钦 မင်းတပ်မြို。

image

钦 မင်းတပ်မြို。

image

钦 မင်းတပ်မြို。

image

钦 မင်းတပ်မြို。

imageimage
+6
11 w - Translate

Laddaland [2011] မြန်မာစာတန်းထိုး
============================

(ထိုင်းနိုင်ငံဒုတိယဝင်ငွေအများဆုံး ထိုင်းသရဲကား)

Peemark သရဲကားပြီးရင် ထိုင်းနိုင်ငံဒုတိယဝင်ငွေအများဆုံး ထိုင်းသရဲကားဖြစ်ပါတယ်။

ဘေကုန်ရကျိုးလည်းနပ်ပါလိမ့်မယ်

Laddalandလိုပြောလိုက်တာနဲ့ ချက်ချင်းအမှတ်ရသွားစေမယ့် ကားမျိုးပါ Rating ကလည်း 6.4 လောက်ထိ ရထားတာမို ဆွဲဆောင်မှုရှိတာကတော့ အသေအချာပါဘဲ

လိပ်ပြာလွင့်လုမတတ်ကြောက်စရာကောင်းတဲ့အပြင် ရက်စက်ခြင်း ဝမ်းနည်းကြေကွဲခြင်း ချစ်ခြင်း မုန်းခြင်းနဲ့ မိသားစုသံယောဇဉ် မေတ္တာတရား စတဲ့ ရသမျိုးစုံကိုပေးစွမ်းနိုင်တဲ့ သရဲကားကောင်းလေးတစ်ကားဖြစ်တဲ့အတွက် ဒုတိယဝင်ငွေအများဆုံးအဖြစ် စံချိန်တင်နိုင်တာ ပြောစရာမလိုတော့ပါဘူး

အညွှန်းကတော့ ထွေထွေထူးထူးမညွှန်းတော့ပါဘူး ကိုယ်တိုင်ကြည့်ပြီးခံစားကြည့်ပါ မျက်ရည်လည်းကျစေရမယ်

အိမ်နီးနားချင်းမကောင်းရင် အန္တရာယ်ဆိုတာ ကိုယ့်အပေါ်လည်းကျရောက်လာတတ်တယ်။

ခုဇာတ်ကားလေးမှာလည်း အိမ်နီးနားချင်းမိသားစုရဲ့ မူမမှန်တဲ့ နေပုံထိုင်ပုံတွေကတစ်ဆင့် ကိုယ့်မိသားစုဆီကို အန္တရာယ်တွေဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာတဲ့အခါ မိခင်နဲ့ဖခင်ကဖြစ်သူကဘယ်လိုကာကွယ်စွန့်စားကြမလဲ ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ

