26 w - Translate

မြန်မာ့ပင်လယ်ပြင်ကိုအစောဆုံးအလင်းပြခဲ့သည့်
လေးရှင်းတောင်မီးပြတိုက် (စစ်တွေကမ်းလွန် Savage ကျွန်း)
***********************************

လေးရှင်းတောင်မီးပြတိုက်သည် မြန်မာ့ပင်လယ်ပြင်၏ အစောဆုံးမီးပြတိုက်များထဲမှ တစ်ခုဖြစ်ပြီး ၁၈၄၄ ခုနှစ်က စတင်တည်ကာ ၁၉၅၆ ခုနှစ်အထိ အသုံးပြုခဲ့သည်။ အမြင့် ၁၃၈ ပေ ရှိသည်။ ယခင်က မီးပြအလင်းရောင်ကို ၁၄ မိုင်ထိ မြင်နိုင်ခဲ့သည်။

တည်နေရာ
လေးရှင်းတောင်မီးပြတိုက်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ တောင်ဘက် နှစ်မိုင်အကွာရှိ ကုလားတန်မြစ်ဝရှိ ကျွန်းရိုင်း( Savage Island ) ခေါ် လေးရှင်းတောင်ကျွန်းပေါ်တွင် တည်ရှိသည်။ Savage Island ၏ ဧရိယာမှာ (၇.၁၂ )ဧကရှိသည်။ကျွန်းအရှေ့ဘက်တွင် မြေငူကျွန်း ရှိသည်။

သမိုင်းကြောင်း
အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲ အပြီး နှစ်(၂၀) အကြာ တွင် မီးပြတိုက် ကို တည်ဆောက်ခဲ့သည်။ ၁၈၄၄ ခုနှစ်တွင် တည်ဆောက်ခဲ့သော မီးပြတိုက်သည် မြန်မာ့ ပင်လယ်ပြင်၏ အစောဆုံး မီးပြတိုက်တစ်ခုလည်း ဖြစ်ခဲ့သည်။၂၀၂၄ ခုနှစ်တွင်သက်တမ်းနှစ်ပေါင်း(၁၈၀)ရှိပြီဖြစ်သည်။

Update Your Browser | Facebook

imageimage
+6
26 w - Translate

#ကားအင်ဂျင်အပူမလွန်စေဖို့ လုပ်ဆောင်သင့်တာတွေ......
ရာသီဥတုပူပြင်းချိန်မှာမောင်းနှင်နေတဲ့ကားတစ်စီးလုံးရဲ့အပူချိန်ကိုလျော့ချပေးနိုင်တဲ့နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

#အဲကွန်းအလွန်အကျွံမသုံးပါနဲ့

ကားတစ်စီးရဲ့အဲကွန်းကိုအလွန်အကျွံအသုံးပြုခြင်းကလည်းကားရဲ့အပူချိန်ကိုမြင့်မားစေပါတယ်။ ကားအဲကွန်းကို နံပါတ်အမြင့်ဆုံနဲ့ဖွင့်ထားလို့ အတွင်းခန်းမှာအေးနေပေမယ့် ကားရဲ့အပြင်ဘက်အစိတ်ပိုင်းကတော့ အင်ဂျင်ရော အဲကွန်းကွန်ပရက်ဆာကပါ လုပ်ဆောင်ချက်မြင့်နေတဲ့အတွက် ကားအပူချိန်ကိုမြင့်တက်နေစေပါတယ်။ အဲဒါကြောင့် ကားအဲကွန်းကို လိုအပ်သလောက်သာ ဖွင့်ပါ၊ အဲကွန်းကို သုံးလိုက်၊နားလိုက်မကြာခဏလုပ်ပေး တာမျိုးတွေပြုလုပ်ပေးခြင်းဖြင့် ကားအင်ဂျင်နဲ့ ကားအပူချိန်ကိုလျော့ချပေးနိုင်ပါတယ်။

#ဘက်ထရီသေချာတွဲပါ

ဘက်ထရီကလစ်တွေကိုသေချာတွဲဆက်ထားပါ။ ဘက်ထရီကြိုးတွေ ကလစ်တွေမခိုင်မြဲရင် အပူထွက်လာစေပြီး မီးလောင်တဲ့အထိဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် ဘက်ထရီကြိုးတွေကဆက်ရာတွေများနေရင် ဘက်ထရီငုတ်တစ် ခုတည်းမှာ ကြိုးတွေစုပြုံပြီးတပ်ထားရင်အပူလွန်ကဲမှုဖြစ်စေပါတယ်။ အဲဒါကြောင့် ဘက်ထရီငုတ်တွေကိုသေချာ တပ်ဆင်ပါ။ငုတ်တစ်ခုကြိုးတစ်ချောင်းသာတပ်ဆင်ပေးပါ။ကြိုးဆက်ရှိနေတဲ့ ဝါယာကွိုးဟောငျး၊ကွိုးအစှေးတှေ အသုံးပြုခြင်းရှောင်ပါ။

