hair style

Khine Su Zin shared a post  
19 w

19 w

make-up

Funny

အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနမှာ အသေခံဗုံးခွဲလို့ ဒုက္ခသည်ဝန်ကြီးနဲ့ လူခြောက်ယောက်သေ

ကဘူးလ်၊ ဒီဇင်ဘာ ၁၃

အာဖဂန်နစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနထဲမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် တာလီဘန်ဒုက္ခသည်ဝန်ကြီး ခါလီဟတ်ကာနီ သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောကြားပါတယ်။

ဒါဟာ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေ အာဏာရယူပြီးနောက်ပိုင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ပြီး ဒုက္ခသည်ဝန်ကြီးဟာ ရုံးခန်းကနေထွက်လာစဉ် အခြားခြောက်ယောက်နဲ့အတူ သေဆုံးခဲ့တာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကာလီဟတ်ကာနီဟာ တာလီဘန်အဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိသူတယောက်ဖြစ်ပြီး သူ့ကို အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားပါတယ်။ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ပါတယ်။

အိုင်အက်စ်အဖွဲ့ဝင်တယောက်ဟာ ဝန်ကြီးရုံးအပြင်ဘက်မှာ စောင့်ဆိုင်းနေကာ ဖောက်ခွဲခဲ့တာဖြစ်ပြီး ဟတ်နီကာကို သတ်ဖြတ်နိုင်ခဲ့ကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနကို အတည်ပြုထားပါတယ်။

အမေရိကန်ဦးဆောင်တဲ့တပ်တွေ အာဖဂန်မှရုပ်သိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တို့က အာဖဂန်ကို ထိန်းချုပ်လိုက်ပြီးနောက် လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပေမယ့် နိုင်ငံတွင်းမှာ ဗုံးကွဲမှုတွေနဲ့ အသေခံတိုက်ခိုက်မှု ဒါဇင်များစွာ နှစ်စဉ် ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

Ref:BBC
Photo:AFP

#သတင်းဟင်းလေးအိုးကြီး

image

တပ်မတော်အရေးကိစ္စ အစိုးရဝင်ရောက်စွက်ဖက်မှာမဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ပြော

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃

ကာကွယ်ရေးဝန်ကြီးဌာနအုပ်ချုပ်ရေးအက်ဥပဒေပြန်လည်ပြင်ဆင်ဖို့ ဥပဒေမူကြမ်းတစ်ရပ်ရေးဆွဲရေးကို ဖီယူထိုင်းပါတီ လွှတ်တော်အမတ်တစ်ဦးက အဆိုတင်သွင်းခဲ့ပြီးနောက် အစိုးရအနေနဲ့ တပ်မတော်ရေးရာ ကိစ္စတွေမှာ ဝင်ရောက်စွက် ဖက်ဖို့ ရည်ရွယ်ချက် လုံးဝမရှိကြောင်း ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်က ပြောကြားလိုက်ပါတယ်။

ဥပဒေကြမ်းမှာ အယူအဆတွေ ရောပြွန်းနေပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အသံအားလုံးကို နားထောင်ရမှာ ဖြစ်ကြောင်း ၎င်းက ဒီဇင်ဘာ ၁၁ ရက်နေ့ (ဗုဒ္ဓဟူး) နေ့က ပြောပါတယ်။

“လက်ရှိအချိန်မှာ အစိုးရအနေနဲ့ တပ်မတော်ရေးရာကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ဖို့ အစီအစဉ် လုံးဝ မရှိပါဘူး။” လို့ ၎င်းက ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံအတွက် အကျိုးရှိတဲ့ဆောင်ရွက်မှုမှန်သမျှကို ဘက်ပေါင်းစုံက ပူးပေါင်းပြီး ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

နောက်ထပ်စစ်တပ်အာဏာသိမ်းမှာကို ကာကွယ်ဖို့အတွက် လွှတ်တော်အမတ်ပရာယွတ်ဆီရီပန်းနစ်ချ်အဆို တင်သွင်းခဲ့တဲ့ အဲဒီဥပဒေမူကြမ်းထဲမှာ “ကာကွယ်ရေးဝန်ကြီးနဲ့ တပ်မတော်အကြီးအကဲတွေပါဝင်ဖွဲ့စည်းထားတဲ့ ကော်မတီတစ် ရပ်က အဆိုပြုတင်ပြထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေခန့်အပ်နိုင်ရေး ထောက်ခံဖို့အတွက် အစိုးရအဖွဲ့ကို အခွင့်အာဏာပေး ဖို့ ထည့်သွင်းထားတာဖြစ်ပါတယ်။

အဲဒီဥပဒေမူကြမ်းကို ညွန့်ပေါင်းအဖွဲ့က ဖုန်ဂျိုင်ထိုင်းပါတီနဲ့ UNT ပါတီတို့အပြင် အတိုက်အခံ ပါလန်ပရာချာရတ်ပါတီ (PPP) တို့ကပါ ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

