26 w - Translate

လွမ်းစရာ ပန်းပုံပြင်လေးတစ်ပုဒ်
ပြောပြမယ်....

ဟိုးတုန်းက ရွာတစ်ရွာမှာ Annieလို့ခေါ်တဲ့အရမ်းရိုးသားဖြူစင်ပြီးအယုံလွယ်တဲ့ မိန်းကလေးတစ်ဦးနေထိုင်တယ်တဲ့။ တစ်ရက်မှာ သူတို့ရွာကိုအလည်လာတဲ့ယောကျာ်းပျိုလေးတစ်ဦးနဲ့ချစ်ကြိုက်မိပြီး လူငယ်တို့သဘာဝ အဲ့ကောင်လေးကို အရမ်းယုံကြည်သွားမိခဲ့တယ်။

Annieလေးခမျာ အသည်းနင့်အောင် ချစ်ခဲ့ရှာတာပေါ့။ ဒါပေမယ့် ကောင်လေးက အချိန်တန်တော့ အိမ်ပြန်ရမယ့်အချိန်ကိုရောက်လာတော့တယ်။ နောက်ဆုံးမှာ သူမဆီပြန်လာခဲ့ပါ့မယ်ဆိုတဲ့ ကတိကိုပေးပြီး ပြန်သွားတော့လေရဲ့။

Annieလေးခမျာနေ့တိုင်းစောင့်နေခဲ့တာပေါ့။ ရက်တွေ၊ လတွေ၊ နှစ်တွေသာပြောင်းသွားတယ်။ သူကတော့ ပြန်မလာတော့ဘူးတဲ့။ ဒီလိုနဲ့ ကြေကွဲနေ့ရက်တွေကို ဖြတ်သန်းပြိး အဆုံးသတ်မှာ သူမပဲ ရင်ကွဲနာကျသေဆုံးခဲ့ရရှာလေတယ်။ ဒါပေမယ့် ထူးဆန်းစွာနဲ့ပဲသူမကိုမြှုပ်နှံထားတဲ့မြေပုံပေါ်မှာ ရောင်စုံပန်းပွင့်တွေပွင့်လာခဲ့တယ်တဲ့။

လူတွေက ဒီလိုပြောကြတယ်။ အဖြူရောင်က Annieမျှော်လင့်တကြီးစောင့်စားနေခဲ့တာကိုပြပြီး အ၀ါကတော့ ပြန်မလာတဲ့အတွက် အံ့သြပြီးစိတ်ထိခိုက်ရတယ်။ ခရမ်းရောင်ကတော့ ၀မ်းနည်းပြီးသေဆုံးသွားတာကို ကိုယ်စားပြုသတဲ့။

Annieဟာ ပန်းဘ၀မှာတောင် လမ်းဘေးမှာပေါက်ရင်း သူ့ချစ်သူ​ပြန်အလာကို မျှော်နေတုန်းပါပဲတဲ့။

အဲဒီပန်းလေးရဲ့ နာမည်ကတော့ Pansyတဲ့။ မြန်မာလိုဆို ဒေါင်းမြီးကွက်ပန်းလို့ခေါ်ကြတယ်တဲ့။

image
image
image
26 w - Translate

ကုလားစခန်း ပဲခူးရိုးမ ⛰️🌴🍀🍂

.
.
.

Photo- Htay Win (Salay)

image
26 w - Translate

ဝက်ခြေထောက် သို့ ဝက်လက် စွပ်ပြုတ် ချဥ်စပ်

ဝက်ခြေထောက် သို့ ဝက်လက်များကို မီးဖြင့်ခနကင်ပေးပါ။ အမွှေးတွေရှိနေရင် တခါတည်း အမွှေးတွေမီးလောင်ပြီး စားရတာအဆင်ပြေစေဖို့ပါ။

သကြားကိုအရောင်ရဲလာသည်အထိလှော်ပေး ပြီးရင် ရေ ဆား သကြား ခရုဆီ ဆီအနည်းငယ် ပဲငံပြာရည်အကြည် ငရုတ်ကောင်း ကြက်သွန်ဖြူ ဂျင်း ထည့်ပါ။

