11 w - Translate

ရှန်ဟိုင်းမာစတာ ချန်ပီယံဆုကို ဆင်နာရယူ
--------------------
အောက်တိုဘာ ၁၃ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ရှန်ဟိုင်းမာစတာ တင်းနစ် အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ကမ္ဘာ့ အဆင့်-၁ အီတလီတင်းနစ်သမား ဆင်နာအနိုင်ရပြီး ချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ဆင်နာနဲ့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်တို့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပွဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။

ဂျိုကိုဗစ်ဟာ အေတီပီတိုး တစ်ဦးချင်းချန်ပီယံဆုကို အကြိမ် ၁၀၀ ပြည့်ရယူနိုင်တဲ့ တတိယမြောက်တင်းနစ်သမား ဖြစ်လာဖို့ မျှော်လင့်ချက်နဲ့ ကြိုးစားခဲ့ပေမယ့် ကမ္ဘာ့အဆင့်-၁ ဆင်နာကလည်း အကောင်းဆုံးလက်စွမ်းနဲ့ ကစားပြ သွားခဲ့တာ ဖြစ်ပါတယ်။ ပထမပွဲလတ်မှာ ဂျိုကိုဗစ်နဲ့ ဆင်နာတို့ အကြိတ်အနယ်ရှိခဲ့ပေမယ့် ဒုတိယပွဲလတ်မှာတော့ ဆင်နာက လက်စွမ်းပိုင်းပိုကောင်းခဲ့ပြီး အမှတ်တွေလည်း ပိုပြီးတော့ ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် ၁ နာရီနဲ့ ၃၇ မိနစ်သာကြာမြင့်ခဲ့ပြီးနောက် ဆင်နာက ဂျိုကိုဗစ်ကို (၇း၆၊၆း၃)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရ ခဲ့ပြီး အခုနှစ်အတွက် ၇ ခုမြောက် အေတီပီတိုး တစ်ဦးချင်းချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။ ဂျိုကိုဗစ်အတွက် ကတော့ ကစားသမား ဘဝ အေတီပီတိုးတစ်ဦးချင်း ချန်ပီယံဆုကို အကြိမ် ၁၀၀ ပြည့်ရယူနိုင်ဖို့က ထပ်မံစောင့် ဆိုင်း ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ဆင်နာဟာ ၂၀၂၄ ခုနှစ်ကို ကမ္ဘာ့အ ဆင့်-၁ နေရာနဲ့နှုတ်ဆက်ခွင့်ရဖို့ကိုလည်း သေချာသွားခဲ့ပါတယ်။

image
11 w - Translate

Me after checking my ”Kpay account ;

image
11 w - Translate

Finally my crush react to my comment ;

image

#ရခိုင်မုန့်တီသုပ် ပြုလုပ်နည်း

ငရုတ်သီး ငပိစိမ်းစား ငါးရွှေခြောက် (သို့) ငါးကြင်း နံနံပင် ကြက်သွန်နီ မန်ကျည်းအရည် ဆား အရသာမှုန့် ရေ တို့လိုအပ်ပါတယ်။

ငါးရွှေခြောက် သို့ ငါးကြင်း အား ရေအနည်းငယ်ဖြင့် အသင့်ပြုတ်ထားပေးပါ။ ပြီးရင် ငါးအသားဖတ်နွှင်ထားပေးပါ။

ငရုတ်သီးအားပြုတ်ထားပေးပါ။ ခနလေးဘဲပြုတ်လို့မရပါဘူး။ ငရုတ်သီးအစိမ်းနံ့ထွက်တက်လို့ ခပ်ကြာကြာလေးပြုတ်ပေးဖို့လိုပါတယ်။ ပြုတ်ပြီးသားငရုတ်သီးစိမ်းကို ညက်နေအောင်ထောင်းပေးပါ။

ချက်မည့်အိုးထဲသို့ ခုနကငါးပြုတ်ထားသောအရည် (ရလာသောငါးပြုတ်ရေအရမ်းနည်းနေရင် ရေရောနိုင်ပါသည်) ငပိစိမ်းစား ထည့်ပြီးတည်ထားပါ။ ဆူလာမှသာ ငါးအသားဖတ်များ နဲ့ ထောင်းထားသောငရုတ်သီး ဆား အချိုမှုန့် (အချိုမှုန့်မစားသူဆို အရသာမှုန့်အစားထိုးသုံးပါ) ထည့်ပြီး အရည်ပျစ်ပျစ်လေးရသည်အထိ ချက်ပေးရုံပါဘဲ။
ငါးအနှစ်ရပြီဆို မုန့်ဖတ် လှီးထားသော နံနံပင် ကြက်သွန်နီ ငံပြာရည် မန်ကျည်းရည် အချိုမှုန့် (အချိုမှုန့်မစားသူဆို အရသာမှုန့်အစားထိုးသုံးပါ) ထည့်ပြီး နယ်လို့ရပါပြီ။ ငါးဖယ် ပဲကြော် ပဲသွေးတို့ဖြင့်လည်းတွဲဖက်စားလို့ရပါတယ်နော်။ ချဉ်ငန်စပ် ရခိုင်မုန့်တီသုပ်တစ်ပွဲစာပြင်ဆင်နည်းလေးပါ။ အဆင်ပြေကြပါစေနော်။

image

#ဝက်သနီချက်

ဝက်သားကိုအရသာမှုန့်နယ်ပြီးနှပ်ထားပေးပါ။ ကြက်သွန်နီကို ပုံမှန်လှီးနေကျထက် ထူထူလေးလှီးထားပါ။ ဒယ်အိုးထဲဆီထည့်ပြီး သကြားအနည်းငယ်ထည့်ပါ။ သကြားအရောင်ရဲလာပြီဆိုမှ ထောင်းထားသောဂျင်း နဲ့ ကြက်သွန်နီထည့်ပါ။