အဲဒီအဆိုပြုချက်ဟာ ဖီယူထိုင်းပါတီနဲ့ ထိုင်းတပ်မတော်ကြား တင်းမာမှုတွေဖြစ်ပေါ်လာစေနိုင်တယ်လို့လည်း စောင့် ကြည့်လေ့လာသူတချို့က ပြောပါတယ်။

အဆိုပြုချက်ကြောင့် ထိုင်းတပ်မတော်အနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ပြီး ပဋိပက္ခဖြစ်ပေါ်လာနိုင်သလားလို့ မေးမြန်း တဲ့အခါ “တပ်မတော်အနေနဲ့ ဒီအဆိုပြုချက်နဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိကြောင်း” မစ္စပေထောင်တန်က ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာရာချိုင်းဟာ တပ်မတော်ခေါင်းဆောင်တွေနဲ့ အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ပြီး အစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွားစေမှာထက် ငြိမ်းချမ်းတည်ငြိမ်ရေးပိုမိုအားကောင်းလာ အောင်သာ အာရုံစိုက်ဆောင်ရွက်နေကြောင်း ၎င်းက ပြောပါတယ်။

စီးပွားရေးတိုးတက်လာအောင်ဆောင်ရွက်ဖို့ ညွှန်ကြားထားတဲ့အတွက် တိုးတက်မှုကို အဟန့်အတားဖြစ်စေမယ့် ဘာ ပဋိပက္ခမှ ရှိလာမှာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။

ဒီဥပဒေကြမ်းဟာ ပါတီက အဆိုတင်သွင်းတာမဟုတ်တဲ့အတွက် မစ္စတာပရာယွတ်အနေနဲ့ အဲဒီပြင်ဆင်ချက် ဥပဒေကြမ်းကို ပြန်လည်ရုပ်သိမ်းဖို့ ကြိုးပမ်းနိုင်ကြောင်း ဖီယူထိုင်းပါတီခေါင်းဆောင်လည်းဖြစ်တဲ့ မစ္စပေထောင်တန်က ပြောပါတယ်။

မစ္စတာပရာယွတ်က “တိုင်းပြည်မှာ စစ်တပ်က အကြိမ်ကြိမ်အာဏာသိမ်းတာကို နောက်ထပ်မမြင်လိုတော့တဲ့ အတွက်” ဒီဥပဒေမူကြမ်းကို တင်သွင်းခဲ့တာဖြစ်ပေမဲ့ အများစုက ကန့်ကွက်ရင် အဆိုပြုချက်ကို ပြန်လည်ရုပ်သိမ်းသွားမှာဖြစ်တယ် လို့ ပြောပါတယ်။

မစ္စတာပရာယွတ်ရဲ့ ဥပဒေမူကြမ်းဟာ ပါတီကအဆိုတင်သွင်းတာမဟုတ်တဲ့အတွက် အဲဒီဥပဒေကြမ်း တင်သွင်းမှုနဲ့ ဝေး ဝေးရှောင်နေကြဖို့ မစ္စပေထောင်တန်က ဖီယူထိုင်းပါတီဝင်တွေကို ပြောကြားထားပါတယ်။

ဥပဒေကြမ်း ပြန်လည်ရုပ်သိမ်းဖို့ မစ္စပေထောင်တန်ရဲ့ ပြောကြားချက်ကို မစ္စတာပရာယွတ်က ကြိုဆိုလိုက်ပါ တယ်။

မစ္စတာပရာယွတ်ရဲ့ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်က လူဦးရေ ၂၇၁၁၃ ဦးကို ဆန်းစစ်လေ့လာပြီး သဘော ထားကောက်ခံခဲ့ရာမှာ ၇၂.၄၇% က အဲဒီဥပဒေမူကြမ်းကို ကန့်ကွက်ပြီး ၂၇.၅၃% က ထောက်ခံခဲ့ပါတယ်။

Ref: Govt 'won't mess with military'

#centralnewsnaypyitaw

imageimage

ဒီဇင်ဘာ ၁၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဒီဇင်ဘာ ၁၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
19 w - Translate

ငါတို့တုန်းကတော့ ကြည့်လိုက်ရတဲ့ နတ်သမီး ဆိုတာ

🤌🤌🤌

image
19 w - Translate

ပြင်ဦးလွင်ဆိုတာ အပန်းဖြေအနားယူလို့ကောင်းတဲ့နေရာ

ပြင်ဦးလွင်ရောက်လို့ ခဏသာစိတ်အပန်းဖြေဖို့အတွက်ဆိုရင်
The Thai Reflexology & Wellness🍀

တစ်နေကုန်လည်လို့ပတ်လို့ပြီးရင်ညောင်းညာကိုက်ခဲနေပြီလားဒါဆို
အညောင်းညာကိုက်ခဲတာပြေပျောက်စေဖို့ The Thai Reflexology & Wellnessဆိုတဲ့ဒီနေရာလေးကိုညွှန်ပေးချင်တယ်🍀

