1 w - Translate

Butterfly 🦋

image
1 w - Translate

Butterfly 🦋

image
1 w - Translate

Butterfly 🦋

image
1 w - Translate

Butterfly 🦋

image
1 w - Translate

Butterfly 🦋

image
1 w - Translate

Butterfly 🦋

image
1 w - Translate

Butterfly 🦋

image
1 w - Translate

Butterfly 🦋

image
1 w - Translate

Butterfly 🦋

imageimage
+6
1 w - Translate

ပင်လယ်ပြင်အတွင်း မျောပါနေသည့် ကျားဖောင်လုပ်သားများအား ကူညီကယ်ဆယ်ခဲ့

မြန်မာ့ပင်လယ်ပြင်အတွင်း မျောပါနေသည့် ကျားဖောင်လုပ်သားများကို နိုဝင်ဘာလ (၉) ရက် ၊ နံနက် (၁၀)နာရီ ခွဲအချိန်ခန့်တွင် ငါးဖမ်းစက်လှေတစ်စီးမှ တွေ့ရှိခဲ့သည့်အတွက် ကူညီကယ်ဆယ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မော်တင်စွန်းတောင်ဘက် ရေမိုင် (၂၅) မိုင် ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေထဲမျောပါနေသည့် ကျားဖောင် (၃)ဖောင်မှ ရေလုပ်သား (၁၂) ဦးသည် ဖျာပုံမြစ်ဝမှ (၁၀) မိုင်ခန့်အကွာ တွင် ကျားဖောင်လုပ်ငန်းလုပ် ကိုင်နေစဉ် နိုဝင်ဘာလ (၆) ရက် ၊ ည (၁၀)နာရီခန့်က ရာသီဥတု ဆိုးရွားကာ လှိုင်းလေပြင်းထန်လာသဖြင့် ကျားဖောင်များပျက်၍ မျောပါခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေရာသို့ လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် စစ်ရေယာဉ်က သွားရောက်ကာ အဆိုပါရေလုပ်သားများအား ညနေ (၃) နာရီခန့်တွင် မူလကယ်တင်ထားသည့် စက်လှေပေါ်မှ စစ်ရေယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင်ကာ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေလုပ်သားများကိုတပ်မတော်(ရေ)စစ်ရေယာဉ်မှ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွ က်၍ အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများထောက်ပံ့ကာ ရေလုပ်သားများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

image