27 w - Translate

သူမရဲ့အိမ်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်တဲ့ BLAKCPINK’s Lisa

မတ်လ 27 ရက်နေ့တွင် BLACKPINK အဖွဲ့ဝင် Lisa ရဲ့ အေဂျင်စီ LLOUD’s channel တွင် 'Special Birthday Q&A with Lisa' ဆိုတဲ့ ဗီဒီယိုတစ်ခုကို တင်လာခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုတွင် Lisa က ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတွင် ဝမ် 7.5 ဘီလီယံနဲ့ဝယ်ယူခဲ့တဲ့ ဆိုးလ်မြို့ Seongbuk-dong မှာရှိတဲ့ သူမရဲ့နေအိမ်ကို ပြသခဲ့တာပါ။ အရင်က လုပ်ငန်းစုမိသားစုတစ်စု ပိုင်ဆိုင်တယ်လို့သိရှိရတဲ့ ဒီအိမ်ကြီးတွင် မြေအောက်ခန်းနဲ့ အထပ်နှစ်ထပ်ပါဝင်တာ ဖြစ်ပါတယ်။ Lisa က “ပရိသတ်တွေက ကျွန်မရဲ့အိမ်ကို အမြဲမြင်ချင်နေကြတာကြောင့် ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ပထမဆုံး ကွန်းတန့်အဖြစ် ပြသလိုက်ပါတယ်” ဟု ပြောကြားထားပါတယ်။ ခမ်းနားတဲ့ဝင်ပေါက်ကနေတစ်ဆင့် အိမ်ထဲကိုဝင်ရောက်ကာ Lisa က သူမရဲ့ဝန်ထမ်းများမှ ပြင်ဆင်ထားတဲ့ အမေးအဖြေတွေကို ဖြေကြားခဲ့ပါတယ်။ အယ်လ်ဘမ်အစီအစဉ်အကြောင်း မေးတဲ့အခါမှာတော့ Lisa က ယခုနှစ်အယ်လ်ဘမ်ထွက်ရှိရန် သူမရဲ့စိတ်အားထက်သန်မှုကို ထုတ်ဖော်ပြောပြခဲ့ပြီး သူမရဲ့သီချင်းတွေအပေါ် အာရုံစိုက်ရန် စိတ်လှုပ်ရှားနေခဲ့ပါတယ်။

Lisa က သူမရဲ့စိတ်ဓာတ်ခွန်အားတွေနဲ့ပတ်သက်လို့ အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေကို ထိန်းသိမ်းထားရန်အရေးကြီးကြောင်း အလေးပေးဖော်ပြခဲ့ပြီး ငယ်စဉ်ကတည်းက မိခင်ရဲ့ခံနိုင်ရည်ရှိမှုနဲ့ ရည်မှန်းချက်အပေါ်ထားတဲ့ မြှုပ်နှံမှုတွေကို သဘောကျကြောင်း ပြောပြခဲ့တာပါ။ ဒါ့အပြင် Lisa က ဂီတသဘောတရားတွေနဲ့ပတ်သက်ပြီး စိန်ခေါ်မှုအမျိုးမျိုးကိုလက်ခံကာ စတိုင်သစ်တွေကို ဆက်လက်ရှာဖွေသွားလိုကြောင်း ဆိုပါတယ်။ အသက်မွေးဝမ်းကျောင်းလမ်းကြောင်းနဲ့ပတ်သက်လို့ Lisa က အရင်က သူမဟာ လေယာဉ်မယ်တစ်ဦးဖြစ်ချင်ကြောင်းနဲ့ YG Entertainment ကို ဝင်ရောက်ပြီးနောက် သူမဟာ အဲဒီအိပ်မက်ကို စွန့်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ Lisa က သူမရဲ့အိမ်မှာ မွေးနေ့ပွဲမကျင်းပရသေးကြောင်းနဲ့ သူမရဲ့အိမ်ကို ပြသခွင့်ရတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောပြခဲ့ပါတယ်။ နောက်ဆုံးမှာ Lisa က သူမရဲ့မြေအောက်ခန်းကားပါကင်ကို ပြသခဲ့ကာ ပရိသတ်တွေက Lisa ရဲ့ ကားကိုလည်း တွေ့မြင်ခွင့်ရခဲ့ကြပါတယ်။

Cele Now
photos from LLOUD/ youtube, pinterest

image
image
image
image

image

image
27 w - Translate

Morning 🌄🌄🌄🌄

image

image
27 w - Translate

မင်္ဂလာပါ

27 w - Translate

Morning

image

image
Alice Paing is feeling expressionless
27 w

image