ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဇန်နဝါရီ မှာ နာပိုလီကိုမပြောင်းဘူးဆိုတဲ့ ဒန်နီလို
" ငါ ဇန်နဝါရီမှာ ဂျူပင်တပ်စ်ကနေထွက်ခွာသွားမှာမဟုတ်ပါဘူး။ အသင်းခေါင်းဆောင်တွေက ဘယ်တော့မှ ရာသီဝက် မှာ မထွက်ခွာကြပါဘူး။ ငါက ပထမဆုံးဖြစ်မလာချင်ပါဘူး'
"ဂျူပင်တပ်စ်အတွက် အကောင်းဆုံးအရာတွေပေးဆပ်ဖို့ငါအမြဲရှိနေမှာပါ"
ဒန်နီလို ( ဂျူပင်တပ်စ်အသင်းခေါင်းဆောင်)
ကြက်သား ဒန်ပေါက် (၈ယောက်စာ)
မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။ ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။ မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့ ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံး၀ မအီပါဘူး။ ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။ ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်…
ဒန်ပေါက်တွင် ပါ၀င်ပစ္စည်းများ
ဒန်ပေါက်ဆန် (basmati rice) ♦ နို့ဆီဘူး ၄လုံး (CityMart တွင် ၀ယ်ယူနိုင်သည်)
ဇီယာစေ့ ♦ စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
သီဟိုစေ့ ♦ စားပွဲတင်ဇွန်း ၂ဇွန်းစာ
Saffron ♦ စားပွဲတင်ဇွန်း ၃ဇွန်း
မှတ်ချက် ။ ။ Saffron ဒန်ပေါက်ချက်ရာမှ အရောင်အတွက်ထည့်သော ပစ္စည်းဖြစ်သည်။ ရန်ကုန်မှာ ရှာမတွေ့တာမို့ ၀တ်ရည်ချက်တဲ့ ထဲတွင် ထည့်မချက်ထားပါ။
ကြက်သားနုပ်ထားရန် ပါ၀င်ပစ္စည်းများ
ကြက်ပေါင် ♦ ၆ခု (ထက်ပိုင်းပိုင်း ထားပါ)
ဂျင်း ♦ လက်တဆစ် (ထောင်းထားပါ)
ကြက်သွန်ဖြူ ♦ ၂ခု (ထောင်းထားပါ)
ကြက်သွန်နီ ♦ ၃လုံး (ပါးပါးလှီးပါ ကြော်ထားပါ)
ဒိန်ချဉ် (yoghurt) ♦ ၁ခွက်စာ
ဆီ (oil) ♦ စားပွဲတင်ဇွန်း ၅ဇွန်းစာ
လေညှင်း (cloves) ♦ ၂ခု
ဖာလာစေ့ (cardamon) ♦ ၄ခု
ဇာပွင့် (Javetri) ♦ ၃ခု
ကလာဝေရွက် (bayleaf) ♦ ၂ခု
သစ်ဂျပိုး ♦ ၁ခု
ဇီယာ (cumin) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ဇီယာမှုန့် (cumin pdr) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
နံနံစေ့မှုန့် (coriander pdr) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်သီးမှုန့် (chilli pdr) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ဆနွင်းမှုန့် (tumeric pdr) ♦ စားပွဲတင်ဇွန်း တ၀က်
ငရုတ်ကောင်းလုံး (အမဲ) ♦ စားပွဲတင်ဇွန်းတ၀က် (မညက်တညက် ထောင်းထားပါ) (black pepper corn)
ငရုတ်သီးစိမ်း (green chilli) ♦ ၆ခု (စိတ်ပေးပါ)
ဆား (salt) ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
မာဆလာ (masala) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ပူစီနံ (mint) ♦ ၁စည်း (ပါးပါးလှီးပါ)
နံနံပင် (coriander) ♦ ၁စည်း (ပါးပါးလှီးပါ)
မှတ်ချက်။ ။ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်များကို CityMart တွင် ၀ယ်ယူနိုင်ပါသည်။
ပြင်ဆင်နည်း
၁။ အရင်ဆုံး ဇလုံတစ်ခုထဲသို့ ထက်ပိုင်းပိုင်းသော ကြက်သားများကို ထည့်လိုက်ပါ။
၂။ ပြီမှ ကြက်သားမှအပ နုပ်ထားရန် ပါ၀င်ပစ္စည်းများ အားလုံးကို ဇလုံထဲသို့ ထည့်ပြီ သမအောင် ရောနုယ်ထားလိုက်ပါ။
၃။ သမအောင် ကြက်သားကို နုယ်ပြီလျှင် ၁နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။
၄။ ကြက်သားကို နုပ်ထားစဉ်အတွင်း basmatic ဆန်ကို နာရီ၀က်ခန့် ရေစိမ်ထားပေးပါ။ (မှတ်ချက် ။။ ရေစိမ်ပေးထားမှ ဒန်ပေါက် ထမင်းချက်ရာမှ ကောင်းပါမည်)
