Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
“ညနေ ၅ နာရီအချိန်အထိ တစ်နေ့တာ ထူးခြားသတင်းများ”
အောက်တိုဘာ ၂၅
၁။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ သားမက်ဟောင်းဒေါက်တာနေစိုးမောင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် လှုံဆော်မှုဖြင့် ဖမ်းဆီးထိမ်းသိမ်းခံရ
၂။ ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင် နဲ့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရွှီကျွင်းတို့ ယူနန်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံခဲ့ကြကြောင်း BBC သတင်း ဖော်ပြချက်အရ သိရ
၃။ တရုတ်နယ်စပ်ဂိတ်တွေပိတ်တာကို အကြောင်းပြုပြီး ဒေါ်လာဈေးကစားတာတွေ လုပ်နေသလို ရွှေဈေးတွေကို ဆွဲတင်နေတာတွေရှိတာကြောင့် ကောလာဟလသတင်းတွေကို ယုံကြည်ပြီး အရောင်းအဝယ်မလုပ်ဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က အောက်တိုဘာ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်
၄။ လက်ရှိ ကမ္ဘာကြီးဟာ အကျပ်အတည်းဆိုက်ရောက်နေပြီး မျှော်လင့်ချက်ထားနေရုံနဲ့ မလုံလောက်တော့ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ကုလသမဂ္ဂနေ့ သတင်းစကား မိန့်ခွန်းမှာ ထည့်သွင်းပြောကြား
၅။ လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်အပါအဝင် MNDAA အခြေစိုက်နေရာများကို တပ်မတော်လေမှ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့
#centralnewsnaypyitaw
တူရကီတွင် ဖီနာဘာချီပရိသတ်က မန်ယူပရိသတ်များကို တိုက်ခိုက်
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ မန်ယူအသင်းပရိသတ်တွေဟာ အိမ်ရှင် ဖီနာဘာချီအသင်း ပရိသတ် ၅၀ ကျော်ရဲ့ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။
ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ်ဖြစ်တဲ့ ဖီနာဘာချီအသင်းနဲ့ပွဲစဉ် မတိုင်ခင် လမ်းမထက်မှာ မန်ယူပရိသတ်တွေ တိုက်ခိုက်ခံခဲ့ရတာပါ။
ပြိုင်ဘက်ပရိသတ် ၅၀ ကျော်ရဲ့ ဝိုင်းဝန်းတိုက်ခိုက်ခံခဲ့ရပြီး လက်သီးနဲ့ အထိုးခံခဲ့ရသလို မန်ယူပရိသတ်တယောက်ဟာလည်း မြေပြင်ပေါ် လဲကျနေတာ တွေ့ရှိရကြောင်း မန်ယူပရိသတ်တယောက်က ပြောပါတယ်။
ပထမဆုံးလက်သီးတချက်မှာပဲ မန်ချက်စတာက အမှန်တကယ် အနီရောင်ဖြစ်သွားကြောင်း ဖီနာဘာချီ ပရိသတ်တယောက်က အင်စတာဂရမ်ပို့စ်တခုမှာ လှောင်ပြောင်ရေးသားခဲ့ပါတယ်။
ဒီနေရာဟာ အစ္စတန်ဘူလ် ဆိုပြီးတော့လည်း ဖီနာဘာချီ ပရိသတ်တွေက ဟစ်ကြွေးခဲ့ပါတယ်။ မန်ယူပရိသတ်တွေ တိုက်ခိုက်ခံခဲ့ရတဲ့ နေရာဟာ ၂၀၀၀ ပြည့်နှစ်က ယူအီးအက်ဖ်အေ စူပါဖလား ဆီမီးဖိုင်နယ်မတိုင်ခင် ဂါလာတာစာရေး ပရိသတ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လိဒ်ပရိသတ် ၂ ယောက် ကွယ်လွန်သွားခဲ့ရတဲ့နေရာနဲ့ တစ်ကီလိုမီတာပဲ ဝေးပါတယ်။
DVB
CBM to sell 20M Thai baht to importers
The Central Bank of Myanmar (CBM) announced on 23 October that it would sell 20 million Thai baht to importers. After that, it injected US$2.5 million and 16.5 million baht into the financial market on that day.