image
11 w - Translate

Black Sheep (2007)
Black Sheep က ၂၀၀၆ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ မြင်ရခဲတဲ့ နယူးဇီလန်ဇာတ်ကားတစ်ကားဖြစ်ပြီး comedy horror အမျိုးအစားပါ။ဇာတ်လမ်းအကျဉ်းအနေနဲ့ဟင်နရီဆိုတဲ့ မွေးမြူရေးခြံပိုင်ရှင်မျိုးဆက်လူငယ်လေးဟာ ၁၅ နှစ်ကြာမှ မွေးရပ်မြေကို တစ်ခေါက်ပြန်လာခဲ့ပါတယ်။အကြောင်းရင်းကတော့ မိဘအမွေကိုဆက်ခံထားတဲ့ သူ့အစ်ကိုဆီက သူရထိုက်တဲ့အမွေကိုခွဲယူပြီး မြို့ကိုချက်ချင်းပြန်သွားဖို့ပါပဲ။ဟင်နရီဟာ ငယ်စဉ်ကအတိတ်ဆိုးတစ်ခုကြောင့် သိုးတွေကိုကြောက်ရွံ့တဲ့ phobia တစ်မျိုးရရှိနေသူပါ။အဲ့ဒီလိုပြန်လာချိန်မှာ သူ့အစ်ကိုက သိုးတွေအပေါ်စမ်းသပ်သုသေသနတွေပြုလုပ်နေပြီး မျိုးရိုးဗီဇပြုပြင်ထားတဲ့သိုးတွေကို ကမ္ဘာမှာချပြတော့မှာဖြစ်ပါတယ်။ အဲ့ဒီကနေဘေးထွက်ဆိုးကျိုးအဖြစ်သိုးတွေဟာ ရ!က်စ!က်တဲ့လူသားစားသတ္တဝါတွေအဖြစ်ကိုပြောင်းလဲသွားပြီး နီးစပ်ရာလူမှန်သမျှကိုတိုက်ခိုက်ကြပါတယ်။ သူတို့တိုက်ခိုက်ခံရတဲ့သူတွေကပါ အသိစိတ်လွတ်ပြီး ဖုတ်ကောင်တစ်ပိုင်းသိုးတစ်ပိုင်း ဘ၀ကိုပြောင်းလဲသွားကြတဲ့ အန္တရာယ်နဲ့နဂိုကတည်းက သိုးတွေကိုကြောက်တတ်တဲ့ ဟင်နရီနဲ့ထိပ်တိုက်ရင်ဆိုင်တွေ့ရချိန်မှာတော့..။ရ!က်စ!က်တဲ့ ဖုတ်ကောင်
အကြ!မ်းဖ!က်ခန်းတွေဖောဖောသီသီပါဝင်ပြီး အဲ့ဒီကြားထဲက ကမောက်ကမဖြစ်ရပ်တွေကို ဟာသနှောပြီး သွက်သွက်လက်လက်တင်ပြထားတာဖြစ်ပါတယ်။ horror ပရိသတ်ရော comedy ပရိသတ်တွေက အကြိုက်တွေ့စေမယ့်ကားကောင်းလေးတစ်ကားပါပဲ။
#movie

image

** အသီးအရွက် ဆိုဒါ ချဥ်ဖက်လုပ်နည်း **
ကြွပ်ရွပြီး အရသာရှိတဲ့ ချဉ်ဖတ်ကို ၁ ရက်အတွင်း စားလို့ရပါပြီး။ ချဉ်ဖတ်ဆိုတာ Prebiotic အတွက် အကောင်းဆုံးပါပဲ။
ဒီဟင်းလျာကို လုပ်စားကြည့်ပါ။
** ပါဝင်ပစ္စည်းများ **
၁။ သကြား ၅၀ ဂရမ်
၂။ ဆား ၁ ဇွန်း
၃။ ရှာလကာရည် ၁၀၀ ml
၄။ ဆိုဒါ ၁ ပုလင်း
၅။ ကြိုက်နှစ်သက်ရာ အသီးအရွက်များ
(ဥပမာ - သခွားသီး၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ငရုတ်သီး)
** ပြုလုပ်နည်း **
၁။ အသီးအရွက်များကို ကြိုက်နှစ်သက်ရာ အရွယ်အစားအတိုင်း လှီးပါ။
၂။ ပြီးရင် ထည့်မဲ့ ပုလင်းထဲ ထည့်ပါ။ ( ဗူးလဲရပါတယ် )
၃။ ပါဝင်ပစ္စည်းအားလုံးကို ထည့်ပါ။
၄။ နောက်ဆုံးမှာ ဆိုဒါထည့်ပါ။
(ဒီဟင်းနည်းမှာ ချဉ်ဖတ်ရည်ကို မပြုတ်ရပါဘူး)
၅။ အားလုံးကို သမအောင်မွှေပါ။
၆။ အုပ်ပြီး ရေခဲသေတ္တာထဲမှာ ၁ ညအိပ်ထားပါ။
၇။ နောက်တစ်နေ့မှာ စားလို့ရပါပြီး။
၈။ ရေခဲသေတ္တာထဲမှာ သိမ်းထားရင် အကြာကြီးအထားခံပါတယ်။
ဒီဟင်းလျာကို စမ်းလုပ်စားကြည့်ပါ။ အရမ်းကောင်းပါတယ်။

image
11 w - Translate

The Bridge Curse ( 2020 )
ကျိန်စာသင့်တံတား...


