10 w - Translate

အောင်ပွဲရထရမ့်ထံ သမ္မတရှီ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အောင်ပွဲရခဲ့သော ဒေါ်နယ်ထရမ့်ထံ တရုတ်သမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြုသဝဏ်လွှာတစ်စောင်ကို ပေးပို့ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

"တည်ငြိမ်ကျန်းမာပြီး ရေရှည်တည်တံ့သော တရုတ်-အမေရိကန် ဆက်ဆံရေးသည် နှစ်နိုင်ငံစလုံး၏ ဘုံအကျိုးစီးပွားအတွက်ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်း၏ မျှော်မှန်းချက်နှင့်အညီဖြစ်သည်" ဟု ရှီက ၎င်း၏သဝဏ်လွှာတွင် ဖော်ပြထားကြောင်း သိရသည်။

နှစ်နိုင်ငံစလုံးနှင့် ပိုမိုကျယ်ပြန့်သောကမ္ဘာကို အကျိုးရှိစေရန်အတွက် ခေတ်သစ်တွင်ပေါင်းစည်းရန် နည်းလမ်းကောင်းများ ရှာဖွေရန်နှစ်နိုင်ငံစလုံးကို ရှီကတိုက်တွန်းခဲ့ကြောင်း ဆင်ဟွာသတင်းက ဆိုထားသည်။

အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု၊ မတူညီမှုများကို စနစ်တကျစီမံခန့်ခွဲပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားရန် တရုတ်သမ္မတရှီက မျှော်လင့်သည်ဟု ယင်းသဝဏ်လွှာတွင် ထည့်သွင်းရေးသားထားကြောင်းကိုလည်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်တို့ တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ကြကြောင်း အမေရိကန်အခြေစိုက် CNN သတင်းဌာနက အစောပိုင်းတွင် ဖော်ပြခဲ့သည်။ သို့သော်လည်း ရှီနှင့် ထရမ့်တို့ကြား တယ်လီဖုန်းပြောဆိုမှုနှင့်ပတ်သက်၍ မေးမြန်းသောအခါ ဝါရှင်တန်ရှိ တရုတ်သံရုံးက ယင်းကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးစရာမရှိပါဟု တုံ့ပြန်ခဲ့ကြောင်း CNN ကဆိုသည်။

image
10 w - Translate

အမြဲလိုလိုပါပဲ...အာဆင်နယ်အသင်းက အစဘယ်လောက်ပဲကောင်းကောင်း အနှောင်းမသေချာတဲ့အသင်းပါ။ ဘယ်တော့မဆို ဆောင်းမရောက်မချင်း အာဆင်နယ်ကောင်းတယ်လို့ ပြောလို့မရပါဘူး။ အာကြီးတို့က ၄ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပါပြီ။

အရှုံးကနေပြီး ရုန်းထဖို့အတွက် ပြင်ဆင်လာတဲ့ အာဆင်နယ်က အင်တာမီလန်ကွင်းမှာ တကယ်ကြီး ခြေစွမ်းက အစစအရာရာ သာလွန်ကောင်းမွန်ခဲ့ပါတယ်။ အခွင့်အရေးတွေလည်း အများကြီးကိုမှ ရခဲ့ပါတယ်။ ပြဿနာက ဂိုးမသွင်းနိုင်တဲ့ ပြဿနာကို အာတေတာ အဖြေမထုတ်နိုင်ခဲ့ပါဘူး။

ဒီလိုနဲ့ပဲ အင်တာမီလန်က ပထမပိုင်းအချိန်ပိုမှာရတဲ့ ချာလန်နိုလူးရဲ့ပင်နယ်တီနဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်တို့အတွက်တော့ ဆောင်းအငွေးအသက်နဲ့အတူ တိုက်စစ်မှူးမရှိတဲ့ ပြဿနာကအနာထလာပြန်ပါပြီ။ ဆင်ပျံကြီး ဘာလို့ဖြစ်ခဲ့လဲဆို ဆောင်းအဝင်မှာ တိုက်စစ်ဖျားခဲ့လို့ပါ။

image

အိန္ဒိယတွင်ကျင်းပသည့် Asia Buddhist Summit 2024 အစည်းအဝေးသို့ သီတဂူအဓိပတိဆရာတော်ကြီး တက်ရောက်

