❝မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ၏ အခြေအနေများကို ဆိုရှယ်မီဒီယာ အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် တရုတ်နိုင်ငံသားများထံ ဖြန့်ဖြူးပေးဖို့ ဟိုတယ်/ခရီးဒုဝန်ကြီး တောင်းဆို❞

ဒီဇင်ဘာ ၁၁

အာဆီယံ-တရုတ်စင်တာ အနေဖြင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ၏ အခြေအနေများကို ဝက်ဘ်ဆိုက်၊ ဆိုရှယ်မီဒီယာအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် တရုတ်နိုင်ငံသားများထံ ဖြန့်ဖြူးပေးစေလိုကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးက အာဆီယံ-တရုတ်စင်တာ (ASEAN China Centre-ACC) အတွင်းရေးမှူးချုပ် Mr. Shi Zhongjun နှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်။

အဆိုပါ အာဆီယံ-တရုတ်စင်တာ (ASEAN China Centre-ACC) အတွင်းရေးမှူးချုပ် Mr. Shi Zhongjun သည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်က နေပြည်တော်မြို့ရှိ M Gallery Hotel ၌ တည်ခင်းဧည့်ခံခဲ့သည့် အလုပ်သဘော ညစာစားပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

အလားတူ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများကို တရုတ်နိုင်ငံသားခရီးသည်များ ပိုမိုသိရှိ လာရောက်လည်ပတ်ရန် ခရီးသွားမြှင့်တင်ရေးအစီအစဉ်များ၊ ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် များကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တရုတ်ခရီးသွားဧည့်သည်များအတွက် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်ရည်ရွယ်၍ တရုတ်ဘာသာစကားသင်တန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း ပြောကြားသည်။

 ထို့အပြင် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားမြှင့်တင်ရေးအစီအစဉ်များ၊ ခရီးသွားမြှင့်တင် ရေး ဗွီဒီယိုများကို တရုတ်ဘာသာစကားဖြင့် ရိုက်ကူးထုတ်လုပ်ပေးခြင်းနှင့် CCTV ကဲ့သို့ တရုတ်နိုင်ငံရှိ မီဒီယာများတွင် ဖော်ပြခြင်း၊ လူမှုရေးဩဇာရှိသူများ၊ တရုတ်နိုင်ငံရှိ ခရီးလှည့်လည် ရေးလုပ်ငန်းများအား ချစ်ကြည်ရင်းနှီးမှု ခရီးစဉ်များစီစဉ်ပေးခြင်းစသည့် အကူအညီများ ဆက်လက် ကူညီပေးစေလိုပါကြောင်းဖြင့်လည်း ဒုဝန်ကြီးက ပြောကြားခဲ့သည်။

အလားတူ အာဆီယံ-တရုတ်စင်တာ (ASEAN China Centre-ACC) အတွင်းရေးမှူးချုပ် Mr. Shi Zhongjun ကလည်း ယခုကျင်းပသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိဖြစ်ပေါ်လျက်ရှိသည့် သတင်းတုသတင်းအမှားများကြောင့် ပြည်ပ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေပြီး နိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုအပေါ် သက်ရောက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အာဆီယံ-တရုတ်စင်တာ အနေဖြင့် လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image

ရွာငံမြို့နယ်တွင် (၁၂)ဘီးယာဉ်ပေါ်မှ ကဖင်း (၂)တန်ခန့် ဖမ်းဆီးရမိ၊ ဆက်စပ် တရားခံ (၉)ဦးအားလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ်၊ မြိုကြီးကျေးရွာအနီးတွင် (၁၂)ဘီးယာဉ်ပေါ်မှ နွားချေးများ၊ မြေဩဇာများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း (၂)တန်ခန့် ဖမ်းဆီးရမိခဲ့သည်။

ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီတွင် မြို့ကြီးကျေးရွာအနီးတွင် သိန်းထိုက်အောင် မောင်းနှင်သည့် ISUZU (၁၂)ဘီး မော်တော်ယာဉ်နှင့် ကျော်ဝင်း မောင်းနှင်သည့် FUSO (၁၂)ဘီး မော်တော်ယာဉ်တို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရရှာဖွေရာ အဆိုပါယာဉ် (၂)စီးပေါ်တွင် နွားချေး မြေဩဇာများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း (၂)တန်ခန့် သိမ်းဆည်းရမိခဲ့သည်။