It sold over $7.5 million and 150 million baht on 22 October, $2.2 million and 1.5 million yuan on 21 October after it announced to sell $35 million for those engaged in the fuel oil and edible oil sectors as per its notification dated 20 October.
CBM injected $6 million and 200 million baht on 15 October, $730,000 on 11 October, $12.4 million and 38.7 million baht on 10 October, 660,000 yuan on 9 October and over 10 million baht on 7 October into the private sector.
CBM also pumped $13.1 million and 288,000 yuan on 4 October, $780,000, 1.2 million yuan and one million baht on 3 October and over 1.2 million yuan and 10.2 million baht into the financial market on 2 October.
CBM also sold over $76 million, 86 million baht and 4.8 million yuan in September. Moreover, CBM sold over $190 million, 19 million yuan and 79 million baht in August.
CBM aims to curb the instability in the foreign exchange market and the currency devaluation. According to CBM’s notification on 15 March, it has been joining hands with law enforcement agencies to combat and prosecute those who attempt to manipulate the currency market under the existing laws. CBM allowed authorized dealers (private banks) to operate online foreign exchange trading freely as per the market rate depending on supply and demand factors, starting from 5 December 2023. — NN/KK
ဗဟိုဘဏ်က (၇) လအတွင်း အမေရိကန်ဒေါ်လာ သန်း (၁၀၀၀) ကျော်ခန့်ရောင်းချပေးထား
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် FX Trading Platform မှတဆင့် စက်သုံးဆီ၊ စားသုံးဆီလုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် လိုအပ်သည့်နိုင်ငံခြားငွေကို ရောင်းချပေးရာတွင် FX Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ သန်း (၁၀၀၀) ကျော်ခန့်ရောင်းချပေးထားပြီးဖြစ်ကြောင်း သိရသည်။
ယင်းပမာဏသည် ၂၀၂၄ ခုနှစ် ဗဟိုဘဏ်က ဧပြီလမှ အောက်တိုဘာလအတွင်း ရောင်းချပေးထားသည့် ပမာဏဖြစ်သည်။
ဗဟိုဘဏ်အနေဖြင့် ပြည်ပသို့သွားရောက်အလုပ်လုပ်မည့်သူ၊ ဆေးကုရန်သွားမည့်သူနှင့် ပညာသင်သွားရောက်မည့်သူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၃၀၀)မှ (၅၀၀) ခန့်ကို ရောင်းချပေးခြင်းအား ပြီးခဲ့သည့် မေလ(၃၁)ရက်မှစ၍ ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ပြည်ပသို့ထွက်ခွာသူများအနက် ဘုရားဖူးထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရ နှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေး တက်ရောက်ရန် ထွက်ခွာသူများကိုလည်း ပြီးခဲ့သည့် သြဂုတ်လ (၁၈)ရက်မှစ၍ ရောင်းချပေးနေပြီး ထိုသို့ရောင်းချရာတွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ကြောညာပေးလျက်ရှိသော Online Trading Rate+ ၁၀ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