နိုဝင်ဘာ ၇၊ နိုင်ငံတကာ။

International Buddhist Confe-deration ၏ ဖိတ်ကြားချက်အရ အဘိဓဇမဟာရဋ္ဌဂုရု သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီးသည် ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာအနှံ့ပြန့်ပွားစေရန် ရည်ရွယ်၍ ယမန်နေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အသောကဟိုတယ်၌ ကျင်းပသော ပထမအကြိမ် Asia Buddhist Summit 2024 သို့ တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံသမ္မတ ယဉ်ကျေးမှုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးနှင့် နိုင်ငံပေါင်း ၃၀ ကျော်မှ ဖိတ်ကြားထားသော ဘာသာရေးခေါင်းဆောင်များ၊ ပါမောက္ခများ၊ ပညာရှင်များ စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်ကြသည်။

ရှေးဦးစွာ သီတဂူအဓိပတိဆရာတော်ကြီးက ဘုရားပန်းကပ်ခြင်း၊ ဆီမီးထွန်းခြင်းများပြုလုပ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ထို့နောက် ဆရာတော်ကြီးက Recognition of Pali as a Classical Indian Language အကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။

#သတင်းဟင်းလေးအိုးကြီး

image

ထရမ့်အစိုးရက ထိုင်းစီးပွားရေးလုပ်ငန်းတွေအတွက် စိန်ခေါ်မှုအသစ်တွေ ယူဆောင်လာမည်


နိုဝင်ဘာ ၇၊ နိုင်ငံတကာ။

ဗုဒ္ဓဟူးနေ့က ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရရှိလိုက်တာဟာ ထိုင်းစီး ပွားရေးလုပ်ငန်းတွေ ကြိုတင်ပြင်ဆင်ထားရမယ့် အရေးကြီးတဲ့အပြောင်းအလဲတွေနဲ့အတူ ကမ္ဘာ့ နိုင်ငံရေး၊ သံ တမန်ရေးနယ်ပယ်က သြဇာလွှမ်းမိုးမှုနဲ့ အင်အားအတွက် ရှင်းလင်းပြတ်သားတဲ့ အပြောင်းအလဲတစ်ရပ် ထွက် ပေါ်လာမှာဖြစ်ကြောင်း ထိုင်းအမျိုးသား ကုန်တင်သင်္ဘောလုပ်ငန်းရှင်များကောင်စီ (TNSC) က ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

ထရမ့်ရဲ့ အမေရိကန်ပထမမူဝါဒ (America First policy) အရ ကမ္ဘာ့မဟာအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အမေရိ ကန်နဲ့ တရုတ်ဟာ ပိုမိုဝေးကွာလာမှာဖြစ်တဲ့အတွက် ကမ္ဘာ့ကုန်သွယ်ရေးဟာ ပိုမိုကွဲပြားရှုပ်ထွေးလာမှာ ဖြစ် ကြောင်း TNSC ဥက္ကဋ္ဌ ချိုင်းချန်းချာရွန်ဆတ်က ပြောပါတယ်။

“တခြား ဆက်စပ်အခြေခံအကြောင်းရင်းတွေကနေ ခန့်မှန်းလို့မရနိုင်တဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှုတွေနဲ့ သွယ်ဝိုက်အကျိုးသက်ရောက်မှုတွေ အချိန်မရွေးထွက်ပေါ်လာနိုင်တဲ့အတွက် ထိုင်းစီးပွားရေးလုပ်ငန်းတွေ အ ထူးသဖြင့် ပြည်ပပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပြောင်းလဲလာတဲ့အခြေအနေတွေနဲ့ လိုက်လျောညီထွေရှိအောင် ညှိနှိုင်းပြင်ဆင်ထားရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲသစ် နောက်တစ်ကျော့ထပ်မံပေါ်ထွက်လာတော့မှာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ မိမိတို့နိုင်ငံကို ဒေသတွင်း လော်ဂျစ်စတစ်ဗဟိုချက်မနိုင်ငံအဖြစ်ရောက်ရှိလာစေရေးနဲ့ တရုတ် နိုင်ငံက ထုတ်လုပ်ရေးစက်ရုံတွေ ပြန်လည်နေရာချထားရေးကို တိုက်တွန်းအားပေးမယ့် ရင်းနှီးမြှုပ်နှံမှုကို ဖိတ် ခေါ်နိုင်မယ့် အခြေအနေတစ်ရပ်ကို ဖန်တီးဖို့ လိုအပ်ကြောင်း ချိုင်းချန်းက ပြောပါတယ်။