စိတ်ခြောက်ခြားဖွယ်သရဲကားကောင်းကြိုက်သူတွေအတွက်

2020 augustလမှာထွက်ထားတဲ့ ထိုင်ဝမ်သရဲကားကောင်းလေးတစ်ကားဖြစ်ပါတယ်

စတင်ထုတ်လွှင့်ချိန်ကနေ ခုချိန်ထိ Box office worldwideမှာ $347513ဝင်ငွေရရှိထားပါတယ်

CGI effectတွေမပါပဲ ပြင်ပမှာတစ်ကယ်သရဲခြောက်ခံနေရသလိုရိုက်ကူးထားလို

စိတ်ခြောက်ခြားဖွယ်ကောင်းလှပါတယ် ဇာတ်လမ်းအကျဉ်းကတော့

တက္ကသိုလ်ကျောင်းသားကျောင်းသူအုပ်စုတစ်ခုဟာ သတ္တိရှိမရှိစမ်းသပ်တဲ့ပွဲမှာ

ပါဝင်တဲ့အဖွဲဝင်များအောင်ကြော်ငြာဖို ည၁၂နာရီထိုးရင်သရဲခြောက်တယ်လို

နာမည်ကြီးလှတဲ့ သရဲမတံတားရဲ့လှေကားထစ်ကိုလျှောက်ပြရင်း

live လွှင့်ကြေငြာဖို ပြင်ဆင်ကြတဲ့အခါ…

ဘယ်လိုတုန်လှုပ်ခြောက်ခြားဖွယ်တွေကစောင့်ကြိုနေမှာလဲ…

သရဲမရဲ့ကျိန်စာကနေလွတ်မြောက်နိုင်ပါ့မလား…

ထင်မထားတဲ့လှည့်ကွက်တွေပါတဲ့ စိတ်ခြောက်ခြားဖွယ် Horror ကားကောင်းတကားပါ

image

အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်းတိုးဖို့ ရော်နယ်ဒိုသဘောတူ

ဖေဖော်ဝါရီ ၁၁

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက ၂ နှစ်ခွဲစာချုပ်နဲ့ အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ရော်နယ်ဒိုရဲ့ စာချုပ် ဟာ ဒီရာသီကုန် ရင်ကုန်ဆုံးပြီဖြစ်တာပါ။

ဒါပေမယ့် အယ်လ်နာဆာအသင်း တာဝန်ရှိသူတစ်ဦးက ရော်နယ်ဒိုဟာ အသင်းနဲ့ နောက်ထပ် တစ်နှစ် သက်တမ်းတိုးဖို့ သဘောတူညီခဲ့တယ်လို့ AFP ကို ပြောခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းမှာ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ဆက်ပြီးရှိနေတော့မှာပါ။

အယ်လ်နာဆာအသင်း တာဝန်ရှိသူက “ရော်နယ်ဒိုနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိထားပါတယ်။ ဒါပေမယ့် စာချုပ်ထဲမှာ လက်မှတ် မထိုးရသေးပါဘူး။ လာမယ့် ရက်ပိုင်းအတွင်းမှာ စာချုပ်သက်တမ်းတိုးတဲ့ ကြေညာချက်ကို ထုတ်ပြန်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အသက် ၄၀ နှစ်ပြည့်ပြီးနောက် ရက်ပိုင်းအကြာမှာ စာချုပ် သက်တမ်းတိုးမယ့် သတင်းထွက်ပေါ် လာခဲ့တာပါ။

ပေါ်တူဂီဝါရင့် ကစားသမားဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အယ်လ်နာဆာအသင်းမှာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို အဆုံးသတ်နိုင်တယ်လို့ ပြောထားပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့လာပြီးကတည်းက ပြိုင်ပွဲစုံ ၉၆ ပွဲ ပါဝင်ကစားထားပြီး ၈၈ ဂိုး သွင်းယူကာ အာရပ်ကလပ် ချန်ပီယံများဖလားကို ရယူထားနိုင်တာပါ။

အယ်လ်နာဆာအသင်းဟာ ဖေဖော်ဝါရီ ၁၃ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်အာလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

