ကိုယ်တကယ် ပြိုလဲတဲ့အခါ ကိုယ့်ဘေးနာ
ဘယ်သူကျန်ခဲ့လဲ ဆိုတာ ကောင်းကောင်းကြီး
သိခွင့်ရတယ် ။
ကိုယ်တစ်ခုခုဖြစ်တိုင်း ဘေးမှာအမြဲရှိနေပေးပြီး
စိတ်ပူပေးတတ်ကြတဲ့ လူနည်းနည်းလေးကို တကယ်ချစ်တယ် ။
" ဘာမှမဖြစ်ဘူး အေးဆေးပဲ " လို့ ပြောနေတာတောင်
" တစ်ခုခုဖြစ်နေတာ ငါသိတယ် " ဆိုပြီး
ပြန်မေးတတ်တာမျိုးကို သဘောကျတယ် ။ ကိုယ့်စိတ်ကို နည်းနည်းလေး ဖြစ်ဖြစ် နားလည်ပေးတယ်လို့ခံစားရလို့ ။ ဘယ်လောက်ပဲ နာကျင်နေပါစေ ပြုံးနေတတ်တဲ့လူတွေထဲ ကျွန်တော်လဲ ပါနေတတ်တာပဲလေ ။
ကြီးကြီးမားမား ကူညီမပေးနိုင်ရင်တောင် စာလေးတစ်ကြောင်း စကားလေးတစ်ခွန်းနဲ့ အားပေးဖော်ရ ရင်ပဲ တကယ်ကျေးဇူးတင်စရာ ကောင်းနေပြီ ။ ရေနစ်နေသူ အဖို့ ကောက်ရိုးတမျှင်ကလဲ အားအင်ပဲမလား ။
စဥ်းစားကြည့်လေ လူ့ဘဝက တကယ်ခက်တယ် ။
ဆက်သွားရမဲ့ သံသရာ ရှည်ကြီးထဲမှာ ၊ ကိုယ့်ဆီက ထွက်သွားတဲ့သူတွေရော ရောက်လာတဲ့သူတွေရော အများကြီးပဲ ။
ကိုယ့်အခက်ခဲ ကို သူ့အခက်ခဲလို အေးအတူ ပူအမျှ ထပ်တူ ခံစားပေးတဲ့ အပေါင်းသင်း ဆိုတာ အရမ်းရှားတယ် ။
ဒီလို အပေါင်းသင်းမျိုး ကိုယ့်မှာရှိတယ်ဆိုတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ ။
လူတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲတတ်ကြတယ် ။
ပိုက်ဆံ မရှိတဲ့အချိန်ဆို ပိုလို့တောင် ပြောင်းလဲသွားတတ်ကြတာပဲ ။ အခက်ခဲတွေကြုံရလေလေ ၊ လူတွေဟာ ပြောင်းလဲလေလေပဲ ၊၊
ဟန်ဆောင်သူတွေဟာ အရမ်းများတယ် ၊၊
ကိုယ်တကယ် ဒုက္ခရောက်နေတဲ့အချိန်တွေမှာတော့
မိတ်ဆွေစစ်ကို ရှာတွေ့လိမ့်မယ် ။