“ထိုင်းနိုင်ငံဟာ ထိုင်းနိုင်ငံအတွင်းမှာသာမကဘဲ အာဆီယံဒေသနဲ့ အိန္ဒိယပါ ပါဝင်တဲ့ ဒေသတွင်းကို ပြောင်းလဲ ရွေ့လျားမယ့် ထောက်ပံ့ရေးကွင်းဆက်က ခွဲထုတ်မရတဲ့ မရှိမဖြစ်အစိတ်အပိုင်းတစ်ခု ဖြစ်လာရမှာဖြစ်တယ်။” လို့ ၎င်းက ပြောပါတယ်။

ထိုင်းစီးပွားရေးလုပ်ငန်းတွေအနေနဲ့ အမေရိကန် နိုင်ငံခြားကုန်သွယ်ရေးမူဝါဒသစ်ရဲ့ အကျိုးသက်ရောက်မှုတွေ ကို အစားထိုးဖို့အတွက် ဈေးကွက်သစ်တွေ ရှာဖွေထားဖို့လည်း TNSC အကြီးအကဲက တိုက်တွန်းထားပါတယ်။

“ဥပမာအနေနဲ့ အမေရိကန်နိုင်ငံက လျှပ်စစ်ကားတွေကို ဆန့်ကျင်ပြီး အတွင်းပေါက်ကွဲမှုအင်ဂျင်အသုံးပြုကား တွေကို ဦးစားပေးတဲ့ မူဝါဒတွေ ကျင့်သုံးလာမယ်ဆိုရင် မိမိတို့နိုင်ငံက ကားပစ္စည်းအစိတ်အပိုင်းတွေကို မြောက် အမေရိကနဲ့ တောင်အမေရိကကို တင်ပို့နိုင်ရေး တိုးချဲ့ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံအတွက် အခွင့်အလမ်းတစ်ခုရ လာမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

မဟာအင်အားကြီးနိုင်ငံတွေရဲ့ မတူကွဲပြားမှုတွေကြောင့် ပြဿနာတွေ ပိုမိုရှုပ်ထွေးအကဲဆတ်လာမှာဖြစ်တဲ့အ တွက် ထိုင်းနိုင်ငံအနေနဲ့ ရှေ့ခရီးဆက်နေတဲ့ နိုင်ငံခြားကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေးတွေဆောင်ရွက်တဲ့အခါ ဘက်ပေါင်းစုံက အကျိုးသက်ရောက်မှုတွေကို ချင့်ချိန်စဉ်းစားဖို့လိုကြောင်း ချိုင်းချန်းက ပြောပါတယ်။

“ထိုင်းနိုင်ငံဟာ မိမိတို့အတိတ်ကာလတုန်းကကျင့်သုံးခဲ့သလို ဘက်မလိုက်ဝါဒကို ဆက်လက်ကျင့်သုံးရမှာဖြစ် ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ တီထွင်ဆန်းသစ်မှုအသစ်တွေကို အသုံးပြုပြီး ပြည်တွင်းထုတ်လုပ်သူတွေ ဈေးနှုန်းလျှော့ချတာကို ကူညီဆောင်ရွက်ဖို့ လိုသလို ပိုမိုတင်းကျပ်စွာစစ်ဆေးတဲ့မူဝါဒကို အကောင်ဖော်ပြီး ကျွန် တော်တို့ ကိုယ်ပိုင်ဈေးကွက်ထဲကို ဈေးပေါတဲ့ တရုတ်သွင်းကုန်တွေ ဒလဟောစီးဝင်လာတာကို ကာကွယ်ဖို့ လည်း လိုအပ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

Ref: Trump administration brings new challenges for Thai business

#centralnewsnaypyitaw

imageimage

သံအမတ်ကြီး ဦးသစ်လင်းအုန်းမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတထံခန့်အပ်လွှာပေးအပ်

နေပြည်တော်၊ နိုဝင်ဘာ ၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင်ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image

အမျိုးသမီးများကို တရုတ်ယောက်ျားယူရန် စည်းရုံးပြီး ရောင်းစားရန် စီစဉ်ခဲ့သူအား အလုပ်နှင့် ထောင်ဒဏ်နှစ် ၃၀ ချမှတ်

နိုဝင်ဘာ ၇၊ နေပြည်တော်။
 
အမျိုးသမီးများကို တရုတ်ယောက်ျားယူပါက ငွေကျပ် သိန်း ၁၀၀ ရရှိမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
 