ယင်းနောက်တွင် ကဖင်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်သူ နေအောင်အား ဒီဇင်ဘာ (၄)ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျကျေးရွာ၌ ဖမ်းဆီးရမိခဲ့ပြီး ကဖင်းများအား မန္တလေးမှ ရှမ်းပြည်နယ် (မြောက်ပိုင်း) သို့ သယ်ဆောင်ခိုင်းသူ အိုက်စိုးပေါက် (ခ) စိုင်းထွန်းထွန်းနှင့် ရင်အောင်သူတို့အား ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် FORD RANGER မော်တော်ယာဉ် တစ်စီးဖြင့် လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ရင်အောင်သူ၏ နေအိမ်မှ TOYOTA LANDCRUISER မော်တော်ယာဉ်တစ်စီးအား လည်းကောင်း၊ ပူးပေါင်းပါဝင်သူများဖြစ်သည့် အောင်စိုးလင်း (ခ) အောင်အောင်အား အမရပူရမြို့နယ်တွင် လည်းကောင်း၊ စိုင်းသီဟငယ် (ခ) သီဟ (ခ) မောက်ဆိုင်အား ပုသိမ်ကြီးမြို့နယ်တွင် လည်းကောင်း၊ ဒီဇင်ဘာ (၆)ရက်တွင် မန္တလေးမှ ကဖင်းအိတ်များ သယ်ဆောင်ခဲ့သူ စိုင်းနေမင်းထွန်းအား အောင်မြေသာစံမြို့နယ်တွင် ကဖင်းများ သယ်ဆောင်ပေးခဲ့သည့် PRADO မော်တော်ယာဉ်တစ်စီးဖြင့် လည်းကောင်း၊ မန္တလေးမြို့၌ ကဖင်းအိတ်များ သိုလှောင်ပေးခဲ့သည့် ဂိုဒေါင်ပိုင်ရှင် ချစ်စိန်အား မဟာအောင်မြေမြို့နယ်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

၎င်းနောက်တွင် ဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်ရာ သိမ်းဆည်းရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နေ ယုံကော၏ အစီအမံဖြင့် မန္တလေးတိုင်းဒေသကြီးမှတစ်ဆင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီများ၏ သုတေသနပြု သတင်းဖလှယ်ချက်များအရ ကဖင်းတစ်တန်အား အခြားဓာတုပစ္စည်းများနှင့်ရောစပ်၍ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်မည်ဆိုပါက ဆေးပြား ၁၄ သန်းခန့် ထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဒေသ များမှတစ်ဆင့် တရားမဝင် တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂၄ တန်ကျော် ဖမ်းဆီး အရေးယူထားရှိသဖြင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆ သန်းကျော် ထုတ်လုပ်ခြင်းကို တားဆီးကာကွယ် နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

#သတင်းဟင်းလေးအိုးကြီး

imageimage
19 w - Translate

ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမနှင့် ဗိုလ်ချုပ်ပြတိုက်အပါအဝင် အဆောက်အအုံ (၄၀) ကို ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမနှင့် ဗိုလ်ချုပ်ပြတိုက် အပါအဝင် တိုင်းနှင့်ပြည်နယ် (၇) ခုရှိ အဆောက်အအုံ (၄၀) ကို ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်လိုက်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အဆောက်အအုံများသည် နှစ်ပေါင်း (၁၀၀) နှင့်အထက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၌ (၁၅) ခု၊ ပဲခူးတိုင်းဒေသကြီး၌ (၆) ခု၊ မန္တလေးတိုင်းဒေသကြီး၌ (၅) ခု၊ ဧရာဝတီတိုင်းဒေသကြီး၌ (၂) ခု၊ မကွေးတိုင်းဒေသကြီး၌ (၂) ခု၊ မွန်ပြည်နယ်၌ (၉) ခုနှင့်ရှမ်းပြည်နယ်၌ (၁) ခု ပါဝင်ကြောင်း သိရသည်။

နှစ်ပေါင်း (၁၀၀)နှင့်အထက်ရှိသည့် အဆောက်အအုံများကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ရာတွင် ယဉ်ကျေးမှု သမိုင်းတန်ဖိုး၊ အနုပညာနှင့် ဗိသုကာလက်ရာကျန်ရှိမှု စသည့် အချက်များဖြင့်ကိုက်ညီသည့် အဆောက်အအုံများကို ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိ မ်းရေး ဥပဒေပုဒ်မ (၃၄) ၊ ပုဒ်မခွဲ(ခ)အရ သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းရှေးဟောင်းအဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် စုပေါင်း စောင့်ကြည့် ထိန်းသိမ်းသည့်စနစ်ဖြင့် ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်နေကြောင်းလည်း သိရသည်။

19 w - Translate

တို့က တနင်္ဂနွေနော်

image
19 w - Translate

အေး

image
19 w - Translate

Crochet Flowers 🌷

image
19 w - Translate

Crochet Flowers 🌷

image
19 w - Translate

Crochet Flowers 🌷

image
19 w - Translate

Crochet Flowers 🌷

image
19 w - Translate

Crochet Flowers 🌷

image