Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
12 Dec 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````
USD Buy - MMK 4,350
USD Sell - MMK 4,450
EUR Buy - MMK 4,590
EUR Sell - MMK 4,710
SGD Buy - MMK 3,300
SGD Sell - MMK 3,360
THB Buy - MMK 129.03
THB Sell - MMK 132.45
JPY Buy - MMK 28.71
JPY Sell - MMK 29.47
MYR Buy - MMK 985
MYR Sell - MMK 1,010
CNY Buy - MMK 601
CNY Sell - MMK 617
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,815,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,180,000
*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application
CAD announces reasonable rice market prices for Dec
The Consumer Affairs Department under the Ministry of Commerce stated that reasonable market prices of rice for December have been announced, and non-compliance with that is subject to legal action.
The Ministry of Commerce issued reasonable prices for all varieties such as non-premium rice (Aemahta, Ngasein, Sinthukha, Ngasein Yakyaw, Kayinma, Yadanatoe, Tunpu, GW-11, 747, Theepu, Shweman, and Nankauk among others), locally consumed and export-designated rice groups (Zeeya, Ngwetoe, Shweman, Shwethwe, Hmawby-2 and Hmawby-3, 90-day short matured rice, and Manawthukha among others), moderate quality rice produced from Ayeyawady, Bago and Yangon regions (Magyantaw, Ayeyamin, Ayeyapadetha rice varieties), high-quality rice from Mandalay, Magway, Sagaing, Nay Pyi Taw and upper Myanmar regions, and premium Pawsan rice ( Ayeyawady Pawsan, Shwebo Pawsan). The retailers are not allowed to make profits more than eight per cent of the set reasonable market prices, the ministry announced.
The ministry determined reasonable market prices by considering the following factors; fair profit for the farmers, millers and distributors, reasonable prices for consumers, last year’s market price, global market prices and other commodities prices. There are separate prices for modern trade with consumer packaging at mini-marts and supermarkets.
If individuals have difficulty buying rice, they are urged to contact the Myanmar Rice Federation. The buyers can complain about overpricing to the Consumer Affairs Department and MRF.
MRF warned that overpricing, sales with inaccurate measurement and quality and non-compliance with directives are subjected to fines, taxation and prosecution under section 5 of the Essential Supplies and Services Law. Thus, rice millers, rice shops, traders and merchants are encouraged to strictly adhere to the rules. —NN/KK