ဝက်ခြေထောက် သို့ ဝက်လက်များကိုလည်းထည့်ပြီး နူးအိလာသည်အထိတည်ပေးပါ။ ဝက်ခြေထောက်သို့ ဝက်လက်များနူးအိပြီးရပြီဆိုရင် ကြက်သွန်မြိတ် သို့ နံနံပင် ရှောက်ရွက် ကြက်သွန်ကြော်ထည့်ပြီး အရသာရှိတဲ့ ဝက်ခြေထောက် သို့ ဝက်လက်စွပ်ပြုတ်လေးစားလို့ရပါပြီ။ ဘဲဥ ကြက်ဥ ငုံးဥတို့ကိုလည်း ထည့်စားလို့ရပါတယ်နော်။
ငရုတ်သီးစိမ်းထည့် သံပုရာရည်ညှစ်ပါ

image
26 w - Translate

တော့တင်ဟမ်ဟော့စပါးကွင်းသို့ ပြိုင်ဘက်ကစားသမားတစ်ဦးအဖြစ် ဟာရီကိန်းပြန်လာမည်

ဘိုင်ယန်မြူးနစ်အသင်းတွင် ကစားနေသော အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းသည် အသင်းဟောင်း တော့တင်ဟမ်ဟော့စပါး၏ကွင်းသို့ ပြိုင်ဘက်ကစားသမားတစ်ဦးအဖြစ် ပြန်လာမည်ဖြစ်ကြောင်း သိရသည်။ဘိုင်ယန်မြူးနစ်အသင်းနှင့် တော့တင်ဟမ်ဟော့စပါးအသင်းတို့သည် ယခုနှစ် သြဂုတ်(၁၀)ရက်နေ့တွင် လန်ဒန်မြို့ရှိ တော့တင်ဟမ်ဟော့စပါးအသင်း၏ကွင်း၌ ရာသီကြိုခြေစမ်းပွဲကစားရန်စီစဉ်ထားပြီး ဟာရီကိန်းသာမက ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ အဲရစ်ဒိုင်ယာမှာလည်း အသင်းဟောင်းကို ပြန်ရင်ဆိုင်ရမည်ဖြစ်သည်။ဘိုင်ယန်မြူးနစ်အသင်းနှင့် တော့တင်ဟမ်ဟော့စပါးအသင်းတို့သည် (၂၀၁၉-၂၀)ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် နောက်ဆုံးတွေ့ဆုံခဲ့ဖူးပြီး ထိုစဉ်က ဘိုင်ယန်မြူးနစ်အသင်းက တော့တင်ဟမ်ဟော့စပါးအသင်းကို ပထမအကျော့အဝေးကွင်းတွင် (၇-၂)ဂိုး၊ဒုတိယအကျော့အိမ်ကွင်းတွင် (၃-၁)ဂိုးရလဒ်များဖြင့် ပြတ်ပြတ်သားသားအနိုင်ယူခဲ့သည်။

image
26 w - Translate

https://www.youtube.com/live/i....XPkUdd51pw?si=D6hOQG

85000+ Rank Score ? Top 1 Grandmaster Live Push with V Badge Youtubers #freefire #live #tondegamer - YouTube
www.youtube.com

85000+ Rank Score ? Top 1 Grandmaster Live Push with V Badge Youtubers #freefire #live #tondegamer - YouTube

? Instagram: https://www.instagram.com/tondeofficial/? Discord: https://discord.gg/e8g5SyDZ4z? Facebook Page: https://www.facebook.com/tondegamer Busines...
26 w - Translate

ဒါကြီးက သက်သက် မတရားတာပဲ

image
26 w - Translate

လိုင်းပေါ်မှာ Zodiac sign တွေနဲ့ တွက်တဲ့ ဗေဒင်တွေကို အတည်ကြီး ရှဲတဲ့ သူတွေလည်း ငါအံ့ဩတယ်။ စကြာဝဠာ ထဲက ဂြိုဟ်တွေ၊ နက္ခတ်တွေက ကိုယ့်ရဲ့ စိတ်နေ စိတ်ထားနဲ့ ကံကြမ္မာကို စိုးမိုးနိုင်တယ် ဆိုတာ တကယ် ကြီး ယုံနေကြတာလား။

ကိုယ်တွေကတော့ Cancer မို့လို့လား မသိဘူး။ အဲလိုဟာတွေ လွယ်လွယ် မယုံတတ်ဘူး 😉

image
26 w - Translate

ပတ္တရား ဆိပ်ကမ်း အာဏာပိုင်တွေက ဆုန်ခရန် အတွက် စပိဘုတ် ၇၀၀ ကို ပြင်ဆင်ထား

ဆုန်ခရန် ပွဲတော် နီးလာတာနဲ့အမျှ ပတ္တရား ဆိပ်ကမ်း အာဏာပိုင်တွေက ခရီးသွား အများအပြား လာမယ့်အတွက် ပြင်ဆင်နေပါတယ်။ ဧပြီလ ၁၁ ရက်ကနေ ၁၇ ရက်နေ့အထိ ကော့လန်း နဲ့ ပတ္တရားမှာ သင်္ကြန်ပွဲတော်ကို ကျင်းပမှာပါ။