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်နေ ဒေါ်ချိုချိုစန်းက ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နေ မ—၊ ၃၀/၂၀၂၄ နှစ်၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နေ မ—၊ ၁၅/၂၀၂၄ နှစ်နှင့် နေပြည်တော်ကောင်စီ နယ်မြေ၊ တပ်ကုန်းမြို့နေ မ—၊ ၂၃/၂၀၂၄ နှစ်တို့ သုံးဦးကို တရုတ်ယောက်ျားယူပါက ငွေကျပ် သိန်း ၁၀၀ ရရှိမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ ရောက်ရှိမှသာ မိဘများထံသို့ ငွေများလွှဲပေးမည်ဖြစ်ကြောင်း ပြောဆို စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သဖြင့် ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေ ရဲစခန်း(ပ)၇၀/၂၀၂၄၊ (ပ) ၇၁/၂၀၂၄၊ (ပ)၇၂/၂၀၂၄ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ တို့ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့‌ကြောင်း သိရသည်။
 
အောင်မြေသာစံခရိုင်တရားရုံးမှ နိုဝင်ဘာ ၅ ရက်တွင် တရားခံ ဒေါ်ချိုချိုစန်းအား လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅ အရ တစ်မှုလျှင် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီဖြင့် စုစုပေါင်းနှစ် ၃၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image

တရုတ်မှ ခေါ်စာမကျသဖြင့် မူဆယ်တွင် မြန်မာအများစု ဒုက္ခရောက်နေ

နိုဝင်ဘာ ၇၊ မူဆယ်။

တရုတ်ဘက်မှ အလုပ်ခေါ်စာများ မကျလာသဖြင့် မူဆယ်မြို့ရှိ ကားဝင်းအပါအဝင် ရပ်ကွက်များတွင် မြန်မာ အများစု သောင်တင်၍ ဒုက္ခရောက်နေကြကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်းများ၏ ပြောကြားချက်အရ သိရသည်။

တရုတ်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရရှိမည်ဟုဆိုကာ ပွဲစားများဖြင့် ချိတ်ဆက်၍ ရောက်လာကြခြင်း ဖြစ်သော်လည်း မူဆယ်သို့ ရောက်ရှိသည်မှာ ၃၊ ၄ လ ကြာသည်အထိ တရုတ်ဘက်မှ အလုပ်ခေါ်စာများ မကျလာ သေးသည့်အပြင် ပွဲစားများမှလည်း ပစ်ထားခဲ့ကြခြင်းဖြစ်ကြောင်း ပရဟိတအသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ပွဲစားတွေကတော့ စရိတ်ငြိမ်း ဘာညာဆိုပြီး ခေါ်လာလိုက်တယ်။ တရုတ်ပြည်ထဲမှာ ဝင်ဖို့လို့က ခဲယဉ်းတယ်။ ၃ လ၊ ၄ လ အဲဒီလိုကြာတယ်။ တချို့ကကြာတော့ စားစရိတ်တွေလည်း မရှိတော့ဘူး။ ဒုက္ခတွေလည်း တော်တော် ရောက်နေကြတယ်။ အလုပ်ခေါ်စာတွေက ချမပေးဘူး။ အခုလူတွေက ဝင်ရတော့မယ်၊ ဝင်ရတော့မယ်နဲ့ သွားလိုက်တော့ကြ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ပြန်လှည့်လာလိုက်ရတာ အခုက မူဆယ်မြို့မှာကလည်း မိုးတွေကရွာ၊ စားရေးသောက်ရေး အဆင်မပြေ ဒုက္ခတော်တော်ရောက်နေကြရတာ။ ကားကွင်းထဲမှာတင် မကဘူး။ ရပ်ကွက်အသီးသီးမှာလည်းရှိတယ်။ အခုက ပွဲစားတွေကတော့ အစကအဆင်ပြေတယ် ဘာညာ ဆိုပြီးတော့ ခေါ်လာလိုက်တယ်။ ဒီရောက်မှ မျက်နှာလွှဲခဲပစ်တွေ လုပ်ပစ်တာတွေလည်း အများကြီးရှိတယ်။ နဂိုကဆို အိမ်ငှားတစ်ခန်းကို ရှစ်သောင်းပတ်ချာလည်လောက်ပဲ ရှိတာ။ အခုက အဲဒီလို အခန်းငှားတဲ့သူတွေက များလာ လိုက်တော့ မူဆယ်မှာ ရှိတဲ့လူတွေတောင်မှ အိမ်ခန်းခတွေ တက်တက်ကုန်တာ” ဟု ၎င်းက ပြောသည်။