မိုက်တိုင်ဆန်နှင့် ဟိုလီဖီးတို့၏ ၉၆ WBA ခါးပတ်ကို ပါရီတွင် လေလံတင်မည်
ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်နဲ့ ဟိုလီဖီးတို့ရဲ့ ၁၉၉၆ ခုနှစ် လက်ဝှေ့ပွဲက WBA ခါးပတ်အပါအဝင် ဂန္ထဝင်ကစားသမား ၂၀၀ ကျော်ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပါရီမှာ လေလံတင်မှာဖြစ်ပါတယ်။
ဂန္ထဝင်ကစားသမားတွေထဲမှာ ၁၉၉၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဂျာဆီ၊ တင်နစ်သမား ရော်ဂျာဖက်ဒါရာရဲ့ ရစ်ကဒ် စတဲ့ ထင်ရှားတဲ့ ပစ္စည်းတွေပါဝင်တာတွေ့ရပါတယ်။
ဒီလေလံကို ပါရီမြို့ရှိ အေဂတ်တက်စ်လေ့လံအဖွဲ့က ဦးစီးပြုလုပ်တာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ ကျင်းပမှာဖြစ်ပါတယ်။ လက်ဝှေ့အားကစားကနေ ရေခဲပြင်ဟော်ကီအားကစားအထိ ထင်ရှားတဲ့ကစားသမားတွေ လက်မှတ်ထိုးထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ ပါဝင်ပါတယ်။
အားကစားနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေဟာ အမေရိကန် ဒါမှမဟုတ် ဗြိတိန်တို့မှာထက် ဥရောပမှာ ပိုပြီးနည်းပါးတယ်လို့ လေလံပွဲပြုလုပ်တဲ့ အေဂတ်တက်စ်ဒါရိုက်တာ မက်ဆီမီလန်အေဂတ်တက်စ်က ပြောပါတယ်။
“အားကစားပြိုင်ပွဲစွမ်းဆောင်ရည်တွေမှာ ဘာတွေ ကျန်ခဲ့လဲဆိုတော့ အမှတ်တရတွေပဲ ကျန် ခဲ့တာဖြစ်လို့ ဒီအမှတ်တရတွေကို ပြန်လည်အမှတ်ရစေဖို့ အဓိက မြှင့်တင်ပေးတာပါ။”
ဒီလေလံပွဲမှာ အထင်ရှားဆုံးအားကစားပစ္စည်းကတော့ ဟဲဗီးဝိတ်လက်ဝှေ့လောက အထင်ရှားဆုံးပွဲဖြစ်တဲ့ မိုက်တိုင်ဆန်နဲ့ ဟိုလီဖီးတို့ယှဉ်ပြိုင်ခဲ့တဲ့ ပထမပွဲရဲ့ ချန်ပီယံခါးပတ်ပဲဖြစ်ပါတယ်။
အဲ့ဒီပွဲမှာ ဟိုလီဖီးက အလဲထိုးဘုရင် မိုက်တိုင်ဆန်ကို အလဲထိုးအနိုင်ရခဲ့ကာ WBA ချန်ပီယံဆု ရရှိခဲ့တာဖြစ်ပါတယ်။ ၁၁ ချီမှာ အလဲထိုးနိုင်ခဲ့ပြီး စက်တင်ဘာလမှာ ချန်ပီယံဖြစ်ခဲ့တဲ့ မိုက်တိုင်ဆန်ကို နိုဝင်ဘာလမှာပဲ ဟိုလီဖီးက အလဲထိုးပြနိုင်ခဲ့တာဖြစ်ပါတယ်။
နောက်ထပ်လေလံပစ္စည်းတွေအနက် ဘောလုံးဂန္ထဝင်တွေဖြစ်တဲ့ မာရာဒိုနာ၊ ပီလီ၊ ဂန္ထဝင်လက်ဝှေ့ သမား မိုဟာမတ်အလီ တို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေပါဝင်ပါတယ်။
ဒီပစ္စည်းတွေရဲ့ ပိုင်ရှင်က တော့ မစ္စတာဂျီဆိုသူဖြစ်ပြီး လေလံမှာပါဝင်မဲ့ အသုံးအဆောင်တွေကလည်း ရင်းနှီးမြှုပ်နှံသူတွေကနေ အားကစားပရိသတ်တွေအထိ ပါဝင်ပါတယ်။
DVB
Source: Reuters
ချန်ပီယံလိဂ်မှာ ဆက်ရှိဖို့ မန်စီးတီးတိုက်ပွဲဝင်ရမယ်
ဒီဇင်ဘာ ၁၂