ညောင်းညာကိုက်ခဲတတ်တဲ့သူငယ်ချင်းတွေရှိရင်အတူတူသွားသိင့်တဲ့နေရာ☘️

ကျန်းမားရေးနဲ့အညီ သန့်ရှင်းသပ်ရပ်သန့်ပြန့်ပြီးအဆင့်မြင့်မြင့်အနားယူချင်တဲ့သူတွေအတွက်တော့ စိတ်ကြိုက်တွေ့စေမယ့်နေရာ🍀

☘️ခံစားနေရတဲ့ Stress လေးတွေပြေပျောက်စေဖို့ နဲ့ ကောင်းမွန်စွာ အိပ်ပျော် စေဖို့ ဒီနေရာလေးကိုသင်တို့အတွက်သင့်တော်စေမှာအမှန်ပါ

The Thai Reflexology & Wellnessမှာရနိုင်တဲ့ဝန်ဆောင်မှုတွေကအောက်ပါအတိုင်း👇

🇹🇭ထိုင်းရိုးရာခြေဆထာက်အနှိပ်

Foot Massage (1)hr 19000ks

Foot Massage(1.5)hr 28000ks

🇹🇭ဆေးရည်စိမ် ထိုင်းရိုးရာခြေထောက်အနှိပ်

Herbal Foot Soak + Foot Massage (1)hr 25000ks

Herbal Foot Soak + Foot Massage (1.5)hr 37000ks

🇹🇭ထိုင်းရိုးရာတကိုယ်လုံးအနှိပ်

Thai Body Massage (1)h 25000ks

Thai Body Massage (1.5)h 37000ks

Thai Body Massage (2)h 49000ks

🇹🇭Aromaဆီနှင့်တကိုယ်လုံးအနှိပ်

Aroma Body Masaage (1)h
32000ks

Aroma Body Masaage(1.5)h
480000ks

Aroma Body Masaage(2)h
62000ks

😍ဧည့်သည် တစ်ယောက်ပြန်တိုင်း အခင်းတွေ အသစ်ပြန်လဲ၊ သန့်ရှင်းရေး သေချာလေး လုပ်ဖြစ်ပါတယ်။ ဒါမှ နောက်လာတဲ့ ဧည့်သည်တိုင်း စိတ်ချမ်းမြေ့စေမှာပါ

😍အခင်းတွေကို ပြန်မသုံးပဲ တန်ပြီး လျှော်လို့ ကျန်းမာရေးအတွက်ပါ စိတ်ချရစေမှာပါ

ခံစားရတဲ့ အထိအတွေ့တိုင်း အကြောပြေအညောင်းညာသက်သာဖို့ The Thai Reflexology & Wellnessကတာဝန်ယူပါပေးမှာနော်😍

🍀 အဖြူရောင်နဲ့ သစ်ပင်စိမ်းလန်းမှု အရောင်လေးတွေ သုံးထားတာ စိတ်ကြည်နူးစရာ

🍀ဧည့်ခန်းလေးဝင်လိုက်ရင်ကို စိတ်ပေါ့ပါးလန်းဆန်းစေတယ်

🍀ခြေထောက်၊ ခန္ဓာကိုယ် နှစ်ခုလုံးအတွက် ရွေးချယ်လို့ ရတယ်။

🍀Aroma ခန်းလေးလည်း ရှိတော့ အမွှေးရနံ့၊ တေးသံငြိမ့်ငြိမ့်လေး၊ ရေတံခွန်လေးက ရေကျသံလေးပါ ရှိနေပါတယ်

🍀ကျား၊ မ same gender ခွဲထားတယ်

🍀လုံခြုံစိတ်ချနွေးထွေးရမှာပါ

The Thai ဆိုင်က အနှိပ်ဆရာ၊ ဆရာမတွေက ထိုင်းနိုင်ငံက ထိုင်းရိုးရာနှိပ်နည်း (Nuad Thai)ကို လက်ဆင့်ကမ်းလာတဲ့ ထိုင်းဆရာ၊ ဆရာမတွေက သေချာစနစ်ကျ စစ်မှတ်တဲ့ ဝန်ဆောင်မှုပေးနိုင်ရန် အချိန်ယူပြီး Training ယူထားကြတာပါ

☎️ဖုန်းဆက်ပြီး ကိုယ်အနားယူချင်တဲ့ အချိန်ကို သူတို့နဲ့ တိုင်ပင်ပြီး သွားတာ ပိုအဆင်ပြေပါတယ်

The Thai Reflexology & Wellness
Opening time - 10 am to 8 pm

Address - No.39(, Thu Mingalar St, Thu Mingalar Quarter, Pyin Oo Lwin. (မြို့ပတ်လမ်းက လာရင် ထ၄ ရှေ့လမ်းထဲ ဝင်ပါ။ ဇင်ယော်ဖြူခေါက်ဆွဲဆိုင် ကျော်ရင် ရောက်ပြီ)

☎️ဖုန်းလေး ကြိုဆက်ပေးပါနော်
☎️09777070789
☎️09267886669

အော်ဒါနဲ့ပိုင်ရှင်အစ်မသဘောကောင်းတယ်နော်

image