19 w - Translate

ရှမ်းအစာ၊းအစာ ကြိုက်ကြလား😘

ရှမ်းအစာ၊းအစာတွေထဲမှာ
ဘာအစားအစာအကြိုက်ဆုံးလဲ😋

တောင်ပေါ်သာ၊းမှန်ရင်ကြိုက်ကြတဲ့
ရှမ်းအစာ၊းအစာ😋

image
19 w - Translate

ရှမ်းအစာ၊းအစာ ကြိုက်ကြလား😘

ရှမ်းအစာ၊းအစာတွေထဲမှာ
ဘာအစားအစာအကြိုက်ဆုံးလဲ😋

တောင်ပေါ်သာ၊းမှန်ရင်ကြိုက်ကြတဲ့
ရှမ်းအစာ၊းအစာ😋

image
19 w - Translate

ရှမ်းအစာ၊းအစာ ကြိုက်ကြလား😘

ရှမ်းအစာ၊းအစာတွေထဲမှာ
ဘာအစားအစာအကြိုက်ဆုံးလဲ😋

တောင်ပေါ်သာ၊းမှန်ရင်ကြိုက်ကြတဲ့
ရှမ်းအစာ၊းအစာ😋

image
19 w - Translate

ရှမ်းအစာ၊းအစာ ကြိုက်ကြလား😘

ရှမ်းအစာ၊းအစာတွေထဲမှာ
ဘာအစားအစာအကြိုက်ဆုံးလဲ😋

တောင်ပေါ်သာ၊းမှန်ရင်ကြိုက်ကြတဲ့
ရှမ်းအစာ၊းအစာ😋

imageimage
+8
19 w - Translate

Selena Gomez တစ်ယောက် ဒီနှစ်ဆောင်းရာသီမှာတော့ ချမ်းလို့ဆိုပြီး LV coat ဝင်မဝယ်တော့ပါဘူး။

ဘာလို့ဆိုချမ်းရင် ဖက်ထားပေးမယ့် ရည်းစားရှိနေပြီမို့လေ 😞

အခုတော့ စေ့စပ်သွားကြပြီပဲဖြစ်ပါတယ်။

image

ရွှေဆိုင်လိုင်စင်လျှောက်ရင် အာမခံကြေး ထားရမယ့်စနစ်ကြောင့် တပိုင်တနိုင်ရွှေဆိုင်ငယ်တွေ အခက်တွေ့လာ

ဒီဇင်ဘာ ၁၃

ရွှေအရောင်းအဝယ်လုပ်ငန်းတွေ အနေနဲ့ လုပ်ငန်းလိုင် စင် ပြန်လည်လျှောက်ထားရာမှာ ဆိုင်မှာ ရောင်းချမယ့် ရွှေတန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ ငွေကြေးပမာဏကို ဘဏ်မှာ အာမခံကြေးအဖြစ် ထည့်သွင်းထားဖို့စနစ်သတ်မှတ်လိုက်တာကြောင့် တပိုင်တနိုင်လုပ်ကိုင်သူတွေနဲ့ ရွှေဆိုင်အသေးတွေ အနေဖြင့် အခက်ခဲတွေဖြစ်ပေါ်မှုရှိနေတယ်လို့သိရပါတယ်။

အခုနှစ်ရဲ့ပြီးခဲ့တဲ့အောက်တိုဘာလ၂၅ရက်နေ့မှာ ရွှေအရောင်း အဝယ်ကို အရေးကြီးဝန်ဆောင်မှုအနေနဲ့ သတ်မှတ်လိုက်ပြီးတဲ့နောက် ရွှေဆိုင်တွေအကုန်လုံး သုံးလအတွင်း အဖိုးတန်ဓာတ်သတ္တုလုပ်ငန်းလိုင်စင်သစ် လျှောက်ထားကြဖို့ ညွှန်ကြားချက် ထွက်လာခဲ့ပါတယ်။

