27 w - Translate

Android 15 မှာ ဂြိုလ်တု ဆက်သွယ်ရေး ပါလာမည်
==============================

အခုဆိုရင် ဂြိုလ်တု ဆက်သွယ်ရေး ပါတဲ့ စမတ်ဖုန်းတွေ ထွက်ပေါ်လာပြီ ဖြစ်ပေမယ့် Operating System Level အထိ ထောက်ပံ့ထားတာ မဟုတ်ပါဘူး။

အခုတော့ Android 15 မှာ ဂြိုလ်တု ဆက်သွယ်ရေးကို Operating System Level အထိ ထောက်ပံ့လာတော့မှာ ဖြစ်ပါတယ်။ Google က ပြီးခဲ့တဲ့လမှာ ပထမဆုံး Android 15 Developer Preview ကို ဖြန့်ချိခဲ့ပြီး အခုတော့ ဒုတိယ ဗားရှင်းကို ထုတ်ပေးလိုက်ပါတယ်။ ဒုတိယ ဗားရှင်းမှာ ဂြိုလ်တု ဆက်သွယ်ရေးကို ထောက်ပံ့လာပါတယ်။ Google က ဂြိုလ်တု ဆက်သွယ်ရေးအတွက် UI Element တချို့ကို ထည့်သွင်းပေးထားတယ်လို့ ပြောပါတယ်။

အဲဒီ ဗားရှင်းမှာ တခြား တိုးတက်မှုတွေ ပါလာပါတယ်။ Do Not Disturb Mode မှာ Customize ပိုမို လုပ်လာနိုင်ပြီ ဖြစ်ပြီး Display ကို Black and White ပြောင်းတာ၊ Night Mode ဖွင့်တာတို့ကို ပြုလုပ်လာနိုင်ပါတယ်။ Developer တွေဟာ သူတို့ရဲ့ App တွေမှာ Password နဲ့ ကာကွယ်ထားတဲ့ PDF တွေကို ထောက်ပံ့လာနိုင်သလို PDF မှာ Search , Edit လုပ်နိုင်လာပါတယ်။ PDF တွေကို ကြည့်ရင် စွမ်းအင် စားသုံးမှု ပိုနည်းလာသလို ပိုမြန်လာပါတယ်။

ငွေပေးချေဖို့အတွက် NFC စွမ်းရည်က ပိုကောင်းလာပြီး Audio Recognition အတွက် အလိုအလျှောက် ဘာသာစကား ပြောင်းပေးမှု ပိုကောင်းလာပါတယ်။ App တွေကို Flip-style Foldable ရဲ့ အရွယ်သေး ကာဗာ Screen မှာ ပေါ်အောင် ပြုလုပ်နိုင်ပါတယ်။

Ref : gsmarena

image
27 w - Translate

သောမတ်စ်တူဟယ်လ် ထွက်ခွာချိန်အထိမစောင့်ဘဲ နည်းပြအပြောင်းအလဲအား ယခုပင် ပြုလုပ်သင့်သည်ဟု ဘိုင်ယန်မြူးနစ်အသင်းကို ကစားသမားဟောင်း ဟာမန်း အကြံပြု

ဘိုင်ယန်မြူးနစ်အသင်း၏ ကစားသမားဟောင်း ဒီယက်တာဟာမန်းက လက်ရှိနည်းပြ သောမတ်စ်တူဟယ်လ် ထွက်ခွာချိန်အထိမစောင့်ဘဲ နည်းပြအပြောင်းအလဲကို ယခုပင် ပြုလုပ်သင့်သည်ဟု အကြံပြုပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်း၏ လက်ရှိနည်းပြ သောမတ်စ်တူဟယ်လ်သည် ယခုရာသီတွင် ပြည်တွင်းပြိုင်ပွဲများ၌ ရလဒ်မကောင်းသည့်အတွက် ရာသီကုန်ချိန်၌ အသင်းနှင့် လမ်းခွဲရန်စီစဉ်ထားသူဖြစ်သည်။ သို့သော် ဒေါ့မွန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဟာမန်းက နည်းပြအပြောင်းအလဲ ချက်ချင်းပြုလုပ်သင့်ပြီဟု အကြံပြုခဲ့ခြင်းဖြစ်သည်။