မြန်မာအများအပြားမှာ ဒုက္ခရောက်နေကြသော်လည်း မန္တလေးသို့ ပြန်ဆင်းရန်မှာ လမ်းခရီးအရသော်လည်း ကောင်း၊ ကုန်ကျစရိတ်အရသော်လည်းကောင်း မတတ်နိုင်ကြသဖြင့် နေရပ်မပြန်ဘဲ ဒုက္ခခံနေကြခြင်း ဖြစ်ကြောင်းသိရသည်။

မူဆယ်သို့ ရောက်ရှိနေကြသည့် မြန်မာများမှာ ပျမ်းမျှအားဖြင့် ၄ ထောင်ကျော်ခန့်ရှိနေနိုင်ပြီး ယောကျာ်လေးနှင့် မိန်းကလေးအချို့မှာ ပျက်စီးကုန်ကြကြောင်းလည်း ပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။

တရုတ်အလုပ်ရှင်များမှ လုပ်သားများခေါ်ယူရန်ရှိပါက တရုတ်ရဲစခန်းသို့ ခေါ်စာများ သွားရောက်ပေးပို့ပြီး ခွင့်ပြုမှ သာ ခေါ်ခွင့်ရှိကာ မြန်မာလုပ်သားများမှာလည်း တရုတ်ဘက်သို့ ဝင်ခွင့်ရရှိခြင်းဖြစ်သည်။

လက်ရှိတွင် ‌မူဆယ်မြို့၌ အဆင်မပြေမှုများစွာ ရှိနေသဖြင့် ဒုက္ခရောက်နေသည့် မြန်မာများအတွက် ကြုံရာကျပန်း လုပ်ကိုင်ကြရန်မှာ အလုပ်အကိုင်မရှိကြောင်း နှလုံးလှပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တချို့ဆို အဲဒီကဟာတွေဆို လာပြီး အလုပ်တောင် လာရှာခိုင်းတယ်။ ဒါပေမယ့် အခုက တရုတ်ပြည်က ဆောက်လုပ်ရေးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ အကုန်လုံး လူသုံးကုန်ပစ္စည်းတွေ ပိတ်လိုက်ပြီဆိုတော့ ဒီက အလုပ်တွေပါ လုပ်ငန်းတွေပါ တချို့ကရပ်ဆိုင်းသွားတာလေ။ ဆောက်လုပ်ရေးလုပ်ငန်းတွေဆို ရပ်ဆိုင်းသွားတဲ့ အနေအထားရောက်တဲ့ဟာတွေ ရောက်ကုန်ပြီပေ့ါ။ အဝေးပြေး မူဆယ်မြို့ သိန်းသန်းချီ ကားဝန်းထဲမှာဆို အခန်း တိုင်း အခန်းတိုင်းရှိတယ် အလုပ်သမားတွေက ဟိုဘက်ကိုဝင်မယ့်အလုပ်သမားတွေက။ အဲဒီကားဝန်း တစ်ဝန်းလုံး ပဲ။ အဝင်၊ အထွက်ကတော့ လက်လုပ်လက်စားတွေ၊ တစ်နိုင်တစ်ပိုင်တွေကတော့ သွားလာနေတာပဲ။ ဟိုဘက်က တရုတ်စက်ရုံပိုင်ရှင်တွေ ကိုယ်တိုင်လာခေါ်မှ သူတို့က သဘောတူညီပြီး ထည့်ပေးတာပေါ့။ ဟိုဘက်ကလာ မခေါ် ရင် သွားလို့မရဘူး။ ကိုယ့်ဆန္ဒနဲ့ ကိုယ်လည်း သွားလို့မရဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တရုတ်ဘက်မှ နယ်စပ်ဂိတ်များပိတ်ထားသဖြင့် လက်ရှိ မူဆယ်မြို့တွင် စက်သုံးဆီဝယ်ယူရ အခက် အခဲဖြစ်နေပြီး လူသုံးကုန်နှင့် စားသောက်ကုန်များမှာလည်း ယခင်ကကဲ့သို့ မပေါများတော့ကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်းများထံမှ သိရသည်။