အဲ့ဒီ့ညွှန်ကြားချက်အထဲ ရွှေအရောင်းအဝယ်လုပ်ငန်းလိုင်စင်လျှောက်ပါက ရွှေတန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ ငွေကြေးပမာဏကို ဘဏ်မှာ အာမခံကြေးအဖြစ် ထည့်သွင်းထားဖို့ သတ်မှတ်ချက်လည်းပါဝင်နေတယ်လို့ဆိုပါတယ်။

" ရွှေအရောင်းအဝယ်က လိုင်စင်ရှိမှပဲလုပ်လို့ရမယ်။အဲဒီလိုင်စင်ကိုလည်းပြီးခဲ့တဲ့နိုဝင်ဘာလ ၁၈ရက်ကစပြီး၃လအတွင်းလျှောက်ဖို့ အသိပေးထားတယ်။အဲ့ဒီ့မှာလည်း လိုင်စင်လျှောက်ဖို့ လုပ်ရမယ့်အချက်အလက်တွေအများကြီးပါနေတယ်။ ဒီအချက်တွေထဲ လိုင်စင်လျှောက်ရင် ဘဏ်မှာ၂၅ရာခိုင်နှုန်းအာမခံထားရမယ်ဆိုတာကတော့ ဆိုင်ကြီးနာမည်ကြီးတွေ အတွက်ကိစ္စမရှိလောက်ပေမယ့်။ဆိုင်ငယ်တွေနဲ့ တပိုင်တနိုင် အရောင်းအဝယ်တွေ အတွက်ကတော့ ခက်ခဲသွားတယ်။ သူတို့ကငွေကြေးအင်အားအရနည်းပါးတာရော ဆိုင်ကြီးတွေကနေ ကိုယ်စားလှယ်သဘောယူရောင်းနေရတာတွေရောကြောင့် လိုင်စင်မရလို့အရောင်းအဝယ်မလုပ်ရတော့ရင် ဆိုင်ပိတ်ရတော့မယ့်အနေအထားတွေမှာရှိပါတယ်လို့" အင်းစိန်မြို့နယ်မှာ ရွှေဆိုင်ဖွင့်ကာလုပ်ငန်းလုပ်ကိုင်နေသူတယောက်က ပြောပါတယ်။

လက်ရှိမှာ ရွှေရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင် ပြန်မလျှောက်သူများကို အရေးယူဖို့အသိပေးတာနဲ့ လိုင်စင်လျှောက်ရာမှာလုပ်ငန်းပမာဏ ၂၅ ရာခိုင်နှုန်း ဘဏ်ထောက်ခံချက်အပြင်နေ့စဉ်၊ လစဉ်အရောင်းအဝယ်စာရင်းနဲ့ လက်ကျန်စာရင်းများကိုပြုစုပြီး သက်ဆိုင်ရာ ကနဦး စိစစ်ရေး အဖွဲ့ထံ လစဉ် လဆန်း ၅ ရက်အတွင်း မပျက်မကွက် တင်ပြရမယ်လို့ယခုရက်ပိုင်းအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်အသိပေးမှုတွေလည်း ရှိနေပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းကို ထိန်းချုပ်ရန် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီဖွဲ့စည်းပြီး ဒီဇင်ဘာ ၆ ရက်နေ့မှစတင်ကာ ရွှေဈေးနှုန်းကို မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း(YGEA)နဲ့ နိုင်ငံပိုင်မီဒီယာတွေကနေ နေ့စဉ်တိုင်းထုတ်ပြန်နေပေမယ့် ပြင်ပပေါက်ဈေးနဲ့ကွာခြားလျက်ရှိနေဆဲဖြစ်တယ်လို့ ရွှေဈေးကွက်ကနေသိရပါတယ်။