၅။ နာရီ၀က် ရေစိမ်ပြီလျှင် ဇကာဖြင့် ဆန်များကို ရေပြန်စစ်ပေးပါ။
၆။ ထို့နောက် ဒယ်အိုးတစ်အိုးထဲသို့ ရေများထည့်ပြီ ဆူလာလျှင် ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ဆား(စားပွဲတင်ဇွန်း၂ဇွန်း)၊ ဇီယာ(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ) ထည့်မွှေပေးပါ။
ရ။ ပြီမှ ဆန်များကို လောင်းထည့်ပြီ ဆူလာသည်အထိ တည်ထားပေးပါ။
မှတ်ချက် ။ ။ ဒန်ပေါက်ဆန်ချက်ရာတွင် ကျက်သည်အထိ မတည်ရပဲ၊ တ၀က်ပဲကျက်သည့်အနေထားထိသာ တည်ရမည်။
၈။ ဒါကြောင့် ဆူလာလျှင် ၁မိန်ခန့် ထပ်တည်ပြီ ဆန်များ တ၀က်ကျက်လျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ထားပေးပါ။
ဒန်ပေါက် ချက်နည်း
၁။ ခုကြက်သား ဒန်ပေါက် စချက်ပါတော့မည်။
၂။ ဒယ်အိုးတစ်ခုထဲသို့ နုပ်ထားသော ကြက်သားများကို အရင်ထည့်ပြီ ခင်းထားလိုက်ပါ။
၃။ ကြက်သားအပေါ်မှ ဆန်များနှင့် သီဟိုစေ့များကို ခင်းလိုက်ပါ။
၄။ ထို့နောက်အပေါ်မှ နံနံပင်(အနည်းငယ်)၊ ကြက်သွန်နီကြော်၊ ငရုတ်သီး(ဆီချက်) (သို့) Saffron (စားပွဲတင်ဇွန်း ၃ဇွန်း) ဖြူးပေးပါ။
၅။ ပြီနောက် အဖုံးအုပ်ကာ (မီးပြင်းပြင်းဖြင့် ၅မိနစ်၊ မီးအသင့်တင့်ဖြင့် ၁၅မိနစ်၊ မီးနည်းနည်းဖြင့် ၁၀မိနစ်ခန့်) အားလုံး စုစုပေါင်း နာရီ၀က်ခန့် တည်ထားပါ။
၆။ ကျက်ပြီဆိုလျှင် ဒန်ပေါက်ထမင်း နှင့် ကြက်သားများကို ဖြည်းဖြည်းခြင်း ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။
ရ။ မြှောက်ပိုင်း အိန္ဒိယစတိုင် ကြက်သားဒန်ပေါက်ကို သုံးဆောင်နိုင်ပါပြီ..
သူများတွေကတော့ AI ကို နိုင်ငံတော်အဆင့်ကနေကို အသုံးချဘို့ပြင်ဆင်နေပြီ။ ကိုယ်တွေဆီမှာတော့ ရန်ဖြစ်နေကြတုန်းပဲ
Malaysia launches national AI office for policy, regulation
Published Thu, Dec 12, 2024 · 015 PM
MALAYSIA launched on Thursday (Dec 12) a national artificial intelligence (AI) office aimed at shaping policies and addressing regulatory issues, as it looks to establish itself as a regional hub for AI development.
The South-east Asian country has secured billions of US dollars in investment in the past year from global tech firms seeking to build critical infrastructure to cater to growing demand for their cloud and AI services.
“This is another historical moment in our digital transformation journey,” Prime Minister Anwar Ibrahim said at the launch of the new office.
The office is expected to serve as a centralised agency for AI, providing
strategic planning, research and development as well as regulatory oversight, among others, according to details published on its website.
It will pursue seven deliverables in its first year, including developing a code of ethics, an AI regulatory framework and a five-year AI technology action plan until 2030. The government on Thursday also announced strategic partnerships with six companies, including Amazon, Google and Microsoft, which have all announced data centre, cloud and AI projects in Malaysia in the past year.
