image
image
image

တေလာဆွိဖ်ဖျော်ဖြေရေးခရီး ဝင်ငွေအမြင့်ဆုံးအဖြစ် ဒေါ်လာသန်း ၂,၀၀၀ ကျော်ရ

ဒီဇင်ဘာ ၁၀

တေလာဆွိဖ်ရဲ့ Eras Tour ဖျော်ဖြေပွဲက ၂၀၂၄ ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ သန်း ၂,၂၀၀ နီးပါး ရရှိခဲ့ပြီး နှစ်နှစ်ဆက်တိုက် ကမ္ဘာ့အဝင်ငွေအများဆုံး ဖျော်ဖြေပွဲ ဖြစ်သွားတယ်လို့ အချက်အလက်‌ကောက်ယူဖော်ပြတဲ့ Pollstar ရဲ့ ၂၀၂၄ နှစ်ကုန်ပိုင်း စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က တေလာဆွိဖ်ရဲ့ အထူးအောင်မြင်တဲ့ Eras Tour ဖျော်ဖြေရေးခရီးစဉ်က ဒေါ်လာသန်းထောင်ချီပြီး ဝင်ငွေရတဲ့ ပထမဆုံး ဖျော်ဖြေပွဲ ဖြစ်ခဲ့တာပါ၊ ဒီစံချိန်ကို ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ နောက်ဆုံးပွဲကျင်းပအပြီး နောက်တနေ့ မနက်မှာ ကြေညာခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုမှာ ဝင်ငွေဒေါ်လာ သန်း ၁,၀၄၀ ( ဘီလျံနဲ့ဆိုရင် ၁.၀၄ ဘီလီယံ) ရရှိခဲ့ပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ဒေါ်လာ ၂.၁၉ ဘီလီယံ .. ဒေါ်လာသန်း ၂,၂၀၀ နီးပါး ရခဲ့တာပါ။ Pollstar ရဲ့ အချက်အလက်တွေက ၂၀၂၃ နိုဝင်ဘာကနေ ၂၀၂၄ ဒီဇင်ဘာအထိ လက်မှတ်အရောင်းစာရင်း၊ ပွဲကြည့်ခန်းမ လူဝင်ဆံ့မှု ခန့်မှန်းချက်၊ ယခင်က လက်မှတ်အရောင်းစာရင်းတွေနဲ့ တခြားသုတေသန အချက်အလက်တွေကို စုစည်းထားတာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ သမိုင်းဝင်ဖြစ်ရပ်တခု ဖြစ်ပျက်နေတာကို လက်တွေ့မြင်နေကြရတာပါ။ တေလာဆွိဖ်နဲ့ Eras Tour က တိုက်ကြီး ၅ ခုမှာ အချိန်ကာလ တနှစ်ခွဲကျော် စုစုပေါင်း ၂၁ လအတွင်း ပရိသတ် ၁၀ သန်းနီးပါးရှေ့မှာ ဖျော်ဖြေပြသွားခဲ့တာက အရင်က မရှိဘူးတဲ့ အထူးခြားဆုံး ဖြစ်ရပ်ဖြစ်ပါတယ်။ သူ့ပွဲကနေ ဒေါ်လာ ၂.၂ ဘီလျံ နီးပါး ဝင်ငွေရှာနိုင်ခဲ့တာ သမိုင်းမှာ ငွေအများဆုံးရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအများဆုံးငွေဝင်တဲ့ ပွဲမှာရတာထက် ၂ ဆနီးပါး များပါတယ်" လို့ Pollstar နဲ့ VenuesNow အယ်ဒီတာချုပ် Andy Gensler က ပြောပါတယ်။

"ဒီလုပ်ငန်းမှာရှိတဲ့ ကန့်သတ်ချက်တွေကို ဘောင်ချဲ့ပေးနိုင်တဲ့ ဥပမာလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာ ဂီတရယ် လူ့ဘောင်အသိုင်းအဝိုင်းရယ် ဘဝရဲ့ အကောင်းဆုံးအတွေ့အကြုံဆိုတာရယ်တွေကို ပေါင်းစပ်ပြီး တကမ္ဘာလုံးက ပရိသတ်တွေဆီ အရောက်သယ်ဆောင်သွားနိုင်ခဲ့ပါတယ်" လို့လည်း သူက ပြောပါတယ်။

