ရေနံချောင်း城市和自然风景

image

ရေနံချောင်း城市和自然风景

image

ရေနံချောင်း城市和自然风景

image

ရေနံချောင်း城市和自然风景

image

ရေနံချောင်း城市和自然风景

imageimage
+5

💀

image
11 w - Translate

ငွေမရှိတဲ့ဘဝ အတော်ဆိုးပါတယ်ကွာ ကိုယ်အပေါ်
ပိုးဆိုးပက်စက် ပြောနေတာတောင်မှ ဘာမှမခံစားရ
သလိုနဲ့ သွားလေးဖြီးပြီး /မပြုံးချင်တဲ့ အပြုံးတွေ
တောင်ပြုံးပြလိုက်ရတဲ့သေးတယ် တော်‌တော်တရား
ကျဖို့ကောင်းတဲ့ လောကကြီးပါကွာ......!!
#စာတို

11 w - Translate

ဒေါ်လာ ၅၀၀ မကျော်သည့် သစ်အချောထည်များကို စာရွက်စာတမ်းမလိုဘဲ တင်ပို့ခွင့်ပြုရန် တင်ပြထား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၀ နှုန်းထက် မကျော်တဲ့ သစ်အချောထည်တွေ ပြည်ပတင်ပို့ရာမှာ စာရွက်စာတမ်းမလိုဘဲ တင်ပို့ခွင့်ပြုဖို့ သစ်တောဦးစီးဌာနထံ တင်ပြထားကြောင်း မြန်မာနိုင်ငံသစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
ကန်ဒေါ်လာ ၅၀၀ အောက် တန်ကြေးရှိတဲ့ ပရိဘောဂပစ္စည်းတွေထဲမှာ စားပွဲ၊ ကုလားထိုင် စတာတွေ ပါဝင်ပြီး ဒါတွေကို စာရွက်စာတမ်းမလိုဘဲ တင်ပို့ခွင့်ပြုရေး ညှိနှိုင်းနေတာလို့လည်း အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သစ်အချောထည်အဖြစ် ကျွန်းသစ်ကို အချောထည်ပြုလုပ်ကာ အဓိကထား တင်ပို့ပြီး ပျဉ်းကတိုး၊ သစ်ယာ၊ အင်ကြင်း စတဲ့ သစ်အမျိုးအစားတွေကိုလည်း ပါကေးအစားထိုး ပြုလုပ်တင်ပို့လျက်ရှိပါတယ်။
ပြည်တွင်းပရိဘောဂလုပ်ငန်းများအတွက် လိုအပ်တဲ့ ကျွန်းသစ်အပါအဝင် သစ်အမျိုးအစားတွေကို မြန်မာ့သစ်လုပ်ငန်းကနေ လေလံဆွဲ ဝယ်ယူကာ သစ်အချောထည်တွေအဖြစ် ပြန်လည်ထုတ်လုပ်နေတာပါ။
လက်ရှိမှာ မြန်မာ့သစ်လုပ်ငန်းကနေ ဝယ်ယူထုတ်လုပ်တဲ့ ၂၄ စတုရန်းလက်မထက် မကျော်လွန်သော တစ်ဝက်တစ်ပျက် ကုန်ကြမ်းသစ်ခွဲသားတွေကို တင်ပို့ခွင့်ရရှိထားပြီး ၃၂ စတုရန်းလက်မရှိတဲ့ သစ်ခွဲသားတွေကိုတော့ တင်ပို့ခွင့်ပိတ်ထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ် အိန္ဒိယ၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေထံ သစ်အချောထည် ပရိဘောဂပစ္စည်းတွေနဲ့ အချောထည်သစ်ကြမ်းခင်းတွေကို တင်ပို့လျက်ရှိပါတယ်။
အဲဒီအထဲက ပရိဘောဂတွေ အိန္ဒိယဈေးကွက်ထံ အဓိကတင်ပို့နေသလို Myanmar Flooring လို့ခေါ်တဲ့ ကြမ်းခင်းတွေကတော့ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေ တင်ပို့နေတာတွေရှိပါတယ်။
သစ်အချောထည်နဲ့ ကြမ်းခင်းတင်ပို့မှုအနေနဲ့ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖိုးခန့် တင်ပို့နိုင်ခဲ့ကြောင်း သစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များအသင်းရဲ့ စာရင်းတွေအရ သိရပါတယ်။