Digital ventures have helped propel Malaysia’s economy in 2024, with RM71.1 billion (S$21.6 billion) in approved investments in the information and communications sub-sector, the its investment authority said this week. REUTERS
မန်စီးတီးက ထွက်ခွာပြီးနောက် တခြားအသင်းကို တာဝန်ယူတော့မည်မဟုတ်ဟု ဂွါဒီယိုလာ ပြော
မန်စီးတီးကနေ ထွက်ခွာပြီးနောက် တခြားအသင်းကို တာဝန်ယူကိုင်တွယ်တော့မှာမဟုတ်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
စပိန်နည်းပြဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားပြီး နိုင်ငံအသင်းနည်းပြ တာဝန်ကလွဲရင် တခြားနိုင်ငံ၊ တခြားကလပ်အသင်းတသင်းကို တာဝန်ယူဖြစ်တော့မှာ မဟုတ်ကြောင်း ဂွါဒီယိုလာက အတည်ပြုခဲ့တာပါ။
တခြားအသင်းတသင်းကို တာဝန်ယူဖို့ အားအင်တွေ မရှိတော့ကြောင်းနဲ့ အချိန်တိုင်း အလုပ်များနေတဲ့အပေါ် ဒဏ်မခံလိုတော့ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
နိုင်ငံအသင်းနည်းပြတာဝန်ကတော့ ကွဲပြားခြားနားပြီး မန်စီးတီးကနေ ထွက်ခွာပြီးနောက် ပြင်သစ်စကား သင်ယူတာမျိုး၊ ဂေါ့ဖ် ကစားတာမျိုးလို ကိုယ်စိတ်ပျော်ရာ အရာလေးတွေပဲ လုပ်ချင်တော့ကြောင်း နည်းပြ ဂွါဒီယိုလာ က ပြောသွားပါတယ်။
DVB
Photo-Reuters
အပတ်စဥ် အလှူဒါနအနေနဲ့ လူ ၄၀၀ စာ ထမင်းဟင်းလှူဒါန်းခဲ့ကြတဲ့ သဲစုငြိမ်း ၊ ထူးအံ့လွင် နဲ့ မီးမီး 🥰
#legendmedia #htooantlwin #thaesunyein #memes #credit
❝ လမ်းဘေးစျေးသည်ဘဝကနေ ကမ္ဘာကျော်စာဖိုမှူးတစ်ယောက်ဖြစ်လာခဲ့သူ ❞
- ရုပ်ရှင်အညွှန်း -
အွိုင်ဆိုတဲ့ကောင်မလေးဟာ မျိုးရိုးစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ မိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ ခေါက်ဆွဲဆိုင်ကို အမွေဆက်ခံရဖို့ဖြစ်နေတဲ့ကောင်မလေးတစ်ယောက်ပေါ့။
Dreamersတစ်ယောက်ပီပီ အွိုင်ကတော့ ရပ်ကွက်ခေါက်ဆွဲဆိုင်လေးမှာပဲ ဘဝကိုအဆုံးမသ။တ်ချင်သူပါ။
ဒါပေမဲ့ မောင်နှမတွေထဲမှာလည်း ဒီဆိုင်ကိုလက်လွှဲယူနိုင်မဲ့ ချက်ပြုတ်တတ်တဲ့လူကလည်းမရှိ သမီးအကြီးဆုံးကလည်းဖြစ်နေပြန်တော့ ရွေးစရာကလည်းမရှိပြန်ဘူးပေါ့။
ဒီလိုနွံနစ်နေတဲ့ ပတ္တမြားဖြစ်တဲ့အွိုင်ကို တွေ့ရှိသွားသူကတော့ ဟန်ဂါဆိုတဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အငယ်တန်းရှက်ဖ်တစ်ယောက်ဖြစ်တဲ့တုန်းပါ။
ဒီလိုနဲ့ပဲ အွိုင်ရဲ့အရည်အချင်းတွေကိုမြင်သွားတဲ့တုန်းက အွိုင်ကို ရှက်ဖ်လောကထဲကို ခေါ်သွင်းလာတဲ့အခါ…
မီးဖိုချောင်မှာ ဒီမိုကရေစီဆိုတာမရှိဘူး။ အာဏာရှင်စနစ်ပဲရှိတယ်လို့ပြောရင်တော့ အဆူအဆဲခံပြီး ပညာသင်လာရတဲ့စားဖိုမှူးတိုင်းက ရင်နာနာနဲ့ပဲ မှန်ကန်ကြောင်း ထောက်ခံမိကြမှာပါ။
ထို့နည်းတူပါပဲ ရပ်ကွက်စားသောက်ဆိုင်မှာပဲ ချက်ပြုတ်နေကြဖြစ်တဲ့အွိုင်လည်း ဟန်ဂါစားသောက်ဆိုင်ပိုင်ရှင်လည်းဟုတ်
အပေါက်ဆိုးတယ်လို့လည်း နာမည်ကြီးတဲ့ ရှက်ဖ်ပေါလ်ရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။
သူ့ရဲ့အိပ်မက်ဖြစ်တဲ့ နာမည်ကျော်ရှက်ဖ်တစ်ယောက်ရော ဖြစ်လာနိုင်မလား။
#crd_to_owner_with_respect #upload #thankyou #good #amazing #movie #videos #follower #respect #films #moemoe