AD လိုင်စင်ရဘဏ်များ၏ ဝယ်ယူရရှိနိုင်သည့် ကောင်တာများစာရင်းကို ဘဏ်များ၏ Website နှင့် Facebook Page များတွင် အသေးစိတ်အချက်အလက်များဖြင့် ကြေညာထားရှိပြီး Money Changer လိုင်စင်ရကုမ္ပဏီများ၏ Facebook Page များတွင်လည်း အသေးစိတ်အချက်အလက်များဖြင့် ကြေညာထားရှိပြီးဖြစ်သည်။
ထို့ပြင် အလုပ်သမားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြည်ပသို့အလုပ်လုပ်ကိုင်ရန် သွားရောက်မည့်သူများအတွက် လေယာဉ်လက်မှတ်ကုန်ကျစရိတ်များအား FX Online Trading တွင်ဝယ်ယူရရှိနိုင်ရေးကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေငါးပိဿာကျော် ပစ်ခတ်လုယက်သူ သုံးဦးကို ဖမ်းမိ
------------------------
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ မြရွှေယုံ ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်ရှေ့မှာ ကျပ်သိန်း ၂၅၀၀၀ ကျော် တန်ဖိုးရှိ ရွှေထည် ငါးပိဿာကျော်ကို သေနတ်နဲ့ပစ်ခတ်လုယက်သူ အမျိုးသား သုံးယောက်ကို ဖမ်းမိတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အခင်းဖြစ်စဉ်ကတော့ အောက်တိုဘာ ၂၁ ရက်၊ ညနေပိုင်းက ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနဲ့ ဆင်ရေတွင်း လမ်းထောင့်ရှိ မြရွှေယုံ ရွှေဆိုင်က ရွှေထည်မျိုးစုံ ၅ ပိဿာကျော်နဲ့ ကျပ်သိန်း ၅၀ တို့ကို သံသေတ္တာ ၃ လုံးနဲ့ သိမ်းဆည်းပြီး ယာဉ်မောင်းတစ်ယောက်တည်း မောင်းနှင်တဲ့ ကိုယ်ပိုင် ယာဉ်နဲ့ သယ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ရွှေဆိုင်ပိုင်ရှင်နေအိမ်ရှေ့အရောက်မှာ မော်တော် ယာဉ်တစ်စီးနဲ့ အမျိုးသားလေးယောက် ရောက်လာ ပြီး သေနတ်တစ်ချက်ပစ်ခတ်ပြီးနောက် ယာဉ်မောင်းကို ဝိုင်းဝန်ရိုက်နှက်ကာ ရွှေထည်နဲ့ငွေတွေ ထည့်ထားတဲ့ သေတ္တာ ၃ လုံးကို လုယက်ယူဆောင်ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လုံခြုံရေးအဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ အောက်တိုဘာ ၂၃ ရက်၊ မွန်းလွဲပိုင်းမှာ တောင်ဥက္ကလာပမြို့နယ်၊ (၅) ရပ်ကွက်၊ ပါရမီလမ်းနဲ့ သုမင်္ဂလာလမ်းဆုံမှာ စမ်းချောင်းမြို့နယ်နေ မသက်ထားခိုင်(ခေါ်)ရည်မွန်အေးကို မသင်္ကာလို့ စစ်ဆေးခဲ့ရာက လုယက်မှုက ပါသွားတဲ့ ပလက်တီနမ်ရွှေဖြူဆွဲကြိုး ၈ ကုံး နဲ့ ကျပ် ၁၀ သိန်းတို့ကို တွေ့ရှိပြီး သူရဲ့ ခင်ပွန်းဖြစ်သူ ထက်အောင်ခိုင်က ရောင်းချခိုင်းလိုက်ကြောင်း သိရတဲ့အတွက် ထက်အောင်ခိုင်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ထက်အောင်ခိုင်ရဲ့ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ခြောက်လုံးပြူး ၁ လက်၊ ကျည် ၉ တောင့်၊ ကျည်ခွံ၊ ငွေစက္ကူ ၁၈ သိန်းကျပ်၊ လုယက်မှုမှာ ရရှိတဲ့ ရွှေထည် မျိုးစုံတို့ကို ဆက်လက်သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဆက်လက်စစ်ဆေးချက်အရ လုယက်မှုကျူးလွန်ရာမှာ ပါဝင်သူတွေဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နေ ကျော်ကြီး(ခေါ်)ကျော်ဇင်ဟိန်းနဲ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နေ စောပိုင်ဇော်ဦး(ခေါ်)ပိုင်ကြီးတို့ကို အသီးသီး ဖမ်းဆီးရမိခဲ့ပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့သုံးယောက်ကို ဥပဒေနဲ့အညီ ထိရောက်တဲ့ ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်နေပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝေကြီးကိုလည်း အမြန်ဆုံး ဖမ်းမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်မှု စစ်တမ်းကောက်မည်