" ရွှေက အခု ဒီနေ့ဆို ၁ကျပ်သားဈေး ကို၅၃သိန်း၈သောင်းလို့ သတ်မှတ်ပေမယ့် ပြင်ပမှာ အဲ့ဈေးအတိုင်းဟုတ်မနေဘူး။ ထုတ်တဲ့ဈေးထက် ပိုနေတဲ့ဈေးနဲ့ အရောင်းဖြစ်နေတယ်။ဝယ်တဲ့ဈေးကျတော့လည်း ထုတ်တဲ့ဈေးအောက်ရှိနေပြန်တော့ အခုက ရွှေဆိုကြီးကြီးမားမားဝယ်သူနည်းသွားပြီး18Kလို အထည်သေး အလှတွေပဲအနည်းကျဉ်းဝယ်သူတွေသာရှိတော့တယ်လို့ တပိုင်တနိုင်ရွှေအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေသူတယောက်က ပြောပါတယ်။

ရွှေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် တွေအနေနဲ့ ယခင်က စည်ပင်လိုင်စင်နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပေးတဲ့အဖိုးတန်သတ္တုရွှေကိုင်ဆောင်ခွင့်လိုင်စင် နှစ်မျိုး သာရှိခဲ့ပြီး ယခုလျှောက်ထားဖို့အသိပေးထားတဲ့ သံယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကထုတ်ပေးမယ့် ရွှေလက်ဝတ်ရတနာရောင်းချခွင့်ရွှေဆိုင်လိုင်စင်နဲ့ ရွှေတုံးရွှေခဲအတုံးလိုက်ရောင်းချခွင့်လိုင်စင်နှစ်မျိုးပါ အပါအဝင်ဆိုပါက ရွှေလုပ်ငန်းလုပ်ကိုင်သူတွေဟာ လုပ်ငန်းလိုင်စင်အမျိုးအစား လေးမျိုးကို ကိုင်ဆောင်ပြီး လုပ်ငန်းလုပ်ကိုင်ရမယ်လို့ သိရပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရွှေရောင်း ဝယ်ခြင်းလုပ်ငန်းကို အရေး ကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီးနောက် နိုဝင်ဘာ၁၈ရက်ကစကာ ၃လအတွင်းလုပ်ငန်းလိုင်စင် လျှောက်ထားကြဖို့နဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များကို မလိုက်နာပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ နဲ့ အညီ ထောင်ဒဏ်၆ လမှ ၃ နှစ်အထိချမှတ်ခံရမယ့်အပြင် ကျပ် ၅ သိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ခံရနိုင်တဲ့ ပုဒ်မနဲ့အရေးယူခံရမယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Photo:CJ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image

ဇက်ခီဇီကို နာပိုလီအတွက် ကွန်တီ ခေါ်ယူချင်နေ

ဒီဇင်ဘာ ၁၃

နာပိုလီအသင်းနည်းပြ ကွန်တီဟာ ယူနိုက်တက်အသင်း တိုက်စစ်မှူး ဇက်ခ်ဇီကို အသင်းအတွက် ခေါ်ယူချင် နေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြထားပါတယ်။

ဇက်ခ်ဇီဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဘိုလော့ဂ်နာ အသင်းကနေ ယူနိုက်တက်အသင်းထံ ပေါင် ၃၆.၅ သန်းနဲ့ ပြောင်းရွှေ့ လာခဲ့ပေမယ့် သူ့ရဲ့ ယူနိုက်တက်အသင်း အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေ အများအပြား ထွက်ပေါ်နေတာပါ။

ဂျူဗင်တပ်စ်အသင်းဟာ ဇက်ခ်ဇီကို ခေါ်ယူဖို့ ချိတ်ဆက်မှု ပြုလုပ်နေသလို နောက်ထပ် အီတလီကလပ်ဖြစ်တဲ့ နာပိုလီအသင်းကလည်း သူ့ကို ခေါ်ယူဖို့စဉ်းစားမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အီတလီသတင်း Il Mattino က ကွန်တီဟာ ယူနိုက်တက်အသင်းကနေ ဇက်ခ်ဇီကို ခေါ်ယူနိုင်မယ့် ဒီပြိုင်ဆိုင်မှု ထဲမှာ ပါဝင်ဖို့ နာပိုလီအသင်းကို မီးစိမ်းပြခဲ့တယ်လို့ ဖော်ပြထားတာပါ။