ဂီတဖျော်ဖြေပွဲ သမိုင်းမှာ ဒုတိယအများဆုံး ဝင်ငွေရတဲ့ပွဲကတော့ လက်ရှိကျင်းပနေဆဲ Coldplay ရဲ့ "Music of the Spheres" ဖျော်ဖြေရေးခရီးဖြစ်ပြီး ဒေါ်လာ ၁.၁၄ ဘီလီယံ ရရှိထားတာပါ။ သူတို့က ၂၀၂၅ နှစ်သစ်ထဲမှာလည်း ဆက်ပြီးဖျော်ဖြေနေဦးမှာပါ။ Coldplay အဖွဲ့က လက်မှတ် စုစုပေါင်း ၁၀ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး တေလာဆွိဖ်ရဲ့ "Eras Tour" က ၁၀ သန်းနီးပါး ရောင်းချခဲ့လို့ တကိုယ်တော် အဆိုတော်တွေထဲမှာ လက်မှတ်အရောင်းရဆုံး စံချိန်တင်သွားပါတယ်။

📸 ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ကျင်းပတဲ့ တေလာဆွိဖ်ရဲ့တကိုယ်တော်ဖျော်ဖြေပွဲ "The Eras Tour," (ဒီဇင်ဘာ ၆၊ ၂၀၂၄)

#သတင်းဟင်းလေးပးအိုးကြီး

image
image
image
image

နာဂဒေသက ရွေး‌ကောက်ပွဲကို စိတ်ဝင်စားမှုရှိဟု နာဂအမျိုးသားပါတီတာဝန်ရှိသူပြော

ဒီဇင်ဘာ ၁၀

လာမည့် ၂၀၂၅ ခုနှစ်တွင် ကျင်းပမည်ဟု ပြောကြားနေသည့် ရွေးကောက်ပွဲအား နာဂဒေသမှ ပြည်သူများသည် စိတ်ဝင်စားမှုများရှိနေကြောင်း နာဂအမျိုးသားပါတီ (NNP) ဥက္ကဋ္ဌ ဦးရှုမောင်က ပြောသည်။

၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ သေချာပေါက် ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီ ၅၃ ပါတီမှ ကိုယ်စားလှယ်များ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က UEC ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့သည်။

လာမည့် ရွေးကောက်ပွဲသည် ပိုကောင်းသည့် အခင်းအကျင်းတစ်ခု သို့မဟုတ် ပိုကောင်းသည့် အခြေအနေတစ်ခု ဖြစ်လာစေမည်လားဆိုကာ နာဂတိုင်းရင်းသားများမှ မျှော်လင့်နေကြပြီး စိတ်ဝင်စားမှုများရှိနေကြောင်း နာဂအမျိုးသားပါတီ (NNP)ဥက္ကဋ္ဌ ဦးရှုမောင်က ပြောသည်။

၎င်းက “နိုင်ငံရေးအနေနဲ့ကတော့၊ နိုင်ငံရေးအနေနဲ့ဆိုတာ နိုင်ငံရေးဆိုတာ ရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ နိုင်ငံရေး က တိုက်ပွဲဖြစ်နေတယ်ဆိုတော့ နိုင်ငံရေးက တစ်တိုင်းတစ်ပြည်လုံးဖြစ်တော့ နိုင်ငံ‌ရေးက သေနေသလို ဖြစ်တာ ပေါ့ဗျာ၊ စစ်ရေးစစ်ရာထဲမှာပဲ ဖြစ်နေတဲ့ အနေအထားမျိုးဆိုတော့ အဲဒီသဘောသဘာဝ ကျနော်တို့ဆီမှာလည်း သက်ရောက်တာပေါ့။ သို့သော်ငြားလည်း အခုက ရွေးကောက်ပွဲလုပ်မယ် ဘာညာဆိုတဲ့ အနေအထားမျိုးတွေ ရှိလာတယ်၊ ရှိလာတဲ့ အခြေအနေတစ်ခုမှာ ပြည်သူတွေက စိုးရိမ်ပူပန်မှုနဲ့ အမြဲတမ်း စိတ်ဆင်းရဲပြီး နေနေရတာ ထက်စာရင်တော့ နိုင်ငံရေးထွက်ပေါက် တစ်ခုအနေနဲ့ တိုင်းပြည်ရဲ့ အခြေအနေတစ်ခုက ပိုပြီးတော့ ကောင်းတဲ့ လမ်းကြောင်းဘက်ကို ရောက်သွားနိုင်မလားဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ စိတ်ဝင်စားတာမျိုးတွေရှိတယ်၊ စိတ်ဝင်စား တာမျိုးတွေ ရှိတယ်ဆိုတာ ထောက်ခံတယ်၊ ကန့်ကွက်တယ် ဆိုတာမျိုးကို ဆိုလိုတာမဟုတ်ဘူး၊ ပိုကောင်းတဲ့ အခင်းအကျင်းတစ်ခု ပိုကောင်းတဲ့ အခြေအနေတစ်ခု၊ ဒီဟာကြီးက ဘယ်တော့ပြီးဆုံးမလဲ၊ ပြီးဆုံးမဲ့ အရာတစ်ခု အတွက် လမ်းစတစ်ခုများ ဖြစ်လာမလားဆိုတဲ့ သဘောထား အမြင်လေးတွေနဲ့ စဥ်းစားတွေးခေါ် နေကြတဲ့ နိုင်ငံရေးပုံစံမျိုးတော့ ရှိပါတယ်ဗျ” ဟု ပြောသည်။

