မြွေကြီးရွှေဘုတ်နှင့် ကျွန်တော် (စ/ဆုံး)
----- မူရင်းရေးသားသူ - လေးမောင်
စိတ်ကသာ ရှိနေသော်လည်း ကိုယ်ခန္ဓာက အသက်အရွယ်
ကလေးကြောင့် မလိုက်နိုင်တော့သလို မျက်စိအမြင်အားနှင့် စိတ်တည်
ငြိမ်မှုတို့က လျော့ရဲလာသည်။ လေ့ကျင့်မှုကလည်း ကျဲပါးခဲ့သဖြင့် လက်
မှန်း (လက်ဆ) တို့က သိပ်မတည့်ချင်။
လျှောက်လှမ်းခဲ့ရသော ခရီးတို့ကလည်း ဝေးလံလှသလို သည်
တောင်မကြီးဆီသို့အရလုတက်နိုင်ပါမှ ဟိုမှာဘက်ရှိ ရိုးမတောကြီးနှင့်ဆက်စပ်နေသော တောင်ခြေမြေပြင်တွင် သားကောင်များကို ပစ်ခတ်
ရရှိမှာမို့ တက်ရောက်လာခဲ့ကြခြင်းပင်။ တောင်နှုတ်ခမ်း၊ လူသွားလမ်းမှ
တက်ရောက်ခဲ့ကြသည်မို့ လမ်းသာသော်လည်း ပင်ပန်းမောဟိုက်သည့်
ဒဏ်ကိုတော့ အလူးအလိမ့်ခံရသည်။
တောင်မကြီးပေါ် ရောက်ရှိကြတော့ တစ်ပြန့်တစ်ပြောနှင့် အောက်ခြေမြေပြင်တွင် သစ်ရိုင်းတောကြီးကို လှမ်း၍ မြင်တွေ့နေရသည်ကအတိုင်းသား။
တောင်ကမ်းပါးယံထိပ်မှ တောင်ခြေ မြေနိမ့်ပိုင်းကို လှမ်းကြည့်
လိုက်တော့ မြက်ခင်းပြင်ပေါ်တွင် သားကောင်တချို့ကို အေးဆေးစွာပင်
မြက်နုများကို ခေါင်းငုံ့စားနေကြသည်ကို တွေ့မြင်လိုက်ကြရပေသည်။
ရွာခံမုဆိုး ထွန်းတင်က အပေါ်စီးမှ လှမ်း ပ စ် ခတ်ရန် သတိပေး
နေသဖြင့် တောင်ထိပ်အထက်စီးဆီမှ မြေပြင်ပေါ်ရှိ သားကောင်များကို
ပစ်ခတ်နိုင်ရန် ဗိုက်ကပ် ဝမ်းလျားမှောက်လျက် အောက်ခြေ သားကောင်
များရှိရာဆီသို့ ကိုင်ဆောင်ထားသော ဒသမ (၁၃. ၁၃) ဝင်ချက်စတာ
ရိုင်ဖယ်နှင့် သားကောင်များကို လိုက်လံချိန်ရွယ်နေသော်လည်း အမော
တို့က မပြေနိုင်သေး။ ချိန်သားမကိုက်သဖြင့် ချိန်လို့က မရသေး။ သေန တ်
ကို ဘေးသို့အသာချလျက် ပြေပြင်တွင် ပက်လက်လှန်ကာ ဝင်သက်
ထွက်သက်ကို ပုံမှန်အနေအထားသို့ ရောက်ရှိသွားစေရန် အမောဖြေရင်း
စောင့်စားနေလိုက်မိပေသည်
---------------------
ဆက်လက်ဖတ်ရှုရန်
https://foodsandbeauty.xyz/mway-gyi-shwe-boke
Credit....
