10 w - Translate

ခရီးတာအသွားဆုံး ဒုံးပျံတစ်စင်း ပြုံယမ်းစမ်းသပ်
------------------------
မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးပျံလို့ ယူဆရတဲ့ ဒုံးပျံစမ်းသပ်ပစ်လွှတ်မှုတစ်ခုကို ကြာသပတေးနေ့ မနက် ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အခုပစ်လွှတ်တဲ့ ဒုံးပျံဟာ မြောက်ကိုရီး ယားလုပ်ခဲ့သမျှ ဒုံးပျံစမ်းသပ်မှုတွေထဲမှာ ခရီးတာ အသွားဆုံး ဒုံးပျံလို့လည်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ယူဆထားပါတယ်။

ဒါဟာ အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့ အချိန်မှာ ပြုလုပ်တဲ့ တိုက်ချင်းပစ် ဒုံးပျံစမ်းသပ်မှုလည်း ဖြစ်ပါတယ်။ ပစ်လွှတ်ခဲ့တဲ့ ဒုံးပျံဟာ လောင်စာခဲ တွန်းကန်အားသုံးတဲ့ တာဝေး ပစ် တိုက်ချင်းပစ်ဒုံးပျံ အမျိုးအစားသစ်ဖြစ်ဖွယ်ရှိပြီး မိုင်ပေါင်း(၆၂၀)ကျော် အကွာအဝေးထိ ရောက်ရှိခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျပန်အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ အဲဒီဒုံးပျံဟာ အမြင့်ပေ မိုင်(၄၃၅၀)လောက်ကနေ မိနစ် (၈၀)ကျော်ကြာ ပျံသန်းခဲ့ကာ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး ကျွန်းရဲ့ မြောက်ပိုင်းမှာရှိတဲ့ အိုကူရှီရီကျွန်း အနောက်ပိုင်း ဂျပန်အထူးစီးပွားရေးဇုန်ပြင်ပ ရေပြင်ထဲကို ကျရောက်ခဲ့ တဘ်လို့ ဖော်ပြထားပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီကလည်း အဲဒီပစ်လွှတ်မှုဟာ တိုက်ချင်း ပစ် ဒုံးပျံပစ်လွှတ်မှုဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ တားမြစ်ပိတ်ပင်ချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ရှုတ်ချလိုက်ပါတယ်။ မြောက်ကိုရီးယားဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်စုကျော်က ပထမဆုံး နျူကလီးယားစမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့ပြီးနောက်မှာ သူ့ရဲ့ လက်နက်စနစ်တွေမှာ ထိပ်ဖူးတပ်ဆင်ပစ်ခတ်နိုင်တဲ့ စွမ်းဆောင်ရည်တွေ ရှိလာအောင် အဆင့်မြှင့်တင်မှုတွေ လုပ်လာခဲ့တာဖြစ်ပါတယ်။

image
10 w - Translate

နည်းပြဆာဟင်ကို ထုတ်ပယ်ရန် ဒေါ့မွန် အစီအစဉ်မရှိ
-----------------------
အခုဘောလုံးရာသီမှာ ရလဒ်ပိုင်းဆိုးရွားနေခဲ့ပေမယ့်လည်း ဒေါ့မွန်အသင်းဟာ အသင်းရဲ့ကစားသမားဟောင်း တစ်ယောက်ဖြစ်သလို လက်ရှိနည်းပြလည်းဖြစ်တဲ့ ဆာဟင်ကို ရာထူးကနေ ထုတ်ပယ်သွားဖို့အတွက် အစီစဉ် မရှိသေးဘူးလို့ အောက်တိုဘာလ(၃၀)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဆာဟင်ဟာ အခုဘောလုံးရာသီမှာမှ ဒေါ့မွန်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်းဟာ နည်းပြဆာဟင်လက်ထက်မှာ ရလဒ်ပိုင်း ဆိုးရွားနေခဲ့တာပါ။

အသင်းရဲ့လက်ရှိရလဒ်တွေအပေါ် စိတ်ပျက်မိပေမယ့်လည်း ဆာဟင်ကို ထုတ်ဖို့ စိတ်ကူးမရှိသေးပဲ လက်ရှိရလဒ်ဆိုးတွေကို စည်းစည်းလုံးလုံးနဲ့ ကျော်ဖြတ်သွားမယ်လို့ ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာ ဆီဘက်စတီယန်ခဲလ်က ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာ သွင်းဂိုးတွေရဖို့ အခက်တွေ့ နေပေမယ့်လည်း အရင်ကလိုမျိုး အောင်မြင်မှုရဖို့အတွက် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းကိုလည်း ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာက ဆက်လက်ပြောကြားခဲ့ပါသေးတယ်။ ဒေါ့မွန်အသင်းဟာ အခုရာသီ ဘွန်ဒက်လီဂါ (၈)ပွဲကစားပြီးချိန်မှာ (၄)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲရှုံး၊ ရမှတ်(၁၃)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၇)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