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် နည်းပြ ဂွာဒီယိုလာက အသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ ဆက်ရှိနေဖို့ တိုက်ပွဲဝင်ရမယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “နောက်တဆင့် တက်နိုင်ဖို့က ကျနော်တို့ရဲ့ ပစ်မှတ်ပါ။ ကျနော်တို့အတွက် ၁ မှတ်၊ ၃ မှတ်ရဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ဒါကိုလုပ်နိုင်ဖို့အတွက် ကြိုးစားဖို့ ပဲရစ်ကိုသွားမှာပါ။ ပြီးရင် အိမ်ကွင်းမှာ နောက်ဆုံးပွဲ ကစားပါမယ်။ ကျနော်တို့ဟာ ရလဒ်ကောင်းတွေ ပြန်ရယူနိုင်ခဲ့ရင် ဒီကာလကိုမေ့မှာ မဟုတ်ပါဘူး။ ကျနော်တို့လုပ် ခဲ့တာတွေနဲ့ အနာဂတ်မှာ ကျနော်တို့လုပ်ရမယ့် အရာတွေအပေါ် ပိုပြီးတန်ဖိုးထားလာမှာပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဂျူဗင်တပ်စ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် လက်ကျန်ပွဲစဉ် ၂ ပွဲပဲ ကစားဖို့ ကျန်ရှိတော့ တဲ့ အချိန်မှာ အမှတ်ပေးဇယားအဆင့် ၂၂ နေရာကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၈ မှတ်သာ ရရှိထားတာကြောင့် လက်ကျန် ၂ ပွဲစလုံး ရလဒ်ကောင်းရယူနိုင်ရင်တောင် နောက်တဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖွယ်မရှိဘဲ ပလေးအော့ဖ် အဆင့် ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်နောက်ဆုံး ၂ ပွဲအဖြစ် ပီအက်စ်ဂျီ၊ ကလပ်ဘရုဂေးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဂျူဗင်တပ်စ် အသင်းနဲ့ပွဲစဉ် အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၇ ပွဲအထိ အရေးနိမ့်ကာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေတာပါ။
မန်စီးတီးအသင်း ကွင်းလယ်လူ ဂွန်ဒိုဂန်က အသင်းရဲ့ ရုန်းကန်ရမှုတွေမှာ ယုံကြည်မှုက ကြီးမားတဲ့ အစိတ်အပိုင်း ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာလည်း ဖြစ်နိုင်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၄ နေရာအထိ ရောက်ရှိနေတဲ့ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းဟာ ဒီဇင်ဘာ ၁၅ ရက်မှာ လိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာဒါဘီပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
ပုံ - မန်စီးတီးအသင်းကို တွေ့ရစဉ်
#သတင်းဟင်းလေးအိုးကြီး
တရုတ် တိုက်ချင်းပစ်ဒုံး၊ ကိုယ်ပျောက်လေယာဉ်တွေကို ခြေရာခံထောက်လှမ်းနိုင်ဖို့ ဒေါ်လာ ၄ ဘီလျံတန် ရုရှားရေဒါစနစ် အိန္ဒိယဝယ်ယူမည်
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၂
အိန္ဒိယအာဏာပိုင်တွေဟာ ရုရှားထံက ခေတ်မီတာဝေးရေဒါစနစ်ဝယ်ယူဖို့အတွက် ရုရှားအရာရှိတွေနဲ့ ဆွေးနွေး ခဲ့ကြောင်း The Defense Post မှာရေးသားဖော်ပြထားပါတယ်။
ရုရှားနိုင်ငံက ဒေါ်လာ ၄ ဘီလျံကျော် တန်ကြေးရှိတဲ့ ဗိုရိုနာ့ဇ်ရေဒါ (Voronezh radar) ဝယ်ယူဖို့ ဆွေးနွေးခဲ့တာ ဖြစ်ကြောင်း အိန္ဒိယသတင်းစာ The Sunday Guardian သတင်းရင်းမြစ်တွေကိုးကား ဖော်ပြခဲ့ပါတယ်။
Almaz-Antey စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီက အဖွဲ့ဝင်တွေပါဝင်တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့တစ် ဖွဲ့လည်း ဆွေးနွေးပွဲမှာပါဝင်ခဲ့ပါတယ်။ ကုမ္ပဏီဒုတိယဥက္ကဋ္ဌ ဗလာဒီမာမက်ဒေါဗ်နစ်ဗ်ီဦးဆောင်တဲ့အဖွဲ့ဟာ အိန္ဒိယမိတ်ဖက်ကုမ္ပဏီကတာဝန်ရှိသူတွေ နဲ့ဆွေးနွေးခဲ့ရာ ရေဒါအစိတ်အပိုင်းရဲ့ ၆၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံမှာ တည်ဆောက်သွားမယ့်အကြောင်း လည်း ပါဝင်ပါတယ်။
