27 w - Translate

Good night
😴😴

27 w - Translate

"လီယွန်နယ်မက်ဆီကောင်းတာ လက်ခံပါတယ်။ဒါပေမယ့် ပြင်သစ်သားလေး အမ်ဘာပေနဲ့ ရော်နယ်ဒိုအရမ်းကောင်းနေတဲ့ ငယ်ငယ်က အချိန်တွေထက် ပိုကောင်းသလားဆိုရင်တော့ ပြောရခက်လာပြီဗျ။

ကျွန်တော်တစ်ယောက်တည်း အမြင်အရ ပြောရမယ်ဆိုရင် မက်ဆီက သူတို့နှစ်ယောက်ထက် ဘယ်လိုမှ ပိုသာတယ် မထင်ပါဘူး"

ဒက်စ်ချမ့်🎙️(ပြင်သစ်နည်းပြ)

ပြင်သစ်နည်းပြကြီးကတော့ လီယွန်နယ်မက်ဆီလုပ်ပြခဲ့တဲ့အရာတွေက အမ်ဘာပေနဲ့ ရော်နယ်ဒိုထက် ဘယ်လိုမှ မသာနိုင်ပါဘူးတဲ့။သူ့စိတ်ထဲမှာ တကယ်မသာဘူး ထင်တာလည်းဖြစ်နိုင်သလို ကမ္ဘာ့ဖလားက အငြှိုးတွေ အခုထိ မကုန်နိုင်သေးတာလည်း ဖြစ်နိုင်ပါတယ်

အင်း သူ့အကြိုက်နဲ့သူ ဆိုတဲ့စိတ်ကလေးထားတာ အကောင်းဆုံး

image
27 w - Translate

ဖုန်းမှာ Noti နောက်ကျတာက အလွန်ဆုံး Message တစ်စောင်လွတ်ရုံပဲ... ကားမှာ ကီလို ၁၀၀ နှုန်းမောင်းနေတုန်း Suspension လစ်သွားရင် အသက်တစ်ချောင်းပဲ 🥲
.
Xiaomi SU7 ကို တရုတ်နိုင်ငံမှာ တရားဝင်စျေးနှုန်းနဲ့ မိတ်ဆက်တာ Post မတင်ဖြစ်ပဲ ဒီတိုင်း Review တွေလိုက်ကြည့်ပြီး သဘောကျနေတုန်း တရုတ်နိုင်ငံတွင်း Social Media တွေ၊ X (Twitter) လိုမျိုးတွေမှာ Xiaomi SU7 အကြောင်း သတင်းတွေဆက်တိုက်တက်လာပါတယ် - ခက်တာက အကောင်းဘက်ကတော့ မဟုတ်နေတာပဲ 🫠

ဘာဖြစ်တာလဲဆိုတော့ Xiaomi SU7 EV က လောလောဆယ်မှာ ဆက်တိုက်ကို တရုတ်နိုင်ငံတွင်းမှာ မတော်တဆမှုတွေဖြစ်နေတယ်။ ဒါက ကားကြောင့်လို့ပြောရမလား၊ Driver ကို အပြစ်ပုံချမလားတော့ မသိသေးပေမယ့် ဝယ်ထားတဲ့ တကယ့် Customer တွေဆီကိုတောင် မရောက်သေးဘူးဆိုတော့ Xiaomi ဘက်က စမ်းသပ်တဲ့သူတွေနဲ့ ကားအကြောင်း Video လုပ်၊ Review လုပ်နေကြတဲ့ Journalist တွေလက်ထဲမှာပဲ အခု မတော်တဆမှုတွေက ဖြစ်တဲ့ပုံပါပဲ။ ဆိုတော့ Customer တွေမောင်းတာ အသုံးမကျလို့ဖြစ်တယ်ဆိုတာကတော့ ပြောဖို့ခက်သွားပြီ...။

