19 w - Translate

ဆရာကြီးရှင့်
ညီမ အမျိုးသားက ည အလုပ်ကနေ အိမ်ပြန်လာရင် ညီမကို နေ့တိုင်းရိုက်တယ် ဆရာ၊ ညီမကို အဆောင်လေး စီရင်ပေးပါ။
ရော့ - သူပြန်လာတာနဲ့ ဒီ ဓါတ်လုံးလေး ပါးစပ်မှာ တစ်နာရီတိတိ ငုံထားလိုက်၊
ဟုတ်ကဲ့ဆရာ။
တစ်ပါတ်လောက်အကြာမှာ -
ဆရာရယ် ၊ဆရာ့ ဓါတ်လုံးက အရမ်းစွမ်းတာဘဲ၊ စ ဆောင်တဲ့ နေ့က စပြီး အရိုက်မခံရတော့ဘူး။ ကျေးဇူးပါ။
အေး- ငါ့ ဓါတ်လုံးက စွမ်းတာ မဟုတ်ဘူး၊
သူပြန်လာတိုင်း နင်က ပြဿနာရှာနေလို့ အရိုက်ခံရတာ၊ ဓါတ်လုံးကို တစ်နာရီ ငုံထားတော့ ပြဿနာ မရှာနိုင်တော့လို့ အရိုက်မခံရတာ , ရှင်းပြီလား? ငါ့ဓါတ်လုံး ပြန်ပေးခဲ့၊ နောက်ဆို သူပြန်လာရင် ပါးစပ်လေးပိတ်ထား။
crd

image
19 w - Youtube

image
19 w - Translate

နောက်ဆုံးချိန်ထိ
မင်းပြင်ပေးမ မဟုတ်ရင်

image
19 w - Translate

10 Dec 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,370
USD Sell - MMK 4,470
EUR Buy - MMK 4,615
EUR Sell - MMK 4,735
SGD Buy - MMK 3,310
SGD Sell - MMK 3,380
THB Buy - MMK 129.87
THB Sell - MMK 133.33
JPY Buy - MMK 28.91
JPY Sell - MMK 29.68
MYR Buy - MMK 987
MYR Sell - MMK 1,013
CNY Buy - MMK 602
CNY Sell - MMK 619

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,835,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,200,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image

အဂတိလိုက်စားသူကို ပိုင်ဆိုင်မှုသိမ်းမည်ဟု နစကဥက္ကဋ္ဌပြော

ဒီဇင်ဘာ ၁၀

အဂတိလိုက်စားမှုကြောင့် ကြွယ်ဝချမ်းသာလာသည့် ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဂတိလိုက်စားမှုသည် လူ့ဘောင်လောကကို အရုပ်ဆိုး အကျည်းတန်စေပြီး ကောင်းမွန်သည့် လူမှုစီးပွားဘဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် မကောင်းမှု ဒုစရိုက်တစ်ခုပင် ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူံဘောင်လောကတွင် တရားမျှတမှု ပျောက်ကွယ်ပြီး နိုင်ငံတော်နှင့် အများပြည်သူကို ထိခိုက်စေကြောင်း၊ ထို့ပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်ကို ပျက်စီးစေရုံသာမက တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းမှုကိုလည်း ထိခိုက်စေနိုင်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

