19 w - Translate

Trouser Style 🤍✨

imageimage
+7
19 w - Translate

နျူလက်နက်ကင်းစင်သောကမ္ဘာဖြစ်ရေးမျိုးဆက်သစ်များ တိုက်ပွဲဝင်ရမည်

အတိတ်ကာလကထက် လက်နက်များသည် အဖျက်စွမ်းအား၌ အဆများစွာပိုကြီးမားလာသဖြင့် နျူကလီးယားကင်းစင်သော ကမ္ဘာကြီးအတွက် လူငယ်များ တိုက်ပွဲဝင်ကြရမည်ဟု ယခုနှစ်၏ နို့ဘဲလ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်သော အဏုမြူဗုံးဒဏ်ဘေးမှ လွတ်မြောက်ခဲ့သူများအဖွဲ့ Nihon Hidankyo ၏ ကိုယ်စားလှယ်တစ်ဦးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

၁၉၄၅ ခုနှစ်တွင် အဏုမြူဗုံးအကြံခံခဲ့ရသော ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များမှ အသက်ရှင်လွတ်မြောက်သူများအဖွဲ့ Nihon Hidankyo ၏ အခြေခံလှုပ်ရှားမှုသည် မျက်မြင်ဒိဋ္ဌကြုံခဲ့ရမှုများကို အသုံးချ၍ နျူကလီးယားကင်းစင်သော ကမ္ဘာကြီးအတွက် စည်းရုံးလှုံဆော်နေခြင်းဖြစ်သည်။

ဂျပန်၏ အဏုမြူဗုံးဒဏ်ဘေးမှ ရှင်သန်လွတ်မြောက်ခဲ့သူများ၏ ပျှမ်းမျှအသက်သည် ယခုအခါ ၈၅ နှစ်ရှိပြီဖြစ်ပြီး နော်ဝေဘုရင် Harald ၊ မိဖုရား Sonja နှင့် အခြား ဂုဏ်သရေရှိ ဧည့်သည်တော်များ တက်ရောက်ခဲ့သော နို့ဘဲလ်ဆု လက်ခံရယူခြင်း အခမ်းအနားတွင် အဖွဲ့၏ ပူးတွဲဥက္ကဌ တီရူမီ တာနာကာက အမှတ်တရစကား ပြောကြားခဲ့သည်။

“ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ဟာ သားကောင် ဒါမှမဟုတ်ရင် ကျူးလွန်သူ အချိန်မရွေးဖြစ်သွားနိုင်ပါတယ်” ဟု အသက် ၉၂ နှစ်အရွယ် တာနာကာက တက်ရောက်လာသည့် ပရိသတ်ကို ပြောဆိုခဲ့သည်။

ယခုမှစ၍ ဆယ်နှစ်အတွင်း မိမိတို့ထဲမှ လက်တစ်ဆုပ်စာမျှသည်သာ ကိုယ်တွေ့လွတ်မြောက်လာသူများအဖြစ် သက်သေထွက်ချက်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ယခုအချိန်မှစ၍ မျိုးဆက်သစ်များသည် မိမိတို့၏ ကြိုးစားအားထုတ်မှုများအပေါ် အခြေတည်၍ လှုပ်ရှားမှုကို ယခုထက်မက တိုးတက်အောင်မြင်စေမည့် နည်းလမ်းများရှာတွေ့လိမ့်မည်ဟု မျှော်လင့်ပါကြောင်း သူက ဆက်လက်ပြောဆိုခဲ့သည်။

အဏုမြူလက်နက်များ အသုံးပြုခြင်း သို့မဟုတ် နျူကလီးယားတားမြစ်ချက်ကို လက်မခံနိုင်သည့် ကမ္ဘာတစ်ဝန်းစံနှုန်းဖန်တီးရာတွင် သူ၏အဖွဲ့သည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို သံသယဖြစ်စရာမရှိကြောင်း သို့ရာတွင် ထိုစံနှုန်းသည် အားနည်းနေခဲ့ကြောင်း သူက ပြောဆိုသည်။

“အရပ်သားအ‌ေ-သအပျောက်တွေအပြင် နျူကလီးယားတားမြစ်ချက်က ကျိုးပျက်နိုင်တဲ့ အခြေအနေဖြစ်နေတဲ့အပေါ် အလွန်တရာ ဝမ်းနည်း၊ ဒေါသထွက်ရပါတယ်” ဟု သူက ပြောဆိုခဲ့သည်။

