သံမဏိစိုးလင်းဦးနဲ့ မွှေထိုင်း ဖိုက်တာ ဆက်ဆန်တို့ ဇန်နဝါရီလကုန်ပိုင်း ထိုးသတ်မည်
ဒီဇင်ဘာ ၉
ရိုးရာလက်ဝှေ့ကျော် သံမဏိစိုးလင်းဦးနဲ့ မွှေထိုင်း ဖိုက်တာ ဆက်ဆန်တို့ ဟာ ၂၀၂၅ ခုနှစ် ဇန်န၀ါရီ (၂၄)ရက်နေ့မှာ ထိုးသတ်သွားမယ်လို့ သိရပါတယ်။
ONE Friday Fight 170 ပွဲစဉ်မှာ ထိုးသတ်သွားမှာဖြစ်ပြီး စိုးလင်းဦးဟာ နိုဝင်ဘာ (၃၀) ရက်နေ့က ညပိုင်းက ယာဥ် မတော်တဆမှုကြောင့် ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့မှာတော့ ဆေးရုံ ပြန်လည်ဆင်းခွင့်ရရှိခဲ့ပြီး သူရဲ့ လူမှုကွန်ယက်မှာ “ ကျွန်တော် ဒီပွဲကို ပြန်ကစားသွားမှာပါ။ ကျွန်တော့်ကို အားပေးချစ်ခင်တဲ့ သူတွေရဲ့ ဆုတောင်းခြင်း ခွန်အားတွေနဲ့ အကောင်းဆုံး ယှဥ်ပြိုင်သွားပါ့မယ်လို့” ဒီဇင်ဘာ ၆ ရက်နေ့က ရေးသားထားတာကိုတွေ့ရပါတယ်။
စိုးလင်းဦးဟာ ONE ပွဲစဉ် တစ်လျှောက် (၄)ပွဲ ထိုး (၃)ပွဲနိုင် (၁)ပွဲရှုံး ရရှိထားတာပဲ ဖြစ်ပါတယ်။
#centralnewsnaypyitaw