အဂတိလိုက်စားမှုပြဿနာသည် မိမိတို့နိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေသည့် ရောဂါဆိုးတစ်ခု ဖြစ်နေကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အစိုးရပိုင်များသာမက ပုဂ္ဂလိကပိုင်းနှင့် အမြတ်အစွန်း မဟုတ်သည့် အချို့ကုသိုလ်ဖြစ် လှူဒါန်းရေးအဖွဲ့များတွင်ပါ အမြတ်တွယ်လာနေသည့် ပြဿနာတစ်ခုဖြစ် ကြောင်း ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အဂတိလိုက်စားမှုဆိုသည်ကို သာမန်အားဖြင့် လာဘ်ပေး လာဘ်ယူမှုလောက်သာ ထင်မှတ်ကြသော်လည်း တကယ်တော့ လူ့ဘောင်လောကတွင် ကျယ်ပြန့်နက်ရှိုင်းသည့် မကောင်းမှုကြီးဖြစ်ကြောင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်း၊ ပြည်သူပိုင်ပစ္စည်း ငွေကြေးများကို ကိုယ်ကျိုးအတွက် မသင့်မလျော်သုံးစွဲခြင်း၊ မလျော်ဩ ဇာသုံးပြီး ကိုယ်ကျိုးအတ္တကိုရယူခြင်း စသည်များသည် အဂတိလိုက်စားမှုများပင် ဖြစ်ကြောင်း” ပြောသည်။
အဂတိလိုက်စားမှုကြောင့် ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများကို အားပေးခြင်းများ ဖြစ် ပေါ်လာစေကြောင်း၊ ထို့ပြင် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီစနစ်ကို ထိခိုက်စေခြင်းတို့ကို ဖြစ်စေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးတစ်ခု ရောဂါဆိုးကြီးတစ်ခုဟု ဆိုနိုင်ကြောင်း ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အဂတိလိုက်စားမှုနှင့် ကြွယ်ဝချမ်းသာလာမှုကြောင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် အတိအကျ ထည့်သွင်းပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှု ကျူးလွန်သူများကို တရားစွဲဆို အရေး ယူရုံသာမက အဂတိလိုက်စားမှုကြောင့် ကြွယ်ဝချမ်းသာလာသည့် ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်းကို ဥပဒေနှင့်အညီ တိတိကျကျ ထိရောက်အောင် ဆောင်ရွက်ကြရန် လိုအပ်သည်”ဟု ပြောသည်။

အဂတိလိုက်စားမှုကို ပြည်သူလူထုက အလွန်မုန်းတီးကြသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ က ပြည်သူ့အသံကို နားထောင်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူကိုင်တွယ်မည်ဆိုပါက ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ပုံ - အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ နစကဥက္ကဋ္ဌကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

တရုတ်နှင့်ရုရှား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာ

ဘေကျင်း၊ ဒီဇင်ဘာ ၁၀

ရုရှားက တရုတ်နိုင်ငံလုပ် ပရိဘောဂပစ္စည်း အစိတ်အပိုင်းများအပေါ် အခွန် ၅၅ ဒသမ ၆၅ ရာခိုင်နှုန်း ကောက်ခံ ခဲ့သဖြင့် နှစ်နိုင်ငံအကြား အကန့်အသတ်မရှိသည့် မိတ်ဖက်ဆက်ဆံရေးအပေါ် မေးခွန်းများ ထုတ်လာခဲ့ကြသည် ဟု Asia Times မှ ဖော်ပြခဲ့သည်။

ရုရှား၏ အရှေ့ဖျား ဗလာဒီဗော့စတော့ (Vladivostok) မြို့၏ အကောက်ခွန်ဌာနသည် ဆွဲတံခါး ဘေးဘောင် အစိတ်အပိုင်းများကို အမျိုးအစား ပြန်လည်သတ်မှတ် ခွဲခြားခဲ့ပြီး ထိုပစ္စည်းများကို ယခင်က အခွန်မကောက်ခံ ခဲ့ရာမှ ၂၀၂၄ ခုနှစ် နွေဦးရာသီကတည်းက အခွန်ကို ၅၅ ဒသမ ၆၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့သည်။

ရုရှားနိုင်ငံအတွင်းသို့ တင်ပို့သည့် တရုတ်၏ ပရိဘောဂပစ္စည်း အစိတ်အပိုင်း စုစုပေါင်း အနက် ၉၀ ရာခိုင်နှုန်းကို ထိုမြို့မှ တင်ပို့ခြင်းဖြစ်သည်။