"ဒါက သောမတ်စ်တူဟယ်လ်အကြောင်း မဟုတ်သလို အီဘာလ်(ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ)အကြောင်းလည်း မဟုတ်ပါဘူး။ ဟာရီကိန်းတို့၊ ကင်မစ်ချ်တို့အကြောင်းလည်း မဟုတ်ပါဘူး။ ဘိုင်ယန်မြူးနစ်အကြောင်းပါ။ လက်ရှိအသင်းက ဥရောပရဲ့ အကောင်းဆုံး(၈ )သင်းထဲမှာ ပါဝင်နေပြီး အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် အခွင့်အရေးကောင်းရှိနေပါတယ်။ အာဆင်နယ်က အသင်းကောင်းတစ်သင်းဆိုပေမဲ့ ဒီအဆင့်မှာ အတွေ့အကြုံ အလွန်နည်းပါတယ်။ ကျွန်တော့်အမြင်ကတော့ အာဆင်နယ်နဲ့ရင်ဆိုင်ရချိန်မှာ အကောင်းဆုံးဖြစ်ဖို့ အသင်းတာဝန်ရှိသူတွေအနေနဲ့ ဆုံးဖြတ်ချက်ချသင့်တယ်လို့ ထင်ပါတယ်။ နောက်ဆုံးရက်သတ္တပတ်တွေအတွက် နည်းပြသစ်ခေါ်ယူဖို့ လေးလေးနက်နက်တွေးသင့်ပါတယ်။ စျေးကွက်ထဲမှာလည်း နည်းပြတွေအများကြီးရှိနေပါတယ်" ဟု ပြောကြားခဲ့သည်။

#credit ပေးပါသည်

image
27 w - Translate

အိတ်ဖွင့်တင်ဒါနဲ့ခေါ်ပါလား ပွင့်လင်းမြင်သာရှိတာပေါ့

စပွန်ဆာကောင်းကောင်းရှိပါက ယခုထက်ကောင်းအောင် ဖန်တီးနိုင်မည်ဟု လမင်းကဗျာ ပြောဆိုလာ

လက်ရှိတွင် စပွန်ဆာကောင်းကောင်းသာရှိမည်ဆိုပါက ယခုထက်ကောင်းသည့် ဖန်တီးမှုများကို ပရိသတ်ထံ ချပြနိုင်မည်ဖြစ်ကြောင်း DJ လောကအတွင်း လုပ်ကိုင်နေသည့် သရုပ်ဆောင် လမင်းကဗျာ (DJ Moon) က မီဒီယာများနှင့် အင်တာဗျူးရာ၌ ပြောကြားသည်။

“အခုချိန်ထိ MTV လေး ရိုက်တယ်၊ ကုမ္ပဏီတွေဆီက စပွန်ဆာ တစ်ခါမှမတောင်းရသေးဘူး၊ တကယ်လို့ ကုမ္ပဏီဘက်က စပွန်ဆာချပေးမယ်ဆိုရင် ဒီထက်ကောင်းတာတွေကို ရိုက်ပြချင်တယ်၊ အခုက ကိုယ်ရဲ့ ဘတ်ဂျက်လေးနဲ့ ကိုယ်ရှာတဲ့ ငွေလေးနဲ့ လုပ်ရတာဆိုတော့ တချို့အရာလေးတွေကျတော့ ချုံ့လိုက်ရတာမျိုးလေးတွေရှိတယ်၊ ကင်မရာနှစ်လုံး ငှားရမယ့်နေရာမှာ တစ်လုံးပဲ ငှားလိုက်တာမျိုးလေးတွေပေါ့နော်၊ နောက်ပိုင်း ကိုယ့်သီချင်းလေးတွေကို လူစိတ်ဝင်စားမှုများလာပြီဆိုရင် ကုမ္ပဏီတွေဆီက စပွန်ဆာလေးတွေကိုတော့ လိုက်ကြည့်ရမှာပေါ့နော်၊ အဲအခါကျရင်တော့ ဒီထက် Quality ကောင်းအောင် အများကြီးကြိုးစားရိုက်ဖို့ရှိတယ်” ဟုလည်း သရုပ်ဆောင် လမင်းကဗျာ (Dj Moon) မှ ပြောကြားသည်။

