Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
❝မြန်မာနိုင်ငံ နယ်စပ်ရေးရာဝန်ကြီးနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးတို့ တွေ့ဆုံ၍ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး ဆွေးနွေး❞
စက်တင်ဘာ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi အား စက်တင်ဘာ ၉ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် နယ်စပ်ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
အလားတူ ရခိုင်ပြည်နယ်အတွင်း၌ နယ်မြေတည်ငြိမ်အေးချမ်းမှု ရရှိလာပါက နေရပ်စွန့်ခွာသွားသူများအား ၎င်းတို့၏ဆန္ဒအလျောက် ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအပြင် UNHCR နှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
#centralnewsnaypyitaw
LATEST: A federal judge has blocked President Trump’s attempt to fire Federal Reserve Governor Lisa Cook.
Read more: https://abcnews.visitlink.me/xUsMSc
BREAKING: Military officials in Poland say the country's airspace was "repeatedly violated by drone-type objects" in the overnight hours amid Russian strikes on targets in Ukraine.
Read more: https://abcnews.visitlink.me/pB5qr-
ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ရုရှား Sberbank တာဝန်ရှိသူတို့ တွေ့ဆုံ
ရန်ကုန်၊ စက်တင်ဘာ ၉
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနဲ့ ရုရှားနိုင်ငံ PJSC "Sberbank of Russia ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ Ivan NOSOV ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တို့ မနေ့က နေပြည်တော်မှာ တွေ့ ဆုံခဲ့ကြောင်း သိရပါတယ်။
နှစ်ဖက်တွေ့ ဆုံမှုအတွင်း မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံဖြတ်ကျော် ပေးချေမှုတွေကို အဆင်ပြေချောမွေ့ စွာ ဆောင်ရွက်နိုင်ရေး နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။
အဓိကအားဖြင့် အထူးအိန္ဒိယရူပီးငွေစာရင်းဆိုင်ရာ ငွေပေးချေမှုစနစ် (Special Rupee Vostro Account-SRVA Machanism) မှတစ်ဆင့် ငွေပေးချေမှုတွေ ဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။