ဇက်ခ်ဇီ ကိုယ်တိုင်ကလည်း လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ စီးရီးအေထံ ပြန်လာဖို့ စိတ်ဝင်စားနိုင်တယ်လို့ ဒီသတင်းထဲမှာ ထပ်မံဖော်ပြထားတာ ဖြစ်ပါတယ်။

ကွန်တီဟာ ဇက်ခ်ဇီရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး ယူနိုက်တက်အသင်းထံ သူမပြောင်းရွှေ့ခင် ပြီးခဲ့တဲ့ နွေရာသီက နာပိုလီအသင်းအတွက် ခေါ်ယူချင်ခဲ့တာပါ။

နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ တော်မီနေးကို ခေါ်ယူပြီး နောက် နောက်ထပ် ယူနိုက်တက် ကစားသမားတစ်ဦးကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

တော်မီနေးဟာ နာပိုလီအသင်းမှာ ပရိသတ်အကြိုက် ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသနေပြီး နာပိုလီ အသင်းအတွက် ၁၄ ပွဲ ကစားထားတာမှာ ၄ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးထားတာပါ။

နာပိုလီအသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရရှိနေပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

နာပိုလီအသင်းဟာ ဒီတစ်ပတ် စီးရီးအေပွဲစဉ်အဖြစ် အူဒီးနီးစ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။

Source: Metro

ပုံစာ- ဇက်ခီဇီကို တွေ့ရစဉ်

#centralnewsnaypyitaw

image

December ရောက်တော့မယ်
အသင့်ပြင်ထားကြ

တိုင်းမ်းမဂ္ဂဇင်းရဲ့ တနှစ်တာ အထူးခြားဆုံးလူ Donald Trump ကို ရွေးချယ်

ဒီဇင်ဘာ ၁၃

နှစ်စဥ် ရွေးနေကျ တိုင်းမ်း မဂ္ဂဇင်းရဲ့ တနှစ်တာ အထူးခြားဆုံးလူအဖြစ် အမေရိကန် အရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်ကို ရွေးချယ်လိုက်ပါတယ်။

NBC ရုပ်မြင်သံကြားရဲ့ ကြာသပတေးနေ့မနက် တူဒေးရှိုးမှာ တိုင်းမ် အယ်ဒီတာချုပ် Sam Jacobs က ခုလို ရွေးချယ်လိုက်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ထရမ့်က သတင်းတွေအပေါ် သက်ရောက်မှုအရှိဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ Jacobs က ပြောပါတယ်။ ထရမ့် ဟာ တိုင်းမဂ္ဂဇင်းရဲ့ ၂၀၁၆ နှစ် တနှစ်တာ အထူးခြားဆုံးလူ လည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် အထူးခြားဆုံးလူအဖြစ် ရွေးချယ်ရာမှာ ဒုတိယသမ္မတ ကင်မ်မလာ ဟဲရစ်စ်၊ X လူမှု စာမျက်နှာပိုင်ရှင် အီလွန် မာ့က်စ်၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေသန်ယာဟုနဲ့ ဝေလ မင်းသမီး ကိတ် တို့ကိုပါ စဥ်းစားခဲ့ပြီး နောက်ဆုံး ထရမ့်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

