ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နေ့စဉ်မိုးလေဝသသတင်း
-------------------------
(၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
========================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ဒါတွေကို တစ်ကယ်ထင်နေတုန်းလား?
၁. Browser တွေမှာ Incognito Mode သုံးရင် လုံးဝလုံခြုံတယ်။
Browser တွေမှာ Incognito သုံးရင် သင့်မိဘ ဒါမှမဟုတ် ကောင်မလေးက ဖုန်းကို ဝင်စစ်ရင်သာ ဘယ် Website တွေကိုဝင်ထားတယ်၊ ဘာတွေကြည့်ထားတယ်ဆိုတာပဲ မမြင်ရမှာပါ။ Website ပိုင်ရှင်တွေ, Internet Service Provider တွေကတော့ မိတ်ဆွေတို့ ဘာတွေကြည့်နေတယ်။ ဘယ် Application တွေသုံးနေတယ်ဆိုတာကို မြင်ရပါတယ်။
၂. ငါကဘာကောင်မှမဟုတ်တာ၊ ငါ့အကောင့်ကို ဘယ်သူမှ မ Hack ပါဘူး။
အဲ့လိုထင်နေရင်တော့ အမှားကြီးမှားနေပါပြီ။ အနည်းဆုံးတော့ ဖုန်းနံပါတ်သိသွားရင် Scam Message ပို့တာ၊ Facebook ပါသွားရင်း ကိုယ့်အယောင်ဆောင်ပြီး အကောင့်ထဲကလူတွေဆီက ပိုက်ဆံချေးတာလုပ်ပါလိမ့်မယ်။ မဟုတ်ရင် အနည်းဆုံးတော့ ကိုယ်နဲ့ အွန်လိုင်းမှာ စကားပြောထားတဲ့ Conversations တွေပေါက်သွားပြီး အရှက်ကွဲနိုင်ပါသေးတယ်။ ဒါ့ကြောင့် ဂရုစိုက်ပါ။
၃. MacBook တွေနဲ့ iPhone တွေက Computer Malware မကူးနိုင်ဘူး။
ထပ်မှားပြန်ပါပြီ။ Virus တွေနဲ့ Melware ကိုတီထွင်တဲ့သူတွေက သူကတော့ MacBook သုံးလို့ မကူးအောင်ရေးကွာ၊ ဒါမှဟုတ် Macbook ကအရမ်းလုံခြုံလို့ ဖောက်ထွင်းဖို့မလွယ်လို့ မလုပ်ဘူးကွာဆိုပြီး မရှိပါဘူး။ No System is Safe ပါ။ တစ်ကမ္ဘာလုံးမှာ Windows Laptops တွေနဲ့ Android သုံးသူတွေက Apple သုံးတဲ့သူတွေထက် ပိုများလို့ Attacker တွေက ငါးများများရမယ့် နေရာကို ငါးစာချတာပါ။ Mac တွေနဲ့ iPhone တွေကိုပဲ သီးသန့်တိုက်ခိုက်တဲ့ Virus တွေအများကြီးပါ။
၄. AI တွေမှာ ကိုယ်ပိုင်အသိဉာဏ်ရှိတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ခုမှသေချာစာသင်ခန်းထဲမှာ သေချာသင်ရခါမှ သိလာရတဲ့အကြောင်းကတော့ AI ဆိုတာ သင်္ချာ Model ကြီးတစ်ခုဖြစ်ပြီး ဖြစ်တန်ချေပေါ်မှာ အခြေခံထားတဲ့ နည်းပညာတစ်ခုပါ။ အဲ့တော့ AI ကနေ လူနဲ့ဆင်တူတဲ့ ကိုယ်ပိုင်အသိဉာဏ်ရလာဖို့ဆိုတာ ခုလောလောဆယ်မှာတော့ မဖြစ်နိုင်သေးတဲ့နည်းပညာတစ်ခုပါပဲ။ အနာဂါတ်မှာတော့ နည်းပညာသစ်၊ စွမ်းအင်သစ်တွေ ရှာတွေ့လာရင်တော့ စောင့်ကြည့်ရပါမယ်။
၅. ဖုန်းတွေကို တစ်ညလုံးအားသွင်းတာ Battery မြန်မြန်ပျက်နိုင်တယ်။
အရင်တုန်းကဖုန်းတွေမှာတော့မှန်ကောင်းမှန်နိုင်ပေမယ့် ဒီဖက်ခေတ်မှာတော့ ဖုန်းတွေရဲ့ Battery ပိုကောင်းဖို့နဲ့ လျှပ်စစ်အန္တရာယ်ကင်းစေဖို့ Hardware Level ရော၊ Software Level မှာပါ ကာကွယ်ပေးမယ့်စနစ်တွေရှိနေပါပြီ။ Hardware Level မှာဆိုရင် Charging Brick တွေမှာ အပူချိန်များလာရင် အားသွင်းတာကိုရပ်ပစ်တာမျိုး၊ အားဝင်နှုန်းကိုထိန်းတာမျိုးနဲ့ Software Level မှာဆိုရင် ဖုန်းအား % တစ်ခုကိုရောက်ရင် Fast Charging ကိုရပ်လိုက်တာမျိုးတွေဖြစ်ပါတယ်။ ရဲရဲကြီး ညဖက်အားသွင်းအိပ်လို့ရပါတယ် အားသွင်းခေါင်းနဲ့ ကြိုးကို Original သို့မဟုတ် Third Party ကောင်းကောင်းဝယ်ထားရင်ပေါ့