ယူကရိန်းနှင့် ဂါဇာတွင် ဖြစ်နေသော စစ်ပွဲများတွင် နျူလက်နက် အသုံးပြုမည့် ခြိမ်းခြောက်မှုများ ရှိနေခဲ့ကြောင်း တာနာကာက ပြောကြားပြီး ကမ္ဘာတစ်ဝန်းတွင် နျူကလီးယားထိပ်ဖူးပေါင်း ၄,၀၀၀ ခန့်သည် ချက်ချင်း ပစ်လွှတ်ရန် အဆင့်သင့်ဖြစ်နေသည်ဟု သတိပေးခဲ့သည်။

image
19 w - Translate

တရားမဝင်ကုန်စည်များ ပိုမိုဖမ်းဆီးနိုင်ရန် လိုအပ်ကြောင်း နစက ဒုဥက္ကဋ္ဌ ပြော

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီနှင့်အထူးအဖွဲ့များ၊တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး တာဝန်ရှိသူများသည် တရားမဝင်ကုန်ပစ္စည်းများကို ယခုထက်ပို၍ ဖမ်းဆီးနိုင်ရန် လိုအပ်ကြောင်း နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာ(၁၀)ရက်က ပြုလုပ်သည့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်ကာ (၄) ဆနီးပါးအထိ ထိရောက်အောင် ဖမ်းဆီးနိုင်ရန်အတွက် ဆောင်ရွက်သွားစေလိုကြောင်းလည်း သူက ပြောသည်။

ယင်းညှိနှိုင်းအစည်းအဝေး၌ ၂၀၂၄ ခုနှစ်အတွင်း စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း အကောက်ခွန်ဦးစီးဌာနက အများဆုံး ဖမ်းဆီးရမိခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖမ်းဆီးရမိမှုတွင် မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့က အစဉ်လိုက်အများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိမှုများတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းက အများဆုံးဖမ်းဆီးရမိပြီး လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင် ကုန်စည်တင်မော်တော်ယာဉ်က ဒုတိယဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများက တတိယအများဆုံး ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းလည်း သိရသည်။

image
19 w - Translate

နိုက်ဂျီးရီးယား နိုင်ငံသားလေး
အက်မိုလာ လွတ်မန်း တစ်ယောက်
အတ္တလန္တာ မှာ တောက်ပနေပါတယ်
ပရီးမီးယားလိစ် ကိုပြန်လာပြီး
တောက်ပ နိုင် ပါစေ

မနေ့ညက မက်ဒရစ်နဲ့ ပွဲမှာလည်း
Man Of The Match ရရှိခဲ့ပါတယ်

image

ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး မြို့လုံးကျွတ်နီးပါး စစ်ဘေးတိမ်းရှောင်

ဒီဇင်ဘာ ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး မြို့လုံးကျွတ်နီးပါး စစ်ဘေး တိမ်းရှောင်လျက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ကာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံ မြို့လုံးကျွတ်နီးပါး စစ်ရှောင်လျက်ရှိကြသလို သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး မကောင်းသူတွေနဲ့ ပြောင်းရွှေ့ဖို့ ငွေကြေးမတတ်နိုင်သူတချို့အပါအဝင် အရပ်သား တထောင်ဝန်းကျင်လောက် မြို့ထဲမှာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

“ဒီနေ့နဲ့ဆို တိုက်ပွဲက ရှစ်ရက်ရှိလာပြီ။ မြို့ထဲနေရာ တော်တော်များများလည်း မီးလောင်နေတယ်။ ဗန်းမော်ဈေးကြီးလည်း မီးလောင်သွားပြီ။ ရဲစခန်းဘက်ရော၊ ၃ မိုင်ရပ်ကွက်ဘက်က နေအိမ်တချို့ရော၊ ၂ မိုင် ဟင်းခြံဘက်ရှိ နေအိမ်တချို့ရော မီးလောင်နေတယ်။ မြို့ထဲကလူတွေကတော့ ရတဲ့လမ်းကနေ ရသလောက် ထွက်နေကြတာပဲ” လို့ ဗန်းမော်မြို့ကနေ စစ်ရှောင်လာသူတယောက်က ပြောပါတယ်။

တိုက်ပွဲ ပြင်းထန်နေတာကြောင့် လူထိခိုက် သေဆုံးမှုတွေလည်း ရှိလာနေတာမှာ လက်ရှိအချိန်အထိ သေဆုံး၊ ဒဏ်ရာရသူ လူ ၂၀၀ နီးပါးလောက် ရှိနေပြီဖြစ်တယ်လို့ သိရပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ အရေအတွက်ကိုတော့ ဆက်သွယ်ရေးလိုင်း အခက်အခဲနဲ့ တိုက်ပွဲအခြေအနေကြောင့် အတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