ပုံ - ရော်နယ်ဒိုကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

တရုတ်၏ နျူရေငုပ်သင်္ဘောက တောင်တရုတ်ပင်လယ်၏ ဘုရင်ဖြစ်လာ

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၁၁

တရုတ်၏ နျူကလီးယား ရေငုပ်သင်္ဘောသည် တောင်တရုတ်ပင်လယ်တွင် ဘုရင်ဖြစ်လာသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

တရုတ်စစ်တပ်ကို ကမ္ဘာ့အင်အား အကြီးဆုံးစစ်တပ်အဖြစ် ထူထောင်လိုသည့် တရုတ်သမ္မတ ရှီကျင့်ဖျင် ( Xi Jinping) ၏ အစီအစဉ်များအရ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)သည် ဆယ်စုနှစ်တစ်စုနီးပါး အတွင်း စစ်အင်အားကို မြှင့်တင်ခဲ့သည်။

တရုတ်၏ လက်နက်စနစ်များကို အမျိုးအစားအလိုက် စောင့်ကြည့်သင့်သလို တရုတ်ရေတပ်၏ ရေငုပ်သင်္ဘောများ ဖွံ့ဖြိုးတိုးတက်လာမှုကိုလည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်ပြင်၏ ရေအောက်ဘက်တွင် လက်နက်အပြည့်အဝ တပ်ဆင်ထားသည့် ရေငုပ်သင်္ဘောများဖြင့် လှုပ်ရှားမောင်းနှင်လျက်ရှိသည်။

ထိုရေငုပ်သင်္ဘောများ၏ အထူးတာဝန်မှာ အမေရိကန် အပါအဝင် တရုတ်၏ ဖြစ်လာနိုင်ခြေရှိသည့် ရန်သူများ၏ နျူကလီးယား ရန်စမှုများကို ဖြေရှင်းရန်နှင့် တရုတ်အား ရန်စပါက နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ရင်ဆိုင်ရမည် ကို ပြသရန်ဖြစ်သည်။

Type 094 နျူကလီးယား ပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘောသည် တရုတ်၏ ကြီးမားသည့် အောင်မြင်မှုတစ်ခု ဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုရေငုပ်သင်္ဘောသည် တရုတ်၏ ပထမဆုံး ပင်လယ်ပြင် အခြေစိုက် နျူကလီးယား အခြိမ်းအခြောက် အဟန့်အတား (sea-based nuclear deterrent) ဖြစ်သည်ဟု သုံးနှုန်းဖော်ပြခဲ့သည်။

တရုတ်သည် JL-2 ဒုံးကျည်များနှင့် JL-3 ဒုံးကျည်များ ပစ်လွှတ်နိုင်သည့် Type 094 နျူကလီးယား ပဲ့ထိန်းဒုံးကျည် တပ် ရေငုပ်သင်္ဘော ခြောက်စင်းဖြင့် လည်ပတ်နေသည်။

ထိုဒုံးကျည်များသည် တရုတ်၏ ကမ်းရိုးတန်းမှ ပစ်လွှတ်မည်ဆိုပါက အမေရိကန်၏ နယ်နိမိတ်အထိ ရောက်ရှိနိုင် သည်ဟုဆိုသည်။

ထို့ကြောင့် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့်နေသည့် ထိုရေငုပ်သင်္ဘောများကို အနီးကပ်စောင့်ကြည့်နေသည်။

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းကလည်း Type 094 ဟု ယူဆရသည့် တရုတ်ရေငုပ်သင်္ဘော တစ်စင်းသည် ထိုင်ဝမ် ရေလက်ကြားတွင် ရေမျက်နှာပြင်ပေါ်သို့ ထွက်ပေါ်လာခဲ့သဖြင့် မီဒီယာများ၌ ခေါင်းကြီးပိုင်းသတင်းများ ဖြစ်ခဲ့သည်။

Source: South China Morning Post

ပုံ - တရုတ်ရေငုပ်သင်္ဘောကို တွေ့ရစဉ်

#centralnewsnaypyitaw

image