image
10 w - Translate

နှစ်ရှည်တွဲပြီးတဲ့အခါ လက်ထပ်ယူခြင်းဖြင့်
ကိုယ့်ကောင်မလေးကို တန်ဖိုးထားပါ ❤️

image

မြန်မာ့အရေးကို မြန်မာဦးဆောင်သည့် ဖြေရှင်းမှုကိုလုပ်ရန် ဘစ်ရှော့ပြော

နိုဝင်ဘာ ၁၊ နိုင်ငံတကာ။

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို တွန်းအားပေး လုပ်ဆောင်ရန်၊ အကြမ်းဖက်မှုများ ရပ်တန့်ရန်အတွက် အာဆီယံပါဝင်သည့် မြန်မာဦးဆောင်သည့် လုပ်ငန်းစဉ်တစ်ရပ် ဖော်ဆောင်ရန် လိုအပ်ကြောင်း ဘစ်ရှော့က အလေးထား ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သည့် ဂျူလီ ဘစ်ရှော့ (Julie Bishop) က မြန်မာနိုင်ငံတွင် ပဋိပက္ခ ပိုမိုပြင်းထန်လာမှုနှင့် ဒုစရိုက်ဂိုဏ်းများ များပြားနေမှုအပေါ် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ သတိပေး ခဲ့ကြောင်း Devdiscourse သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ဘစ်ရှော့က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာ့အကျပ်အတည်းကို အရေးတကြီး ဖြေရှင်းရန် လိုအပ် ကြောင်း ပုံဖော်ပြောကြားခဲ့ပြီး ထိန်းချုပ်မရနိုင်သည့် ဒုစရိုက်ကွန်ရက်များနှင့် အကြမ်းဖက်မှုများ မြင့်တက် လာသည့် အခြေအနေကို အလေးထား ပြောဆိုခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ခန့်အပ်ခဲ့သည့် ဘစ်ရှော့သည် မြန်မာနိုင်ငံအား အနိုင်-အရှုံး တွက်ချက်သည့် နိုင်ငံရေးကို စွန့်လွှတ်ရန်၊ ဆွေးနွေးညှိနှိုင်းမှုနှင့် ပြန်လည်သင့်မြတ် ရေးတို့ကို လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက တပ်မတော်က အာဏာကို ရယူခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်မှုများ မြင့်တက်လာခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပွားခဲ့ကာ လူပေါင်းသန်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက စစ်မြေပြင်တွင် အသာစီးရမှုများသည် အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပြီး ငြိမ်းချမ်းရေးအား ပြန်လည်ထိန်းသိမ်းရန်နှင့် အရပ်သားများကို အကူအညီပေးရန် နိုင်ငံတကာ၏ ခိုင်မာသည့် အားထုတ်ကြိုးပမ်းမှုများ ပိုမိုလိုအပ်လာခဲ့သည်။

ထိုကဲ့သို့ အရေးပေါ် အခြေအနေများ မြင့်တက်လာချိန်တွင် ဘစ်ရှော့က အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအား ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို အသုံးချပြီး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။

မြန်မာ့အရေးတွင် လျစ်လျူရှုခံထားရသည့် ဆိုးရွာသော သက်ရောက်မှုများရှိနေပြီး မြန်မာနိုင်ငံက ဦးဆောင်ပြီး ပဋိပက္ခကို အဖြေရှာရန် ဘစ်ရှော့က တိုက်တွန်းခဲ့ပြီး အာရှနိုင်ငံများနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်လျက်ရှိသည်။

ဘစ်ရှော့သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံကာ မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့က ၎င်းကိုယ်တိုင် ကုလသမဂ္ဂ ညီလာခံမှာ ပြောကြားခဲ့သည်။

Source: Devdiscourse

ပုံ - နိုင်ငံတကာအစည်းအဝေး သရုပ်ဖော်မှုကိုတွေ့ရစဥ်

#centralnewsnaypyitaw

image

မြန်မာ-ရုရှားနှစ်နိုင်ငံနယ်ပယ်စုံတွင် စီးပွားရေးလုပ်ငန်းများအချင်းချင်း တိုက်ရိုက်အဆက်အသွယ်များ ထူထောင်ရေးဆွေးနွေး

နိုဝင်ဘာ ၁၊ နေပြည်တော်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာ စီးပွားရေးကောင်စီ (Russian – Myanmar Business Council-RMBC) ဥက္ကဋ္ဌ Mr. Aleksei SHUPLOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁) ၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအလားအလာများနှင့် လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံနယ်ပယ်စုံတွင် စီးပွားရေးလုပ်ငန်းများအချင်းချင်း တိုက်ရိုက်အဆက်အသွယ်များ ထူထောင်ရေးနှင့် မြန်မာနိုင်ငံတွင် ရုရှား-မြန်မာစီးပွားရေးကောင်စီ၏ မိတ်ဖက်အဖွဲ့အစည်း ဖွဲ့စည်းရေးတို့ကို ဆွေးနွေးကြသည်။

#centralnewsnaypyitaw

image
10 w - Translate

miss the sea

image
10 w - Translate

"တောင်တရုတ်ပင်လယ်အခြေအနေ- ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က အခြားပြိုင်ဖက်များကို ဘယ်လို ဟန့်တားနိုင်မလဲ။"

အငြင်းပွားရေပိုင်နက်အတွင်း တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့သည် ၎င်းတို့၏ ရေတပ်နှင့် ကမ်းရိုးတန်းစောင့် ပိုင်ဆိုင်မှုများကို မြှင့်တင်ခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် နယ်မြေအငြင်းပွားနေသည့်ကြားတွင်ကမ်းခြေစောင့်တပ်ထဲသို့ အမေရိကန် ဒေါ်လာ ၈ သန်း ထည့်ဝင်ခြင်းသည် ဖိလစ်ပိုင်၏ ရေပိုင်နက်ဆိုင်ရာ မဟာဗျူဟာကို မီးမောင်းထိုးပြခဲ့ပြီး ဒေသတွင်းရှိ အလားတူတောင်းဆိုထားသည့် နိုင်ငံများကို အာရုံစိုက်လာစေသည်။

image

နိုဝင်ဘာ ၁ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
10 w - Translate

စောက်ကျက်သရေတုန်း ခါလာမေနီ နဲ ဘက်ဂျမင်နေတန်ရာဟု ၂ကောင်ကို ကြိုးဝိုင်းတည်းသာပွဲတည်ပေးခြင်တော့တယ်

imageimage

imageimage
+7