Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာမှ ရဲထွန်းနောင် ရွှေတံဆိပ်ဆွတ်ခူး
ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာမှ ရဲထွန်းနောင် ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။
ယင်းပြိုင်ပွဲကို မော်လဒိုက်နိုင်ငံ၊ Addu City Canareey Resortမြို့၌ နိုဝင်ဘာ ၆ ရက်မှ ၁၂ရက်အထိကျင်းပနေခြင်း ဖြစ်သည်။
ယမန်နေ့ နို၀င်ဘာ (၉)ရက်ပြိုင်ပွဲ၌ ၇၅ကီလိုတန်းတွင် နိုင်ငံ(၆)နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာမှရဲထွန်းနောင်ကပထမ(ရွှေတံဆိပ်)ဖိလစ်ပိုင်မှ ဒုတိယ(ငွေ)အိန္ဒိယမှ တတိယ(ကြေး)တံဆိပ်ဆုရရှိခဲ့ခြင်း ဖြစ်သည်။
ရဲထွန်းနောင်သည်၇၅ကီလိုတန်းတွင် ပထမဆုရရှိသည့်အတွက် နို၀င်ဘာ၁၀ရက်တွင် Over Oll Championship ပြိုင်ပွဲသို့ ဆက်လက်၀င်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
(၁၅)ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်နိုင်ငံပေါင်း၄၁နိုင်ငံမှ အားကစားသမား၃၀၀ခန့် ပါ၀င်ပြီး ပြိုင်ပွဲအမျိုးအစား ၅၀တန်း ကျင်းပခဲ့ရာ မြန်မာမှ၇၅ကီလိုတန်းတစ်တန်းသာ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။