ဖြစ်တာတွေက -

#1. မီးပွိုင့်ကနေ Right Turn ကို အရှိန်နဲ့ထွက်ပြီး ကွေ့တုန်းမှာ Traction Control System (ဘီးမချော်အောင်ထိန်းတဲ့စနစ်) က သေချာမချိန်ပေးနိုင်လို့ အလယ်ကျွန်းကို ဝင်တိုက်တယ်။ ဒါက RWD Version လား၊ AWD Version လားတော့ မသိသေးဘူး - ဒါပေမယ့် လောလောဆယ် အစမ်းများတဲ့ AWD SU7 Max Version မှာဖြစ်တာဆိုရင်တော့ တော်တော်ရယ်ရတဲ့ မတော်တဆမှုပဲ။

ဒီလိုအလယ်ကျွန်းဝင်တိုက်တာကို Car News China က ရေးတဲ့အတိုင်း ဘာသာပြန်လိုက်ပါမယ် -

"ဘယ်လိုပဲ အတွေ့အကြုံမရှိတဲ့သူ တက်မောင်းပါစေ, အခုခေတ် EV ကားတွေက ဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်ပြီး အန္တရာယ်များတဲ့ မောင်းနှင်မှုပုံစံမျိုးကို ခွင့်ပြုမှာမဟုတ်ဘူး၊ ဒါကြောင့် အခုဖြစ်ရပ်က Xiaomi SU7 ရဲ့ Traction Control စနစ် ချို့ယွင်းချက်ပဲဖြစ်နိုင်တယ်။ တကယ်သာ Traction Control ကောင်းကောင်းအလုပ်လုပ်ရင် ဘီးတစ်ခုချင်းစီ လမ်းချော်မချော်ကို သိရှိပြီး Motor နဲ့ Brake ကို ထိန်းညှိပေးသင့်တယ်။ ဒါကြောင့် Software ကြောင့်လား... Hardware ကြောင့်လား မသိရသေးပေမယ့် Xiaomi ရဲ့ Traction System က Advanced ဖြစ်တဲ့ System လို့ ခေါ်ဖို့က ဝေးနေသေးတယ်။

ဥပမာ - Tesla သာ ဖြစ်နေခဲ့ရင် ဒီလိုဖြစ်ရပ်မျိုးဖြစ်မှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုရင် Tesla ရဲ့ Traction Control က ပိုကောင်းတာထက် Tesla မှာ Motor Traction Control အတွက် ဒုတိယမြောက် Traction Control System တစ်ခုရှိနေသေးတယ်။ "

ဒါကြောင့် ဘယ်လိုမှ Tesla ကားကို အခု Xiaomi SU7 လိုမျိုးဖြစ်အောင် မောင်းလို့ရမှာမဟုတ်ဘူး။ ဝင်တိုက်မှာမဟုတ်ဘူး။

#2. Radient Purple အရောင်နဲ့ Xiaomi SU7 တစ်စီးရပ်ထားတဲ့အချိန်မှာ Air Suspension က အလုပ်မလုပ်တော့ပဲ Low Rider လို Stanced လုပ်ထားသလိုဖြစ်နေတယ်။ ဒါကတော့ Air Suspension ဖြစ်လို့ Ride Height (ကားအနိမ့်အမြင့်) ချိန်လို့ရတဲ့ အနိမ့်ဆုံးထားတာထက် Suspension ကိုက Defect ဖြစ်နေတာဆိုပြီး ပြောထားတယ်။

#3. ပြီးတော့ XIaomi SU7 အပြာတစ်စီးလည်း လမ်းမှာ ယာဥ်တိုက်မှုဖြစ်သွားတယ်၊ ဘာကြောင့်လဲမသိပေမယ့် Fender ချိုင့်ရုံလောက်ပဲ။

#4. BMW Z4 တစ်စီးကို အနောက်ကနေ Xiaomi SU7 က ဝင်တိုက်လိုက်သေးတယ်။ သိပ်တော့မထိလိုက်ဘူး။