image
11 w - Translate

ရုပ်ရှင်တစ်သက်တာဆုကြီးပိုက်ပြီး ပရိသတ်ကြီးဆီ ပြန်လာနေပြီဆိုတဲ့ ဝါဝါဝင်းရွှေ 🥰
သူမဟာ ၂၀၂၄ ခုနှစ် အကယ်ဒမီပေးပွဲမှာ ပေးအပ်ခဲ့တဲ့ ရုပ်ရှင်တစ်သက်တာဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်တစ်သက်တာဆုဟာ ရုပ်ရှင်လောကက သက်ကြီး ဝါရင့်အနုပညာရှင်ကြီး တွေသာရရှိကြတာပါ။ ထိုဆုတွေထဲမှာ ဝါဝါဝင်းရွှေလည်းပါဝင်ခဲ့တာပါ။ ဝါဝါဝင်းရွှေက သူမရခဲ့တဲ့ ဆုကြီးနဲ့ ပရိသတ်ဆီပြန်လာနေပြီလို့ဆိုပါတယ်။

#celenews

image
11 w - Translate

အိန္ဒိယနိုင်ငံက အာကာသအတွင်း ချိတ်ဆက်ဆိုက်ကပ်မှုလုပ်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာ
အိန္ဒိယနိုင်ငံဟာ အာကာသအတွင်း ချိတ်ဆက်ဆိုက်ကပ်မှု(space docking) လုပ်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ အိန္ဒိယစံတော်ချိန် နံနက် ၉ နာရီအချိန်မှာ အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း (ISRO) ဟာ အာကာသအတွင်း ချိတ်ဆက်ဆိုက်ကပ်မှု(SpaDeX) လုပ်နိုင်ခဲ့တာလို့ ISRO ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
အခုလို စွမ်းဆောင်နိုင်တာဟာ အမေရိကန်ဒေါ်လာ ၄၀၀ ဘီလျံတန်ကြေးရှိပြီး
တဟုန်ထိုး ကြီးထွားလာပြီး အာကာသဈေးကွက်မှာ ဝေစု ပိုရလာဖို့ ရည်မှန်းထားတဲ့ အိန္ဒိယနိုင်ငံအတွက် နည်းပညာပိုင်းဆိုင်ရာ မိုင်တိုင်တစ်ခု ဖြစ်တယ်လို့ မှတ်ယူထားကြပါတယ်။
အကြမ်းဖျဉ်းအားဖြင့် ရေခဲသေတ္တာကြီးတစ်လုံးစာ အရွယ်အစားရှိတဲ့ ISRO ဂြိုဟ်တု(၂)လုံး( Target နဲ့ Chaser လို့ အမည်ပေးထား)ဟာ ပတ်လမ်းအတွင်း ပူးချည်၊ ခွာချည်လုပ်ပြီး လှည့်လည်ခဲ့တာပါ။ ဂြိုဟ်တုဝန်ဆောင်မှု၊ အာကာသစခန်းဆိုင်ရာ လုပ်ဆောင်မှု၊ ဂြိုဟ်တွေကြား သွားလာမှု အစရှိတဲ့အပိုင်းတွေမှာ အရေးပါတဲ့ ဒီနည်းပညာကို လုပ်ဆောင်အောင်မြင်ခဲ့တာကြောင့် အိန္ဒိယနိုင်ငံဟာ အာကာသစီးပွားရေးနဲ့ စူးစမ်းရှာဖွေရေးအခန်းကဏ္ဍမှာ သိသိသာသာ ပါဝင်လှုပ်ရှားလာနိုင်တော့မှာ ဖြစ်ပါတယ်။

image