ဆက်လက်၍လည်း ပြန်ဆိုတေးများဖြင့် စီစဉ်နေလျက်ရှိပြီး “ဘီလူးခေါင်းလေးနဲ့ မင်းသားလေး” ဟု အမည်ရသည့် တေးသီချင်းကို ပြန်ဆိုတေးလုပ်ရန်ရှိနေကြာင်း၊ ယင်းသီချင်းနှင့်ပတ်သက်သည့် တေးရေးဆရာနှင့် မူလတေးဆိုတို့ထံမှ ခွင့်ပြုချက်တောင်းခံထားကြောင်း သိရသည်။

“သူများသီချင်း ပြန်ဆိုတာကျတော့ Cover မဟုတ်ဘူးလေ၊ ပြန်ဆိုတေးလို့ခေါ်တယ်၊ Cover ဆိုတာကျတော့ သီချင်းတစ်ပုဒ်ကို မဝယ်ဘဲနဲ့ ဂစ်တာလေးတီးပြီး ပြန်ဆိုတာ၊ ဆိုချင်သလို ဆိုလို့ရတယ်၊ ကိုယ်တွေဆိုတာကျတော့ ပြန်ဆိုတေးလို့ ခေါ်တာပေါ့‌နော်၊ အဲတာကိုရှုပ်နေကြလို့၊ ပြန်ဆိုတေးဆိုတာ တရားဝင် တေးရေးဆရာဆီက ဝယ်ရတယ်၊ ဝယ်ပြီးတော့မှ သီချင်းကို ပြန်လည်ပြင်လိုက်တာပေါ့၊ ပြင်ပြီးတော့မှ ပြန်ဆိုကြတာကို ပြန်ဆိုတေးလို့ခေါ်တာပါ၊ ပြန်ဆိုတေးတွေကတော့ တောက်လျှောက်ဆိုဖြစ်မှာပါ” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်၊ ထက်ရှိန်
Credit ပဥ္စသိင်္ခ

image
27 w - Translate

သူဌေး .... ကဲ ဒီမိကျောင်းကန်ထဲ
ဘယ်သူ ရေကူးဖြတ်ရဲလဲ?
ရှင်ရင်တစ်သန်း!
သေရင်ငါးသန်းရမယ် !

လူအုပ်ကြီးက တိတ်ဆိတ်နေရာက

"ဝုန်း"....ဆိုတဲ့အသံနဲ့အတူ

လူတယောက် မိကျောင်းတွေကြား
အသက်လုကူးခပ်သွားတာ
တွေ့လိုက်ရတယ်။

ကန်တဖက်သို့ ရောက်သွားတဲ့အခါ ...

သူဌေးက "မင်း သတ္တိသိပ်ကောင်းတယ်။
ရော့ ဆုငွေတစ်သန်း ။

ဆုရသူ " ဘယ်ကောင်လဲ ၊
ငါ့ကို မိကျောင်းကန်ထဲတွန်းချတာ။"

ဆုရသူ၏ဇနီးမှ
" ကျွန်မ ပဲလေ။" 😂😂

စာကြွင်း....
(အောင်မြင်နေတဲ့ ယောင်္ကျားတိုင်းရဲ့
နောက်ကွယ်မှာ ထက်မြက်တဲ့မိန်းမတစ်ယောက် ရှိတယ်)သိဘို့

Credit...😏😏😏😏

image
27 w - Translate

How to raise a happy child (ages 5 to 8)
What makes children happy may surprise you. Child development experts who study the subject say that happiness isn't something you give children — it's something you teach them.
https://www.babycenter.com/chi....ld/development/how-t

How to raise a happy child (ages 5 to 8) | BabyCenter
www.babycenter.com

How to raise a happy child (ages 5 to 8) | BabyCenter

Learn ten secrets to setting your child up for a lifetime of joy.
Robin Paing is feeling Cool
27 w

image
27 w - Translate

LEARN FROM YESTERDAY
LIVE FOR TODAY
HOPE FOR TOMORROW
THE IMPORTANT THING IS NOT TO STOP QUESTIONING

ALBERT EINSTEIN

27 w - Youtube

image
27 w - Translate

Psychological horror game အသစ်လေး
Platform: PS5, Xbox, PC

image