#အင်ဂျင် Coolant ရေသတိပြုပါ

ကားအင်ဂျင်အေးစေဖို့အထောက်အကူပြုဓာတုဆေးရည်ကိုစစ်ဆေးပေးပါ။ ကားအင်ဂျင် Coolant ရည်က ဟောင်းနေရင်၊ရက်လွန်နေရင် စွမ်းဆောင်ရည်ကင်းမဲ့သွားပါတယ်။အင်ဂျင်ကိုအအေးပေးဖို့အထောက်အကူမပြု တော့တဲ့အပြင် အင်ဂျင်ကိုပါပျက်ဆီးစေနိုင်ပါတယ်။ အင်ဂျင် Coolant ရည်မရှိရင်လျော့နည်းနေရင်လည်း အင်ဂျင်ကိုအပူမြင့်တက်စေပါတယ်။ အင်ဂျင်Coolant ရည်ကိုအမြဲစစ်ဆေးပေးသင့်ပါတယ်။

#တာယာလေဖိအားစစ်ဆေးပါ

တာယာလေဖိအားကို ပူပြင်းချိန်မှာ အသုံးပြုသင့်တဲ့လေဖိအားပမာဏကိုတာယာအရွယ်အစားအလိုက်၊ကားအ မျိုးအစားအလိုက်သတ်မှတ်ထားပါတယ်။ မိမိကား၊ တာယာအရွယ်အစားတို့နဲ့လိုက်ဖက် လေဖိအားရှိနေဖို့လို အပ်ပါတယ်။ ယေဘူယျအားဖြင့် ရာသီဥတုပူပြင်းချိန်မှာ ပုံမှန်ရာသီဥတုမှာအသုံးပြုနေတဲ့လေဖိအားအောက် အနည်းငယ်လျော့သုံးသင့်ပါတယ်။ လေဖိအားများလွန်းလို့ပဲဖြစ်စေ၊လျော့နည်းလွန်းရင်ပဲဖြစ်စေ ကားတာယာ တွေရဲ့အပူချိန်ကိုမြင့်မားစေပါတယ်။

#အင်ဂျင်ရေတိုင်ကီသတိပြု

အင်ဂျင်ရေတိုင်ကီထဲမှာရေအလုံလောက်ရှိနေဖို့ကလည်းအရေးကြီးပါတယ်။ ကားအင်ဂျင်တစ်လုံးရဲ့ရေတိုင်ကီ တွေထဲမှာ ရေဝင်ဆန့်ပမာဏက ကားအင်ဂျင်ထဲကအပူကိုသယ်ဆောင်နိုင်ဖို့လုံလောက်ပါတယ်။ပုံမှန်ရှိနေသင့် တဲ့ရေပမာဏအောက်လျော့ကျနေပြီဆိုရင်တော့ ကားအင်ဂျင်ထဲကထုတ်နေတဲ့အပူတွေကို သယ်ဆောင်နိုင် အားလျော့ကလာစေပါတယ်။ဒါဆိုရင်တော့အင်ဂျင်အပူချိန်မြင့်တက်လာပါလိမ့်မယ်။အဲဒါကြောင့်ကားအင်ဂျင် ရေတိုင်ကီထဲက ရေပမာဏကိုအမြဲစစ်ဆေးပေးသင့်ပြီးလိုအပ်ပါကဖြည့်ပေးဖို့လည်းလိုအပ်ပါတယ်။

အထက်ပါနည်းလမ်းတွေအပြင် ကားကိုရပ်နားချိန်မှာ အရိပ်အတွင်းရပ်နားတာ၊မောင်းနှင်နေချိန်မဟုတ်ဘဲအဲ ကွန်းဖွင့်သုံးတာတွေကိုရှောင်ရှားတာ စတဲ့အချက်တွေဖြင့်ကားတစ်စီးလုံးရဲ့အပူချိန်ကိုလျော့ချပေးနိုင်ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။

image
26 w - Translate

ဂုတ်ကြီး ရော်နယ်ဒို တည်းခိုခဲ့တဲ့ ဟိုတယ်ကတော့ စီးပွါးရေး အကွက် မြင်လွန်းတယ်လို့ ပြောရမယ် ။ ဘာကြောင့်လဲ ဆိုတော့ ခဏတာ လာသွားတဲ့ ရော်နယ်ဒိုရဲ့ ကျော်ကြားမှုကို အသုံးချပြီး ပိုက်ဆံ ရှာတော့မှာပါ ။

ပြီးခဲ့တဲ့ ပေါ်တူဂီ-စလိုဗေးနီးယား ခြေစမ်းပွဲတုန်းက စလိုဗေးနီးယားဟိုတယ်မှာ ရော်နယ်ဒို အိပ်စက်အနားယူခဲ့တဲ့ အိပ်ယာကို လေလံတင် ရောင်းချတော့မယ်လို့ သိရပါတယ် ။