ဒါကတော့ ထူးခြားတယ် - ဘာကြောင့်လဲဆိုရင် အခုခေတ်ကားတွေ တော်တော်များများက Radar တွေပါပြီးသား - ဆိုတော့ ကားရှေ့မှာ လူ၊ ဒါမှမဟုတ် တခြားကားတစ်စီးက ကပ်နေပြီဆိုတာနဲ့ Emergency Brake က မောင်းတဲ့သူမလုပ်ရင်တောင် Override လုပ်ပြီး ရပ်ချတယ်။ Xiaomi SU7 ဆို ဒီအတွက်နဲ့ Autonomous Driving အတွက် LiDAR Sensor Setup တောင် ခေါင်မိုးပေါ်တင်ထားသေးတယ်။ ဆိုတော့ အခုလို အနောက်ကနေ ဝင်ကြုံးတာက Radar ပဲ Miss သွားတယ်ဆိုပြီး ပြောထားတယ်။

#5. အပေါ်က လောလောဆယ်ဖြစ်ထားတာတွေ - ပထမဆုံးဖြစ်ထားတဲ့ မတော်တဆမှုက ဖေဖော်ဝါရီလတုန်းက နှင်းထဲမှာ စမ်းသပ်တုန်းဖြစ်ထားတာ၊ဒါကတော့ စမ်းနေတုန်းဆိုတော့ ဖြစ်နိုင်တာပဲ၊ အထူးအခြားမဟုတ်ဘူး။

ဆိုတော့ ဒါတွေက လောလောဆယ်တွေ့ထားတဲ့ Xiaomi SU7 ရဲ့ မတော်တဆမှုတွေ... ပထမဆုံး အလယ်ကျွန်းဝင်တိုက်တဲ့ Xiaomi SU7 Video ကို X (Twitter) မှာတင်ထားတဲ့ @kiss486 ဆိုတဲ့ User တစ်ယောက်ပြောထားတာဆိုရင် Xiaomi SU7 ကို စမ်းသပ်နေတုန်း တရုတ်ပြည်တွင်းမှာ မတော်တဆမှုပေါင်း ၄၀ လောက်ဖြစ်ထားပြီးပြီလို့ ဆိုထားတယ်။ (တကယ်ဟုတ်မဟုတ်တော့မသိ)

Xiaomi SU7 EV က စျေးနှုန်းကလည်း 215,900 ယွမ် (29,900 USD) ကနေစရောင်းတဲ့အတွက် အခုရောင်းအားမတရားကောင်းနေတယ်၊ ၂၄ နာရီအတွင်း အမှာစာ ၉ သောင်းကျော်သွားသလို စမ်းမောင်းချင်လို့ မနက် ၃ နာရီအထိ တန်းစီစောင့်ကြတဲ့သူတွေ၊ အခုဆို မှာထားရင်တောင် ကိုယ့်လက်ထဲကားရောက်ဖို့ ရက်သတ္တပါတ် ၃၀ ကျော်စောင့်ရမယ့်အထိကို အောင်မြင်နေတဲ့ကားပါ။ Review တွေကလည်း Porsche နဲ့တူနေတယ်ဆိုတာကလွဲရင် ကောင်းတာတွေကြီးပဲ။

ဒါပေမယ့် အခုလိုမတော်တဆမှုတွေဆက်တိုက်ဖြစ်နေတာကတော့ တစ်ချက်စောင့်ကြည့်စရာဖြစ်လာနိုင်တယ်။ ဘာကြောင့်လဲဆိုရင် အစမှာပြောသလို အခုဖြစ်တဲ့မတော်တဆမှုတွေက Xiaomi ဘက်က ကျွမ်းကျင်စမ်းသပ်တဲ့သူတွေ (ဒါမှမဟုတ်) ကားအကြောင်း Review လုပ်နေတဲ့ ကားမောင်းကျွမ်းကျင်တဲ့ Journalist တွေမောင်းနေတုန်းဖြစ်နေတာ - ဆိုတော့ ကားမောင်းသူကြောင့်ဆိုပြီး ပြောဖို့က သိပ်မလွယ်ဘူး။