“အခုက အကုန်လုံး ကစဉ့်ကလျားနဲ့ ထွက်ပြေးနေရတာ။ ပြေးရင်းလွှားရင်း မိသားစု ကွဲသွားတဲ့သူတွေလည်းရှိတယ်။ အဆက်အသွယ်တွေ ပြတ်ကုန်လို့ စိတ်ပူနေရတယ်။ လက်နက်ကြီးကျတာကြောင့် လူသေဆုံးတာ၊ ဒဏ်ရာရတာတွေလည်း ရှိတယ် ပြောတယ်။ ကျွန်တော်တို့လည်း မြို့ကထွက်လာနိုင်တဲ့ သူတွေဆီကနေ တဆင့်စကားနဲ့ ပြန်ကြားရတာဆို‌တော့ အသေအချာတော့ မသိရသေးဘူး။ ဒီကြားထဲ အဖမ်းခံရတဲ့သူတွေလည်း ရှိနေတယ်ကြားလို့ ပိုပြီး စိတ်ပူနေရတယ်” လို့ ဗန်းမော်မြို့ခံတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒါအပြင် လက်ရှိမှာ စစ်ရှောင်သွားတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ဆိုင်တွေ ဖောက်ထွင်းခိုးယူခံရမှုတွေလည်း ရှိနေပြီး ခိုးယူသူတွေက သုံးဘီးကား၊ ဆိုင်ကယ်တွေနဲ့ ရသလောက် သယ်ယူနေကြတယ်လို့ သိရပါတယ်။

လတ်တလောမှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လျက်ရှိပြီး KIA ပူးပေါင်းတပ်တွေက နစက တပ်စွဲထားတဲ့ မြို့ထဲနေရာတချို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ နစကတပ်တွေအနေနဲ့ အမှတ် (၂၁) စစ်‌ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကနေ အပြင်းအထန် ခုခံလျက်ရှိတယ်လို့ စစ်ရှောင်လာသူတွေက ပြောပါတယ်။

ဗန်းမော်မြို့အနီးရှိ ခြေလျင်တပ်ရင်း (ခလရ - ၄၇) နဲ့ မန်စီမြို့ရှိ ကျန်ရှိနေသေးတဲ့ နစကစခန်းတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး နီးစပ်ရာပြည်သူတွေရဲ့ ပြောကြားချက်အရ ပစ်ခတ်မှုတွေ အဓိက ဖြစ်ပွားနေတဲ့ နေရာတွေကတော့ ၂ မိုင်မှ ၆ မိုင်အထိနဲ့ နောင်ခို၊ နမ့်ဖား၊ ရွှေ‌ကျီးနားအပြင် ဖန်းခါးကုန်းတကျောတို့မှာ ပစ်ခတ်မှုတွေ ဆက်လက် ရှိနေသေးတယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image

ပဲခူးမြို့တွင် ဝါယာကြိုးဟောင်းများ ရှော့ဖြစ်ပြီး အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ထန်းတပင် (၁) လမ်းတွင် ဝါယာကြိုးဟောင်းများ ရှော့ဖြစ်၍ အိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ယင်းမီးလောင်မှုဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၀ ရက် ၅ နာရီ ၃၀ အချိန်တွင် နှစ်ထပ်တိုက် လူနေအိမ်အပေါ်ထပ်ရှိ အခန်းမှ ဝါယာကြိုးရှော့ဖြစ်၍ မွေ့ယာပေါ်သို့ မီးစများ ပြုတ်ကျပြီး မီးလောင်မှု​ဖြ​စ်ပွားခဲ့ကြောင်း ထိုနေရာသို့ ပဲခူးမီးသတ်စန်းမှ မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ရာ ၅ နာရီ ၄၀ အချိန်တွင် မီးငြိမ်းသတ်သွားကြောင်း သိရသည်။

“လူထိခိုက်မှုတော့ မရှိဘူး။ ဟောင်းနေတဲ့ဝါယာကြိုးတွေကနေ ရှော့ဖြစ်ပြီးလောင်တာ။ တိုက်ရဲ့အပေါ် ဆုံးနှစ်ခန်းကတော့ မီးလောင်တယ်။ ဆုံးရူံးမှုကတော့ လေးသိန်းနှစ်သောင်းပါ” လို့ ပဲခူးမြို့မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုမီးပေါ့ဆမှုကြောင့် အိမ်ရှင်ဖြစ်သူကို ပဲခူးမြို့မရဲစခန်းတွင် အမူဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Photo-Credit

#centralnewsnaypyitaw

image
image
image
19 w - Translate

ပဲခူးမြို့ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး (1960 ဝန်းကျင်)

#oldburma
#ရှေးရှေးတုန်းကဗမာပြည်

#crd_photo

image
19 w - Translate

video
#englisheverywhere

19 w - Translate

missing holding your hand 🥰

image
19 w - Translate

video
cute outfit ideas