ပုံ - မူဆယ်ဘက်မှ တရုတ်နိုင်ငံထဲသို့ ဝင်ရောက်ရန် တန်းစီစောင့်ဆိုင်းနေကြသူများ

#centralnewsnaypyitaw

image
10 w - Translate

AFC Challenge Leagu ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည့် အုပ်စုဗိုလ် ရှမ်းယူနိုက်တက်အသင်း

AFC Challenge Leagu ပြိုင်ပွဲတွင် တစ်ပွဲနိုင် တစ်ပွဲသရေဖြင့် ရလဒ်ထွက်ပေါ်ထားသည့် ရှမ်းယူနိုက်တက်အသင်းသည် ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ပြီဖြစ်သည်။

ကွာတားဖိုင်နယ် ပွဲစဥ်ကို လာမည့် ၂၀၂၅ ခုနှစ် မတ်လအတွင်း၌ အုပ်စု(E)၏ ဒုတိယနေရာမှ တက်ရောက်လာသည့် ကမ္ဘောဒီးယားပရီးမီးယားလိဂ် ထိပ်တန်းအသင်းဖြစ်သည့် PKR Svay Rieng အသင်းဖြင့် ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ယှဥ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အုပ်စုအဆင့်၌ မြန်မာ၊ လာအို၊ တိုင်ပေ သုံးသင်းအုပ်စု ပတ်လည် ယှဉ်ပြိုင်ကစားခဲ့ကြရာ၊ ရှမ်းယူနိုက်တက်အသင်းသည် လာအိုကလပ် Young Elephants အသင်းကို (၂)ဂိုးပြတ်နှင့်လည်းကောင်း ၊ တရုတ်တိုင်ပေကလပ် Tainan City အသင်းကို (၂) ဂိုးစီဖြင့် လည်းကောင်း သရေရလဒ်ထွက်ပေါ်ခဲ့ကာ အုပ်စုဗိုလ်အဖြစ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

image

ရွေးကောက်ပွဲရှုံးပြီလို့ ကာမလာ ဟဲရစ် မိန့်ခွန်း ထွက်ပြော

နိုဝင်ဘာ ၇၊ နိုင်ငံတကာ။

၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ပြိုင်ခဲ့တဲ့ ကာမလာ ဟဲရစ်က ရွေးကောက်ပွဲမှာ သူ ရှုံးနိမ့်ပြီဆိုတာကို ပြသတဲ့မိန့်ခွန်းကို ပြီးခဲ့တဲ့ နာရီပိုင်းမှာ ထွက်ပြောသွားပါတယ်။

‘’ဒီရွေးကောက်ပွဲမှာ ကျွန်မ ရှုံးပါပြီ။ ဒါပေမဲ့ အခုရွေးကောက်ပွဲမဲဆွယ်မှုကို အရှိန်အဟုန်မြင့်စေခဲ့တဲ့ အရေးကိစ္စတွေကိုတော့ အရှုံးမပေးဘဲ ဆက်ပြီး လုပ်ဆောင်သွားမယ်’’

‘’ရွေးကောက်ပွဲရလဒ်ကိုလည်း ကျွန်မတို့လက်ခံရပါမယ်’’ ၊

‘’အမေရိကန်ကို ကိုယ်စားပြုတဲ့ လွတ်လပ်မှု၊ အခွင့်အလမ်း၊ မျှတမှုနဲ့ အားလုံးရဲ့သိက္ခာတွေအတွက်လည်း ကျွန်မ ဆက်ပြီး တိုက်ပွဲ ဝင်သွားမယ်’’ လို့ သူက ပြောပါတယ်။

‘’စိတ်မပျက်ကြပါနဲ့။ အခုအချိန်ဟာ ကျွန်မတို့ လက်မြှောက်အရှုံးပေးရမယ့် အချိန်မဟုတ်ပါဘူး။ အားယူဖို့ လက်ခေါက်လိပ်ရမယ့်အချိန်ပါ’’၊ ‘’ကျွန်မတို့ အတူတကွ ဖန်တီးတည်ဆောက်နိုင်တဲ့ အနာဂတ်၊ တရားမျှတမှုနဲ့ လွတ်လပ်မှုအတွက် ကျွန်မတို့ တစ်ဦးနဲ့ တစ်ဦး စုစုစည်းစည်း၊ အဆက်အသွယ်မပြတ်ဆက်ရှိနေရမယ့်အချိန်လည်း ဖြစ်ပါတယ်။