ရေဒါစနစ်နဲ့ ပတ်သက်ပြီး အခုသီတင်းပတ်အတွင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးရာ့ဂျ်နတ်ဆင်းရဲ့ ရုရှားခရီးစဉ် မှာ ဆွေးနွေးသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
နှစ်နိုင်ငံဝန်ကြီးအဆင့်ဆွေးနွေးပွဲမှာ “ရေဒါပူးတွဲတည်ဆောက်ရေးစီမံချက်ဆောင်ရွက်ရေး၊ အိန္ဒိယလေတပ်က ရုရှားထုတ်စစ်လေယာဉ်တွေနဲ့ ရေတပ်က ရုရှားထုတ်စစ်သင်္ဘောတွေအတွက် အပိုပစ္စည်းတွေထောက်ပံ့ရေးနဲ့ ကျန်ရှိနေတဲ့ S-400 Triumph ဒုံးကျည်စနစ် ၂ စုံ ပို့ဆောင်ရေး” တို့ပါဝင်ကြောင်း Russia Today က ပြောပါ တယ်။ ပထမဦးဆုံး ဗိုရိုနာ့ဇ်ရေဒါ (Voronezh radar) ကို ၂၀၀၉ ခုနှစ်မှာ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့အနီး Lekhtusi ရေဒါစခန်းမှာ စတင်အသုံးပြုခဲ့ပါတယ်။
ဒီရေဒါရဲ့ဆင်ဆာဟာ ထောင်လိုက် ၄၉၇၁ မိုင်နဲ့ အလျားလိုက် ၃၇၂၈ မိုင် အကွာ အဝေးက ပျံသန်းလာတဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ကိုယ်ပျောက်လေယာဉ်တွေကို ခြေရာခံထောက်လှမ်းနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
ဗိုရိုနာ့ဇ်ရေဒါ (Voronezh radar) စီးရီးမှာ M ၊ DM ၊ SM နဲ့ VP ဆိုတဲ့ မူကွဲလေးမျိုးရှိပြီး အိန္ဒိယနိုင်ငံက ဘယ် အမျိုးအစားကိုဝယ်ယူမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒီရေဒါစနစ်ဟာ ရုရှားထုတ် S-400 ဒုံးကျည်အပါအဝင် အိန္ဒိယနိုင်ငံရဲ့ လေကြောင်းရန်နဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်ထဲမှာပါဝင်သွားဖွယ်ရာရှိပါတယ်။
ဗိုရိုနာ့ဇ်ရေဒါစနစ်ဟာ S-400 ဒုံးကျည်စနစ်ရဲ့ လက်ရှိခြေရာခံထောက်လှမ်းနိုင်တဲ့အကွာအဝေးဖြစ်တဲ့ ကီလိုမီ တာ ၆၀၀ (၃၇၃ မိုင်) အကွာအဝေးကို ဆယ်ဆကျော်အထိ မြှင့်တင်နိုင်ကြောင်း စစ်ရေး/နိုင်ငံရေးဗျူရိုက ဆန်း စစ်လေ့လာသူ အလက်ဇန္ဒားမီခိုင်လော့ဗ်က ပြောပါတယ်။
ဗိုရိုနာ့ဇ်ရေဒါစနစ်ဟာ ပဲ့ထိန်းဒုံးကျည်တွေအပြင် အာကာသစောင့်ကြည့်ရေး၊ အာကာသအပျက်အစီးများခြေရာ ခံထောက်လှမ်းရေးနဲ့ မြေပြင်မှာရှိတဲ့ ယာဉ်အမျိုးမျိုး၊ ပစ္စည်းအမျိုးမျိုးကို ထောက်လှမ်းရေးတို့မှာလည်း အသုံးပြု နိုင်ပါတယ်။
Ref: India Discusses $4B Russian Radar Purchase to Track Chinese ICBMs, Stealth Fighters
#centralnewsnaypyitaw
မြန်မာရှိ စီမံကိန်းနှင့်လုပ်ငန်းရှင်များ လုံခြုံအောင်လုပ်မည်ဟု တရုတ်ပြော
ဘေကျင်း၊ ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ လုံခြုံရေးကို စိတ်ချသေချာစေရန်အတွက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောနင်းက ပြောကြားခဲ့ သည်ဟု Global Times သတင်းစာက ဖော်ပြခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံတွင် ပ-ဋိ-ပ-က္ခနှင့် ပရမ်းပတာ အခြေအနေများ ဖြစ်ပွားနေသည်ကို မမြင်တွေ့လိုကြောင်း ၎င်းက ပြောသည်။
