26 w - Translate

တန်လူးလမှာ ပိတောက်တွေနဲ့ အတူ ငုဝါပန်းတွေကလဲ ဖော်ကြူးပေးတယ် 💛

26 w - Translate

•စပို့တင်းနည်းပြ အမော်ရင် ဟာ လီဗာပူးလ်ကိုပြောင်းရွှေ့ဖို့ လက်ခံစဉ်းစားထားပြီး ရာသီကုန်မှာလီဗာပူးလ်ရဲ့ကမ်းလှမ်းမှုတကယ်ရောက်လာရင် ငြင်းနိုင်ချေမရှိပါဘူး 🔴

•လက်ရှိ အမော်ရင်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၁၂.၈ သန်းရှိပါတယ် 💰

[Ekremknour]🌖

26 w - Translate

ကြက်စွပ်ပြုတ်>ဆိတ်စွပ်ပြုတ်♡
❀ ❀ ❀

ပါဝင်ပစ္စည်း
******
ကြက်ရိုး သို့ ဆိတ်ရိုး - တကီလို
ကြက်သွန်နီ -၃လုံး
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း စားပွဲတင်ဇွန်း
ကရဝေးရွက် - ၂ရွက်
သစ်ဂျပိုးခေါက် တချောင်း
လေးညင်း - ၄စေ့
ဖာလာ - ၄စေ့
နနွင်း - တစ်ဇွန်း
ရေဆူ - လိုသလောက်
ပဲမှုန့်စိမ်း - ၁၀၀ဂရမ်
မဆလာ - အနည်းငယ်
ပျဉ်းတော်သိမ်း - တစ်ခက်
ဆီ - အနည်းငယ်
ဆား- လိုသလာက်
ဟင်းခပ်မှုန့့် - တစ်ဇွန်း
ကြက်သွန်မိတ် - အနည်းငယ်
သံပုရာသီး - လိုသလောက်
အရောင်တင်ဆီချက် - အနည်းငယ်
ငရုပ်သီးမှုန့် -လိုသလောက်
(၁) ဆိတ်ရိုးသို့ကြက်ရိုးကို ရေတနာရီခန့်စိမ်ထားပါ။
(၂)ချက်မည့်အိုးတွင်ဆီထည့်ပြီးကြက်သွန်နီ၊ဂျင်းကြက်သွန်ဖြူ၊နနွင်း၊ကရဝေးရွက်၊သစ်ဂျပိုးခေါက်၊ဖာလာ၊လေးညင်းတို့ကိုဆီသပ်ပါ။
(၃)ရေစိမ်ထားသောအရိုးကိုဆယ်ယူပြီးထည့်ပါ။
(၄)ရေဆူလာင်းထည့်ပြီးအရသာဖြည့်စွက်ကာအရိုးနူးသည်ထိတည်ထားပါ။
(၅)အရိုးနူးပါကပဲမှုန့်စိမ်းကိုရေဖျော်ပြီးဖြည်းဖြည်းလောင်းထည့်ကာမွေပေးပါ။
(၆)အရသာအပေါ့အငံမြည်းကာလိုချင်သောအပျစ်အကျဲအနေထားကိုပြုလုပ်ပြီးပဲစ်ိမ်းနံ့ပျောက်အောင်တည်ထားပါ။
(၇)ပဲစိမ်းနံ့ပျောက်ပါကမဆာလာနှင့်ပျဉ်းတော်သိမ်းရွက်ထည့်ပြီးအဖုံးအုပ်ကာအပူပေးထားပါ။
(၈)ပွဲပြင်မည့်ပန်းကန်တွင်ထည့်ပြီးစွပ်ပြုတ်အပေါ်မှကြက်သွန်မိတ်၊ငရုပ်သီးမှုန့်သံပုရာသီးအရောင်တင်ဆီထည့်ပါ။နံပြားသို့ဂျပါတီသို့ပေါင်မုန့်ဖြင့်တွဲဖက်စားနိုင်သည်။

26 w - Translate

မန္တလေးကိုလည်း လွမ်းတယ်
တောင်သမန်အင်းနဲ့ဦးပိန်တံတားလည်းလွမ်းတယ် ပီးတော့ မင်းနဲ့အတူသွားခဲ့ဖူးတဲ့ နေရာတွေလည်း လွမ်းတယ်..

မြန်မာနိုင်ငံကြီးသာနေကောင်းရင် ဒီဆောင်းက နှင်းမြူတွေကြားကဦးပိန်တံတားကြီးရယ် ကိုယ်ရယ် မင်းရယ် သိပ်လှနေရောမယ်..
လွမ်းတယ်ဗျာ...