လူငယ် မဲဆန္ဒရှင်တွေကိုလည်း စိတ်မပျက်ဖို့ သူက ထည့်ပြောသွားပါတယ်။

ဟောင်းဝပ် တက္ကသိုလ် စင်မြင့်ထက် လူထုကိုပြောတဲ့ မိန့်ခွန်းကို သူ ရွေးချယ်ထားတဲ့ ဒုသမ္မတလောင်း တင် ဝေါ့ဇ်လည်း ဟဲရစ်ရဲ့ မိသားစုနဲ့အတူ လူအုပ်ကြားထဲ တက်ရောက် အားပေး နားထောင်ခဲ့တာတွေ့ရပါတယ်။

မိန့်ခွန်းအပြီးမှာတော့ ဟဲရစ်ဟာ ဘီယွန်းစေးရဲ့ Freedom (လွတ်လပ်မှု) သီချင်းနောက်ခံနဲ့ စင်မြင့်ထက်ကနေ ဆင်းသွားပါတယ်။

Credit - BBC

#သတင်းဟင်း​လေးအိုးကြီး

imageimage
+4
10 w - Translate

ဆံပင်အဆီထွက်လွန်းလို့တစ်ရက်ခြားတစ်ခါ ခေါင်းလျော်ရတဲ့ဒဏ်ကလွတ်မြောက်ခဲ့တာကြာပြီပေါ့
ဆံပင်ကဆံနွယ့်ဖြစ်ရတဲ့ကြားထဲ ဦးရေကအဆီပါလာ​
ပြန်နေတော့ အဆီတွေနဲ့ကပ်
အစထဲကနဖူးကျယ်ပါတယ်ဆို ထိပ်ပြောင်မကြီးကိုဖြစ်လို့
တော်တော်အဆင်မပြေနေခဲ့လို့ တစ်ရက်ခြားတစ်ခါ good hair day ရအောင်လျှော်နေရတဲ့အဖြစ်
ခုများတော့ 💜SRICHAND hair powder 💜
နဲ့ ခေါင်းလျှော်ပြီးနောက်နေ့အဆီထွက်တဲ့ထင် ပေါင်ဒါလေးဖွင့် အဆီပြန်ချင်တယ်ထင်တဲ့နေရာ လိုက်ဖြူးပေးပြီး ပွတ်ထားပေးလိုက်တယ်
၂ရက်လောက်ထိအဆီမပြန် good hair day mood လေးရနေလို့တစ်အားပျော်ပဲ
Powder အဖြူကိုမှ ဦးရေထဲရောက်ရင်ဘာအရောင်မှမရှိတန်းပျောက်သွားတာပါနော်
ဖြူဖြူဖွေးဖွေးကြီးတွေဖြစ်မနေဘူးနော်
နောက်တစ်ခုထပ်ပျော်တာက
ဆောင်းတို့ဆံနွယ်တွေက ခေါင်းလျှော်ပြီးရင်တောင် ဦးရေအရင်းက ကပ်တာ ဒီအခြေအနေကိုဆံနွယ်ပိုင်ရှင်တိုင်းသိတယ်
အရင်းကိုဖောင်းဖောင်းလေးနဲ့ လှနေမယ်tip လေး ဆောင်းလုပ်နေကြ tipလေးပါပြောပြခဲ့မယ်
ခေါင်းလျှော်Dryer မှုတ် ဆံပင်ခြောက်သွားရင်ပေါင်ဒါဦးရေအရင်း အနှံ့ဖြူး ပွတ်ချပြီးရင် ကိုယ်ခွဲကြောင်းကညာဘက်ဆို ခွဲကြောင်းဆံပင်အားလုံးကိုဘယ်ဘက်ပို့ချပြီးမှုတ်ချ ပြီးရင် ညာဘက်ကိုပြန်ယူလိုက် အရင်းဖောင်းဖောင်းလေးက၁/၂ရက်အသာလေးခံတယ်
မယုံရင်လုပ်ကြည့်ကွာ
ဒီ hair powder ဘူးကဦးရေအဆီထွက်တာပါသက်သာတဲ့အပြင် အရင်းကပ်တာ ကိုပါထူထူထဲထဲလေးဖြစ်စေတာမို့ ဆံနွယ်တွေအတွက်မရှိမဖြစ်ဆောင်ထားသင့်တဲ့ထဲပါတယ်နော်
#beautypartneringbysaung
#myanmarbeautyblogger
#srichand
#srichandhairpowder
#crd

image