မောနင်းက “တရုတ်သည် မြန်မာနိုင်ငံအတွင်းနှင့် နယ်စပ်ဒေသ တစ်လျှောက်ရှိ တရုတ်၏ စီမံကိန်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ လုံခြုံရေးကို စိတ်ချသေချာစေရန်အတွက် အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးရရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်မြောက်စေရန် အားထုတ်ကြိုးပမ်းခဲ့ကြောင်း” ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ လက်န-က်ကိုင်အဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဆွေးနွေးမှုများ ပြုလုပ်ရန် တရုတ်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောသည်။
KIA ၏ ထုတ်ပြန်ချက်တွင် ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်ခဲ့သည့် တည်နေရာနှင့် ဆွေးနွေးမည့် အကြောင်းအရာများကို အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိပေ။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် အခြေအနေကို တရုတ်က အာရုံစိုက် စောင့်ကြည့်နေကြောင်းနှင့် မြန်မာနိုင်ငံတွင် ပ-ဋိ-ပ-က္ခများ၊ ပရမ်းပတာအခြေအနေများကို မမြင်တွေ့လိုကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မောနင်းက ပြောသည်။
တရုတ်အနေဖြင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများကို တက်ကြွစွာ ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် မိမိတို့အကောင်းဆုံး ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်န-က်ကိုင်များဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)တို့က တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။
Source: Global Times
ပုံ - တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောနင်းကို တွေ့ရစဉ်
#သတင်းဟင်းလေးအိုးကြီး
ကြို့ပင်ကောက်မြို့တွင် အုပ်စုဖွဲ့အရက်သောက်ရင်း ရန်ဖြစ်စကားများရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရ၍ သေဆုံး
နေပြည်တော်၊ ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့၊ သိုးဘိုရွာနှင့် ဒေါင်းလူးကျေးရွာကြားရှိ လယ်ကွင်းပြင်တွင် အမျိုးသားများ အုပ်စုဖွဲ့အရက်သောက်ရင်း ရန်ဖြစ်စကားများရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈ နာရီကျော်တွင် တာဝန်ရှိသူများမှ မြတ်မွန်စေတနာကလျာဏမိတ္တ နာရေးကူညီမှုအသင်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ရုပ်အလောင်းအားသယ်ဆောင်၍ ပြည်သူ့ ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“ရွာသားတွေပြောတာကတော့ ညကအရက်သောက်ပြီး ရန်ဖြစ်ရင်းစကားများတာတဲ့။ အဲ့မှာ ဓားထိုးခံရတာ” လို့ မြတ်မွန်စေတနာကလျာဏမိတ္တ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ထိုဓားထိုးခံရမှုကြောင့် သေဆုံးသည့် အမျိုးသားမှာ အသက်(၃၀) ဝန်းကျင်ရှိပြီး ၎င်းမှာဒေါင်းလူးကျေးရွာတွင် နေထိုင်ကြောင်း၊ သတ်ဖြတ်သွားသူများကို စစ်ဆေးနေကြောင်းလည်း သိရသည်။
Photo - Credit
#centralnewsnaypyitaw
Aung Myat
Delete Comment
Are you sure that you want to delete this comment ?