နာဂတောင်တန်းဒေသသည် ပြည့်စုံမှုမရှိသည့် နယ်မြေတစ်ခုဖြစ်ပြီး ကျောင်းဆရာ/ဆရာမ မလုံလောက်မှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ အခွန်များ ကောက်ခံမှု၊ ကုန်စည်စီးဆင်းမှု နှောင့်နှေးနေခြင်းများဖြင့် ရင်ဆိုင်နေကြရသည်။

ပြည်မမှ တိုင်းရင်းသား နယ်မြေများသို့ ကုန်စည်စီးဆင်းမှုများသည် နှောင့်နှေးနေပြီး ကုန်ပစ္စည်းတစ်ခုရောက်ဖို့ အနည်းဆုံး ၆ လခန့် ကြာမြင့်ကြောင်း၊ ထို့ကြောင့် နာဂဒေသအနေဖြင့် ရှင်သန်ရပ်တည်နိုင်ရန် ထွက်ပေါက်တစ်ခု အဖြစ် အိန္ဒိယနိုင်ငံကိုသာ အားကိုးနေရကြောင်း သိရသည်။

လက်ရှိတွင် အိန္ဒိယမှ နယ်စပ်ဂိတ်(ပန်ဆောင်)များ ပြန်လည်ဖွင့်လှစ်လိုက်၍ နာဂဒေသ အနေဖြင့် ကြိုဆိုကြောင်း၊ ရေရှည်အကျိုးစီးပွားလည်း ဖြစ်ထွန်းနိုင်ကြောင်း၊ သို့သော် လွတ်လပ်စွာ ကုန်စည်စီးဆင်းခွင့်နှင့် လုံခြုံရေးထိခိုက်မှု များအား သတိပြုရမည်ဖြစ်ကြောင်း၊ လက်ရှိ နာဂဒေသတွင် စစ်‌ရေးလှုပ်ရှားမှုများ၊ တိုက်ပွဲများမရှိသေးသော် လည်း စိုးရိမ်ပူပန်မှုများ ပြည်သူများတွင် ရှိနေကြကြောင်း နာဂအမျိုးသားပါတီ (NNP) ဥက္ကဋ္ဌ ဦးရှုမောင်က ပြောသည်။

၎င်းက “နာဂဒေသက လောလောဆယ်တော့ စစ်ရေးလှုပ်ရှားမှုတွေတော့ တိုက်ပွဲ အနေအထားတွေတော့ ဒီလိုတော့မရှိပါဘူး၊ ဒါပေမယ့် တိုက်ပွဲမရှိတော့ လောလောဆယ်တော့ ကျနော်တို့ ငြိမ်းချမ်းသေးတယ်လို့ ပြောလို့ ရတာပေါ့နော်၊ အဲလိုတော့ရှိတယ်။ သို့သော်ငြားလည်း ဒီဘယ်နေ့ဘယ်ချိန်မှာပဲ ကျနော်တို့ဆီ တိုက်ပွဲတွေ ဖြစ်လာ မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ပြည်သူတွေကြားမှာတော့ ရှိပါတယ်။ အဲလိုမျိုးရှိတယ်၊ နောက်ကျန်တဲ့ ဟာတွေက တော့ ပုံမှန်လည်ပတ်နေတဲ့ နယ်မြေတစ်ခု အဲလိုတော့ ‌ပြောလို့ရပါတယ်” ဟု ပြောသည်။

