10 w - Translate

ရေးထားတာလေးသဘောကျလို့ ပြန်လည်မျှဝေလိုက်ပါတယ်

အရှုံးကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရဲသည့် သတ္တိကင်းမဲ့ခြင်း
……………………………...............
မြန်မာနိုင်ငံမှာ အတန်းပိုင်ဆရာမဆီမှာ ကျူရှင်နေတဲ့ကလေးက အဆင့် ၁ ရတဲ့ စနစ်၊ ရာထူးတက်ဖို့ အထက်လူကြီးကို ဂါရတဲ့ စနစ်၊တင်ဒါအောင်ဖို့ တိုင်းမှူးကို ကန်တော့ရတဲ့ စနစ်၊ ဘောလုံးအကယ်ဒမီမှာ ပါဖို့ အကပ်ကောင်းရှိမှရတဲ့ စနစ်တွေ နှစ်ပေါင်းများစွာ ရှင်သန် ကြီးထွားခဲ့တာကြောင့် တရားမျှတတဲ့ ယှဥ်ပြိုင်ခြင်းမျိုးနဲ့ သိပ်မယဥ်ပါးကြတော့ဘူး။
ဒါ့အပြင် “ ရေဗူးပေါက်တာ မလိုချင်ဘူး ..ရေပါတာပဲ လိုချင်တယ် “ ဆိုတဲ့ mindset တွေကိုပါ ရိုက်သွင်းလိုက်တဲ့အခါမှာ လူတွေဟာ ဘယ်လိုနည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် အောင်မြင်ဖို့ အနိုင်ရဖို့က အဓိက ဆိုတဲ့ စိတ်ဓါတ်တွေ ရှင်သန် ကြီးထွားလာခဲ့ကြတယ်။ ဒါတွေနဲ့ ဆက်နွယ်ပြီး EQ တွေပါ နိမ့်ပါးကုန်တာကြောင့် နယ်ပယ်အသီးသီးမှာ အရှုံးကို ရင်ဆိုင်ဖို့ ကြောက်တဲ့ သူတွေ များလာခဲ့တယ်။
ဘောလုံးပွဲမှာ ဆိုရင် အိုမန်ဂိုးသမားကို ဂဲ(ခဲ)နဲ့ထုလို့ သုဝဏ္ဏကွင်းပွဲကြည့်စင်မှာ ပိုက်ကွန်တွေ ကာခဲ့ရတယ်။ တိုက်ဂါးဖလားပွဲမှာ ကစားသမားတချို့ ပြိုင်ဘက် ပရိတ်သတ်တွေကိုပါ ရိုင်းစိုင်းစွာ အမူအယာနဲ့ တိုင်းထွာ ပြခဲ့တာကြောင့် မြန်မာဆိုရင် အမေဇုန်တောထဲက လူရိုင်းသာသာလောက်အထိ နိုင်ငံတကာမှာ သတ်မှတ်ခြင်း ခံခဲ့ရတယ်။ ပြည်တွင်းပွဲတွေမှာ အသင်း ရှုံးနေရင် ကစားသမားတွေက လူချတယ်၊ ပရိတ်သတ်က ထိုင်ခုံတွေ ရိုက်ချိုးကြတယ်၊ အသင်းပိုင်ရှင်က ဒိုင်ကို ပြေးထိုးတယ်။
ရိုးရာ လက်ဝှေ့မှာ ဆိုရင်လည်း အရှုံးကို ကျေကျေနပ်နပ် လက်ရဲခံပြီး ပြိုင်ဘက်ကို ချီးကျူးဖို့ ဝန်မလေးကြတဲ့ ဦးရွှေဝါထွန်း၊ ရွှေဓူဝံ၊လုံးချော၊ ဝမ်ချိုင်း စတဲ့ ဂန္ထဝင် ချန်ပီယံကြီးတွေကို အများက လေးစားကြသလို ကိုယ်ရှုံးရင် စနစ်ကို အကြောင်းပြ၊ ပြိုင်ဘက်ရဲ့ ကစားပုံကို အကြောင်းပြ၊ ပွဲစီစဥ်မှုကို အကြောင်းပြ၊ ဒဏ်ရာကို အကြောင်းပြနဲ့ ရှုံးနိမ့်မှုအတွက် အကြောင်းမျိုးစုံပြတတ်တဲ့ ဖိုက်တာတွေလည်း ရှိပါတယ်။
တခြား နယ်ပယ်တွေ ပြိုင်ပွဲတွေမှာလည်း ရှုံးနိမ့်ခြင်းကို ကြုံတဲ့အခါမှာ ကိုယ်က ဘယ်နေရာမှာ အားနည်းသွားတာလဲ၊ ပြိုင်ဘက်က ဘာတွေ သာသွားခဲ့လဲ့ ဆိုတာကို အဖြေရှာသုံးသပ်ပြီး နောက်တစ်ကြိမ်ပြိုင်ပွဲတွေအတွက် ပိုကောင်းအောင် ပြင်ဆင်မှုတွေကို လုပ်ရကောင်းမှန်း မသိကြပါဘူး။
ရှုံးတာနဲ့ ကိုယ်က လုံးဝပထမ ရသင့်ပေမယ့် ပြိုင်ဘက်ကိုဘက်လိုက်လို့ ၊ ဒိုင်မကောင်းလို့ ၊ မြန်မာမို့ နှိမ်တာ စတဲ့ ချည်းကပ်မှုတွေနဲ့ အရှုံးကို ခါးခါးသီးသီး ငြင်းဆန်ကြပြီး ကလေးဆန်ဆန် စရိုက်ဆန်ဆန် ယဥ်ကျေးမှု ခေါင်းပါးတဲ့ အဆင့်နိမ့် အပြုအမူတွေကို နိုင်ငံတကာ မီဒီယာတွေ အလယ်မှာ လုပ်ကြတာ မကြာခဏ တွေ့ရမှာပါ။
စာသင်ကျောင်းတွေမှာ လောကနိတိကို မသင်ခဲ့ရဘူး၊ sportsmanship ဆိုတာ ဘာမှန်း မသိကြဘူး။ မြန်မာတွေဟာ ပျမ်းမျှ အားဖြင့် EQ နိမ့်ပြီး sportsmanship မရှိတဲ့ မနာလိုစိတ်များတဲ့ လူမျိုးတမျိုးအဖြစ် နိုင်ငံတကာက မြင်ထားကြတာဟာ မှားတယ်လို့တော့ ပြန်ချေပဖို့ ခုချိန်မှာခက်ခဲနေတယ်။
..
စိုးနေ့သစ်

