ကျောင်းသားများသည် ဆရာ၀န်ဖြစ်ပြီး သေသည့်တိုင်အောင် ဆရာ၀န်ရုပ် တစ်စက်မျှ ပေါက်မည်မဟုတ်။ ဤ သုံးမျိုးကို ကျွန်မက ဥပမာအဖြစ် ပြောပြဖူး၏။
ဥပမာ ပေါ့ဟာ ၊ ခင်သွယ်သိန်းကို ကြည့် ၊ သူဆိုရင် ဆရာ၀န် မဖြစ်သေးဘူး ၊ ဆရာ၀န်နဲ့ တူနေပြီ မဟုတ်ဘူးလား ၊ သူက နံပါတ် (၁) အမျိုးအစားထဲမှာ ၊ ဥပမာ နင်တို့ နှစ်ယောက် (ခင်စန်း၀င်း နှင့် မဌေး၀င်း တို့ကို ဆိုလိုပါသည်။) အခု ဆရာ၀န် ရုပ်မထွက်သေးဘူး ၊ ဒါပေမယ့် နင်တို့ ဆရာ၀န်ဖြစ်ရင်တော့ ဆရာ၀န်ရုပ် ထွက်လာတော့မှာ သေချာတယ် ။ အားကိုးချင်စရာ ပေါ့ဟယ် ။ နင်တို့က နံပါတ်(၂) အမျိုးအစား ဟ ။ ဒါဖြင့် နံပါတ်(၃) ကရောဟု မေးလိုက်တော့ နံပါတ်(၃) ကတော့ ငါပေါ့ဟယ် ။ အခုလဲ ဆရာ၀န်နဲ့ မတူဘူး ။ ဆရာ၀န်ဖြင့်လဲ တူမှာမဟုတ်ဘူး ။ ကျွန်မတို့ သုံးယောက်လုံး ရယ်မောမိကြသည်။
ယောကျာ်းတွေကျရောဟု မေးကြပြန်၏။ ကျွန်မက မျက်နှာ တည်တည်နှင့် ဖြေပါသည်။ အေး … ၀င်းမြင့်ထွန်းကတော့ ငါ့လိုပဲဟ။ ဆရာ၀န်ဖြစ်ပြီးလည်း ဆရာ၀န်နဲ့ တူမှာ မဟုတ်ဘူး။ (ခင်စန်း၀င်းက ကျွန်မကို မျက်စောင်းထိုးကာ မသိချင်ယောင် ဆောင်ထား၏။ ) အဲ … လှစိုးညွှန့်ကတော့ ဆရာ၀န် ဖြစ်ပြီးရင် ဆရာ၀န်ရုပ်ပေါက်လာမှာ သေချာတယ် ။
(မဌေး၀င်း စပ်ဖြဲဖြဲနှင့် ရယ်သည်ကို ကျွန်မ မသိချင်ယောင်ဆောင်ရပြန်၏။)
ဆရာ၀န် မဖြစ်ခင်ကတည်းက ဆရာ၀န်နဲ့ တူနေတာကတော့ ယောကျာ်းလေးထဲမှာ တစ်ယောက်တည်းရှိတယ်။ ‘ဘယ်သူတုန်း’ ပြိုင်တူမေးကြ၏။ ကျွန်မက ခပ်တည်တည် မျက်နှာထားဖြစ်အောင် ကြိုးစားလျက် မောင့်နာမည်ကို ဖြေလိုက်သောအခါ နှစ်ယောက်လုံးက ကျွန်မကို ဝိုင်းဆဲကြတော့သည်။
ကျွန်မ၏ တွယ်တာမြတ်နိုးမှုကို ပထမဆုံး မောင် ရိပ်မိသွားသောနေ့ကို ကျွန်မတို့ နှစ်ယောက်လုံး အမှတ်ထင်ထင် သတိရနေကြပါသည်။ တစ်သျှုးဗေဒ (ဟစ်စကိုလိုဂျီ) လက်တွေ့ခန်းမှာ ဖြစ်ပါသည်။ လူပေါင်း ၁၄၀ကျော်ရှိသည့်အတွက် အဖွဲ့ခွဲ၍ အခန်းနှစ်ခုမှာ စာသင်ကြရပါသည်။ ကံကောင်းထောက်မစွာ မောင့်နံပါတ်သည် ကျွန်မတို့၏ အဖွဲ့နှစ်ထဲသို့ ကပ်ပါလာခဲ့သည်။
ရုံးသုံး ကျွန်းစားပွဲခုံ အရှည်များကို တစ်ခုနှင့် တစ်ခု နီးကပ်စွာ ဆက်၍ ခုံတန်းရှည်ကြီး ဖြစ်အောင် လုပ်ထားပြီး ဘေးနှစ်ဘက် တစ်ဖက်တစ်ချက်စီတွင် တစ်တန်းစီ ၊ အလယ်တွင် တစ်တန်း အလျားလိုက် သုံးတန်းခွဲပြီး လက်တွေ့ လုပ်ကြရ၏။မောင်သည် ၀င်ပေါက်ဘက် မဟုတ်သော ပြတင်းဘက်နံရံက အတန်းတွင် ရှိပြီး ကျွန်မက အလယ်စားပွဲခုံတန်း ဖြစ်၏ ။ အဏုကြည့်မှန်ပြောင်း (မိုက်ကရိုစကုပ်များ) ကို ပြတင်းပေါက်များ ရှိသောဘက်သို့ လှည့်ထားသောကြောင့် မောင်သည် ပြတင်းပေါက်ကို မျက်နှာမူလျက် (ကျွန်မကို နောက်ကျောပေးလျက်) ရှိသည်။