ကြမ်းခင်းစျေးကတော့ ပေါင် 4300 ကနေ စတင် စျေးခေါ်ထားပြီး ပေါင် သိန်း ဂဏာန်းထိ တက်နိုင်မယ်လို့ ဟိုတယ်က မျှော်လင့်နေပါတယ် ။ ပရိတ်သတ် တောင့်လွန်းပြီး ဘောလုံးလောကရဲ့ GOAT တစ်ဦး အိပ်စက်ခဲ့တဲ့ အိပ်ယာဆိုတော့ လိုချင်သူတွေ ဝိုင်းနေမှာပါ ။

#cr7fanmyanmar

image
26 w - Translate

ငါ့သူငယ်ချင်းတွေထဲမှာလည်း လင်ကြွားခင်တွေရှိတယ်နော်

image
26 w - Translate - Youtube

Graphics ကြီးက အဂျွတ်ကြီး

26 w - Translate

ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)စနေနေ့အပြီးအမှတ်ပေးဇယားထိပ်ဆုံး(၆)သင်း

ပရီးမီးယားလဂ်ပွဲစဉ်(၃၂)စနေနေ့အပြီးအမှတ်ပေးဇယားထိပ်ဆုံးတွင် အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ အာတေတာရဲ့ အာဆင်နယ်အသင်းက (၇၁)မှတ်ဖြင့် ဦးဆောင်နေသည်။ဒုတိယနေရာတွင် ကလော့ပ်ရဲ့လီဗာပူးလ်အသင်းက (၇၀)မှတ်၊တတိယနေရာတွင် လန်ဒန်မှာ ဂိုးမိုးရွာခဲ့တဲ့ ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းက (၇၀)မှတ်၊စတုတ္ထနေရာတွင် အိမ်ကွင်းမှာသရေသာ ရခဲ့တဲ့ အမ်မရီရဲ့ အက်စတွန်ဗီလာအသင်းက (၆၀)မှတ်၊ပဉ္စမနေရာတွင် ပိုစတယ်ဂိုဂလူးစ်ရဲ့တော့တင်ဟမ်ဟော့စပါးအသင်းက (၅၇)မှတ်၊ဆဌမနေရာတွင် တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းက (၄၈)မှတ်ဖြင့် အစဉ်လိုက်ရပ်တည်နေသည်။စူပါဆန်းဒေးပွဲစဉ်မှာတော့ လီဗာပူးလ် နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ထိပ်တိုက်ဆုံတွေ့နေသလို တော့တင်ဟမ်ဟော့စပါးဟာလည်း အိမ်ကွင်းမှာ ဖောရက်စ် နဲ့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

image

image
26 w - Translate

တစ်ယောက်ယောက်ကို ခွင့်လွှတ်ဖို့တောင်းခံတဲ့အခါ ကျူးလစ်အဖြူတွေပေးပါတဲ့။ ကျူးလစ်အဖြူကို တချို့ကလည်းဖြူစင်တဲ့အချစ်၊ ဘ၀သစ်စတင်ခြင်း စသဖြင့်ပြောကြတယ်ပေါ့နော်။ အဲ့အထဲမှာအများစုမသိကြတာက ကျူးလစ်အဖြူပေးတဲ့အခါ "တောင်းပန်ပါတယ်" "ခွင့်လွှတ်ပါ" ဆိုတဲ့အဓိပ္ပါယ်နဲ့ပေးကြတာကိုပါပဲ။

photo by yseul_pic

image
26 w - Translate

တစ်ယောက်ယောက်ကို ခွင့်လွှတ်ဖို့တောင်းခံတဲ့အခါ ကျူးလစ်အဖြူတွေပေးပါတဲ့။ ကျူးလစ်အဖြူကို တချို့ကလည်းဖြူစင်တဲ့အချစ်၊ ဘ၀သစ်စတင်ခြင်း စသဖြင့်ပြောကြတယ်ပေါ့နော်။ အဲ့အထဲမှာအများစုမသိကြတာက ကျူးလစ်အဖြူပေးတဲ့အခါ "တောင်းပန်ပါတယ်" "ခွင့်လွှတ်ပါ" ဆိုတဲ့အဓိပ္ပါယ်နဲ့ပေးကြတာကိုပါပဲ။

photo by yseul_pic

image
26 w - Translate

တစ်ယောက်ယောက်ကို ခွင့်လွှတ်ဖို့တောင်းခံတဲ့အခါ ကျူးလစ်အဖြူတွေပေးပါတဲ့။ ကျူးလစ်အဖြူကို တချို့ကလည်းဖြူစင်တဲ့အချစ်၊ ဘ၀သစ်စတင်ခြင်း စသဖြင့်ပြောကြတယ်ပေါ့နော်။ အဲ့အထဲမှာအများစုမသိကြတာက ကျူးလစ်အဖြူပေးတဲ့အခါ "တောင်းပန်ပါတယ်" "ခွင့်လွှတ်ပါ" ဆိုတဲ့အဓိပ္ပါယ်နဲ့ပေးကြတာကိုပါပဲ။

photo by yseul_pic

image