ပြည်သူများ၏ လုံခြုံမှုကင်းမဲ့နေသည့် အခြေအနေ၊ စားဝတ်နေရေး၊ ကုန်စျေးနှုန်း၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း အားလုံးသည် ရွေးကောက်ပွဲမှ ပေါ်ထွန်းလာမည့် အစိုးရအနေဖြင့် အာဏာခွဲဝေမှု ပုံသဏ္ဍာန် ပြန်ပေါ်လာလျှင် ဆက်လက်ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများက ပြောသည်။

၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနိုင်ရသည့်ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။

ပုံ - ဦးရှုမောင်ကို တွေ့ရစဥ်

#centralnewsnaypyitaw

image
image
image
19 w - Translate

List of 20 websites where you can download unlimited books for free:
1. Planet eBook
2. Free-eBooks. net
3. ManyBooks
4. Librivox
5. Internet Archive
6. BookBub
7. Open Library
8. BookBoon
9. Feedbooks
10. Smashwords
11. Project Gutenberg
12. Google Books
13. PDFBooksWorld
14. FreeTechBooks
15. Bookyards
16. GetFreeBooks
17. eBookLobby
18. FreeComputerBooks
19. LibriVox
20. ManyBooks
Thank me Later

image
19 w - Youtube

19 w - Translate

WTF bro

image
19 w - Translate

ငါးကောင်တို့အတွက် 😁

image
19 w - Translate

ဖီနာဘာချီအသင်းတွင် စီရော်နယ်ဒိုကို ခေါ်ယူရန် မလိုအပ်ဟု နည်းပြမော်ရင်ညို ပြော

ဖီနာဘာချီအသင်းမှာ စီရော်နယ်ဒိုကို ခေါ်ယူဖို့ မလိုအပ်ကြောင်း နည်းပြမော်ရင်ညိုက ပြောသွား ပါတယ်။

စီရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးချိန်မှာ တူရကီ ကလပ် ဖီနာဘာချီဆီ ပြောင်းရွှေ့နိုင်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

အဲဒီသတင်းတွေအပေါ် ဖီနာဘာချီ နည်းပြမော်ရင်ညိုက ဖြေရှင်းခဲ့ပြီး စီရော်နယ်ဒိုကို ခေါ်ယူဖို့ မလိုအပ်ကြောင်း ပြန်လည်ဖြေကြားခဲ့တာပါ။

အသင်းမှာ တိုက်စစ်မှူး ၃ ယောက် ရှိပြီးသားဖြစ်တဲ့အတွက် စီရော်နယ်ဒို ပြောင်းရွှေ့လာမှာမဟုတ်သလို တခြားတိုက်စစ်မှူး ခေါ်ယူဖို့လည်း မရှိကြောင်း၊ စီရော်နယ်ဒိုဟာ ဆော်ဒီမှာ ငွေကြေးများစွာရရှိနေပြီး ဂိုး ၁၀၀၀ ပြည့်မြောက်ဖို့ ကြိုးစားနေကြောင်း မော်ရင်ညိုက ပြောသွား ပါတယ်။

မော်ရင်ညိုနဲ့ စီရော်နယ်ဒိုတိုဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်မှာ အတွဲညီညီ လုပ်ဆောင်နိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
DVB

image
19 w - Translate

Hanging coffee တဲ့ သိပ်ကို လှပတဲ့ အလေ့အကျင့်လေး

There is a little coffee shop, where two people arrive and approached the counter.
“Five coffees please. Two for us and three hanging.”
They paid, they took their two coffees and left.
I asked the waiter. "What’s this about hanging coffees?"
“Wait and you'll see."
Some more people came in.
Two girls asked for a coffee each, they paid & left.
The following order was for seven coffees and it was made by three women - ‘three for them and four hanging coffees.’
I was left wondering...what is the meaning of the hanging coffees, they leave.
Then, a man dressed in worn clothes, who looks like he might be homeless, arrives at the counter and asks sincerely...
“Do you have a coffee hanging?"
“Yes we do, sir.”
They serve him a coffee.... I got my answer.
People pay in advance for a coffee that will be served to whoever can't afford a hot drink.
This tradition started in Naples.
Amazingly, it has spread throughout the world’s cities and towns.
It’s also possible to order not only "hanging coffees" but also a sandwich or a full low cost meal.
Wouldn’t it be great if we could all start doing this in the cities and towns where we live?
Small kindnesses like this can impact so many lives, in ways we could never imagine.
Maybe we should all try it.😊❤️

image

Sniper တပေါက်