ရုရှား၏ ပြည်တွင်းစျေးကွက် ကာကွယ်ရေး အစီအစဉ်ကို နိုဝင်ဘာ ၂၆ ရက်တွင် Forbes မဂ္ဂဇင်းက ပထမဆုံး အကြိမ် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရုရှားပရိဘောဂ ကုမ္ပဏီဖြစ်သည့် Almaz ၏ ဥက္ကဋ္ဌ ဆာဂျေ ဇမီယက်ဗ်စကီး (Sergey Zmievsky) ကလည်း ဆွဲတံခါး ဘေးဘောင်း အစိတ်အပိုင်းများသည် မီးဖိုချောင်သုံး ပရိဘောဂ ပစ္စည်းများ၏ ကုန်ကျစရိတ် စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းရှိကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ စည်းကြပ်ခွန် တိုးမြှင့်ခြင်းသည် ပရိဘောဂပစ္စည်း အစိတ်အပိုင်းများကို ဝယ်ယူတင်သွင်းသည့် ရုရှား ကုမ္ပဏီများကို ငွေကြေးအရ ထိခိုက်နစ်နာ စေမည်ဖြစ်ပြီး ပြည်တွင်း ပရိဘောဂ ထုတ်လုပ်ရေး စျေးကွက်အတွက် ကုန်ကျစရိတ် ၁၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်စေကြောင်း ပရိဘောဂနှင့် သစ်လုပ်ငန်းများအဖွဲ့ချုပ် (AMDPR) က ပြောကြားခဲ့သည်။

အချောသတ်ထားသည့် ပရိဘောဂ အစိတ်အပိုင်းများ ဝယ်ယူတင်သွင်းမှုတွင် စည်းကြပ်ခွန် ၉ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းရှိပြီး လက်ရှိတွင် အမြတ်ပိုများရန် ထိုပရိဘောဂ အစိတ်အပိုင်းများကို ပြည်ပမှ မမှာယူတော့ဘဲ ပြည်တွင်းတွင် ထုတ်လုပ်နေသည်ဟု AMDPR ဥက္ကဋ္ဌ အလက်ဇန္ဒား ရှီစတာကော့ဗ် (Alexander Shestakov) က ပြောကြားခဲ့သည်။

နှစ်စဉ် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံထိ တန်ဖိုးရှိသည့် ပြည်ပမှ မှာယူသော ပရိဘောဂ အစိတ်အပိုင်းများအနက် စည်းကြပ်ခွန်တိုးမြှင့်မည့် စာရင်းတွင် ပါဝင်သည့် ပစ္စည်းများသည် ပြည်တွင်းတွင် မထုတ်ဘဲ၊ အများစုကို တရုတ်မှ တင်သွင်းခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

တရုတ်ကုမ္ပဏီများကလည်း ဗလာဒီဗော့တော့မြို့၏ စည်းကြပ်ခွန်ကောက်ခံမှု စည်းကမ်းအသစ်သည် တရုတ်၏ ပို့ကုန်လုပ်ငန်းများကို ထိခိုက်နစ်နာစေကြောင်း၊ ရုရှားသည် ဥရောပမှ တင်သွင်းသည့် အလားတူ ကုန်ပစ္စည်းများ ကိုမူ ၁၀ ရာခိုင်နှုန်းသာ စည်းကြပ်ခွန် ကောက်ခံကြောင်းနှင့် တရားမျှတမှုမရှိကြောင်း ပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံပိုင် မီဒီယာက တစ်စုံတစ်ရာ မှတ်ချက်ပြု ဖော်ပြခဲ့ခြင်းမရှိပေ။

Source: Asia Times

ပုံ - တရုတ်မှ တင်သွင်းသော ကုန်ပစ္စည်းများကိုတွေ့ရစဉ်

#centralnewsnaypyitaw

image
19 w - Translate

လောကကြီးကို အရှုံးမပေးဘဲ မုန့်ခေါပြင် ရောင်းနေတဲ့ အသက်(၁၀၁) နှစ်အရွယ် ဖွားဖွားဒေါ်စာဉ
ကိုယ့်ခံစားချက်နဲ့ကိုယ် ဈေးရောင်းတာ သူများတွေက သားသမီးတွေ ရှိလျက်နဲ့ ဈေးရောင်းနေတယ် ပြောကြတယ် မဆိုင်ပါဘူး သားသမီးတွေကလည်း အဖွားကို ဈေးမရောင်းစေချင်လို့ အိုးတွေခွက်တွေ ဖွက်ထားကြတယ် အဖွားကသောင်းကျန်းထားလို့ ဈေးမရောင်းရရင် နေမကောင်းကဖြစ်လာရော အဖွားနေကောင်းသရွေ့ အသက်ရှင်နေသရွေ့တော့ ဈေးရောင်းနေဦးမှာပါလို့ ပြောလာတဲ့ အသက် (၁၀၁)နှစ်အရွယ် အဖွားဒေါ်တင်လှ (ခ) ဒေါ်စာဉ