အာဏာပိုင်တွေက ခရီးသည် သင်္ဘော ၆၀ နဲ့ စပိဘုတ် ၇၀၀ ကို ပြင်ဆင်ထားပါတယ်။ နေ့စဉ် အနည်းဆုံး ခရီးသွား ၂၀,၀၀၀ လာရောက်မယ်လို့ ခန့်မှန်းထားပြီး ၇ ရက်ကြာ ပွဲတော်မှာ စုစုပေါင်း ခရီးသွား ၁၄၀,၀၀၀ ကနေ ၁၅၀,၀၀၀ လာရောက်မှာပါ။

ခရီးသည် သင်္ဘော ၁ စီးမှာ လူ ၁၅၀ လိုက်ပါနိုင်ပြီး ပတ္တရားနဲ့ ကော့လန်းကို ၁ နာရီခြား ပြေးဆွဲပေးမှာ ဖြစ်ပြီး ၁ ကြိမ်မှာ သင်္ဘော ၃ စီးကနေ ၄ စီး ပြေးဆွဲပေးမှာပါ။ စပိဘုတ်တွေကိုတော့ Private Trip အတွက် ဝန်ဆောင်မှုပေးမှာပါ။

ဆုန်ခရန် ပွဲတော် ကာလမှာ ပတ္တရား ဆိပ်ကမ်း အာဏာပိုင် ဌာနဟာ ဆိပ်ကမ်းမှာ Public Relation Centre ထားရှိပေးထားမှာပါ။ ဆိပ်ကမ်း ရဲ၊ ခရီးသွား ရဲနဲ့ ကယ်ဆယ်ရေး လုပ်သားတွေဟာ ခရီးသွားတွေ ဘေးကင်းစေဖို့ ဝန်ဆောင်မှုပေးမှာပါ။

Ref : thethaiger

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

image
26 w - Translate

ဂျပန်က ကိုယ်ခံပညာနဲ့ပတ်သတ် လာရင် အတော်လေးပြည့်ပြည့်စုံစုံရှိတဲ့ နိုင်ငံတခုပါ။

ဒီနေရာမှာ ပြည့်စုံတယ်ဆိုတာ သမိုင်းအစဥ်အလာ၊ ရိုးရာနဲ့ ဆန်းသစ်ခြင်း ၊ ကြိုးစားခြင်းနဲ့ ထောက်ပံ့နိုင်ခြင်း ၊ ဖော်ထုတ်နိုင်စွမ်းနဲ့ ထိန်းသိမ်းနိုင်တာကို ဆိုလိုပါတယ်။

သမိုင်းအစဥ်အလာဆိုတာက ဂျပန်ရဲ့ ပထဝီဝင်အနေအထားနဲ့ ဆိုင်ပါတယ်။
ကုန်းမြေအရ ထိစပ်ခြင်းမရှိပဲ သီးခြားဖြစ်ထွန်းတဲ့ ကျွန်းနိုင်ငံလေးမှာ စစ်ပွဲတွေဆိုတာ မပြတ်မလပ် ဖြစ်ပွားနေခဲ့တာပါ။

နေနတ်ဘုရားကနေ တိုက်ရိုက်ဆင်းသက်လာတဲ့ ဘုရင်နဲ့ မိသားစုကို ခြွင်းချက်မရှိ ရိုသေကြပေမယ့်
တကယ့်ပါဝါကို ကိုင်ထားတာက ရှိုးဂန်း လို့ခေါ်တဲ့ စစ်ဘုရင်ပါ။

စစ်ဘုရင်က တနိုင်ငံလုံးက ဒိုင်မြိုတွေ ၊ ဆာမူရိုင်းစစ်သည်တွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ရပြီး
နယ်စားအချင်ချင်းကြား အာဏာလုတာတွေ ၊ ရှိုးဂန်းရာထူးအတွက် တိုက်ပွဲတွေဆိုတာ အမြဲလိုလို ရှိနေခဲ့တာပါ။

စစ်ပွဲတွေမှာ အနိုင်ရဖို့ သေနတ်ဆိုတာ မပေါ်သေးတဲ့အတွက် ဓားလှံ လေးမြားတွေနဲ့ တိုက်ခိုက်ကြရပြီး ဆာမူရိုင်းတွေသင်ယူရတဲ့ Kenjutsu ၊ Jujitsu ပညာရပ်တွေဟာ ဒိုဂျိုတွေအလိုက် ယခုထိ ရှိနေဆဲ၊ လက်ဆင့်ကမ်းဆဲပါပဲ။