----------------------
ပြည်သူလူထုအတွင်း မကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေ လေ့လာခြင်း သုတေသနစစ်တမ်းကို တိုင်းဒေသ ကြီးနဲ့ ပြည်နယ်(၁၃)ခုမှာ ကောက်ယူသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
မြန်မာ နိုင်ငံမှာ ပြည်သူလူထုအတွင်း မကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေတွေကို လေ့လာခြင်း သုတေသန စစ်တမ်းကို ၂၀၀၃ ခုနှစ်၊ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တို့မှာ ဆောင်ရွက်ခဲ့ပြီး အဲဒီစစ်တမ်းဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အပြုအမူတွေနဲ့ ဇီဝကမ္မဗေဒဆိုင်ရာ အန္တရာယ်အခြေအနေတွေကိုပါ ခြုံငုံကောက်ယူနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ စစ်တမ်းဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာပေါ်မှာ မကူးစက်နိုင်သော ရောဂါတွေကြောင့် နှစ်စဉ် လူဦးရေ ၄၁ သန်းခန့် သေဆုံးနေကြပြီး ကမ္ဘာတစ်ဝန်းသေဆုံးမှုအားလုံးရဲ့ ၇၄ ရာခိုင်နှုန်းရှိနေတာကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ မြန်မာနိုင်ငံမှာ မကူးစက်နိုင်တဲ့ရောဂါတွေကြောင့် ဆေးရုံတက်ရောက်မှုတွေ တဖြည်းဖြည်းမြင့်တက်လာပြီး ၂၀၂၃ ခုနှစ်မှာကောက်ခံထားတဲ့ အချက်အလက်တွေ အရ ဆေးရုံတက်လူနာသေဆုံးမှုတွေရဲ့ ထက်ဝက်ကျော်ဟာ မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
အိန္ဒိယ၌ ဆိုက်ကလုန်း ခိုလှုံရေးစင်တာရောက် ကိုယ်ဝန်ဆောင် ၁,၆၀၀ မီးဖွားခဲ့
နူးဒေလီ၊အောက်တိုဘာ ၂၅
အိန္ဒိယနိုင်ငံ၊ဩရိသပြည်နယ်၌ ဆိုက်ကလုန်းဒါနာကြောင့် ယာယီခိုလှုံရေးစင်တာသို့ ပြောင်းရွှေ့နေရသည့် ကိုယ်ဝန်ဆောင်မိခင် ၄,၄၃၁ ဦးအနက် အယောက် ၁,၆၀၀ သည် ကြာသပတေးနေ့တွင် ကလေ-းမွေးဖွားခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
အဆိုပါပြည်နယ်မှလူပေါင်း ၅၈၄,၈၈၈ ဦးကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ပြီး အဆိုပါအရေအတွက်သည် သောကြာနေ့နံနက်တွင် ၆၀၀,၀၀၀ ကျော်အထိတက်သွားနိုင်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
"မုန်တိုင်းရှောင်ပြည်သူတွေအနေနဲ့ အစားအစာ၊ ဆေးဝါး၊ရေနဲ့ တခြားလိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုပါ ထောက်ပံ့ပေးထားတဲ့ ယာယီခိုလှုံရေးစင်တာ ၆,၀၀၈ ခုမှာ ယာယီနေထိုင်နေကြပါတယ်" ဟုလည်းပြောကြားခဲ့သည်။
ဩရိသပြည်နယ်မှ လူပေါင်း ၁၇၂,၉၁၆ ဦးကို ဘေးလွတ်ရာပို့ဆောင်ခဲ့ပြီးနောက်တွင် မာရူဘန်ခရိုင်မှလူ ၁၀၀,၀၀၀ ကိုပါ ဘေးလွတ်ရာပြောင်းရွှေ့ထားကြောင်းပြောကြားခဲ့သည်။ထို့အပြင် ဘက်ဒရက်ခ်မြို့မှလူ ၇၅,၀၀၀ ဦး၊ဂျေပူရ်မှ ၅၈,၀၀၀ နှင့် ခန္ဒရာပါရာမှ ၄၆,၀၀၀ ဦးတို့ကိုပါဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်ဟုဆိုသည်။
လက်ရှိအချိန်တွင် ခိုလှုံရေးစင်တာများမှ မီးဖွားခဲ့သော မိခင်နှင့်ကလေ-းများအားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကာ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကလည်း လိုအပ်သည့်ပြုစုကုသမှုများကို ဂရုတစိုက်လုပ်ဆောင်ပေးလျက်ရှိသည်ဟုလည်းသိရသည်။