အနည်းငယ်ကြာမှ ကြက်သွန်ဖြူထည့်ပြီး နွမ်းသည်အထိဆီသပ်ပါ။ ပြီးမှ ဝက်သားတုံးထည့်ပါ။ မွှေပေးပါ။ အသားအနည်းငယ်မာလာမှ ခရုဆီ ဆား အရသာမှုန့် ရေ ထည့်ပြီး ဝက်သားနူးပြီး ရေခမ်း အနှစ်ကျသည်အထိတည်ပေးရုံပါဘဲ။

image
11 w - Translate

ဒေါ်လာဈေး ကျဆင်းလာမှုကြောင့် ပဲ/နှမ်း အရောင်းအဝယ်အေးပြီး ကျရိပ်မြင်လာ

ရန်ကုန်၊ အောက်တိုဘာ ၁၂

အမေရိကန်ဒေါ်လာငွေလဲနှုန်း ဆက်တိုက်ကျဆင်းလာမှုကြောင့် ပြည်တွင်း ပဲ/နှမ်း ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေကြောင်း ပဲ၊ နှမ်း ကုန်သည်အသိုင်းအဝိုင်းကနေ သိရပါတယ်။

စက်တင်ဘာလမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုဖြစ်စဉ်၊ ပို့ကုန်အမယ် မြေပဲဆန်ကို တရုတ်လိုင်းရဲ့ အဝယ်မရှိသလောက် အခြေအနေတွေကြောင့်လည်း ပဲ/နှမ်းဈေးတွေ ကျရိပ်တွေ့နေရတယ်လို့ ဆိုပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားမဟာဗျူဟာ အစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီအစည်းအဝေးမှာ စီးပွား/ကူးသန်းဝန်ကြီး ဦးထွန်းအုံက ပဲမျိုးစုံနဲ့ ပြောင်းတင်ပို့မှုမှာ ပထမခြောက်လပတ် သတ်မှတ်လျာထားချက်ထက် ကျော်လွန်အောင် တင်ပို့နိုင်ခဲ့တယ်လို့ ပြောပါတယ်။

အခြားပို့ကုန်အမယ်တစ်ခုချင်းအလိုက် သတ်မှတ်လျာထားချက်တွေကို ပြည့်မီအောင် တင်ပို့နိုင်ဖို့ လိုအပ်နေတယ်လို့လည်း ၎င်းက ဆိုပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင် (ရန်ကုန်) ရဲ့ အောက်တိုဘာ ၁၁ ရက်နေ့ ဈေးနှုန်းစာရင်းအရ မတ်ပဲ (FAQ/RC) တစ်တန် ကျပ် ၃၈ သိန်း၊ မတ်ပဲ (SQ/RC) တစ်တန် ကျပ် ၄၂ သိန်းဝန်းကျင်နဲ့ ပဲစဉ်းငုံနီ (RC) တစ်တန် ကျပ်သိန်း ၄၀ ပတ်ချာလည်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့မှာ မတ်ပဲ (FAQ/RC) တစ်တန် ကျပ်သိန်း ၄၀ ကျော် ၊ မတ်ပဲ (SQ/RC) တစ်တန် ကျပ် ၄၄ သိန်းကျော်နဲ့ ပဲစဉ်းငုံနီ (RC) တစ်တန် ကျပ် ၄၉ သိန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ပြန်လည်ကျဆင်းလာတာလည်း ဖြစ်ပါတယ်။

image
11 w - Translate

📅14 Oct 2024 ⏰
#ပြင်ပအရောင်းဝယ် အခေါက်ရွှေ စျေးနူန်း
အရောင်း - 6260000 MMK
အဝယ် - 6220000 MMK

15ပဲရည် အရောင်း - 5891000 MMK
15ပဲရည် အဝယ် - 5851000 MMK
===========================

#ကမ္ဘာ့ရွှေစျေး ⏰(7:45 PM)
1 Ounce - 2652 USD$
===========================

YGEAသတ်မှတ်စျေးနူန်း ⏰( 90 AM)
5356839 MMK

ပြင်ပစျေးကွက် ပုံမှန်မဟုတ်သည့်အတွက် ရောင်းမှားဝယ်မှား မဖြစ်အောင် ဂရုစိုက်ပါဗျ။ ✅
အရောင်း၊အဝယ် "လုံးဝ" မလုပ်ပါဗျ✅
#ရွှေစျေး
#မြန်မာ့ရွှေစျေး
#goldprice
#todaygoldprice
#နိုင်ငံခြားငွေစျေး
#နိုင်ငံခြားငွေလဲလှယ်နှုန်း
#ဒေါ်လာစျေး
#ဘတ်စျေး
#myanmargoldprice

image
11 w - Translate

🍀 ရွာငံလမ်း 🖼️

သဘာဝရဲ့ ပန်းချီဆရာက
ရွာငံလမ်းတွေကို လှပသေသပ်အောင်ရေးဆွဲထားသလိုလိုထင်ကြမှာပေါ့🖼️

image
11 w - Translate

🍀 ရွာငံလမ်း 🖼️

သဘာဝရဲ့ ပန်းချီဆရာက
ရွာငံလမ်းတွေကို လှပသေသပ်အောင်ရေးဆွဲထားသလိုလိုထင်ကြမှာပေါ့🖼️

image
11 w - Translate

🍀 ရွာငံလမ်း 🖼️

သဘာဝရဲ့ ပန်းချီဆရာက
ရွာငံလမ်းတွေကို လှပသေသပ်အောင်ရေးဆွဲထားသလိုလိုထင်ကြမှာပေါ့🖼️

image