တဖက်က ဒီလိုရိုးရာကို ထိမ်းသိမ်းကြသလို ကရာတေးဒို ၊ ဂျုဒို ၊ အိုက်ကီဒို ၊ Laido ၊ Kendo တို့ကို ဆန်းသစ်တီထွင်ပြီး ပညာရပ်ပြိုင်ပွဲတွေအဖြစ် အသွင်ပြောင်း ထိန်းသိမ်းခဲ့ကြပါတယ်။

တဖက်မှာလည်း ကရာတေး vs မွေထိုင်း ၊ ကရာတေး vs ကွန်ဖူး ၊ ဂျုဒို vs BJJ ပြိုင်ပွဲတွေ လုပ်ပြီး ဘသူက ပိုကြမ်းသလဲ ၊ ဘယ်ပညာရပ်က ပိုအစွမ်းထက်သလဲဆိုပြီး ဂျပန်က ပညာရှင်တွေက စိန်ခေါ်မှုတွေနဲ့အတူ ပညာရပ်ကို အစွမ်းထက်သထက် ထက်အောင်သွေးနေခဲ့ကြတာပါ။

ဥပမာ ဂျူဒိုပြိုင်ပွဲတွေဟာ အိုလံပစ်ဂိမ်း ၊ ဆီးဂိမ်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပသလို ရွှေတံဆိပ်ရရှိအောင်လည်း ဂျပန်လူငယ်တွေက အပြိုင်အဆိုင်ကြိုးစားကြပါတယ်။

ဒီအတွက်လည်း နောက်က ထောက်ပံ့နိုင်တဲ့ ကြွယ်ဝမှုလည်း လိုအပ်တာပေါ့လေ။

ဒါတင်မက ပညာရပ်ဆိုင်ရာဖြန့်ဝေဖို့အတွက် ကမ္ဘာ့နိုင်ငံကြီးတွေမှာ ဒိုဂျိုတွေ ဖွင့်တာ ၊ ပြိုင်ပွဲတွေ ကျင်းပပေးတာ တွေကို ဆရာကအစ တပည့်အဆုံး တာဝန်တခုလို လက်ဆင့်ကမ်းလုပ်ဆောင်ခဲ့ကြလို့
ကမ္ဘာမှာပါ ဂျပန်ရဲ့ သိုင်းပညာတွေက ပျံ့နှံ့နေခဲ့တာပါ။

တကယ်လည်း အားကျမိပါတယ်။

ထို့အတူပဲ ပြည်တွင်းက မြန်မာ့သိုင်းပညာရပ်တွေကို မပျောက်မပျက်အောင်ဖြန့်ဝေ သင်ယူနေကြတဲ့
လူငယ် လူကြီး ဆရာများကိုလည်း ဒီ စာလေးကနေ ကျေးဇူးတင်စကားပြောလိုပါတယ်။

တကယ်တော့ မြန်မာပြည်မှာ သိုင်းသင်ရတာက တကယ်မလွယ်တာပါ။
အဂ်လိပ်တွေဖျက်ဆီးခဲ့တဲ့အလေ့အထကြောင့် သိုင်းသင်ရင်ပဲ လူဆိုးဓားပြဖြစ်တော့မလို အတွေးအခေါ်တွေကြောင့် မြန်မာကလေးငယ်တွေဟာ သိုင်းပညာကိုလွယ်လင့်တကူ
သင်ယူခွင့်မရခဲ့ကြပါဘူး။

ပြီးတော့ မြန်မာ့ သိုင်းပညာသင်ယူဖို့အဖိုးအခကိုလည်း ကြေးကြီးတယ်ထင်တတ်ကြပါသေးတယ်။

ဒီလိုအခက်အခဲတွေကြားကနေ သိုင်းပညာကို ရူးရူးမူးမူးချစ်မြတ်နိုးပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြလို့သာ ယနေ့အချိန်မှာ မူနဲ့ ပညာစဥ်တွေ မပျောက်ပျက်ခဲ့ကြတာပါ။

ဂျပန်ကို ကျနော်တို့မယှဥ်နိုင်သေးဘူးဆိုတာ လက်ခံထားရမယ့် အမှန်တရားဆိုပေမယ့် သိုင်းပညာကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ ထိန်းသိမ်းစောင့်ရှောက်လိုစိတ်မှာတော့ မနိမ့်ဘူးလို့ပဲ ထင်မိပါတယ်။

ရိုးသားဖြောင့်မတ်စွာဖြင့်
Scorpion

image
26 w - Youtube