ဘာပဲဖြစ်ဖြစ် 0-100km/h ကို 2.78s အတွင်း အရှိန်တင်နိုင်ပြီး 663hp ရှိတဲ့ Xiaomi SU7 ကို သာမန်လူတွေတက်မောင်းရင် အခုလို မတော်တဆမှုတွေဆက်ဖြစ်နေဦးမလား... Xiaomi ဘက်က ဘယ်လိုပြန်ပြင်ဆင်မလဲဆိုတာကို စောင့်ကြည့်ရမယ်။

Chevy Bolts တွေလို မီးထမလောင်သေးတာပဲ တော်ပါသေးတယ်ပေါ့ 🫠

#techgadgetmm #news

image
27 w - Translate

အာလူးဆနွင်းမကင်း ပြုလုပ်နည်း
🧀🧀🧀🧀🧀🧀🧀🧀🧀🧀🧀

အာလူး......၈၀ကျပ်သား
အုန်းသီး (အေသး).....၁လုံး(အမှုန့်ခြစ်)
အုန်းသီး ကြီးရင် ၁ခြမ်းပဲထည့်ပါ
သကြား.. ...၂၅ကျပ်သား
ထောပတ်.. ...၁၅ကျပ်သား
ဂျုံမှုန့်.....၁၅ကျပ်သား
အုန်းနို့.....ဘူးသေးတ၀က်
နို့မှုန့်......၂ထုပ်(အေသး)
ဆား.....၁ဇွန်း (လက်ဖက်ရည်ဇွန်း)
ဘိန်းစေ့.. ...အနည်းငယ်

အာလူးကို နူးအိအောင်ပြုတ် အခွံခွာပြီး
ကျေအောင်ချေထားပါ(ကြိတ်စက်နဲ့လဲရပါတယ်)
ချေထားတဲ့ အာလူး +အုန်းသီးအမှု့န်+
သကြား+ ထောပတ် +ဂျုံ +ဆား+အုန်းနို့
နို့မှုန့် အားလုံးသမအောင် ရောနယ်ပါ
ထောပတ်သုတ်ထားတဲ့ဘန်း ၉"+၁၁"ထဲ
ထဲ့ အပေါ်ယံညီအောင် ထောပတ်ထပ်ဆမ်းပြီး ညှိပေးပါ ပြီးမှ ဘိန်းစေ့ဖြူးပြီး
အပူချိန် ၂၀၀ံ စင်တီဂရိတ် မိနစ် ၄၀
အပေါ်မီးများများ အောက်မီးနဲနဲ နဲ့ မုန့်ဖုတ်လိုက်ရင်ရပါပြီ
အအေးခံပွှီး ကြိုက်တဲ့ပုံစံ
ဖြတ်လို့ရပါပြီ။

image
27 w - Translate

ဘဏ်စာရေးရဲ့ ကူညီမှုကြောင့် ဒေါ်လာသန်းချီ အလိမ်ခံရမယ့်ဘေးမှ လွတ်မြောက်ခဲ့သူ

သြစတြေးလျ ဘဏ်စာရေးတစ်ဦးဟာ အမျိုးသမီးကြီးတစ်ဦးကို ဒေါ်လာသန်းချီ ဆုံးရှုံးနစ်နာရမယ့် အင်တာနက်ငွေလိမ်ဂိုဏ်းရန်ကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ငွေအသွင်းအထုတ်တွေမှာ ထူးခြားတယ်လို့ထင်ရင် Customer ကို မေးခွန်းထုတ်ကြဖို့ Westpac Bank က သူ့ရဲ့ဝန်ထမ်းတွေကို သင်ကြားပေးထားတာပါ။

ဒါကြောင့် အသက် ၇၀ ဝန်းကျင် အမျိုးသမီးကြီးတစ်ဦးက အိမ်ရောင်းတော့မှာဖြစ်လို့ အိမ်အာမခံ ပြန်ထုတ်တော့မယ်ဆိုပြီး ပြောချိန်မှာ ဘဏ်စာရေး ကာဘောစကီးက သူ့ကို အကျိုးအကြောင်း မေးမြန်းဖြစ်ခဲ့တာပါ။ အစောပိုင်းမှာ အမျိုးသမီးကြီးက သားဖြစ်သူကို အကူအညီပေးဖို့လို့ ဆိုခဲ့ပေမဲ့ ကာဘောစကီးက အခန်းထဲခေါ်ပြီး နှစ်ကိုယ်ကြားသီးသန့် စကားပြောကြည့်ချိန်မှာတော့ ပြည်ပမှာ ထောင်ကျနေတဲ့ သူ့ချစ်သူကို ထောင်ကလွတ်အောင် ကူညီပေးဖို့ အိမ်ရောင်းမယ့်အကြောင်း သိခဲ့ရပါတယ်။