#crd

image
19 w - Translate

တကယ်ကိတ်၊ တကယ်ထိရောက်မှုရှိတဲ့ ကိတ်ဖြူကော်လဂျင်နဲ့သာဆို ပစ္စည်းပြတ်လောက်အောင် ရောင်းကောင်းဖူးသွားမှာ... ယုံနော် 💁
ရောင်းသူရော ဝယ်သူရော ပျော်စေတဲ့ Daily Need Collagen
ကိတ်လည်း ကိတ်၊ ဖြူလည်းဖြူတဲ့ Effect နှစ်မျိုးလုံးကို ထိထိမိမိလေးပေးနိုင်လို့ အလုအယက်ဝယ်ယူနေကြတာပေါ့ရှင်။
Thai FDA နဲ့ အခြားနိုင်ငံတကာအသိအမှတ်ပြု Certificate များရရှိထားပြီး နေ့တိုင်း ပုံမှန်သောက်ပေးရုံနဲ့ မိန်းမသားတစ်​ယောက်အတွက် ကျန်းမာပျော်ရွှင်ခြင်းတွေ ပြီးပြည့်စုံစေမှာ Daily Need Collagen ပါ 💕
#dailyneed #collagen #ကိတ်ဖြူကော်လာဂျင်

image

လက်နက်သယ်လာတဲ့ ကိုးကန့်တပ်ကား မီးလောင်ပေါက်ကွဲလို့ ငါးယောက်သေ

ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံနဲ့ သိန္နီလမ်းပိုင်းမှာ ဒီဇင်ဘာလ ၈ရက်၊ နေ့လည်ပိုင်းအချိန်က လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ ကိုးကန့်တပ်ရဲ့ ကားတစီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ငါးယောက်သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းဌာန ဝ လူငယ့်အသံထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်၊ နေ့လည် ၁၂ နာရီ ၂၆ မိနစ်ဝန်းကျင်က ကိုးကန့်တပ်ရဲ့ ကားတစီးဟာ ကွမ်းလုံနဲ့ သိန္နီ လမ်းမပေါ်ရှိ နားတီးဂိတ်မှာ မီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပြီး ကားပေါ်မှာ လူ သုံးယေက်၊ ဂိတ်အနီးရှိ လူနှစ်ယောက် သေဆုံးခဲ့သလို ကားပေါ်ပါ တယောက်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“သတင်းကတော့ ကြားရတယ်။ ဘာမှထုတ်ပြန်လာတာ မတွေ့ရသေးဘူး။ ငါးယောက်သေတာကတော့ သေချာပါတယ်။ ကျန်တယောက်ကလည်း အသက်အန္တရာယ်စိုးရိမ်ရတယ်”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။

မီးလောင်ပေါက်ကွဲတဲ့ ဖြစ်စဥ် ဖြစ်ပွားပြီးနောက် ကွမ်းလုံ၊ သိန္နီ ၊ ဟိုပန်တကြောဘက်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့ပြီး လားရှိုးတက်မယ့်ကားတွေကိုလည်း လမ်းခရီး တောက်လျောက် ဖြတ်သန်းသွားလာခွင့်မပြုဘူးလို့ ကားသမားနဲ့ ခရီးသည်တွေက ဆိုပါတယ်။

အဲဒီလမ်းပိုင်းကို ကိုးကန့် တပ်မတော် - MNDAAက ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ဆေးမှုတွေကိုတော့ တင်းကြပ်ထားသလို ကိုးကန့် တပ်မတော် - MNDAAက ကင်းလှည့်တာတွေ၊ ကုန်စည်သယ်ဆောင်တာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-WLN

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image