တိုင်းမ်း မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ထရမ့် ပထမဆုံး ဖော်ပြခံရတာကတော့ ၁၉၈၉ မှာ ဖြစ်ပါတယ်။ သူဟာ မျက်နှာဖုံးမှာ အဖော်ပြခံရဆုံးသူ ဖြစ်တယ်လို့ ထရမ့်က လွှဲမှားစွာ ပြောတတ်တယ်လို့လည်း အေပီသတင်းက ဆိုပါတယ်။

သူ့ရဲ့ ဂေါက်ကွင်းတွေမှာ သူ့ရဲ့ပုံနဲ့ မဂ္ဂဇင်း မျက်နှာဖုံးပုံအတုတွေကို ဖန်တီး ချိတ်ဆွဲထားတယ်လို့ ၂၀၁၇ ခုနှစ် ဝါရှင်တန်ပို့စ် သတင်းစာကဆိုကြောင်း အေပီသတင်းက ပြောပါတယ်။

📸 ဒီဇင်ဘာ ၂၀၂၄ Times မဂ္ဂဇင်းမျက်နှာဖုံး

Credit - Voice of America

#သတင်းဟင်းလေးအိုးကြီး

image

မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းလာခဲ့ဟု ကုလသမဂ္ဂ ဖော်ပြ

ဒီဇင်ဘာ ၁၃

မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှုန်းသည် ပြီးခဲ့သောနှစ်နှင့်နှိုင်းယှဉ်လျှင် လျော့နည်းလာခဲ့ကြောင်း ကုလသမဂ္ဂ၏ မူခင်းနှင့်မူးယစ်ဆေးဝါးဆိုင်ရာ UNODC ရုံးက ဖော်ပြလိုက်သည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်က ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး ဘိန်းဖြူနှင့်မူးယစ်ဆေးဝါးတန်ချိန် ၁၀၈၀ တန် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ ဘိန်းဖြူထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်တွင် လျော့နည်းကျဆင်းလာခဲ့ပြီး ဘိန်းဖြူတန်ချိန် ၉၉၅ တန်သာ ထုတ်လုပ်ခဲ့ကြောင်း UNODC က ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်အတွင်း ဘိန်းဖြူထုတ်လုပ်မှု ပမာဏသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာများဖြစ်လာခဲ့ပြီးနောက်ပိုင်း အနည်းဆုံးဖြစ်ခဲ့ကြောင်းလည်း UNODC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စပါးရိတ်သိမ်းမှု လျော့နည်းပြီး မိရိုးဖလာ ဘိန်းစိုက်ပျိုးသည့် ဒေသများတွင် ပဋိပက္ခများ ပြင်းထန်လာခြင်းတို့ကြောင့် ဘိန်းဖြူစိုက်ပျိုးထုတ်လုပ်မှုလျော့နည်းလာခြင်းဖြစ်ဖွယ်ရှိနေကြောင်းလည်း သုံးသပ်ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်ရှိ နေရာအများအပြားတွင် စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း ရှမ်းပြည်နယ်ရှိ နေရာအများစုတွင် တိုက်ပွဲများ အရှိန်မြှင့်ဖြစ်လာခဲ့ကြောင်း သိရသည်။

တိုက်ပွဲများဖြစ်လာခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုများသည် စိုက်ခင်းများကို စွန့်ခွာပြီး နေရပ်စွန့်ခွာခြင်းများရှိလာခဲ့ကြောင်း သုတေသီတစ်ဦးဖြစ်သော Inshik Sim က ပြောသည်။

ရှမ်းပြည်နယ်တွင် တိုက်ပွဲများအရှိန်မြှင့်ဖြစ်လာခဲ့ခြင်းကြောင့် ဝေးလံခေါင်သီသောဒေသများတွင် သွားလာလှုပ်ရှားမှုကန့်သတ်ခြင်း၊ မုတ်သုံရာသီ မိုးမကောင်းခြင်းများနှင့်လည်း ဆက်နွှယ်ဖွယ်ရှိနေကြောင်း သုံးသပ်ကြသည်။

Ref:UN

#centralnewsnaypyitaw

image