image
10 w - Youtube

10 w - Translate

"မောင် မစဉ်းစားမိဘူးလားကွယ်
မောင်နဲ့တစ်လလောက် ခွဲရမှာကိုပင်
မျက်ရည်ကျမိအောင်
ဝမ်းနည်းထိခိုက်လွယ်သော
ကျွန်မသည်
မောင်နဲ့တစ်သက်လုံး ခွဲရလျှင်
ဘယ်လိုများ နေရစ်ခဲ့ပါ့မလဲဟု
မောင် နည်းနည်းမျှ
ပြန် ငဲ့မကြည့်မိဘူးလား..."

#ဂျူး

image
10 w - Translate

ခုံမင်ယုယ၊ ချစ်လွန်းကလည်း၊
သောကနောက်ဆုံး ရှိချေ၏.........တဲ့။
အဟင့်...အဟင့် 😿😿😿

image
10 w - Translate

မျက်လုံးတွေ ရဲလာတယ်
မျက်ခုံးတွေ မို့လာတယ်
ကိုယ့်စိတ္တဇနဲ့ ကိုယ်မပျော်နိုင်ပါဘူး
ကိုအောင်ချိမ့်

မပိုင်ရလဲ ဖြစ်တယ်လို့ ညာနိုင်ပေမဲ့
မလွမ်းမိအောင် နေလို့မှ မရနိုင်တာ..။

#ဒဿ 2024
-pic crd

image
10 w - Translate

အိုကေ"

image
10 w - Translate

Myday ကြည့်ရင်း ex myday ဝင်ကြည့်မိသွားသောအခါ🥲

image
10 w - Translate

ကိုယ်က လူတစ်ယောက်ကို သဘောကျပေမယ့်
သူက သဘောမကျတဲ့အခါ
ကိုယ်က ဘယ်လောက် ပင်ပန်းပင်ပန်း
လက်လွှတ်နိုင်ရမယ် တဲ့

သဘောကျရင် သဘောကျတဲ့သူကို
ကိုယ့်ကြောင့် မပင်ပန်းစေရဘူး
လက်လွှတ်ပေးလိုက်တာကလည်း အချစ်ပါပဲတဲ့

🖤🍂
#ᗩᒪoᑎᗴ

image
10 w - Translate

If you see me sad, just hug me and put some money in my pocket.🤣

image

EPS စနစ်နဲ့ ခေါ်ယူတဲ့ ​မြန်မာကုန်ထုတ်လုပ်သားသစ် (၁၅၂) ဦး ကိုရီးယားသို့ ရောက်ရှိ

အောက်တိုဘာ ၂၈

မြန်မာနိုင်ငံကနေ ‌EPS စနစ်နဲ့ ခေါ်ယူတဲ့ ကုန်ထုတ်လုပ်သားသစ် (၁၅၂) ဦးဟာ အောက်တိုဘာ ၂၈ ရက်နေ့က ကိုရီးယားနိုင်ငံ သို့ရောက်ရှိပြီဖြစ်တယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က ကြေညာထားပါတယ်။

သူတို့တွေဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အမျိုးသားလေကြောင်းလိုင်းနဲ့ ကိုးရီးယားနိုင်ငံ အင်ချွန်း လေဆိပ်ကို ထွက်ခွာလာခဲ့ကြတာလို့ သိရပါတယ်။

ကိုးရီးယားနိုင်ငံကို ရောက်ရှိချိန်မှာတော့ မြန်မာသံရုံး (ဆိုးလ်မြို့ )အလုပ်သမားသံအရာရှိက တွေ့ဆုံပြီး အလုပ် သမားတွေလိုက်နာရမယ့် အချက်အလက်တွေကို မျှဝေပေးခဲ့တယ်လို့ဆိုပါတယ်။

ကိုရီးယားနိုင်ငံက အလုပ်သမားခေါ်ယူမှုကို အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA) ကနေ တဆင့် EPS စနစ်နဲ့ စေလွှတ်နေတာ ဖြစ်ပါတယ်။

#centralnewsnaypyitaw

image