ကျွန်မသည် အလယ်ခုံတန်း မောင့်နောက်တည့်တည့်မှ မောင်ရှိရာဘက်သို့ မျက်နှာမူလျက် (အခန်း၀င်ပေါက်များကို ကျောပေးလျက်) ရှိသည်။ ထိုနေ့က မောင်သည် ယောကျာ်းလေးတစ်ယောက်နှင့် မည်သို့မျှ မသက်ဆိုင်သော နီညိုရောင် အင်္ကျီလက်ရှည် ၊ အနက်ရောင် များသော နီညိုရောင် ဘောင်းဘီ တို့ကို ၀တ်ဆင်ထားခဲ့၏။
(ထို၀တ်စုံမှာ တတိယနှစ် အမ်ဘီရောက်သည့်အခါ ဖဲရှူံးသွား၏။) မောင်သည် ဆလိုက်ပြားကို ကြည့်နေရာမှ တစ်ချက်တစ်ချက် ခေါင်းငဲ့၍ ကျွန်မကို ပြန်ပြန်လှည့်ကြည့် နေပါသည်။ မောင် တစ်ချက် ကြည့်လိုက်တိုင်း ကျွန်မ နှလုံးသား ဒိတ်ခနဲ ဆောင့်ထိုးတတ်၏။ ကြာတော့ ကျွန်မ မျက်နှာပူနွေးလာပြီး မောင့်ကို မကြည့်ပဲ မိုက်ကရိုစကုတ်ကို သဲသဲမဲမဲ ကြည့်နေခဲ့၏။
ကျွန်မ အတော် အူကြောင်ကြောင် နိုင်၏။ ဆလိုက်ကို ကြည့်နေပြီး ဘာမှ မမြင်ရသည်မှာ ကျွန်မမျက်စိများ ရှက်စိတ်ဖြင့် ပြာနေသောကြောင့် ဟု ထင်ခဲ့၏။ အနည်းငယ် ရယ်မောစရာ ကောင်းသွားသော အဖြစ်အပျက်တစ်ခု ကံဆိုးစွာ မောင့်ရှေ့မှာ ဖြစ်ခဲ့သည်။
#ဆက်ရန်ရှိ
နေပြည်တော်ရှိ ပလပ်စတစ်စက်ရုံတွင်မီးလောင်မှုဖြစ်
ဒီဇင်ဘာ ၉
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပလပ်စတစ်စက်ရုံတစ်ရုံတွင် ယနေ့ ဒီဇင်ဘာ ၉ ရက်နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ပျဥ်းမနားအရန်မီးသတ်တပ်ဖွဲ့တို့ထံမှ သိရပါတယ်။
ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရှိ ပလပ်စတစ်စက်ရုံတွင်မီးလောင်မှုဖြစ်ပွားနေသဖြင့် ဗဟိုမီးသတ်စခန်း၊ ဥတ္တရခရိုင်/မြို့နယ်မီးသတ်စခန်း၊ ပျဉ်မနားမြို့နယ်မီးသတ်စခန်း၊ ရွာကောက်နယ်မြေမီးသတ်စခန်း၊ ပုဗ္ဗနယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကား(၈)စီးဖြင့် ပူးပေါင်းငြှိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့ကြောင့် မီးလောင်ချိန် ၂ နာရီခန့်အကြာ နံနက် ၈ နာရီ ၅ မိနစ်၌ မီးငြိမ်းသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။
PHOTO Credit
#centralnewsnaypyiyaw