Battery 6200mAh ပါလာမယ့် OnePlus Mini ဖုန်းလေး
Compact ဒီဇိုင်းနဲ့ ထွက်လာမယ်လို့ နာမည်ကြီးနေတဲ့ OnePlus 13 Mini က ဘတ်ထရီ 6200mAh အထိ ပါလာမယ်လို့ သတင်းတွေထွက်လာပါတယ်။ သူ့ရှေ့မှာ ထွက်ထားတဲ့ OnePlus 13 ကတော့ ဘတ်ထရီ 6000mAh ပါခဲ့တာပါ။
OnePlus 13 Mini (13T လို့လည်း ခေါ်) ဟာ 6200mAh Battery နဲ့အတူ 80W Fast Charge လည်း support သွားမယ်လို့ Weibo မှာ သတင်းတွေ ထွက်နေတာပါ။ နောက်ပြီး Processor အနေနဲ့ Snapdragon 8 Elite ကို သုံးသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။
အခြား Spec: တွေအရ လက်ရှိဟော့ဖြစ်နေတဲ့ Oppo ရဲ့ Find X8S လိုပဲ Screen Size 6.3” , "1.5K" resolution , 50MP Main + 50MP Telephoto (2x Optical Zoom) နဲ့ Optical Fingerprint Sensor တစ်ခု ပါဝင်မယ်လို့လည်း သတင်းထွက်နေပါတယ်။ ဖုန်းရဲ့ Frame က Metal နဲ့ပြုလုပ်ထားပြီး Glass Back ပါလာမှာပါ။

လူဟာ မြွေမဟုတ်တော့
အဟောင်းကို ထားခဲ့ချင်တိုင်း
အရေခွံချွတ်ပစ်ရုံနဲ့မရဘူး။
သစ်ပင်တွေ ရွက်ရင့်ကြွေသလိုလည်း
အညှာကို အလွယ်ခြွေပစ်ရုံနဲ့မပြီးဘူး။
New Version ဆိုတာနဲ့
လုံးဝကွဲပြားတဲ့ လူတစ်ယောက်ဖြစ်သွားဖို့မလိုသလို၊ အရင်ကကိုယ့်ဖြစ်တည်မှုကို မုန်းတီးပစ်ဖို့လည်း မဟုတ်ပါဘူး။
မပြည့်စုံမှုတွေကို လက်ခံပြုပြင်မယ်။
ပြီးခဲ့တာတွေကို အပြစ်တင်တာ ရပ်မယ်။
ခံစားမှုနောက်လိုက်လွန်းတာတွေကို ထိန်းပြီး ကိုယ့်နှလုံးသားခံနိုင်ရည်နဲ့ သဟဇာတဖြစ်အောင် နေမယ်။
ဒီလိုလူကမှ လူသစ်ပါ။
ဒီလိုလူသစ်အတွက် မှော်တုတ်တံမလိုပါ။
ခဏချင်း ရွှေဖိနပ်စီးရတဲ့ အိပ်ရာဝင်ပုံပြင်တွေ မလိုပါ။
ဝုန်းခနဲ သူမတူအောင် ပြောင်းလဲသွားစေတဲ့ နတ်ရေကန်တွေလည်း မလိုပါ။
တကယ့် အသစ်ဖြစ်ခြင်းဆိုတာ
ကိုယ့်ကိုယ်ကို ပိုပြီးနားလည်လာခြင်းပါ။
-အေးရိပ်-
ပြီးခဲ့တဲ့အပတ်တုန်းက လုပ်ခဲ့တဲ့ SXSW ပွဲတစ်ခုမှာ Bluesky CEO Jay Graber တက်ရောက်ဟောပြောခဲ့တုန်းက ပွဲကိုဝတ်လာတဲ့အင်္ကျီက လောလောဆယ် BlueSky မှာ အတော်လေးရောင်းအားကောင်းနေတယ်လို့ ဆိုပါတယ်။ ဘာထူးခြားလို့လဲဆိုတော့ Meta CEO မတ်ဇူကာဘတ်ကို အနည်းငယ်လှောင်ပြောင်သရော်တဲ့စာသားပါဝင်တဲ့ အင်္ကျီဖြစ်တာကြောင့်ပါ။
ဒီအင်္ကျီပုံစံ အင်တာနက်ပေါ်မှာ ပျံ့သွားပြီးနောက်မှာလည်း အတော်လေးပွဲဆူသွားခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း လူအများစုက သဘောကျခဲ့တယ်လို့ပဲပြောရမလား။ BlueSky ကို အဲ့ဒီအင်္ကျီကို ထုတ်လုပ်ရောင်းချဖို့ တောင်းဆိုခဲ့ကြပါတယ်။