26 w - Translate

Comfort zone ဆိုတာ
နေလို့တော့ကောင်းတယ်
ဒါပေမယ့်မတိုးတက်ဘူး

ပုန်းအောင်းအနားယူ
နေရမယ့်နေရာထက်

ခရီးတစ်ထောက်နားတဲ့
မှတ်တိုင်နဲ့ ပိုတူတယ်

သူမတူအောင် ကြိုးစားအားထုတ်
ပြီးရင် အနားယူ

အဲ့မှာတင်သာယာမနေပဲ
ဒီထက်ပိုကောင်းတဲ့ နေရာရဖို့

လိုအပ်ရင် ဘုရင်နောင်
ဖောင်ဖျက်သလို

Comfort Zone ကို ပြန်လမ်းမဲ့
နေရာဖြစ်သွားအောင် ဖောက်ထွက်

ပိုကောင်းတာကိုလိုချင်ရင်
ရှိတာလေးနဲ့တင်းတိမ်နေလို့မရဘူး

မရဘူးသေးတာတွေလိုချင်ရင်
အရင်အကွက်တွေ အကျင့်တွေနဲ့မရဘူး

အကျင့်ဟောင်းတွေ
comfort zone တွေက

ဖောက်ထွက်ပြီး
ပိုကောင်းတဲ့ နေရာကို
အရောက်လှမ်းပါမိတ်ဆွေ

I know you can do this 🙌🏻

26 w - Translate

(၇)နှစ်အရွယ်သားကိုဘောလုံးခေါင်းတိုက်မကစားဖို့ တားမြစ်ထားလိုက်တဲ့ ယူနိုက်က်နောက်ခံလူ ဗာရန်းရဲ့ အင်တာဗျူး

''ကျွန်တော့်ရဲ့(၇)နှစ်အရွယ်သားဖြစ်သူက ဘောလုံးကစားပါတယ်။ကျွန်တော်သူ့ကို ဘောလုံးကို ခေါင်းနဲ့တိုက်ပြီး မကစားဖို့ အကြံပေးတားမြစ်ထားပါတယ်။ဘောလုံးကို ခေါင်းနဲ့တိုက်လို့ ချက်ချင်းလက်ငင်းကြီးဒဏ်ရာပြင်းပြင်းထန်ထန်မရနိုင်ဘူးဆိုရင်တောင် ရေရှည်မှာ ဒါက အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ကြိမ်ဖန်များစွာ ဒါကို ပြုလုပ်ရင် ထိခိုက်မှုအကျိုးဆက်ကို ခံစားရပါလိမ့်မယ်။ကျွန်တော့်အနေနဲ့ အသက်(၁၀၀)နှစ်အထိတောင်နေရပါ့မလားဆိုတာ မသေချာပါဘူး။ဒါပေမယ့် သေချာတာကတော့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်မှာ ထိခိုက်ပျက်စီးထားတာတွေ ရှိနေပါတယ်။ဒါကြောင့် အပျော်တမ်းဘောလုံးလောကနဲ့ လူငယ်တွေကို ခေါင်းတိုက်ခြင်းရဲ့ဆိုးကျိုးတွေကို ပညာပေးသင်ကြားထားသင့်ပါတယ် ''

■ ပြင်သစ်လက်ရွေးစင်အသင်းနောက်ခံလူဗာရန်းက အကြိမ်ကြိမ်အခါခါခေါင်းတိုက်ခြင်းများကြောင့် သူ၏ ခန္ဓာကိုယ်မှာ ထိခိုက်ပျက်စီးနေပြီဟု ပြောကြားခဲ့ပြီး တစ်ချိန်က ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲတွင် အသိစိတ် ခဏလွတ်ပြီး (လေယာဉ်ကို Autopilot စနစ်ဖြင့် သူ့အလိုလိုမောင်းနေသလို) ကစားခဲ့ဖူးသည်ဟု ဖွင့်ဟ ဝန်ခံခဲ့သည်။

26 w - Translate

သိမှတ်သင့်သော ကျန်မာရေး လျှို့ဝှက်ချက်တစ်ချို့

(၁) ဖုန်းပြောရင် ဘယ်ဘက်နားက ပြောပါ။

(၂) အရမ်းအေးတဲ့ ရေတွေကို မသောက်ပါနှင့်။

(၃) လူကို ဝစေမည့် အရေများ သောက်ခြင်းကို ရှောင်ကြင်ပါ။

(၄) ညနေ ၅ နာရီကျော်လျှင် အစားအသောက်များကို လျော့စားပါ။

(၅) မနက်ခင်းမှာ ရေကို များများသောက်ပြီး ညနေမှာ လျော့သောက်ပါ။

(၆) ည ၁၀ နာရီနှင့် မနက် ၄ နာရီဟာ အိပ်စက်ရန်အတွက် အကောင်းဆုံး အချိန် ဖြစ်ပါတယ်။

(၇) မှန်ကန်သော ဆေးဝါးများကို မှီဝဲပါ။

(၈) ကင်ဆာရောဂါ မဖြစ်အောင် နေထိုင်စားသောက်ပါ။

(၉) နေ့စဉ် နေ့တိုင်း လေ့ကျင့်ခန်း လုပ်ဖြစ်ပါစေ။

(၁၀) စိတ်ချမ်းသာအောင် နေထိုင်ပါ။

(၁၁) အသီးအရွက် များများ စားဖြစ်ပါစေ။

26 w - Translate

ကဗျာဝကမ်းခြေ

26 w - Translate

😅😅

26 w - Translate

ငှယ် အဘိုးရေ ဒီမှာ ဒီမှာ