'' သူ့ဘဝရဲ့ အကြီးမားဆုံး ငွေကြေးဆုံးရှုံးမှုကြုံရတော့မလို့ သီသီလေးပါပဲ။ သူ့ချစ်သူနဲ့ အခုနောက်ဆုံးကော်ဖီထွက်သောက်တာ ဘယ်တုန်းကလဲလို့ မေးလိုက်တော့ တစ်ခါမှတောင် မဆုံဖူးဘူး။ အင်တာနက်မှာပဲ သိတာလို့ သူ ပြန်ပြောတယ်'' လို့ ကာဘောစကီးက ဆိုပါတယ်။ ကာဘောစကီးရဲ့အဖေကလည်း အွန်လိုင်းငွေလိမ်ဂိုဏ်းကြောင့် ငွေကြေးအများအပြား ဆုံးရှုံးထားတာ သိပ်မကြာသေးပါဘူး။

ဒီတော့ ကာဘောစကီးက အမျိုးသမီးကြီးရဲ့အွန်လိုင်းချစ်သူ ဓာတ်ပုံကို တောင်းပြီး ဂူဂဲလ်ပေါ် ရှာဖွေကြည့်တဲ့အခါ အဲဒီလူရဲ့ဓာတ်ပုံတွေကို နာမည်အမျိုးမျိုးနဲ့ တွေ့လိုက်ရပါတယ်။ အမျိုးသမီးကြီးလည်း သူ အလိမ်ခံနေရပြီဆိုတာ သိလိုက်လို့ ကာဘောစကီးကို ဖက်ပြီး ငိုခဲ့ပါတယ်။ တကယ်လို့ ကာဘောစကီးသာ ဝင်ပြီး မကူညီဘူးဆိုရင် အမျိုးသမီးကြီးက အိမ်ရောင်းပြီး အဲဒီငွေတွေကို အွန်လိုင်းငွေလိမ်ဂိုဏ်းထံ လွှဲမိတော့မှာပါ။

Ref:Hero Bank Teller Saves Customer from Losing Millions on a Scam

image
27 w - Translate

mini flower bouquet.🫰🏻
We all need peace ♡

image
27 w - Translate

အပူလှိုင်းဖြတ်မယ်လို့
သတိပေးထားတာ စပါပြီ

Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။

အပူချိန် 35C - 37C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1

37C ကနေ upper 40C ထိတိုးလာရင် Level 2 danger ပါ ။

ကလေးငယ်ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။

ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖစ်အောင် သောက်ပေးသင့်တယ်။ ရေခဏခဏသတိရတိုင်းသောက်ပါ။

အိမ်ကို လိုက်ကာကာပါ။ အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။
အသောက်အစားလေးခဏလျှော့ပါ။
Gym အပြင်းအထန်လုပ်တာလျှော့။
Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မဖြစ်မနေဆောင်။
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရှိ။

အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြနော် ။

ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးပါ

image
27 w - Translate

မန္တလေးတောင် ⛰️

တောင်တက်လမ်း 🌿🌿🌿

သန့်ရှင်းလှပနေသော
.
.
.
Photo Credit to owner

image
27 w - Translate

မန္တလေးတောင် ⛰️

တောင်တက်လမ်း 🌿🌿🌿

သန့်ရှင်းလှပနေသော
.
.
.
Photo Credit to owner

image
27 w - Translate

မန္တလေးတောင် ⛰️

တောင်တက်လမ်း 🌿🌿🌿

သန့်ရှင်းလှပနေသော
.
.
.
Photo Credit to owner

image